ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434517
  • Visitors today:34
  • Visitors yesterday:89
  • Visitors last week:642
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဆင်တဲရာဇဝင်’

စိတ်ကူးများဖြင့် ဆင်တဲကို ပြန်လည်ရှာဖွေခြင်း

မြတ်စွာဘုရား ရှင် ကိုယ်တော်မြတ်ကြီး ပွင့်တော်မူပြီးနောက် ပြည်မြို့၏ တဘက်ကမ်း ဓားလွယ်ခုတ် အရပ်ရှိ ဖိုဦးတောင် ပေါ်သို့ဒေသစာရီ ကြွချီ ရောက်ရှိလာ တော်မူပြီးနောက် ပွေးဖိုး၊ပွေးမ နှစ်ကောင်အား ဗျာဒိတ်ပေးတော်မူ၏။ ပွေးဖို က ပွေးမ ထက်အရင် ဦးအောင် မြတ်စွာဘုရားရှင် ကိုဖူးမြင်ရသောကြောင့် (ဖိုဦးတောင်)ဟု ခေါ် တွင်ကြ၏။ ထို့နောက် မြတ်စွာဘုရားရှင် သည် ယခု ဆင်တဲ တည်ရှိရာ အရပ်၏ အမြင့် ဆုံးတောင်ကိုခေတ္တ ရပ်တန့်၍ ကြည့်ရှုတော်မူသောကြောင့် ( တန့်ကြည့်တောင် ) ဟုခေါ်တွင်ကြလေ၏။ မြန်မာပြည် အနှံ့အပြားသို့ မြတ်စွာဘုရားရှင် ကြွရောက်တော်မူရာ အရပ် များသည်ကား- ဓည၀တီ (မြို့ဟောင်း) ၊ဒွါရ၀တီ (သံတွဲ) ၊ထိုမှ ဖိုဦးတောင် (ပြည်)၊ ထိုမှ ဟံသာဝတီ(ပဲခူး)၊ သုဝဏ္ဏဘူမိ (သထုံ)၊ အရိမဒ္ဒနရ  န္တ (ပုဂံ)၊ သုနာပရ န္တ (အ၀) တို့ဖြစ်သည်ဟု မှတ်သားရဖူး ပါသည်။

ဗဒုံမင်း၏ သားတော် အိမ်ရှေ့မင်းသည်ရခိုင်ကို အောင်မြင်တော် မူပြီးနောက် ရခိုင်မှ မဟာမြတ်မုနိ ရုပ်ပွါးတော် ကိုမ န္တလေးသို့ ပင့်ဆောင်ပူဇော်ရာ  ဆင်တဲ အရပ်သို့ ရောက်လာ၏။ ထိုအရပ်တွင် ရခိုင်နိုင်အိမ်ရှေ့မင်း၏ ဆင်တပ်များတည်းခိုစခန်းချခဲ့ရာ အရပ် ဖြစ်သောကြောင့် ယခုအခါ ဆင်တဲဟု အမည်တွင်ခြင်း ဖြစ်မည်ဟုပင် မှတ်ယူရပေလိမ့်မည်။ ဆင်တဲမှ တဖန် ဧရာဝတီမြစ်ကို ဆန်၍ု မန္တလေးသို့မဟာမြတ်မုနိ ရုပ်ပွါးတော်ကို ဆက်လက်ပင့်ဆောင်ကြရာ ဆင်တဲအထက် ရွှေဘုံသာအရပ်သို့ ရောက်သော အခါရွှေဘုံသာ သားတို့၏ အသနားခံ လျှောက်ထားတောင်းပန် ချက်ကြောင့်ရုပ်ပွါးတော် တစ်ဆူစံပယ် ပူဇော်စေခဲ့ရာ ရွှေဘုံသာမုနိ ဟုပင် အမည်တွင်ခဲ့ပါသည်။

သရေခေတ္တရာ ပျူမြို့ပြနိုင်ငံအား နန်းကျောက်လူမျိုးတို့ဝင်ရောက်ဖျက်ဆီး၍ သရေခေတ္တရာ ပျက်သောအခါ ထိုမှ ပျူလူမျိုးအချို့ တို့သည် မြေသြဇာကောင်းမွန်သော ပြည်မြို့တဘက်ကမ်း ရွှေဘုံသာအရပ်သို့ ကူးပြောင်းရောက်ရှိလာ၍ ဥယျာဉ်ခြံမြေ၊လယ်ယာ လုပ်ငန်းများကို လုပ်ကိုင်ကြပေလိမ့်မည်။ ထိုမှ ဥယျာဉ်ခြံမြေများကို တိုးချဲ့လုပ်ကိုင်ရင်း ဆင်တဲမြောက်ပိုင်း တန့်ကြည့်တောင်အခြေသို့ ရောက်ရှိလာကြကာ စတင်အခြေပြု နေထိုင်ကြသည် ဟုပင်ထင်မှတ်ရပါသည်။

ဂျပန်ခေတ်တွင် ဂျပန်တို့သည် ဆင်တဲမြောက်ပိုင်းရွှေမြင်တင် ဘုရားကုန်းပေါ်တွင် စခန်းချ၍ ဆင်တဲသားများကို အလုပ်သမားများအဖြစ် ငှားရမ်းအသုံးပြုခဲ့ကြသည်ဟု အဘွားဖြစ်သူမှ ပြောပြ၍ မှတ်သားရဖူးပါသည်။ ကျနော် မွေးရပ်မြေ ဆင်တဲကား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒေသ စာရီ ကြွရောက်တော်မူရာ အရပ် ၀န်းကျင်ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရင်ငွေ့တော်လှုံ ပေးထားတော်မူသော ရွှေဘုံသာ မုနိ ရုပ်ပွါးတော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော်မူရာ အရပ်ဝန်းကျင်ဖြစ်ခြင်း တို့ကြောင့် ဆင်တဲသူ၊ဆင်တဲသား တို့သည် စိတ်နှလုံးအေးချမ်း ဖြူစင်ကြ၏။ ဘာသာတရား ရိုသေကိုင်းရှိုင်း၍ နူးညံ့ သိမ်မွေ့သောသူများ ဖြစ်၏။ ဆင်တဲကား မြောက်ပိုင်းတွင် တန့်ကြည့်တောင်၏ အခြေတောင်ကုန်း နိမ့်များနှင့်ဖြစ်ပြီး အလယ်ပိုင်း နှင့်တောင်ပိုင်းတွင်ကား မြေပြန့်များသာဖြစ်သည်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ်များတွင် ကား – ဆင်တဲတွင် မြန်မာ့အကြီးစားစက်မှု လုပ်ငန်းအမှတ်(၃)နှင့် စက်မှုသင်တန်းကျောင်းများ၊ ကာကွယ်ရေး ပစ္စည်း နှင့် ဆက်စပ်သောစက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာခဲ့ရာ မြန်မာနိုင်ငံ အနှံအပြား မှ လူများသည် အလုပ်အကိုင် အခွင့်အရေး အတွက်သော်၎င်း၊ စက်မှုပညာ သင်ကြား ရန်အတွက် ၄င်း လာရောက်နေထိုင်ကြရာ ဆင်တဲသည်လည်း ရွာကြီးအဆင့်မှ မြို့ပြသဏ္ဍာန် စည်ကားဖွံ့ဖြိုးခဲ့ပါသည်။ သို့သော် ဆင်တဲတွင်  တရားရုံးမရှိ၊ ရဲစခန်းမရှိ ၊ ပြည်သူ့ဆေးရုံးမရှိ၊ ခရစ်ယာန် ဘုရား ကျောင်းမရှိ၊ မွတ်ဆလင်ဗလီ လည်းမရှိပါ။ န၀ဒေး တံတားမရှိသေးခင် အချိန်များတွင် ဆင်တဲသည် အတော်ပင် အရေးပါခဲ့ပါသည်။ ထမင်းဆိုင်၊ လ္ဘက်ရည်ဆိုင်၊ တည်းခိုခန်းတွေနဲ့ အတော်ပင် စည်ကားခဲ့ပါသည်။ ပန်းတောင်း-တောင်ကုတ် လမ်းမကြီးပေါ်တွင် ဆင်တဲဇက်ဆိပ်မှတဆင့် တစ်ဘက်ကမ်း နွားမယံဆိပ်ကမ်း သို့ကားများကို ဇက်ပေါ်သို့တင်၍ အန္တရာယ်ကြီး စွာဖြင့်သွား လာခဲ့ရသည်။ ဧရာဝတီ မြစ် အနောက်ဘက်ကမ်း ဆင်တဲမှ တဆင့် ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲမြို့များ၊ ဧရာဝတီ တိုင်းအတွင်းရှိ ကြံခင်း၊ မြန်အောင် အစရှိသောမြို့များ နှင့် မင်းဘူး၊ ရွှေစက်တော်ဘုရားများသို့သွားရောက်နိုင်ပါသည်။

ဆင်တဲအရပ်ဆိုသည် ကား – ဧရာဝတီမြစ် စတုတ္ထမြစ် ကျဉ်း၏ အောက်အရပ်၊ ပြည်မြို့၏ အနောက်တောင်ဘက်၊ ရွှေတောင်မြို့၏ အနောက်မြောက် အရပ်၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းပေါ်တွင် တည် ရှိသော ၀န်ထမ်းနယ်မြေလေးတခုသာမျှသာဖြစ်ပါတော့ သည်။ န၀ဒေးတံတား တည်ဆောက်ပြီးနောက် ဆင်တဲသည်လည်း အရင်ကလောက်စည်ကား မှုမရှိတော့ပဲ ခြောက်ကပ်ခဲ့ရပါတယ်။ Main လမ်းမကြီးပေါ်မှာမရှိတော့ပဲ ချောင်ထဲမှာကျန်ခဲ့တဲ့ အထီးကျန် ရွာကြီးတရွာနဲ့ ၀န်ထမ်းနယ်မြေလေးတခုပဲ ဆိုပါတော့ဗျာ..။

အရင်က ကျနော်တို့ဆင်တဲကျောင်းမှာ (၉)တန်းမှာစာသင်ရတဲ့ ဆရာမကြီး တစ်ယောက်ရှိခဲ့ပါတယ်။ သူကအတန်းထဲမှာ ကျောင်းသား/ကျောင်းသူတွေကို မကြာခဏ ပြောဖူးတဲ့စကားတခုရှိပါတယ်။ “အောင်…အောင်…ရှုံး…..ရှုံး ..ကစလ(၃) ” ပါတဲ့ “အောင်..အောင်..ကျ…ကျ…ကပစ ပါတဲ့”။ သူဆိုလိုတာက စာမေးပွဲအောင်သည် ဖြစ်စေ၊ ကျသည်ဖြစ်စေ ကျနော်တို့ ဆင်တဲသူ/ဆင်တဲသားတွေဟာ ကပစ၊ကစလ တွေမှာပဲ အလုပ်လုပ် ကြမဲ့သူတွေ လို့ဆိုလိုလိုက်တာပါ။ အရင်တခေတ် ၊တခါကတော့ အဲဒီလိုဖြစ်ချင်ဖြစ်ခဲ့မှာပါ။ ခုတော့ ဆင်တဲသားတွေ အမေရိကမှာလည်း ရှိပါတယ်။ ကနေဒါမှာ လည်းရှိပါတယ်။ ရုရှား၊ သြစီ၊ ဂျပန်၊ ထိုင်း၊ မလေး၊ စင်္ကာပူ နှင့် အခြားနိုင်ငံတွေ မှာအများကြီးရှိပါတယ်။ ဆင်တဲနဲ့အဆက် အသွယ်ပြတ်နေတာနှစ်နဲ့ချီပြီး ကြာပြီဖြစ်တဲ့ ညီတော်၊ နောင်တော်တော်တွေလည်း ဒီဘလော့ဂ်လေးကို Online မှာတွေ့ရင် ကျနော်တို့ဆင်တဲသူ/ဆင်တဲသား သူငယ်ချင်းတွေ ဒီနေရာလေးမှာ တစုတစည်းလေး ရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ အဆက်အသွယ် လည်းလုပ်စေချင်ပါတယ်။

သြော်..ကျနော်ပြောဖို့မေ့နေလို့။ အမှတ်(၃) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း ဆိုတာကခု အမှတ်(၁) လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်မှုစက်ရုံ ဆိုတာ ဖြစ်နေပါပြီ။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကိုပဲရောက်ရောက်ဗျာ.. ကိုယ်ရဲ့ဇာတိဆိုတာမျိုးကိုတော့ လူတိုင်းမမေ့ကြပါဘူး။ မိုးရွာရင်တောင်မှ “ငါငယ်ငယ်က ဆင်တဲက ဘယ်ဘောလုံး ကွင်းမှာ၊ ဘယ်သူတွေနဲ့ဘောလုံးကန်ခဲ့တာပဲ” ဆိုတဲ့ အတွေးမျိုးလေးတွေပေါ့။ နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင်တော့ အရမ်းကိုကြီးကျယ်တဲ့ စကားတခွန်း ဖြစ်သွားပါမယ်။ ဒီတော့ ကျနော်တို့ ဆင်တဲသူ/ဆင်တဲသားသူငယ်ချင်းညီကို မောင်နှမ တတွေ ကိုယ့်ကိုကိုယ်နဲ့၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဇာတိချက်ကြွေ မွေးရပ်မြေလေး ဒီထက်ပိုမို တိုးတက်ကောင်းမွန်တဲ့ အနာဂတ်တခုဆီကို ရောက်အောင်ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ပေးကြပါလို့ တိုက်တွန်းရင်းနဲ့ပဲ ကျနော်ရဲ့ “ စိတ်ကူးများဖြင့်  ဆင်တဲကို ပြန်လည်ရှာဖွေခြင်း” ဆိုတာလေးကို နိဂုံးချုပ်အပ်ပါတယ်။


*** ဒီဆင်တဲဖြစ်ပေါ်လာပုံလေးကို အတည်မပြုစေချင်ပါဘူး။ အဖြစ်မှန်များကို ကျွန်တော်ရဲ့ စိတ်ကူးများနှင့်ရောစပ် ပုံဖေါ်ခြင်း ဖြစ်ပါသည်။ အကယ်၍ အတိအကျ သိသူများရှိခဲ့ပါလျှင် အကြံပြုစေချင်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း အနီးစပ်ဆုံးအဖြစ်မှန် ဆက်လက်ရှာဖွေနေပါတယ်။***

Page 1 of 11