Posts Tagged ‘ဆုံးမသြဝါဒ’
ဂုဏ်သိက္ခာရှိရှိ ပြောရမယ်
ပြောရဲဆိုရဲတယ်၊ ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ်ရဲ့အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်း သိရမယ်။ အဲ့ဒီ ခံစားချက်ကို လည်းတဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်းရှိရမယ် ။ အဲ့ဒီလို ပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာ ကိုလည်းမထိခိုက်
စေရဘူး။ တဖက်သားရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း မထိခိုက်စေရဘူး ။ ထိန်းသိမ်းရမယ် ။ ကိုယ်ကလည်း ဂုဏ်သိက္ခာရှိရှိ ပြောရမယ်။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေရဘူး။
“ငါမှန်တယ်၊ ငါရိုးသားတယ်၊ ငါစေတနာထားတယ်၊ နင်ကတော့ မှားတယ်၊ လိမ်တယ်၊ ညာတယ်၊ စေတနာမရှိဘူး”
လို့ ပုတ်ခတ်ပြီးတော့ မပြောသင့်ဘူး။ “ငါက အများကောင်းကျိုးကို လုပ်တယ်၊ နင်က ကိုယ်ကျိုးရှာတယ်။ တစ်ကိုကောင်းဆန်တယ်”လို့ မပြောသင့်ဘူး။ ကိုယ်က သူ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးပြောရင် သူကလည်း ကိုယ့် ဂုဏ်သိက္ခာ ထိခိုက်အောင် ပြန်ပြော တော့မှာပဲ။ အဲ့ဒီလို သူက ကိုယ့်မကောင်းကြောင်းပြော၊ ကိုယ်က သူ့ မကောင်းကြောင်းပြောနေရင် လူမှု့ဆက်ဆံရေး အဆင်မပြေတော့ဘူး။ မပြေလည်တော့ဘူး ။ ဆက်ဆံရေးမကောင်းတော့ရင် သူလည်းအကျိုးမရှိ ၊ ကိုယ်လည်းအကျိုးမရှိ ဖြစ်သွားမယ်။
ဒါကြောင့် စကားပြောတဲ့ အခါမှာ ကိုယ့်ဂုဏ်သိက္ခာလည်း မထိခိုက်ဖို့ ၊ သူ့ ဂုဏ်သိက္ခာလည်းမထိခိုက်ဖို့ သတိထားရမယ်။ ဒါသိပ်အရေးကြီးတယ်နော်။ ကိုယ့်ခံစားချက် ၊ ကိုယ့် နစ်နာမှု့ ၊ ကိုယ့်အခက်အခဲတွေကို မပြောဘဲ နေရင်လည်း တစ်ဖက်က သိမှာမဟုတ်ဘူး။ မပြောပဲ နေပြီးမှ ကွယ်ရာမှာ ငါတော့ တစ်ဖက်သက် မတရားတာ ခံနေရတယ်လို့ ပြောရင် အပြစ်တင်နေရာရောက်တယ်။ အကျိုးမရှိဘူး။ ပြီးတော့ ညည်းညူတဲ့ လေသံ၊ စိတ်ပျက်တဲ့လေသံ မျိုးနဲ့ မပြောရဘူး ။ တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာ လေသံမျိုးနဲ့ ပြောရမယ်။ ကိုယ်က တစ်ဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး။ သူခိုင်းတာ မလုပ်နိုင်ဘူး။ သူတောင်းတာမပေးနိုင်ဘူးဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲ့ ဒီလို ငြင်းပယ်တာကိုပဲ သူ့ ကို တစ်နည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးဘဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်။
ငါမပေးရင် သူဘာတတ်နိုင်မှာလဲ ။ မပေးပဲထားရင် သူ့ကို နိုင်တာပဲ ။ သူရှုံးတာပဲ။ သူ့ကိုအပြစ်ဒဏ်ပေးတာပဲဆိုတဲ့ အတွေးမျိုး သဘောထားမျိုး မထားသင့်ဘူး။ ပေးနိုင်တာ ပေးသင့်တာ ဆိုရင် ကျေကျေနပ်နပ် ပဲ ပေးလိုက်ပါ ။ တကယ်မပေးနိုင်တာဖြစ်နေလို့ မပေးနိုင်ကြောင်း ပြောရတဲ့ အခါ ပြေပြေပြစ်ပြစ် လေးလေးစားစား ပြောပါ ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ။ No ! ဆိုတဲ့ စကားကို လက်နက်တစ်ခုအနေနဲ့ အသုံးမပြု ဘဲ ပြောတဲ့နည်းကို လေ့ကျင့်ထားရမယ်။ ဒီလို ငြင်းပယ်တဲ့ စကားကို ပြောတဲ့ အခါမှာ မာမာကြောကြော ကြီး မပြောမိဖို့ လိုတယ်။
ပထမဦးဆုံး သူ မေတ္တာရပ်ခံ တာ၊ တောင်းခံတာကို ၀မ်းမြောက်ဝမ်းသာ လုပ်ပေးချင်ပါတယ်။ လက်ရှိအခြေအနေအရ လုပ်ပေးလို့ မရသေးလို့ပါ။ အခြေအနေတမျိုးပြောင်းလာလို့ လုပ်ပေးနိုင်တဲ့ အခါ လုပ်ပေးမယ်ဆိုတဲ့ ပြောပုံမျိုး ပြောသင့်တယ်။ ဒါလည်းပဲ တစ်ကယ် လုပ်မပေးနိုင်လို့ ရိုးရိုးသားသားပြောမှ ၊ လုပ်ပေးနိုင်ပါလျှက်နဲ့ စကားပရိယာယ်နဲ့ လှည့်ပတ်တာဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပျက်တယ် ၊ ဂုဏ်သိက္ခာမရှိဘူး ။ ကိုယ်ကတစ်ဖက်သားကို လေးစားတဲ့ အကြောင်းနဲ့ သူ့ ရဲ့ လိုအပ်ချက် ကိုလည်း အလေးအနက် ထားကြောင်း အသိအမှတ် ပြုကြောင်းကို တစ်နည်းနည်းနဲ့ ပြောသင့်တယ်။ နေရာတိုင်းမှာ ဘာဖြစ်လို့ မတတ်နိုင်ကြောင်း အကြောင်းပြချက်ကို ပြောပြနေဖို့ မလိုပါဘူး။ ဖြေရှင်းချက်တွေ ပေးနေဖို့ မလိုဘူး ။ တစ်ချို့နေရာတွေမှာ မပေးတာ ကောင်တယ်။ ပေးလို့ရှိရင် ကိုယ့်ဖြေရှင်းချက်နဲ့ ကိုယ် ချောင်ပိတ်မိ နေတတ်တယ် ။ ဒါပေမယ့် ဖြေရှင်းချက် ပေးချင်တယ် ဆိုရင်တော့ ပေးနိုင်ပါတယ်။ ။
ဆရာတော် ဦးဇောတိက ရဲ့ ဆုံးမစာ လေးပါ သူငယ်ချင်းတွေ အတွက် မျှဝေလိုက်ပါတယ်။
ကိုယ်စိတ် နှလုံး ကျန်းမာ ချမ်းသာကြပါစေ လို့ ဆုတောင်းရင်း……..
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၂)
၁။ ဒီနေ့ ဟာ ငါတကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ
အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု
ပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ
ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာ ငါသိတယ်။
ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။
အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
၂။ ငါဟာ ငါရဲ့ အကောင်ဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ
မထားတက်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို
ငါသိလို့ စိတ်ထားတက်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာ
နိုင်တယ်။
၃။ ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်း
သာမယ်။ ဘာလုပ်ရင်စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ ပေါင်းရင် စိတ်ချမ်းသာ
မယ်ဆိုတာကို အမြဲလေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။
အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
၎။ ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲ
ချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူး ဆိုရင် စိတ်ချမ်းသာတယ်။
၅။ ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့ဒါ သိပ်အရေး
ကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ၊
ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
၆။ ငွေဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်
ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။
၇။ ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကို
ငါချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။
ငါစိတ်မချမ်းသာရင် အဲဒါဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါတာဝန်ပဲ။
၈။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်
စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစာမှုအတွက် ငါမှာပဲ တာဝန်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့
သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင်လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင်
မလုပ်ကြနဲ့ လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင် နေတက်သူတွေမှာရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတက်တဲ့သူဟာ…..
- သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
- အသိဥာဏ် တောက်ပြောင်တယ်။
- ရွှင်လန်းတယ်။
- ပင်ကိုယ်ဥာဏ်ရှိတယ်။
- ကိုယ့်ကိုကိုယ် ကိုယ်ယုံကြည်မှုရှိတယ်။
- မိမိကိုယ်ကိုထိန်းသိမ်းနိုင်တယ်။
အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
- စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
- ခွင့်လွှတ်နိုင်တယ်။
- ခင်ခင်မင်မင် ဆက်ဆံတက်တယ်။
- ကျေးဇူးသိတယ်။ တန်ဖိုးထားတက်တယ်။ အသိအမှတ်ပြုတယ်။
- ကြည်လင်ရွှင်လန်းတယ်။
- ကြင်နာတက်တယ်။ ညှာတာတက်တယ်။
- စိတ်ဓာတ်ကြံ့ခိုင်တယ်။
- အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်
- စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
- စိတ်စွမ်းအားကြီးတယ်။
- အလုပ်များများလုပ်နိုင်တယ်။
- ဥာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့
သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။ အခက်အခဲကို
ရင်ဆိုင် ဖြေရှင်းရတာကို သဘောကျတယ်။ ။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး သတိဖော်ပြ ဆုံးမစာ
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
ဟူသည့် သတိပေးသည့်အတိုင်း ကာမဂုဏ်ငါးပါးဖြင့်သာ အချိန် ကို မကုန်လင့်စေပဲ ကုသိုလ်အဟုန် အရှိန်ကုန် မြှင့်စေသင့်ပေသည်။
သူတော်ကောင်း တရား ၁၀ – ပါး
သူတော်ကောင်းတို့ ကုသိုလ်ကောင်းမှု ပြုကျင့်ရာဖြစ်သော
ပုညကြိယာ ၀တ္ထု ၁၀-ပါး
၁။ ဒါန၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
၂။ သီလ၊ ကိုယ်ကျင့်သီလ ကောင်းအောင် စောင့်ထိန်းခြင်း။
၃။ ဘာဝနာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်း။
၎။ အပစာယန၊ ရိုသေထိုက်သူတို့ကို ရိုသေခြင်း။
၅။ ဝေယျာဝစ္စ၊ ကုသိုလ်ရေးတို့၌ ပါဝင်ဆောင်ရွက်ခြင်း။
၆။ ပတ္တိဒါန၊ မိမိပြုလုပ်သောကုသိုလ်ကို သူတစ်ပါးအား အမျှပေးဝေခြင်း။
၇။ ပတ္တာနုမောဒနာ၊ သူတစ်ပါး ပြုလုပ်သောကုသိုလ်ကို ၀မ်းမြောက်ခြင်း။
၈။ ဓမ္မဿဝန၊ သူတော်ကောင်းတရား နာကြားခြင်း။
၉။ ဓမ္မဒေသနာ၊ လာဘ်ကိုမငဲ့ကွက်ဘဲ သူတော်ကောင်းတရား ဟောကြားခြင်း။
၁၀။ ဒိဋ္ဌိဇုကမ္မ၊ အယူကို ဖြောင့်မတ် မှန်ကန်စွာယူခြင်း။
ပုညကြိယာဝတ္ထု ၁၀-ပါး
fromး ဗုဒ္ဓဓမ္မဦးလောကနာထ
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၁)
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း
အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်
တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား
လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေး
တွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်နိုင်တဲ့ အကူအညီ ပေး
နိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝ
မှာ အရေးပါဆုံးဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သ
ဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ်စိတ်အားတက်မလဲ။
(၂) ငါဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်
ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေ
လို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့၊ စိတ်ဆင်း
ရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ ဒီနေ့ ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့
ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ဒါ
ကြောင့် ဒီနေ့တန်ဖိုးရှိတာလုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။
စိတ်ချမ်းသာအောင်နေမယ်။ မွေးနေ့မှာ Happy Birthday ပျော်ရွှင်စရာမွေးနေ့
လို့ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်းအဲဒီလို ပျော်လို့မဖြစ်ဘူး
လား။ မဖြစ်နိုင်စရာ အကြောင်း ဘာရှိလဲ။ နေ့တိုင်းမွေးနေ့လို့ သဘောထားမယ်။
(၄) ဒီနေ့ လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံး သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့ တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘဝ
ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တက်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့
လုပ်မယ်။ မတက်နိုင်တာကို မတက်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတက်နိုင်
တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ ဘ၀မှာ
တစ်ဦးကို တစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံးအဆင်ပြေမယ်။ ငါကလည်း ဘယ်
သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူဆီကမှလည်း အကူအညီ မယူဘူးဆိုပြီး နေလို့
မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ်မတင်ဘူး။ သူတို့မခင်တာဟာ ငါ့အတွက်
စိတ်ဆိုးစရာ မဟုတ်ဘူး။
(၈) “အပ္ပမာဒေန သမ္ဓ္မဒေထ”လို့ ဘုရားနေ့တိုင်း ဟောကြားသတိပေးတာကို မမေ့ဘူး။
အရေးကြီးဆုံး သတိပေးဟောကြား မှာထားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမ
ရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။
သူငယ်ချင်းတို့ လည်း ဒါတွေကို ဖတ်ရှုလေ့လာပြီး စိတ်ချမ်းသာကြပါစေ….