Posts Tagged ‘ဆင်တဲပုံရိပ်’
ဆင်တဲလယ်/စက်(၁)ဒေသရှုခင်းများ
မြန်မာနိုင်ငံ၏ အဓိကစက်ရုံများတွင် တစ်ခုအပါအဝင်ဖြစ်သော စက်မှု(၁)လက်အောက်ခံ နိုင်ငံပိုင်လယ်/စက်(၁) စက်ရုံကြီးဖြစ်သည်။အဝေးရောက်လယ်/စက်(၁) ဒေသမှဆင်တဲသား/သူများအတွက် တင်ထားခြင်း ဖြစ်သည်။
လယ်/စက်(၁)စက်ရုံ၏ ရုံးချုပ် ဒေသအခေါ်(ရုံးကြီး)ဖြစ်သည်။အဝေးရောက် ဆင်တဲသားများအတွက် အမှတ်တရ။
ကျွန်တော်အပါအဝင် ပေါ့ဆိမ့်၊ ချိုကျ တို့ အတူတူတက်ရောက်ခဲ့သော လယ်/စက်(၁)စက်ရုံပိုင် မူကြိုကျောင်းဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုဘဝ အစ နေရာလေးဖြစ်သည်။
အသစ်တည်ထားသော သိမ်ကုန်းစေတီ
ဆင်တဲဒေသ လယ်/စက်(၁)စက်ရုံမိသားစုများ အလေးအမြတ်ထားသော သိမ်ကုန်းဘုရားတွင်အသစ်တည်ထားသော ရွှေတိဂုံစေတီတော်ပုံတူစေတီ ဓာတ်ပုံဖြစ်သည်။အဝေးရောက် လယ်/စက်(၁) မိသားစုဝင်များအတွက် အမှတ်တရဓာတ်ပုံဖြစ်သည်။
ရွှေတိဂုံ ပုံတူစေတီတော်
ပြန်လည်မွန်းမံထားသော ဆုတောင်းပြည့်သိမ်ဘုရား။အဝေးရောက် လယ်/စက်(၁) မိသားစုများဖူးမြော်ရန်။
ဘုရားတည်နေရာ။
ဆင်တဲ အ.ထ.က ကျောင်းဘက်မှ လာသူများအတွက် အသစ်ဖောက်ထားသော လမ်းဖြစ်သည်။
ဆင်တဲဒေသရှုခင်းများ
ဆင်တဲဈေးထိပ် လမ်းဆုံနေရာလေးပါ။ပန်းတောင်း-တောင်ကုတ် ကားလမ်းမကြီပေါ်မှာတည်ရှိပါတယ်။ အဝေးရောက်ဆင်တဲသူ/သားများ အလွမ်းပြေကြည့်လို့ ရအောင်တင်ပေးလိုက်တာပါ။
ဆင်တဲ-ပြည်ကို ဆက်သွယ်ထားတဲ့ စိမ်းလန်းစိုပြည်နေတဲ့ တောင်ပတ်ကားလမ်းလေးပါ။ ဆိုင်ကယ်စီးလို့  အရမ်းကောင်းတဲ့နေရာလေးပေါ့။
ခြေတော်ရာဘုန်းကြီးကျောင်း အနောက်ဘက်က ကျောက်ဆောင်ကျောက်တန်းလေးပါ။မိုးရာသီဆိုရင် ခြေတော်ရာဝဲနေရာပေါ့ အရမ်းကြောက်ဖို့ ကောင်းပေမယ့်။ နွေရာသီဆိုရင် အရမ်းလှတဲ့နေရာလေးပေါ့။
သမိုင်းဝင်တန့် ကြည့်တောင်ဘုရားနားက တောင်ပတ်လမ်းအကွေ့ လေးပါ။ ဆင်တဲ-ပြည်ကားလမ်းပေါ်မှာတည်ရှိပါတယ်။ဆိုင်ကယ်စီးလို့  အရမ်းကောင်းတဲ့နေရာလေးပေါ့။
တန့် ကြည့်တောင်ကနေ သွယ်တန်းဆင်းလာတဲ့ တောင်တန်းရှုခင်းလေးပါ။
ဆင်တဲမြောက်ပိုင်းထိပ် ရေသန့် လိုင်းရေစက်နားက ရှုခင်းလေးပါ။
ဆင်တဲမြောက်ပိုင်းထိပ်က နဝဒေးတံတားကြီးကို လှမ်းမြင်ရတဲ့ရှုခင်းလေးပါ။
ဆင်တဲမြောက်ပိုင်းထိပ်ကကျောက်ဆောင်ရှုခင်းလေးပါ။မြောက်ပိုင်းသားများ အလွမ်းပြေကြည့်ရအောင်ပါ။
အိမ်ပြန်ဖို့ စဉ်းစားမိတိုင်း အတွေးထဲ ဝင်ဝင်လာတဲ့ ရွာအဝင်လမ်းလေးပေါ့။တကယ်လွမ်းတယ်။ ဆင်တဲပြန်တဲ့လူတိုင်းမဖြစ်မနေဖြတ်ရတဲ့ နေရာလေးပေါ့။
ပန်းတောင်း-တောင်ကုတ်လမ်းမကြီးပါ။အဝေးရောက်ဆင်တဲသား/သူများ အလွမ်းပြေ ကြည့်ဖို့ တင်ပေးလိုက်ပါတယ်။






















