ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434517
  • Visitors today:34
  • Visitors yesterday:89
  • Visitors last week:642
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘Software’

Frame Photo Editor v5.0.0 portable

ဒီဆော့ဝဲလေး အသုံးပြုပြီး မိမိဖန်းတီးချင်တဲ့ ပုံလေးတွေကို ဘောင်လှလှလေးတွေ၊ နောက်ခံပုံလေးတွေ၊ အခြားနှစ်သက်တဲ့ ပုံလေးတွေနှင့်အတူ ဥာဏ်ရှိသလို ပြုလုပ်ရပါတယ်။ ဆော့ဝဲလေးကို ဒေါင်းပြီး run လိုက်ပါ။ Portable ကြိုက်တဲ့ မိတ်ဆွေတွေ အတွက်ပါ။


ဒီ Frame Photo Editor v5.0.0 portable ဆော့ဝဲလေးက Register လုပ်စရာမလိုပါဘူး။ ဘာ key မှလည်း မလိုပါဘူး။ version လေးမြင့်လာတော့ ပိုစုံလာတာပေါ့။ ကိုယ်လုပ်ချင်တဲ့ ပုံလေးတွေအတွက် စိတ်ကြိုက်ကလိလို့ ရပါတယ်။

Add a Photo ကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးထည့်လိုက်ပါ။
Select a Frame ကကိုယ့်စိတ်ကြိုက်နောက်ခံပုံလေးတွေကို ထည့်နိုင်ဖို့ပါ။
Incert Text ကစာရေးထည့်နိုင်ဖို့ပါ။ ကိုယ့်စိတ်ကြိုက် မြန်မာဖောင့်တွေ နှင့်ရေးနိုင်ပါတယ်။ အရောင်လည်း ရွေးလို့ရပါတယ်။
Add Clips က အကောင်ပုံလေးတွေ၊ ပန်းပုံလေးတွေ စတာလေးတွေကို လည်း ထည့်ချင်ထည့်နိုင်ပါသေးတယ်။
Save ကစိတ်ကြိုက်ဖြစ်ပြီဆို နှိပ်ဖို့ပါ။
မသုံးတတ်သေးသူများအတွက် လွယ်လွယ်လေးမို့ အနည်းအကျဉ်းလောက်ပဲ ရေးလိုက်မိတယ်။

ဒေါင်းရန် ။ ။ 11.4MB

MediaFire

MultiUpload

Frame Photo Editor 3.0

ဒီဆော့ဝဲလေး အသုံးပြုပြီး မိမိဖန်းတီးချင်တဲ့ ပုံလေးတွေကို ဘောင်လှလှလေးတွေ၊ နောက်ခံပုံလေးတွေ၊ အခြားနှစ်သက်တဲ့ ပုံလေးတွေနှင့်အတူ ဥာဏ်ရှိသလို ပြုလုပ်ရပါတယ်။ ဆော့ဝဲလေးကို ဒေါင်းပြီး run လိုက်ပါ။ အောက်ကပုံလေး အတိုင်း တတ်လာပါမယ်။


ထိုပုံအတိုင်း ဆိုရင်တော့ သုံးလို့မရသေးပါဘူး။ Help ကို နှိပ်ပါ။ ထိုနောက် Entry Registration Code ကို ဆက်နှိပ်ပါ။ ပြီးရင် Registration name နေရာနဲ့ Registration key နေရမှာ ထည့်ဖို့ လေးတွေကို ကျွန်တော် ထဲမှာ Crack ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်။ သေချာစွာထည့် ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ဖြစ်သွားမှာပါ။ ပုံထဲမှာ Frame Photo Editor ဆိုတာလေး ပျောက်သွားရင် စတင်သုံးလို့ရပါပြီ။

ဒေါင်းရန် ။ ။ 8.41MB

MediaFire

MultiUpload

Lingoes Portable Dictionary

ဒီ Portable ဆော့ဝဲလေးက အသံထွက်နှင့်တကွ အသုံးပြုလို့ ရတဲ့ အဘိဓာန် ဆော့ဝဲလေး ပါ။ ဖိုင်ထဲက Lingoes.exe ကို Run ပါ။ ဆော့ဝဲလေးကို Run ထားရင် ပုံမှာ ပြထားတဲ့အတိုင်း Lingoes window လေးတတ်လာ ပါလိမ့်မယ်။ ကိုယ်ရှာချင်တဲ့ အင်္ဂလိပ် ဝေါဟာရ တစ်ခုကို အကျယ် ပြန်ရှင်း ပေးပါတယ်။

အသံကလစ်ကို နှိပ်ကြည့်ပြီး ကိုယ်ရှာတဲ့ စကားလုံးရဲ့ အသံထွက်ကို လည်း နားထောင် နိုင်ပါသေးတယ်။ ထိုပြင် ကွန်ပျူတာထဲက အင်္ဂလိပ် စကားလုံးကို ဖြစ်ဖြစ်၊ အင်တာနက်ပေါ်က စကားလုံးကို ဖြစ်ဖြစ် အဓိပ္ပာယ် သိချင်တယ် ဆိုရင်လည်း ကိုယ်သိချင်တဲ့ စကားလုံးကို ကလစ်ပေးပြီး Ctrl ကို နှိပ်လိုက်ရင် Lingoes က ချက်ချင်း အဓိပ္ပာယ် ပြန်ဖွင့်ပေးပါတယ်။ မိမိစက်က အင်တာနက် သုံးမထားရင် english to english ဘာသာ ပြန်ပေး ပါတယ်။ အင်တာနက် အွန်လိုင်း သုံးထားစဉ်မှာတော့ Text Translation ကို နှိပ်ပါက ဘာသာပေါင်း ( ၅၀ ) ကျော်ကို အပြန်အလှန် ရှာလို့ ရပါတယ်။


ခုကျွန်တော် ပြောတာတွေက Default style အတိုင်း ပြောလိုက်တာပါ။ အသေးစိတ် ကိုတော့ Help ထဲကို ၀င်ဖတ် နိုင်ပါတယ်။ Lingoes ကို Exit လုပ်ချင်ရင်တော့ gtalk တို့လိုပဲ မော်နီတာက Tool Bar မှာ Lingoes logo ကို Right ကလစ် နှိပ်ပြီး Exit လုပ်လို့ ရပါတယ်။

ဒေါင်းရန် ။ ။ 7.24MB

MediaFire

MultiUpload

Biozone ဂိမ်း

Biozone က ရန်သူတွေကို သေနတ်တွေ ဗုံးတွေ နဲ့ ပစ်ခတ် နေတဲ့ ခြေမှုန်းရေး ဂိမ်း လေးပါ။ Protable ဂိမ်းလေးပါ။
Computer ရဲ့ မျှား key တွေက ရှေ့တိုး နောက်ဆုတ် ခုန်တာ ၀ပ်တာ ပေါ့။ Ctrl က သေနတ် ပစ် တဲ့ နေရာမှာ သုံးပါတယ်။ Alt ဗုံးပစ်ရန် အတွက် သုံးပါတယ်။

ဒေါင်းရန် ။ ။ 27.85MB

MediaFire

MultiUpload

Tipard Video Converter 4.2.12

COMPUTER  ပေါ်မှာ  Install လုပ်စရာ မလိုတဲ့ Portable  ဆော့ဝဲလေးပါ။ အတော် အသုံးဝင် ပါတယ်။  Format အများစု ကိုလည်း Convert ပြောင်းပေးနိုင်ပါတယ်။  MPG, MPEG, MPEG2, SWF, FLV, VOB, MOD, MP4, H.264, M4V, AVI, WMV, 3GP, 3GPP, MOV, DivX, XviD, QuickTime Video, DV, MJPG, MJPEG, MPV, TS, MTS, M2TS, HD MPEG 2, HD MEG4, HD WMV, HD MOV, HD H.264, HD RM,M4A, MP3, AC3, AAC, WMA, WAV, OGG, AU, Nut, AIFF, FLAC, AMR အစရှိတာ တွေကို ပြောင်းပေး နိုင်တဲ့ အပြင်  iPod, iPhone, Apple TV, PSP, PS3, Wii, Zune, Xbox, Sony Walkman, Sony XPERIA, Google Phone, BlackBerry စတာ တွေ အခြား Mobile phone တွေ အတွက် အသုံးပြုလို့ ရတဲ့ format တွေကို ပါပြောင်းပေး နိုင်ပါတယ်။

Converter အဖြစ်တွင်သာ မက Video တွေကို ကိုယ်စိတ်ကြိုက် Colour တင်တာ လျှော့တာ။ အလင်း အမှောင် ချိန်တာ။ ကိုယ်စိတ်ကြိုက် ပိုင်းဖြတ်တာ။ စာရေး ဖြည့်ထည့်တာ။ ပုံလေးများ ထပ်ထည့်တာ။ ကိုယ်မလို ချင်တဲ့ အပိုင်းတွေ ဖြတ်ထုတ်တာ။ စတာ စတာ တွေ ကို လုပ်ဆောင်နိုင် ပါသေးတယ်။ Mp3 စတဲ့ Format တွေကိုလည်း စိတ်ကြိုက် ပိုင်းဖြတ် cutting လုပ်နိုင် ပါတယ်။
လုပ်ရလွယ်ကူတာမို့ စမ်းကြည့်ချင်ကြရင် အောက်က အဆင်ပြေရာ လင့်တွေမှာ ဒေါင်းယူ နိုင်ကြပါတယ်။

ဒေါင်းရန်  ။   ။  8.5 MB

MediaFire

zSHARE

MultiUpload

Kiran’s Typing Tutor 1.0


လက်ကွက် လေ့ကျင့်တဲ့ ဆော့ဝဲလ်လေးပါ ။ ကျနော်တို့ ဘလော့ဂ်ဂါတွေက လက်သံ ပြောင်ပြီးသားမှန်း သိပါတယ်။ ဆော့ဝဲလ် ၀ါသနာပါသူများ ၊ ကွန်ပျူတာ စတင် လေ့လာသူများ၊ ပြန်လည် ဝေမျှချင်သူများ အတွက် ရည်ရွယ်ပါတယ်။ လက်ကွက် စတင် လေ့ကျင့်ပြီ ဆိုကတည်းက လက်ကွက်မှန်မှန်နဲ့ လေ့ကျင့်နိုင်မှ လက်ကွက် လှပပြီး လက်ကွက်မြန်ဆန်မှာ ဖြစ်ပါတယ်။ ကလေးငယ်များ အတွက်သာမက လူကြီးပိုင်းအထိ အဆင်ပြေနိုင်အောင် ဖန်တီးထားတဲ့ ဆော့ဝဲလ်လေး ဖြစ်ပါတယ်။ ကျနော်မှာ လက်ကွက်ဆော့ဝဲလ်လေးတွေ လေး၊ ငါး ခုလောက်ရှိတယ်။ ဒီဆော့ဝဲလ် လေးကတော့ ပြည့်စုံ လွယ်ကူတာကြောင့် ပြန်လည် ဝေငှ လိုက်တာပါ။

ဒေါင်းရန်  ။   ။  5.71MB

MediaFire

MultiUpload

Page 1 of 3123