ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443524
  • Visitors today:40
  • Visitors yesterday:92
  • Visitors last week:644
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဆင်တဲပုံရိပ်’

ကြယ်ပွင့်များအားလင်းလက်စေသူ (သို့) အာစရိယပူဇော်ပွဲ

ဘ၀တွေအဖုံဖုံ
အလုပ်မျိုးစုံလင်စွာ
ကိုယ်ဥာဏ်မှီရာ
အသိပညာနဲ့
တိုင်းပြည်တစ်ခွင်
ကမ္ဘာအနှံ
တောက်ပနေသော
ကြယ်ပွင့်များအား
လင်းလက်စေသူ
အာစရိယဟုခေါ်တွင်
ဆရာ၊ဆရာမ များကို
ပူဇော်ကန်တော့ပွဲ
ဆင်ယင်နွှဲတာ
မြန်မာ့ရိုးရာ
မင်္ဂလာပါ…

လူငယ်ဟုခေါ်တွင်သော ကျောင်းသူကျောင်းသားများကို အနာဂါတ်ရဲ့ ကြယ်ပွင့်များလို့ ဆိုကြပါတယ်။ ဒါကြောင့် ကျနော်တို့လို ကျောင်းသားဘ၀ကို ကျော်ဖြတ်ပြီးတဲ့ လူရွယ်နဲ့လူကြီး ဖြစ်နေကြသော ကျောင်းသားဟောင်း အငယ်နဲ့အကြီးတွေကို တောက်ပနေသောကြယ်ပွင့်များလို့ ဆိုနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀တွေမျိုးစုံ အလုပ်တွေစုံလင်စွာနဲ့ တိုင်းပြည်တခွင် ကမ္ဘာအနှံမှာ ကိုယ်ဥာဏ်မှီရာ အသိပညာတွေနဲ့ လောကကြီးကို အလှဆင်နေလို့ပါပဲ။

လောကကြီးကို ပုံစံမျိုးစုံနဲ့ ကျရာနေရာက အလှဆင်နေကြတဲ့ ကျနော်တို့ဟာ ဆရာ၊ဆရာမတွေရဲ့ ကျေးဇူးနဲ့ကင်းတဲ့သူ မရှိပါဘူး။ ထို့ကြောင့် အာစရိယဟုခေါ်တွင်သော ဆရာ၊ဆရာမ များကို ကြယ်ပွင့်များအားလင်းလက်စေသူလို့ တင်စားပြီးဂုဏ်ပြုလိုက်ချင်ပါတယ်။ ထိုကြယ်ပွင့်များအား လင်းလက်စေသူတွေရဲ့ ဂုဏ်ကျေးဇူးကို အောင့်မေ့သတိတရ ပြုလုပ်တဲ့ အာစရိယပူဇော်ပွဲဟာ မြန်မာနိုင်ငံအနှံမှာ ရိုးရာဓလေ့တစ်ခုပမာ မင်္ဂလာရှိစွာ ပေါ်ထွန်းလို့ လာနေပါတယ်။

ယခုအခါ ထိုမင်္ဂလာရှိသော အာစရိယပူဇော်ပွဲကို ကျနော့် မွေးရပ်မြေတွင်ရှိသော ဆင်တဲ ကျောင်းတော်ကြီးမှာ ၁၃ ကြိမ်မြောက်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။



ဆင်တဲ အထက ကျောင်းကြီးနဲ့ ပန်းတောင်း အထက ကျောင်းကြီးက အဆက်အစပ် ရှိပါတယ်။ ပန်းတောင်းမြို့ က ကျောင်းသားတွေ ဆင်တဲအ.ထ.ကကျောင်း မှာ လာတက်ကြသလို ဆင်တဲဒေသက ကျောင်းသားတွေ ပန်းတောင်း အ.ထ.ကကျောင်းမှာ သွားတက်ကြတာ မျိုးရှိတတ်ပါတယ်။ ဆရာ၊ ဆရာမ များလည်း သည်လိုပါပဲ။ ဆင်တဲက ပန်းတောင်းကျောင်းကို ပြောင်းသွားကြတဲ့ သူတွေရှိသလို ပန်းတောင်းကနေ ဆင်တဲ အ.ထ.ကကျောင်းကို ပြောင်းသွားကြသူတွေ ရှိပါတယ်။ ပန်းတောင်းကျောင်းနှင့် ဆင်တဲကျောင်း အနည်းအကျဉ်းဆက်စပ်မှု ရှိနေပါတယ်။ ပန်းတောင်းကျောင်းတော်ကြီးမှာ ဆိုရင်လည်း ၁၉ ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုတာ အများသိစေဖို့ တင်ပြလိုက်ရပါတယ်။


ဆင်တဲ က ITC စက်မှုသင်တန်းကျောင်း နှင့် ပတ်ဝန်းကျင် ရှုခင်း

အွန်လိုင်းပေါ်မှာ ရှိတဲ့သူငယ်ချင်းတွေနဲ့ ဆင်တဲသားတွေ ITC ကျောင်းသားဟောင်းတွေ အလွမ်းပြေကြည့်ဖို့ မျှဝေလိုက်ပါတယ်။ အရင်နေ့ရက်ပိုင်းက ကိုရင်ပြုံးရဲ့ တောင်းဆိုထားတဲ့ အမှတ်တရ ပြန်ကြည့်ချင်တဲ့ ဆန္ဒ ကို ဖြည့်ဆည်း ပေးခြင်းလည်း ဖြစ်ပါတယ်။ ဆင်တဲ နဲ့ အဝေးတစ်နေရာ ရောက်နေသော သူများ၊ ဆင်တဲကို ပြန်ချင်ပေမယ့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပြန်ခွင့်မရနိုင်တဲ့သူများ၊ လုံးဝ ပြန်ခွင့်မရသူများ ကြည့်ရင်း အလွမ်းပြေ အပန်းဖြေနိုင်ကြပါစေ။ ပုံလေး တွေက ၂၀၁၀ ခုနှစ် အောက်တိုဘာ ပထမ အပတ်ထဲမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။ မြင်ကွင်းကျယ် ကြည့်ချင်ရင်တော့ ပုံကို ကလစ်ပေးပြီး နှိပ်ကြည့်ပေးကြပါ ခင်ဗျာ။ ဓာတ်ပုံပညာ နကန်းတစ်လုံးမှ မသိပဲ မျှဝေချင်တာ တစ်ခုတည်းသော စိတ်ကလေးဖြင့် ရိုက်ခဲ့တာ ဖြစ်လို့ အဆင်မပြေတာ ရှိရင် နားလည်ပေးကြစေလို ပါတယ်။

ပန်းတောင်မြို့ဘက် အထွက်လမ်း နှင့် ဆင်တဲ ITC စက်မှုသင်တန်းကျောင်း လမ်းဆုံ လမ်းခွလေးပါ။

စမ်းပေါက်ချောင်းရွာ လမ်းခွ နားက ITC စက်မှုသင်တန်းကျောင်းသို့ လမ်းညွှန် …

ဆင်တဲ ITC စက်မှုသင်တန်းကျောင်း သို့ သွားရာ လမ်းကြောင်းလေးပါ။

ဆင်တဲ က ITC စက်မှုသင်တန်းကျောင်း သို့သွားရာ လမ်းကြောင်းရှိ အကွေ့ ကုန်းတတ်ကလေးပါ။

ITC ကျောင်းလမ်းပေါ်မှ လယ်ကွင်းစိမ်းစိမ်း များနှင့်အတူ မိုးကောင်း ဘုရားသို့ ကြည်နူးစရာ မြင်ကွင်း လေးပါ။

ITC ကျောင်းနားက မိုးကောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း လေးပါ။

ITC ကျောင်းဧရိယာ အဝင် မောင်းထောင်ဂိတ် လေးပါ။

ITC ကျောင်းရှေ့ရှိ ကျွန်းပင်နောက်ခံ များနှင့် ဆိုင်းဘုတ် လေးပါ။

ကျောင်းသားတို့ မမေ့နိုင်စရာ စာသင်ကျောင်းဆောင်များ သို့ ဝင်ရန် ဂိတ်ပေါက် လေးပါ။

ပျော်ရွင်စရာများနှင့် မမေ့နိုင်စရာ ITC ကျောင်းသား အမျိုးသားဆောင်များ သို့ အဝေးက မြင်ကွင်းလေးပါ။

ဆင်တဲ က အရိယာ မဂ္ဂသန္တိသုခ စေတီတော်

ဆင်တဲ ရှိ အရိယာ မဂ္ဂသန္တိသုခ စေတီတော် သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံနယ်မြေ၊ ဓမ္မရက္ခိတ ကုန်းတော်တွင် ကိန်းဝပ်တော်မူ ပါသည်။ ဥာဏ်တော် (၃၁) ပေရှိသော ဤ အရိယာ မဂ္ဂသန္တိသုခစေတီကို ရန်ကုန်မြို့ရှိ ရွှေတိဂုံတော်ကြီး၏ ပုံတော်တူ တည်ထားတော်မှုပါသည်။ သာသနာ သက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်၊ ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၄) ရက် သောကြာနေ့တွင် ရတနာ အုတ်မြစ်တော်စီ မင်္ဂလာ ကျင်းပလျက် စတင်တည်ထားခဲ့ ပြီး သာသနာသက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလပြည့် ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့ပါသည်။ ဆင်တဲမှ အထွေထွေမန်နေဂျာ ဦးကျော်လွင် နှင့် ဇနီး ဒေါ်မြမြ၀င်း တို့အား အမှူးထား၍ ၀န်းထမ်းမိသားစုများ၏ ပေါင်းစုကုသိုလ်ဖြစ်ပါသည်။

ဆင်တဲ က အရိယာ မဂ္ဂသန္တိသုခ စေတီတော်

ဆင်တဲ မှ အရိယာ မဂ္ဂသန္တိသုခ စေတီတော်သည် ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီး ကုန်းမြေပေါ် တွင်တည်ရှိသည်။ သိမ်ကုန်းဘုရားကြီးတွင် သီတင်းကျွတ်မီးထွန်းပွဲတော်များ၊ ကထိန်းပဒေသာပင်ပွဲများ၊ ၀န်ထမ်းမီသားစုများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ရှုပ်ရှင်ပြသခြင်းများ နှင့် ထမင်းနဲထိုးခြင်းများ ပြုလုပ်လေ့ရှိသည်။ စေတီတော်ကို ဘုရား၏ ဘေးဘက်တွင် ကပ်လျက် တည်ဆောက် ကိုးကွယ်ထားသည်။ ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီးကို ဓမ္မဝိဟာရဓမ္မာရုံ အတွင်းတွင် ဖူးတွေ့နိုင်သည်။

ဆင်တဲ ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီး ဓမ္မဝိဟာရဓမ္မာရုံ

ဆင်တဲ က ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီး

ဘုရားနှင့်စေတီ၏ မြေနေရာအ၀န်းသည် ဘောလုံးကွင်းတစ်ကွင်းခန့် အကျယ်ရှိသည်။ ဆင်တဲ ကလေးထိန်း မူကြိုကျောင်းနဲ့ မြေချင်းထိဆက် လျက်ရှိသည်။ ဘုရားမျက်နှာချင်းဆိုင်တွင် ကွန်ကရစ်လမ်းတစ်ခု ရှိသည်။ ထို လမ်းမှနေ၍ ဆင်တဲ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံ ( လယ်/စက် – ၁ ) သို့ တည့်တည့်ဆင်းသွားလျှင် ယောင်္ကျားခြေလှမ်းဖြင့် ၅ မိနစ်အတွင်း ရောက်နိုင်သည်။ လမ်းတစ်ဘက်တွင် အပျိုဆောင် တစ်ဆောင်လည်းရှိသည်။ ဟိုဘက် ဒီဘက် ထိပ်တွင် စက်ရုံဝန်ထမ်းနှင့် အရာရှိအိမ်ယာ များဖြစ်သော ၈ ထောင်တန်လိုင်း နှင့် ၁၂၀၀၀ တန်လိုင်း တို့ရှိသည်။ ဘုရား၏ ဘေးဘက်နဲ့ အနောက်ဘက်တွင် ကျွန်း၊ သရက်တောအုပ်ငယ် ရှိပြီး အဲဒီနောက်ဘက်တွင် လူနေအိမ်ယာများ ရှိသည်။

ယခုအခါ ဘုရားဖူးသူ၊ အမျိုးမျိုးသော (၁၁) မီး ကြောင့် ယတြာချေ လာသောသူ၊ စိတ်အပန်းဖြေလာသူတို့ သည် ဘုရားနှင့် စေတီတော်ကြီးသို့ အလင်းသင့်သလို လာရောက်ဖူးမျှော် လျက်ရှိပါသည်။ ရာသီဥတုကောင်းသော ညချမ်းချိန်ခါ များတွင်လည်း လူမပျက်ပဲ ဘုရားဖူးသူ အချို့ကို တွေ့မြင်ရသည်။

ဘုရားသို့ ကျွန်းပင်များကြားမှ မှောင်ရီပျိုးစဉ် မြင်ကွင်း

အရိယာ မဂ္ဂသန္တိသုခ စေတီတော်တွင် ကဗျည်းမော်ကွန်းစာ နှင့် သြ၀ါဒပါတိမောက် ဓမ္မစေတီကျောက်စာတော် တို့ ကို လည်း ရေးသားမှတ်တန်းတင်ထားသည်။

… သြ၀ါဒပါတိမောက် ဓမ္မစေတီကျောက်စာတော် …

၁။ ခန္တီပရမံ တပေါတိတိက္ခာ၊ နဗ္ဗာနံ ပရမံ ဝဒန္တိဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံဝိဟေဌယန္တေ။
လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။ နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။ သူတစ်ပါးကို သတ်သော သူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။ သူတစ်ပါးကို ညှည်းဆဲသောသူသည် မကောင်းမှု တို့ကို ငြိမ်းစေသူမဟုတ်။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
မကောင်းမှုဟူသမျှကို မပြုလုပ်ရာ။ ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။ မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၃။ အနုအဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရာ။ မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စသယနာသနံ။ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
သူတစ်ပါးကို မစွပ်စွဲ မပြစ်မှားရာ။ သူတစ်ပါးကို မညှင်းဆဲ မနှိပ်စက်ရာ မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။ စားသုံးဖွယ်၌ ပမာဏကို သိရာ၏။ အစွန်အဖျား ကျောင်းအိမ်ရာ နေရာ၏။ ထူးမြတ်သော စိတ်၌ လွန်စွာ အားထုတ်ရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

ရန်ကုန်ရောက် ဆင်တဲသားများသတင်း

ဆင်တဲ က.စ.လ ၃ တွင် ၁၉၇၂ မှ ၁၉၈၅ ခန့်အထိ စက်ရုံမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီး ကြီးရွှေ (ငြိမ်း)၈၄ နှစ်အား ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သော တပည့်များက စုပေါင်းကန်တော့ပွဲ ကျင်းပခဲ့ပါသည်။ ထိုကန်တော့ပွဲကို မြောက်ဒဂုံ (၃၅) ရပ်ကွက် ၊ဆရာခြုံလမ်းရှိ ဦးလှညို +ဆရာမဒေါ်လှအေးတို့၏ နေအိမ်တွင် ၃.၁၀.၂၀၁၀ တနင်္ဂနွေနေ့ နံနက် ၁၁နာရီတွင် ကျင်းပခဲ့သည်ဟု သတင်းရရှိပါသည်။

ရွှေဘုံသာမုနိဘုရားပုံတော်များ

ပြည်မြို့ တဘက်ကမ်း ဆင်တဲမြို့ မြောက်ဘက်တွင် တည်ရှိပြီး မုနိလေးဆူတွင်တစ်ဆူအပါအဝင်ဖြစ်သော ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ဖြစ်သည်။

မြန်မာပြည်ရှိ ထင်ရှားသောတံတားများတွင် တစ်ခုအပါအဝင်ဖြစ်သော ပြည်နဝဒေးတံတားကြီး

 

 

ပြည်-ဆင်တဲအလွယ်တကူသွားလာနိုင်သော ပြည်နဝေးဒေးတံတားကြီး

Page 1 of 212