Posts Tagged ‘တရား ကဗျာ’
နေရာမှန်

လပြည့်ညရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
လပြည့်ဝန်းကို
မြစ်ချောင်းအင်းအိုင်
ကန်ရေပြင်ထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
လပြည့်ဝန်း အစစ်က
ကောင်းကင်မှာ …
စိတ်ချမ်းသာခြင်းရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
စိတ်ချမ်းသာမှု့ကို
ရုပ်ရည်၊ ဂုဏ်ရည်၊ အာဏာ၊ ဆွေမျိုး
ပညာ၊ ဥစ္စာ ပိုင်ဆိုင်မှုထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
စိတ်ချမ်းသာမှု အစစ်က
စိတ်ထဲမှာ …
အားလုံးအလကား
ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ကမ်းစပ်ကခြေရာ ရေလှုင်းတစ်ခတ်မှာ
လွင့်ပျယ်ရရှာ အလကားပါ …
ပညာ ဥစ္စာ အာဏာ ဆွေမျိုး
ရုပ်ရည် ဂုဏ်ရည် ပိုင်ဆိုသမျှ
အရာအားလုံးဟာ သေမင်းနဲ့အတွေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …
လေအဝှေ့မခံရတဲ့ ရနံ
မီးတစ်ပွင့်မထိတဲ့ ဖယောင်းသား
ရေလှိုင်းအခတ်မခံရတဲ့ ကမ်းစပ်ကခြေရာ
ရှိနိုင်ပေမယ့်လည်း
သေမင်းနဲ့မတွေ့တဲ့ သက်ရှိဆိုတာ
လုံး … … ၀ မရှိပါ …
သေမင်းကြောက်တာ
တစ်ခုတည်းပါ
အားကိုးစရာ
ဝိပဿနာ …
ပုံလေးကို မြကျွန်းသာဘလော့ မှ ရှာ၍ယူသုံးထားပါသည်။
ပရမတ္ဓ သီလ
သီလစောင့်နိုင်မှာဆိုပြီး
အူမတောင့်ဖို့
သီလဖောက်နေကြတာများ
ဒုက္ခနောက်
ဒုက္ခရောက်နေတာကိုတောင်
သတိမထားမိတဲ့
မောဟလောကကြီးထဲ
ငါးသေကိုသာစားတဲ့
ဗျိုင်းမကိုအတုခိုးပြီး
အူမ မတောင့်လို့
အသက်သေလည်း
သီလကိုပဲ
လုံအောင်စောင့်ထိန်းတော့မယ် …
အိမ်မက်
အိပ်ပျော်နေစဉ်မှာ
ဘဝင်အိပ်မက် မက်ပြီး
နိုးထချိန်မှာ
မျှော်လင့်ခြင်းအိမ်မက် မက်လို့
လူ့ဘဝတစ်ခုလုံး
အိမ်မက် မက်ရင်း
ကုန်ဆုံးသွားရင်တော့
နှမျောစရာကြီးပေါ့ …
ဗုဒ္ဓဆိုတဲ့ နေမင်းကြီးကြောင့်
သာသနာအလင်းရောင်
ထွန်းလင်းချိန်မှာ
မောဟနဲ့ အိပ်ပျော်နေရင်တော့
အိမ်မက် မက်ရဦးမှာပေါ့ …
အိမ်မက်
မမက်ချင်တော့ ဘူးဗျာ …
ကျူငုတ်

အရောင်ကလေးမြင်တုန်းက
အားနာတာနဲ့
မြင်တယ်လို့ မမှတ်ခဲ့တာ
ခုတော့ အရောင်ကလေးက
နှလုံးသားကို ဆေးခြယ်နေပြီ …
အသံကလေးကြားတုန်းက
အားနာတာနဲ့
ကြားတယ်လို့ မမှတ်ခဲ့တာ
ခုတော့ အသံကလေးက
နှလုံးသားထဲ လိုက်(ဖ်)ရှိုး ကျင်းပနေပြီ …
တဏှာကျူငုတ်
မခုတ်မိခဲ့လို့
ဥပါဒါန် ကျုတော
နှလုံးသားကိုဝါးမြို
သမုဒယ အဆိပ်တတ်
ဒုက္ခပန်းတွေ ဝေနေပြီ …
ပုံလေးကို ဒီက ရှာထားတာပါ။
ပုထုဇဉ်

လမိုက်ည
တောနက်ကြီးထဲက
စုန်းတို့ဂေဟာ
ငိုငြီးသံထွက်
ဇရပ်အိုဟောင်းပျက်
ပင့်ကူမျှင်ရှုပ်ယှက်
ဖုန်ဆိုးထူထပ်
ခြောက်ခြားအခန်းထဲ
ချုပ်နှောင်ခံရ
မျက်ကန်းဘဝ
ဒုက္ခ … … ဒုက္ခ
ထိုနည်းတူစွာ
ပုံပမာ
အဝိဇ္ဖာမသိခြင်း
အမှောင်းအတွင်း
သံယောဇဉ်ရှုပ်ယှက်
ကိလေသာထူထပ်
မောဟအခန်းထဲ
ချုပ်နှောင်ခံရ
ပုထုဇဉ်ဘဝ
ဒုက္ခ … … ဒုက္ခ
ပုံလေးကို google မှ ရှာထားပါသည်။
