ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဝတ္တုတို’

မြေခွေးကိုက်ခံရတဲ့ပန်းသီး

တစ်ကယ်တော့ မြေခွေးဆိုတဲ့အကောင်နဲ့ ပန်းသီးနဲ့တော့ သိပ်မသက်ဆိုင်လှခြေ။ ဒါပေမယ့်မြေခွေးက ပန်းသီးကိုအလွတ်မပေးခဲ့။ ဘာလို့ကိုက်သွားရတာပါလိမ့်။ သူအဖြေရှာမရ။ နီရဲနေတဲ့ပန်းသီးကိုပဲ အသားတုန်းထင်သွား၍လော။ ဒါမှမဟုတ် ကိုက်ချင်လို့ ကိုက်သွားတာများလား။ တစ်နည်းအားဖြင့် ပန်းသီးက မြေခွေးကိုက်ချင်အောင်ပဲ နေမိ၍လား။ ဘာပဲဖြစ်ဖြစ် ကိုက်သွားခြေပြီ။ မြေခွေးတို့ထုံးစံအတိုင်းပါပဲ အလစ်ကိုခြောင်းပြီးမှဝင်ကိုက်သွားတာပါ။ သူတော်တော်စိတ်ညစ်သွားမိသည်။ ဘာလို့များသူလို ပန်းသီးကိုကိုက်သွားရသည်မသိ။ တစ်ခြားကိုက်စရာမရှိ၍လော။ ခုတော့မြေခွေးကိုက်ထားတဲ့အရာကြီးနဲ့ သူဘယ်လောက်ထိနေရဦးမယ်မသိ။ သူနဲ့ဘဝတူအသီးတစ်ချို့ကတော့ ပြောပါတယ်။ ” မင်းကကိုက်ချင်အောင်သွားလုပ်တာကိုး” တဲ့။ ဒီလိုဆိုတော့သူစဉ်းစားပါတယ်။ မြေခွေးကိုသူရန်လည်းမစမိပါဘူး။ အဲဒီမြေခွေးရဲ့ မိန်းမ အင်း မြေခွေးမဆိုပါတော့။ သူ့ကိုလည်းဘာမှမလုပ်ရပါ။ လမ်းတွေ့ရင်တွေ့ရင်တောင် သူ့ဟာသူပဲနေတာပါ။ နောက်မြေခွေးရဲ့ အစာကိုများသွားလုမိ၍လော။ သူတွေးကြည့်တော့လည်း ဖြစ်နိုင်ခြေမရှိ။ ဟိုကအသားစားတဲ့အမျိုး။ ဒီလိုနဲ့ သူစဉ်းစားနေရင်း အနားကိုကျီးကန်းတစ်ကောင်လာနားပါတယ်။ ပြီးတော့ သူ့ကိုလည်ပတ်ကြည့်ပြီး စကားပြောမလို လုပ်ပါတယ်။ ပြီးဘာမှလည်းမဟုတ်ပါဘူး။ သူ့ဟာသူပဲ ဟိုကြည့်ဒီကြည့် ကြည့်ပြီးထပျံသွားပါတယ်။ အင်…ဘယ်လိုကြီးပါလိမ့်။ သူကတော့ ထ ပြီး ဘယ်မှမသွားပါ။ ဒီအတိုင်းပဲကျန်ခဲ့ပါတယ်။ သွားချင်စိတ်လည်းမရှိဘူးလေ။ ဒီအရာကြီးနဲ့ဘယ်လိုမှစိတ်ထဲပုံမှန်အတိုင်းမဖြစ်။ အင်း….ခက်ခြေပြီ။ ဒီလိုနဲ့ ဟိုငေး ဒီတွေးနေတုန်း အနားကို ဇီးကွက်တစ်ကောင်ရောက်လာပါတယ်။ သူလှည့်ကြည့်ပြီး ပြုံးပြလိုက်မိတယ်။ ဇီးကွက်ကလည်း ပြန်ပြုံးပြပြီး ” နေလို့ထိုင်လို့ကောင်းလား” တဲ့မေးပါတယ်။ သူလည်း ကောင်းပါတယ် ဒါပေမယ့် ဘာညာ ဆိုပြီး ပြန်ဖြေလိုက်ပါတယ်။ အဲဒီကစပြီး ကိုဇီးကွက်နဲ့ စကားလက်ဆုံကြသွားပါတယ်။ နောက်သူမြေခွေးကိုက်ခံရတဲ့ အကြောင်းပြောတော့ ကိုဇီးကွက်ဆီက စကားတစ်ချို့ကိုသူကြားခဲ့ရတယ်။ ဇီးကွက်က

မင်းကိုကိုက်သွားတဲ့မြေခွေးက ဗိုက်ဆာနေတဲ့အချိန်မို့ ကိုက်သွားတာမဟုတ်ဘူးကွ” ” ဟုတ်ကဲ့” ” သူကကိုက်ချင်လို့ကိုကိုက်သွားတာ

အင်” ” ဒီလိုလေ ဒီမြေခွေးအကြောင်းငါသိတယ်ကွ မြေခွေးထဲမှာတော့ စိတ်ထားအယုတ်ဆုံး မြေခွေးပဲကွ’‘ သူ့စိတ်ထဲတစ်မျိုးဖြစ်သွားလို့ ပြန်မေးလိုက်မိသည်။
စိတ်ထားကောင်းတဲ့မြေခွေးရယ်လို့ရှိလို့လားဗျ” ” ဇီးကွက်က ” အေး….မရှိပါဘူး ဒါပေမယ့် စည်းစောင့်တတ်တဲ့ မြေခွေးတွေတော့ အများကြီးပါ”

အင်း….ဆက်ပါဦးဗျ ” ” ဒီလိုလေ စည်းစောင့်တတ်တဲ့မြေခွေးဆိုတာက သူ့အစာကလွဲပြီး မဆိုင်တာကိုမကိုက်တတ်ဘူးကွ

ဒီမြေခွေးကတော့ သူ့မျက်စိရှေ့မှာရှိတာမှန်သမျှ အကုန်ကိုက်တာကွ ” သူမေးလိုက်မိသည် ” အသိတွေလားဗျ ” ” မဟုတ်ပါဘူး ငါသိနေတာပါ ”

” အမှန်က သူကိုက်သင့်တာ သူ့ပြိုင်ဖက်တွေနဲ့ သူ့ရဲ့အစာတွေပဲကွ ” ” ပြီးတော့ အဲဒီကောင်က ကြီးနိုင် ငယ်ညှင်းလည်းရှိတယ်ကွ ” သူဝင်ပြောလိုက်မိသည် ” အော်…ဒါကတော့ သူကမြေခွေးကိုးဗျ ” ” အင်း..မင်းပြောတာမှန်ပါတယ် ပြီးတော့ ဒီမြေခွေးက အချိန်အခါမရွေး သူ့ဒေါသနဲ့ အစွမ်းအစ ကိုပြတတ်တယ်ကွ ” သူက သိပ်တော်နေလို့လားဗျ ” ” ဘယ်လောက်တော်တော်ကွ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပဲ ”

မိုက်ရူးရဲ ဆန်တာပေါ့ကွ နေရာတိုင်းပြနေတော့ သူ့ထက်အင်အားကြီးတဲ့ ကောင်နဲ့တွေ့ရော နောင်တ ဆိုတာနဲ့အတူ ဘဝ ပါပေးရတတ်တယ်ကွ

သူတော်တော်လေးသဘောပေါက်သွားပါတယ်။ ကိုဇီးကွက်နဲ့ပြောရတာ သူတော်တော်လေး ဗဟုသုတရခဲ့ပါတယ်။ ပြီး ကိုဇီးကွက်က ဆက်ပြောပါတယ်။

သူကဒီတောအုပ်ကို သူပိုင်တယ်ထင်နေတာကွ ” ” မဟုတ်ဘူးလားဗျ ဒီတောအုပ်မှာတော့ သူက ဗိုလ်ပဲဟာကို ” ” ခုတစ်လောမှာတော့ ဟုတ်နေမှာပေါ့ ဒါပေမယ့် နောင်အချိန်အနည်းငယ်အတွင်းမှာ သူဟာ သားကောင်ဘဝကိုလည်းရောက်သွားနိုင်တယ် ပြီးတော့ ဒီတောအုပ်ကလဲ သူမပိုင်ပါဘူးကွ ” ” ဟုတ်လား ဒါဖြင့်ဘယ်သူပိုင်လည်းဗျ ” ” အရင်တုန်းက သူလို စိတ်ထားရှိတဲ့ မြေခွေးတစ်ကောင်ပိုင်တယ်ကွ ပြီး သူ့အရင် အလားတူမြေခွေးတစ်ကောင်ပိုင် ပြန်ရော ဒီလိုပိုင်လာကြတာ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းနဲ့ သူ့အလှည့်ရောက်လာတာပဲကွ ဒါကြောင့်ငါပြောတာ သူမပိုင်ပါဘူးလို့ ”

အေးဗျာ ဒီလိုဆိုတော့လည်း ဒီလိုကောင်တွေပိုင်တဲ့ တောအုပ်မှာနေရတာ ဘာကောင်းတော့မှာလည်းဗျာ ” ” ဒီလိုလည်းမဟုတ်ဘူးကွ မင်းကိုငါမေးမယ် ”ဟုတ်ကဲ့ ” ” မင်းမျက်စိမြင်ရလား ” ” အာ….ပန်းသီးက ပန်းသီးလောက်တော့မြင်တာပေါ့ဗျ

အေး မြင်တယ်ဆိုရင်လည်း မျက်စိရှေ့ တွေတဲ့ အရာဝတ္တုတွေကိုပဲ ကြည့်မနေနဲ့ ကြုံလာတဲ့ ဒုက္ခတွေကိုပါမြင်အောင်ကြည့်ကွ ဒုက္ခတွေကိုမြင်မှ ဘယ်လိုအရာတွေဟာ သုခလည်းဆိုတာသိမှာ ” ” ဟုတ်ကဲ့ ” ” ပြီးတော့ ဘယ်လိုနေရာတွေမှာ ဒုက္ခရှိတယ်ဆိုတာ လိုက်ရှာ အဲဒါမှ ဒုက္ခကင်းတဲ့နေရာကိုတွေ့မှာပေါ့ ” ” ဆိုလိုတာကကွာ ဒုက္ခတွေကို ဆန်ကျင်ဘက် ရှုထောင့်ကနေမြင်အောင်ကြည့်တတ်ဖို့ပဲကွ

ဟုတ်ကဲ့ ” ” အဲဒါမှ မင်းသူများတွေ မသိတာတွေသိလာမှာပေါ့ ဒီတောအုပ်က ဆိုးပေမယ့် ကောင်းမွန်တဲ့အသိတရားတွေကို ရှာဖွေလို့ရတဲ့ နေရာပဲကွ မင်းလည်းဒီမှာနေတုန်း ဆက်ရှာဖွေကြည့်ပေါ့ကွာ ” ” အဲ…ဒါပေမယ့်နေတတ်ဖို့တော့လိုတယ်နော် နေရာတော့အရွေးမမှားစေနဲ့ပေါ့ မဟုတ်ရင် နောက်တစ်ခြမ်းထပ် ပဲ့ သွားလိမ့်မယ်ကွ သိလား ” ” ဒါပဲကွာ ငါလည်း မသိတာတွေ မရှိတာတွေ ဆက်ရှာလိုက်ဦးမယ်

သွားပြီဟေ့

အင်း..သူလိုပန်းသီးအတွက်ကတော့ ဇီးကွက်ပြောသွားသလို ပါပဲ နေတတ်ဖို့အရင်ကြိုးစားရဦးမည်ပဲလေ ဒီလိုတောအုပ်မျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့…………..။

မှတ်ချက်……နေရာလေးတစ်ခုအကြောင်းပါ။ ဒီကမ္ဘာရဲ့တစ်နေရာမှာ ရှိတဲ့နေရာလေးတစ်ခုပေါ့။ အဲဒီနေရာလေးမှာ မြေခွေးလိုလူတွေ ကြီးစိုးနေပြီး ဘာမသိ ညာမသိနဲ့ အကိုက်ခံရတဲ့ ပန်းသီးလိုလူတွေလည်းရှိတယ်။ နောက်ပြီး ဖြစ်သမျှ လက်ပိုက်ကြည့်နေတတ်တဲ့ ကျီးကန်းလို လူတွေရယ် စိတ်ဓာတ်တွေ တက်ကြွလာအောင် အသိပညာတွေပေးတတ်တဲ့ ဇီးကွက်လို လမ်းပြတတ်တဲ့ လူတွေလည်းရှိပါရဲ့။
ဒါလေးပါပဲ ပြောပြချင်တာကတော့ အရေးအသားညံလို့ ဖတ်မကောင်းရင်တော့ တောင်းပန်ပါ၏ :) ။ တစ်ခါတစ်လေဒီလိုပါပဲ ဘာတွေလျှောက်ရေမှန်း မသိပါဘူး။

နေမြင့်လေ အရူးရင့်လေ

တစ်နှစ်တစ်ခါရူးခဲ့ပါတယ်.. ကျွန်မ အလုပ်စ၀င်တော့ အသက်က (၁၈)နှစ် မပြည့်တပြည့်… အလုပ်ဝင်ခဲ့တာ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ… (၁၀)တန်းအောင်ခါစဆိုတော့ အသက်က ငယ်ငယ်ပေါ့… ဘွဲ့မရသေးတော့ အလုပ်တစ်ဖက်နဲ့ အဝေးသင် သင်္ချာတက်ခဲ့တယ်.. တတိယနှစ်ရောက်တော့ အလုပ်မှာ ဘွဲ့ရပြီးသား သူတွေကို ကွန်ပျူတာဒီပလိုမာတန်းတက်ဖို့ စာဝင်လာပါရော.. တက်ချင်လိုက်တဲ့ ကွန်ပျူတာ. ရူးခဲ့တာ အဲဒီ့ကတည်းက.. ဒါပေမဲ့ ဘွဲ့မရသေးတော့ ငြိမ်နေခဲ့ရတယ်..

ဟော ၂၀၀၃ မှာ အဝေးသင်နဲ့ ကျောင်းပြီးပါလေရော.. ဒါနဲ့ ကွန်ပျူတာဒီပလိုမာခေါ်ပါစေလို့ ဆုတောင်းခဲ့တယ်. ဒါနဲ့ပဲ ၂၀၀၅ မှာ စာဝင်လာပါရောလား.. ပျော်လိုက်တာ. တက်ရတော့မယ်ပေါ့.. ဒါနဲ့ ၀င်ခွင့်ဖြေဖို့ ရန်ကုန်ကို သွားရမယ်ပေါ့.. လျှောက်လွှာတင်တော့ ကိုယ်နဲ့သိတဲ့သူ မပါဘူး.. တစ်ခြားဌာနကလူတွေဖြစ်နေရော. ဒါနဲ့ ကိုယ့်ရုံးကအစ်မတစ်ယောက်ကို မရမက ဆွဲခေါ်သွားမိတယ်.. ဖြစ်ချင်တော့ သူက သင်္ချာကို မဟာနဲ့ ကျောင်းပြီးထားတဲ့သူ.. ဘာပဲဖြစ်ဖြစ် အောင်ပါတယ်ပေါ့.. ပျော်ပျော်ပါးပါး မော်တော်ကားစီးပြီး သွားခဲ့တယ်..

ဟော.. ထွက်လာပါပြီ အောင်စာရင်း… အရမ်းတက်ချင်ခဲ့တဲ့ ကျွန်မ မအောင်ခဲ့ပါဘူး.. ကျွန်မ အတင်းခေါ်သွားတဲ့ အစ်မက ကျောင်းတက်ရမယ်တဲ့.. ရန်ကုန်တက္ကသိုလ်ထဲမှာတဲ့.. ၀မ်းနည်းလိုက်တာ.. ဒါပေမဲ့. ဘာမှမတက်နိုင်ခဲ့ဘူး… ဒါနဲ့ပဲ ဒီနှစ်မအောင် နောက်နှစ်ဖြေလို့ရတယ်ပေါ့… စိတ်ဖြေလိုက်ပါတယ်.. နောက်တစ်နှစ်.. ထပ်သွားဖြေတယ်.. ဖြေမဲ့သူတွေ အားလုံး ဆရာမတွေကို လိုက်ပြီး စာသင်ပေးခိုင်း.. ဟိုမေး ဒီမေးနဲ့ပေါ့…အဲဒီ့ထဲမှာမှ ကျွန်မတို့ရုံးက အစ်မတစ်ယောက်က စာသွားမေးမယ်လုပ်တိုင်း မအားသေးလို့.. ဟိုဆရာမ မရှိဘူး. ဒီဆရာမ မအားသေးလို့ စသည်ဖြင့် ဝေ့လည်ကြောင်ပတ်နဲ့ပေါ့..

ဟော သွားဖြေပြီး အောင်စာရင်းထွက်တော့ ကျန်ခဲ့ပြန်ပြီ တစ်နှစ်… မအားသေးတဲ့အစ်မ အောင်သွားပြန်တယ်.. ကျသွားလိုက်တဲ့ စိတ်ဓာတ်.. ၀မ်းနည်းလိုက်ရတဲ့ မျက်ရည်.. တစ်ခါမှ အဲလို မဖြစ်ဖူးဘူး.. နောက်နှစ်မဖြေတော့ဘူးရယ်လို့ အောင့်မေ့လိုက်တယ်… ဒါပေမဲ့လည်း မနေနိုင်တဲ့စိတ်က ဒီနှစ်ဖြေလို့မှ မအောင်ရင် အလုပ်ကနေထွက်မယ်လို့ ဆုံးဖြတ်ပြီး နောက်ဆုံးအကြိမ် ၂၀၀၆ မှာ ပြန်ဖြေဖြစ်တယ်.. သွားဖြေတဲ့သူတွေက အများကြီး.. ကိုယ့်ထက်စာတော်တဲ့သူတွေချည်းပဲ.. ရင်တထိတ်ထိတ်နဲ့ .ရှိသမျှ ဘုရားစာတွေရွတ်. ယတြာတွေချေ.. ရွှေတိဂုံကိုသွား.. ယက္ခမယ်တော်ဆီမှာဆုတောင်းရတာ အမော…

အောင်စာရင်းတွေထွက်ပြီတဲ့.. ဖုန်းဆက်ပါ .. ဆိုတော့.. ကြောက်နေလို့ တခြားသူကို ဆက်ခိုင်းရတယ်… (၃)ယောက်အောင်တယ်တဲ့.. ဘယ်သူလဲ. ဘယ်သူလဲပေါ့.. အမပါတယ်ဆိုတော့ ၀မ်းသာလိုက်တာ ထခုန်မိတယ်. ရုံးမှာဆိုတာတောင် မေ့သွားတယ်. မျက်ရည်တွေဘာတွေဝဲလို့ ရင်တွေဘာတွေတုန်လို့နဲ့ပေါ့.. ငါကျောင်းတက်ရတော့မယ်. ပျော်လိုက်တာ..

ဒါနဲ့ကျောင်းသွားတတ်တယ်ပေါ့… ပျော်လိုက်တာ. စာဆိုရင် အဝေးမှာထားခဲ့ မျှော်စင်ကျွန်းမှာ ရှိုးပွဲကြည့်.. ရဲလေးရှိုးဆိုရင် မလွတ်တမ်း.. အာဇာနည်လည်း မပြတ်ဘူး.. မျိုးကြီးတောင် သွားမကြည့်လိုက်ရလို့ ရင်ထဲခိုးလို့ခုလု.. စာမေးပွဲကြီးနီးလာတော့ ..ဟာ.. သွားပြီ.. ငါဘာစာမှ မရသေးဘူး.. ခက်တော့နေပြီး.. မနေ့ကကျက်တဲ့စာ ဒီနေ့မေ့.. သွားပြီပေါ့ အောင်မှအောင်ပါ့မလား… ဖြေတော့ဖြေခဲ့တယ်.. အောင်လောက်ပါတယ် ကိုယ့်ကိုကိုယ် ဖြေသိမ့်လိုက်တယ်.. ပရောဂျက်လုပ်ရမယ်ဆိုတော့ ပျားတုပ်တော့တာပဲ.. ပရောဂျက်နဲ့ စာမေးပွဲဖြေတာ နှစ်ခုပေါင်းပြီးမှာ Credit ပေးမယ်.. ဟာ.. ဒုက္ခ.. ငါအထူးအောင်ချင်တယ်.. စာမေးပွဲလည်း မဖြေနိုင်ခဲ့ဘူး.. ပရောဂျက်တော့ အကောင်းဆုံးလုပ်မယ်ပေါ့.. နေ့မအိမ် ညမအိပ်.. ရုံးကိုလည်း ခါတိုင်းဘယ်တော့မှ အစောကြီးမရောက်.. ပရောဂျက်ကိုက်လို့ မနက်(၇း၀၀)နာရီဆို ရုံးကိုရောက်နေပြီ.. လုပ်လိုက်ရတာ.. ပရောဂျက်ပြီးတော့ အောင်စာရင်းအတွက် ထပ်ရင်မောရပြန်ရော.. ဒုက္ခပဲ Credit မပါရင်.. အတူသွားတဲ့သူက ပါပြီး ငါမပါလာရင် ခက်ပြီ.. အရှက်တော်တော့ ကွဲရပြီပေါ့..

အောင်စာရင်းထွက်ကြောင်း သူငယ်ချင်းက ဖုန်းဆက်တယ်. ပခုက္ကူက နှစ်ယောက်ဒိုင်လျှိုတယ်ပေါ့.. အထူးအောင်တယ်. ပြောတော့ မရဘူး. မရဘူးနဲ့ပေါ့.. ၀ိုင်းပြီး ထောပနာပြုကြတယ်.. ကိုယ့်မှာ ဖုန်းသာကိုင်ထားရတယ်.. မယုံဘူး.. ဟုတ်ရဲ့လားပေါ့. ထပ်ပြန်တလဲလဲမေးတော့ ပြောပြတဲ့သူ စိတ်မရှည်ချင်တော့ဘူး .. ဒါနဲ့ ဖုန်းကြီးဘေးချပြီး.. ၀မ်းသာအားရနဲ့.. ရုံးကလူတွေကို ပြောရတာ.. မျက်ရည်တွေလည်း ဒုတိယအကြိမ် ထပ်ကျလာပြန်ရော.. ပျော်လိုက်တာ.. ငါတို့မှာ နောက်နှစ်ကျရင် မဟာတန်းတက်ရပြီပေါ့.. ပျော်လို့ရွှင်လို့.. ဘွဲ့တွေဘာတွေတောင် အကုန်အကျခံသွားယူလို့…

ကျောင်းတွေက ခေါ်ချိန်တန်တော့ ခေါ်ပါပြီ.. တက်ရတော့မယ် ကွန်ပျူတာမဟာတန်း ပျော်လိုက်တာ.. သွားတက်ရမဲ့သူက လေးယောက်ဖြစ်နေတယ်. ဖြစ်ချင်တော့ ကျွန်မတို့ရုံးက (၃)ယောက်.. လူကြီးက ပေးမလွှတ်တော့ဘူး.. လူများတယ်ပေါ့. မဲနှိုက်ရမယ်ပေါ့.. ဒါနဲ့ပဲ.. ကျွန်မရဲ့ချစ်လှစွာတော့ အစ်မက သူ့အဖေကို ရုံးကလူကြီးကို ဖုန်းလှမ်းဆက်ပြီး သူသွားရဖို့ပြောခိုင်းတယ်.. (နောက်မှအဲဒါသိရတာပါ).. လူကြီးက အရင်ကျန်တဲ့(၂)ယောက်သွားတတ်တဲ့.. မဲမနှိုက်တော့ပဲ ဆုံးဖြတ်ပေးလိုက်တယ်.. စိတ်မကောင်းလိုက်တာ..

ဒီပလိုမာ ကျတုံးက ခံစားရသလိုပဲ ခံစားခဲ့ရတယ်.. ဘယ်တက်နိုင်မလဲလေ.. ကိုယ်က နောက်လူကိုးလို့… ငြိမ်နေလိုက်ရတယ်.. ဟော.. သူတက်ရပြီး ပြန်လာတော့ မဟာတန်းတွေက ၀န်ထမ်းတွေကို မခေါ်တော့ဘူးတဲ့ရှင်.. ပြောရက်လိုက်တာနော်.. ကျွန်မမှာ တက်ချင်လွန်းလွန်း ရူးမတက်ဖြစ်နေတာကို သူက အဲလိုပြောတယ်.. စိတ်မကောင်းဖြစ်လိုက်ရတာ.. ဒါပေမဲ့ ကျွန်မ ဟန်ဆောင်နိုင်ပါတယ်. မတက်ရလဲ ဘာဖြစ်လဲပေါ့. ပိုက်ဆံအကုန်အကျသက်သာတယ်ပေါ့လို့ ပြန်ပြောလိုက်တယ်..စိတ်ထဲမှာတော့ တော်တော်ဝမ်းနည်းသွားတယ်..

ဒီနှစ် 2010 ဇွန်ကျရင် ကျောင်းပြန်ဖွင့်မယ်.. မေလ လယ်လောက်မှာ ခေါ်စာထွက်မယ်.. ခေါ်မယ်မခေါ်မယ် မသေချာပေမဲ့ ကျွန်မ ရင်ခုန်မျှော်လင့်စွာ စောင့်မျှော်နေတယ်… နေ့တိုင်းဆုတောင်းတယ်. ကျွန်မ ကျောင်းတက်ရပါစေလို့ပေါ့..အခုကစပြီး ဇွန်လ လယ်အထိ ကျွန်မရူးနေရအုံးမှာပေါ့လေ….

ကောင်လေး..သို့

’07122—”
“တူ………တူ……….တူ……….”
“ဟယ်လို……”
“………………..”
“ဟယ်လို……”
“………………..”
“ဟယ်လို……”
“………………..”
“ဂွပ်”
ကောင်လေးရေ….စိတ်မဆိုးနဲ့နော်. တစ်ကယ်တော့ ဒို့မင်းအသံလေးကိုကြားချင်လို့ ဖုန်းခေါ်လိုက်တာပါ… ခေါ်တုံးက ခေါ်ပြီး ဘာပြောရမှန်းမသိလို့ ဒို့ငြိမ်ပြီး မင်းအသံကို နားထောင်နေမိတာပါ… ဒို့အဖြစ်ကလည်း အသံကြားနေရရုံလေးနဲ့ ကျေနပ်နေတဲ့သူပါ… လိုင်းပေါ်မှာ မင်းနဲ့တွေ့ရင် ဒို့ပျော်တယ်… မင်းက ဒို့ကို စကားပြောလာရင်… ဒို့အရမ်းဝမ်းသာတယ်.. မင်း ဒို့အပေါ်မှာ ဘယ်လောက်ပဲ ဆိုးဆိုး.. ဒို့အတွက် မင်းဆိုးနေတာကို ကျေနပ်နေတတ်တဲ့သူပါ… မင်းရဲ့အလိမ်အညာစကားတွေကိုလည်း. ဒို့အခုအချိန်ထိ ယုံကြည်နေတုံးပါပဲ… မနှစ်သင်္ကြန်မှာကတည်းက “အစ်မဆီ ကျွန်တော်လာမှာနော်..” ဆိုတဲ့ စကားကို ဒီနှစ်သင်္ကြန်မှာလဲ မင်းပြောခဲ့တယ်နော်.. သင်္ကြန်သာ ပြီးဆုံးသွားတယ်. မနှစ်ကရော .. ဒီနှစ်ပါ မင်းရောက်မလာခဲ့ဘူးနော်… မျှော်လင့်ချက်တွေ ပေးပြီး.. ယုံအောင်ပြောတဲ့ မင်းကို ဒို့ ဘာဖြစ်လို့ ဒီလောက်ခင်မင်နေမိတာလဲ… တစ်ကယ်ဆို ဒို့စိတ်က ဒီလိုလာကြောတဲ့သူတွေကို ပြန်လက်တုန့်ပြန်တတ်တာ ဒို့သာအသိဆုံးပဲ.. မင်းနဲ့ကျမှ. ဒို့ရဲ့အဲဒီ့စိတ် ဘယ်ကိုထွက်ပြေးနေလဲ ဒို့ကိုယ်တိုင်တောင် မသိတော့ပါဘူး. ကောင်လေးရယ်… ဒို့အဖြစ်တွေကို မင်းကတော့ မသိနိုင်ဘူးလေ… မင်းက ဒို့လိုင်းပေါ်မရှိတဲ့အချိန်တွေမှ ရွေးပြီး လာတယ်… ဒို့ ရှိနေတဲ့အချိန်ဆိုရင်.. မင်းပျောက်ပျောက်နေတတ်တာ ကြာခဲ့ပြီနော်… မင်းလိုင်းပေါ်ရှိနေတယ်ဆိုတာ ဒို့သိပေမဲ့. မင်းစကားမပြောချင်ဘဲ ပြောနေရမှာစိုးတဲ့အတွက်. Invisible နဲ့ဝင်ပြီး မင်းကို စောင့်ကြည့်နေတတ်တာလဲ ဒို့ရဲ့အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ… Invisible ဆိုတာကို အရင်က မသိခဲ့ပေမဲ့ မင်းနဲ့ကျမှ သိလာခဲ့ရတာပါ… မင်းဆီက ဆက်လာမဲ့ ဖုန်းသံကိုလည်း နားစွင့်နေတတ်ခဲ့တာလဲ ကြာခဲ့ပါပြီ… ကောင်လေးရေ.. တစ်ချိန်က မင်းနဲ့ဒို့နဲ့ ပြောခဲ့ကြတဲ့ စကားတွေကို ပြန်ဖတ်ရင်း ပျော်စရာရှိရင် ပျော်ပြီး လွမ်းစရာရှိရင် လွမ်းတတ်ခဲ့ကြာလည်း အချိန်တွေများခဲ့ပါပြီ… ဒို့ မင်းကို ပြောပြချင်တဲ့ စကားတွေ အများကြီးရှိနေတယ်…မင်းဆီက ဖုန်းဆက်သံကိုလည်း ကြားချင်တယ်… အဆင်ပြေမယ်ဆိုရင်ပေါ့….

သူ

မနက်မိုးလင်းတာနဲ့ သူ့ကို မတွေ့လို့မရအောင် သူက ကျွန်မကို အမြဲဖမ်းစားနိုင်လွန်းပါတယ်.. ကျွန်မ သူနဲ့မတွေ့ဘူးလို့ ဘယ်လိုစိတ်ထဲ ဆုံးဖြတ်ထားပါစေ.. မနက်မိုးလင်းတာနဲ့ သူ့ကို ရင်ဆိုင်ရတော့တာပဲ.. သူက ကျွန်မကို စိတ်ဆိုးအောင်လုပ်တယ်. စိတ်တိုအောင်လည်း လုပ်တယ်. ဒေါသထွက်အောင်လည်းလုပ်တယ်. တစ်ခါတစ်လေကျတော့လည်း စိတ်ချမ်းမြေ့မှုတွေလည်း ပေးသေးတယ်..

သူ့မှာ ကောင်းမွန်တဲ့အရည်အချင်းတွေလည်း ရှိသေး.. လူတော်တော်များများက သူ့ကို ကြိုက်ကြတယ်. သူက လူတွေကို နွေလည်ခေါင်မှာ အေးမြငြိမ်းချမ်းမှုကိုလည်းပေးတယ်. ပူလောင်မှုကနေလဲ ငြိမ်းအေးစေသေးတယ်. ချဉ်တဲ့အရသာကိုလည်း ပေးတယ်. ချိုတဲ့အရသာကိုလည်း ဖန်တီးနိုင်သေးတယ်.. သူနဲ့ကျွန်မက မနက်တိုင်းရန်ဖြစ်တယ်. ကျွန်မက သူ့ကို စပြီး စိတ်တို. ဒေါသထွက်ရတာ သူကတော့ အေးဆေးပါပဲ.. ကျွန်မက သူ့ကို အပါခေါ်ရင် အေးဆေးမလိုက်လာဘူး. လိုက်လာခဲ့ရင်လည်း သူ့အပေါင်းအသင်းတွေက နောက်ကနေ တန်းစီလိုက်လာကြရော.. ကျွန်မကတော့ သူပါလာပြီ ဆိုပြီး ရှေ့ကဆက်သွားနေရင် နောက်ပြန်လှည့်ကြည့် သူ့ရဲ့အမျိုးတော် အဆွေတော်တွေက ထပ်ရောက်လာကြပြန်ရော.. အရမ်းစိတ်တိုဖို့ကောင်းတယ်..

အဲဒါနဲ့ သူ့ရဲ့အဆွေတော်တွေကို ထပ်ခေါ်ရပြန်ရော.. ဒါနဲ့ပဲ သံသရာလည်နေတော့တာပဲ.. သူ့ကို လူတွေကြိုက်တဲ့အချက်က ဘာလဲ သိလား. သူရဲ့ အမေက လူတွေကို အရိပ်ပေးနိုင်လို့လေ. သူ့ရဲ့ မောင်လေးတွေကလည်း လူတွေအတွက် အသုံးဝင်နေပြန်ရော.. ဟော သူကိုယ်တိုင် ငယ်ရွယ်သေးတဲ့အချိန်ဆို လူတိုင်းက သူ့ကို တမ်းတကြပြန်ရော.. ဒီလိုနဲ့ ကျွန်မကသာ သူ့ကို စိတ်တိုလိုက် စိတ်ဆိုးလိုက် ဒေါသထွက်လိုက် ဖြစ်နေတာ. သူကတော့ အေးဆေးပုံမှန်ပါပဲ. သူ့ကို ဘယ်သူကမှ မပစ်ပယ်နိုင်ဘူးဆိုတာ သူသိနေတာကိုး..

သူ့အကြောင်းစဉ်းစားရလွန်းလို့ အခုဆိုရင် မနက်မိုးလင်းရင် သူ့ကို စိတ်ဆိုးဖို့ထက် သနားပိုမိပြန်ရော. ကျွန်မစိတ်ကလည်း အမျိုးမျိုးနော်.  အခုဆိုရင် သူ့အကြောင်းကို ရေးဖို့ စဉ်းစားရင်းစဉ်းစားရင် သူ့ကို ချစ်မိမိသွားတယ်. တစ်ကယ်ပြောတာ. ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အေးတာကိုကြိုက်တယ်. သူက ကျွန်မကို အေးမြမှုကို ပေးတယ်. ကျွန်မက ချဉ်တဲ့အရသာကိုကြိုက်တယ်. သူက အဲဒါလည်း ကျွန်မကို ပေးပြန်ရော. တစ်ခြား ကျွန်မ မပြောတတ်တဲ့ အရောတော်တော်များများကိုလည်း သူက ကျွန်မကို သိလာအောင် ပြောပြပြန်ရော.

ဥပမာ ပြောရရင်. သူ့ခေါ်ရာကို လိုက်ဖို့ သူ့ဘ၀က အရင် ကြွေကျရတယ်. သူ ကြွေကျလာမှ ကျွန်မက ခေါ်ချင်တဲ့နေရာကို ခေါ်လို့ရတာ. သူလည်း ဘယ်ကြွေချင်မလဲနော်. မကြွေချင်ဘဲ ကြွေရတာပဲ. ဒီလိုပဲ ကျွန်မတို့လည်း အချိန်တန်ရင် မကြွေချင်လည်း ကြွေရအုံးမှာပဲဆိုတာကို သိလာရတယ်.  ဒါပေမဲ့ သူက အဲလိုတွေ ပြောပြလည်း ကျွန်မစိတ်က စိတ်တိုချင်လည်း တိုတာပဲ. သူ့ကို စိတ်ဆိုးချင်လည်း ဆိုးတာပဲ.. သိလည်း ခဏပဲ. နောက်မေ့သွားတာပဲလေ..

သူဆိုတာ ဘယ်သူလဲ ရှင်တို့သိချင်လား.. ကျွန်မရဲ့

သူ = မန်ကျည်းရွက်

သူ့အမေ = မန်ကျည်းပင်

သူ့မောင် = မန်ကျည်းသီး

သူ ငယ်သောအချိန် = မန်ကျည်းရွက်နု

အိမ်မက်ချိုလေး

သူ…”သူ” ဆိုတာ ကျွန်တော့ရဲ့ သူ ပေါ့။ ကျွန်တော့ရဲ့ အိမ်မက်လေး လို့ပြောရင်လည်းရတယ်။ မဟုတ်သေးပါဘူး ကျွန်တော့ရဲ့ အိပ်မက်ချိုလေး လို့ပြောရင် ပိုမှန်မယ်။ အိပ်ပျော်သွားတိုင်း အိပ်မက် မမက်ပေမယ့် အိပ်မက်မက်တဲ့ အခါတိုင်း အိပ်မက်ချိုလေးတွေ ရှိသလို အိပ်မက်ခါးလေးတွေ၊ အိပ်မက်ဝါးတားတားလေးတွေ မက်တတ်တာ လူတိုင်းကြုံဖူး ကြမှာပါ။ အိပ်မက်ဆိုတာ နားထောင်တဲ့လူ ရှိရင် ပြောပြလို့ရပေမယ့် လိုက်ကြည့်ချင်တဲ့ သူအတွက် လိုက်ပြလို့ ရမှာမဟုတ်ဘူး။ ဒီလိုပါဘဲ ကျွန်တော့ရဲ့ သူ ကိုလည်းလိုက်ပြလို့ ရမှာမဟုတ်ဘူးလေ။ ကျွန်တော် တစ်ယောက်ထဲပဲ ပုံဖော်ကြည့် လို့ရတယ်။ သူက ကျွန်တော့ရဲ့ အိပ်မက်ချိုလေး ဖြစ်နေလို့ပေါ့။

အိပ်မက်ချိုလေး ဆိုလို့ သူ့ကို ကျွန်တော်စတွေ့တာ အိပ်မက်ထဲမှာတော့ မဟုတ်ဘူး။ လမ်ကြားထဲမှာ ထင်လို့လား အဲဒီမှာလည်း မဟုတ်ဘူး။ သူ့ကို ကျွန်တော်စတွေ့တာ ဟိုး…လေလိုင်း ထဲမှာပါ။ ကျွန်တော်တို့က လေလိုင်းထဲမှာ လမ်းလျှောက်တတ် ကြသူတွေပါ။ လမ်းလျှောက်တာ များလာတော့ ခလုတ်တိုက် မိတာပေါ့။ သူနဲ့ ကျွန်တော် ဘယ်သူကဘယ်သူ့ကို စပြီး ခလုတ်တိုက်မိသလဲ ကျွန်တော် မမှတ်မိချင် တော့ပါဘူး။

အဲဒီနေ့ကလေ တိမ်တောက်ချိန် လွန်သွားပေမယ့် သူအသံလေးက အရမ်းလှနေတာ ကျွန်တော် ခံစားလို့ရတယ်။ ဒါပေမယ့် အမှတ်တမယ့် ပါပဲ။ တစ်ယောက်ကို တစ်ယောက်ကျော်တက် သွားတော့လည်း ခံစားချက်က ဗလာဖြစ်သွားတယ်။
ဘဝမှာ မထင်မှတ်တာလေးတွေ ဖြစ်တတ်တယ် မဟုတ်လား။ လေလိုင်းထဲမှာ လမ်းလျှောက်ထွက်ရင်း သူနဲ့အထပ်ထပ် ဆုံမိတော့ ကျွန်တော် ခလုတ်တိုက်မိတဲ့ ဒဏ်ရာလေးက သတိထားမိတဲ့ အချိန်မှာ တော်တော်ရင်းနေပါပြီ။ တိမ်တောက်ချိန်တွေ ကုန်သွားတိုင်း လေလိုင်းထဲမှာ သူနဲ့ကျွန်တော် လမ်းလျှောက်ထွက် ဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း တိမ်တောက်ချိန်လေးတွေ မြန်မြန်ကုန်စေဖို့ ဆုတောင်း တတ်လာပါတယ်။ လမ်းလျှောက်ထွက်တိုင်း သူ့အသံလေးကြားရဖို့ မျှော်လင့် တတ်လာပါတယ်။ အတူ လမ်းလျှောက်ထွက်ခဲ့တဲ့ အချိန်တိုင်းကို ပြန်လွမ်း တတ်လာပါတယ်။ သူ့အသံလေးတွေ၊ သူ့စကားလုံးလေးတွေက ရိုးရိုးလေးမှန်းသိပေမယ့် အဲဒီရိုးရိုးလေးကိုပဲ ကျွန်တော် စွဲလန်း တတ်လာပါတယ်။ သူ့ကိုပြောပြချင်တဲ့ စကားလုံးတွေ ရင်ထဲမှာ အမြဲတွေး တတ်လာပါတယ်။ တိမ်တောက်ချိန်လေးတွေ ကုန်သွားပြီး သူနဲ့မတွေ့လိုက်ရမှာ စိုးရိမ် တတ်လာပါတယ်။

ရက်တွေ၊ လတွေ ပြောင်းလာပေမယ့် သူကို ငြီးငွေ့သွားတာမျိုး မရှိခဲ့ပါဘူး။ အတူ လမ်းလျှောက်ရတဲ့ အချိန်တိုင်း တကယ်ပျော်ခဲ့ရပါတယ်။ သူ့အသံနဲ့ သူစကားလုံးတွေက ကျွန်တော် ဘဝထဲမှာ ပျော်ဝင်ခဲ့သလို ဒီရင်ဘက်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာအထိ တိုးဝင်ခဲ့ပါတယ်။ တစ်နေ့တစ်နေ့ သူ့အကြောင်းတွေ စဉ်းစားရင်း ရင်ဘက်တစ်ခုလုံး လေးလံလာတယ်လို့ ကျွန်တော့ ကိုယ်ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့ရဲ့ အသက်ရှုသံနဲ့ ရင်ခုန်သံကြားထဲမှာ သူ့ကိုနေရာပေးထား မိပါတယ်။ ခလုတ်တိုက်ခဲ့တဲ့ ဒဏ်ရာက ရင်းလွန်းအားကြီးလာတော့ ကျွန်တော့နှလုံးကတောင် ဘာသာမပြန်နိုင်တော့ပါဘူး။ ကျွန်တော်လေ သူနဲ့ဝေးရာ လေလိုင်းရပ်ဝန်းက ရုန်းထွက်ခဲ့ဖူးပါတယ်။ မျိုသိပ်ရင်း မျိုသိပ်ရင်း နဲ့ တိမ်ဝင်ခဲ့ရလို့ပါ။ ကျွန်တော် နှလုံးသားက ပိုင်ရှင်ရှာတွေ့ထားပြီးပြီလေ။ သူနဲ့အဝေးဆုံးကို မပြေးနိုင်ခဲ့ပါဘူး။ တည့်တည့်ကြီး ပြန်လှည့်ပြီး လေလိုင်းထဲက သူ့နားကို ပြန်လာခဲ့ပါတယ်။

သြော်… လေလိုင်းထဲမှာ ချိုလွင်တဲ့အသံလေးတွေရှိသလို မဆုံနိုင်လို့ရတဲ့ ဝေဒနာလေးတွေ ပါရှိနေတယ် ဆိုတာ တဖြည်းဖြည်းသိလာပါတယ်။ လေလိုင်းထဲမှာ သူနဲ့လမ်းလျှောက် ထွက်မိနေတုန်းပါပဲ။ ဘယ်အချိန်ထိ လမ်းလျှောက်ထွက်ဖြစ် မလဲဆိုတာလည်း မသိချင်ပါဘူး။ သူ့စိတ်နဲ့ပြည့်နေတဲ့ ကျွန်တော့မှာ မအိပ်ချင်တဲ့ညတွေနဲ့ မထချင်တဲ့မနက်တွေသာ များလာခဲ့ပါတယ်။

သူနဲ့ လေလိုင်းထဲမှာ လမ်းလျှောက်ထွက်ရတာ အိပ်မက်ချိုလေး မက်နေရသလိုပါဘဲ။ အိပ်ယာကလန့်နိုးတိုင်း အိပ်မက်ချိုလေး ကိုတမ်းတရတာ ရင်မောလှပါပြီ။ တကယ်တော့ အိပ်မက်ဆိုတာ ပြောပြလို့ရပြီး လိုက်ပြလို့မှမရတာ ဘာကြောင့်လဲ။ အိပ်မက်နဲ့ အိပ်မက်ထဲက အသိတွေက ဦးနှောက်သုံးလို့မှ မရတာ ရင်မောရတာ ဘာဆန်းလဲ။ ဘာမှမရှိဘဲ ဆုပ်ကိုင်ပြီး ဖွင့်ကြည့်မှ ဘာမှမရှိတာကို ခံစားနေစရာလား။ အိပ်မက်ဟာအိပ်မက်ပဲ ဘာမှ အံ့သြစရာမကောင်းပါဘူး။ ဒါကြောင့် အိပ်မက်ကို အိပ်မက်ထဲမှာ ထားပြီး တံခါးပိတ်လိုက်ပါပြီ။ ပိုင်ရှင်ရှာနေတဲ့ ကျွန်တော့ရဲ့နှလုံးသားလေးကို သူ့ဆီပို့ပေးချင် ပါတယ်။ အိပ်မက်တွေဟာ လက်တွေ့ဖြစ်လာဖို့ လမ်းစတွေပါပဲ။ ကျွန်တော် အဲဒီယုံကြည်ချက်ကို ကိုယ်မှာဝတ်ဆင်ပြီး လမ်းစတွေ ရှာတော့မယ်။ လမ်းစတွေရဲ့တဘက်က လက်တွေ့ဘဝထဲမှာ ကျွန်တော့ရဲ့”သူ”ကို မြင်လိုက်ရရင်…

( chat room ထဲက ရုန်းမထွက်နိုင်တဲ့ သူငယ်ချင်းတွေ နေရာက ခံစားရေးဖွဲ့မိပါသည်။ )

မာယာမဲ့သောမြစ်

အချစ်ဆိုတဲ့အရာကို ဒါအချစ်ပဲလို့ စသိလိုက်ရတဲ့အချိုန်ဟာ ကျွန်တော့်အတွက် တော့နောက်ကျလွန်းပါတယ်၊၊ကျွန်တော်သိခဲ့တဲ့ အချစ်က တွေဝေမှုတွေ၊အားနာမှုတွေ၊ နောက် စွန့်လွှတ်မှုတွေ နဲ့ဆိုတာ ကျွန်တော် သိခဲ့ရတဲ့အချိန်မှာ ရင်ထဲကအချစ်က နှလုံးသားနဲ့အဝေးဆုံး ကိုရောက်သွားပါပြီ၊၊ တစ်ကယ်တော့ ဒါတွေဟာ တစ်ဖက်သက်ကျလွန်းတဲ့ ကိုယ်ပိုင်အတွေးတွေပါ၊၊ ဟုတ်တယ် ဒါတွေကို တိုးတိုးလေးခေါ်ဆိုခဲ့ရတဲ့ ရင်ထဲက မြစ်တစ်စင်း ကတော့သိလိမ့်မယ် မထင်ပါဘူး၊၊ အေးမြခြင်းတွေ သန့်စင်ခြင်းတွေ နဲ့သူ့ဘ၀ကို စီးဆင်းနေခဲ့ စီးဆင်းနေဆဲပါပဲ၊၊ သူ့ကိုစတွေ့တာ ဟိုးကလေးဘ၀ကတည်းကပေါ့၊၊ ဟုတ်တယ် မူလတန်းကနေ အထက်တန်းထိ တစ်မြေထဲ တစ်ကျောင်းထဲမှာ နေခဲ့ သင်ယူခဲ့ကြတာ ပဲလေ၊၊ လှတယ် စာအရမ်းတော်တယ် ခင်တတ်တယ် စိတ်မနောဖြူစင်တယ် ဆိုတဲ့အချက်တွေက ကျွန်တော့်ကို ဟိုးအဝေးဆုံးကို တွန်းပို့စေခဲ့တာပေါ့၊၊ အဖြူရောင်စာရွက်ပေါ်ကို ဘာအရောင်မှ မစွန်းထင်စေပဲ ဒီအတိုင်းထိုင်ကြည့်နေခြင် တာကျွန်တော့ရဲ့စိတ်ပေါ့၊၊ ကျွန်တော့်ကြောင့် သူစွန်းထင်းသွားမှာ စိတ်ထိခိုက် စိတ်ရှုပ်မှာကို ကျွန်တော် အရမ်းကြောက်မိပါတယ်၊၊ သူငယ်ချင်းလို ခင်မင်ခွင့်ရပြီး သူ့အနားကနေ သူ့ကို ကဗျာတစ်ပုဒ်လို ရွတ်ဆိုနေရတာ ကျွန်တော့်အတွက်တော့ သာယာပါတယ်။ မာယာမပါတဲ့ အပြုံး ဖြူစင်တဲ့ ပြောဆိုဆက်ဆံမှုတွေကြားထဲမှာပဲ ကျွန်တော်ရဲ့ နှလုံးသားဟာ အေးခဲခဲ့ရတယ်လေ၊၊ တစ်ကယ်တော့ သူဟာ သူမရဲ့အိမ်စာတွေ လေကျင့်ခန်းတွေနဲ့ ခေါင်းနှစ်ပြီး အလုပ်ရှုပ်နေချိန်မှာတော့ ကျွန်တော်တစ်ယောက်ထဲ အတွေးတွေနဲ့ ပျော်နေခဲ့ရတယ်။ကျောင်းစာသင်ခန်းထဲ မှာလဲ ဘေးတိုက်မကျတစ်ကျ နောက်နားကနေ သူ့မျက်နှာကို ငေးကြည့် ရင်းဆရာ မမြင်အောင် စာသင်ချင်ယောင် ဆောင်ရသေးတယ်လေ။ဒီလိုနဲ့မှတ်စုစာအုပ် ဝေးလို့ ပုံနှပ်စာအုပ်တောင် ဘယ်နားရှာရမှန်းမသိတဲ့ကောင် စာမေးပွဲကိုတော့ သူနဲ့အတူအောင်ချင်ပါသေးရဲ့။ဒီလိုနဲ့ ၁၀ တန်းစာမးပွဲဖြေဖို့ ၃လ လောက်ပဲလိုတော့တယ်။”ဟဲ…နင်စာတွေရပြီလား”တဲ့ အဟား ဒီကောင်က မြစ်တစ်စင်းနဲ့ အတူစီးဆင်းနေတာ စာဆိုတာဝေလာဝေးပေါ့။”အာ….မဖြစ်သေးပါဘူး ပေးပေး နင့်စာအုပ်တွေ” ဆိုလို့ စာကြည့်စားပွဲကို မြေလှန်ခဲ့ရသေးတာပေါ့။ဒီလိုနဲ့ သူ့ရဲ့မှတ်စုတွေ လက်ရေးကော်ပီ တွေနဲ့ ဒီ ၁၀ တန်းကို ကျွန်တော်အောင်ခဲ့ရပါတယ်။ဝမ်းသာလိုက်တာ ကောင်မလေးရေ…..စာမေးပွဲအောင်တာရယ် နင့်ရဲ့ကူညီမှုတွေ အရာထင်အောင် ငါလုပ်ပေးနိုင်တဲ့အတွက်ပါဟာ။ တကယ်တော့ အဲဒီနေ့ကနေစပြီး ခွဲခွာခြင်းတွေကစခဲ့တာပေါ့။စာတော်တဲ့နင်နဲ့ ရမှတ်တွေက မိုးနဲ့မြေပဲလေ။မတူညီတဲ့ ကျောင်းတွေမှာတက်ကြရင်းနဲ့ လူ့လောကထဲကို တိုးဝင်ပြီး ငါတို့ကွဲသွားကြတာ ခုချိန်ဆို ၁၁နှစ် လောက်ရှိပြီ နော်။ခုချိန် ကံကြမ္မာကြုံခဲ့လို့ ပြန်ဆုံတွေ့ခွင့်ရရင်တောင် ငါ့အတွက်တော့ မစီးဆင်းပါနဲ့ဟာ။ငါ့ရဲ့ မာယာမဲ့တဲ့ မြစ်ကို ကဗျာတစ်ပုဒ်လိုပဲ ခံစားနေပါရစေ…….

Page 3 of 41234