ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443524
  • Visitors today:40
  • Visitors yesterday:92
  • Visitors last week:644
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘မိုလ်ဘိုင်းဖုန်း ဆော့ဝဲ’

မိုဘိုင်းဖုန်း အတွက် .ZiP, .RaR ဖြည်နိုင်သော ဆော့ဝဲများ

Mobile ဖုန်း အမျိုးမျိုးမှာ Brand အမျိုးမျိုး Model အမျိုးမျိုး ကွဲနေတော့ မိမိဖုန်းနဲ့ အသုံးတည့်တဲ့မယ့် ဆော့ဝဲတွေ ပြောင်းသုံးနိုင်အောင် .zip နဲ့ .rar တွေ ဖြည်နိုင်တဲ့ ပတ်သက်တဲ့ ဖုန်းဆော့ဝဲလေးတွေ ပေါင်းတင်ပြီး မျှဝေ လိုက်ပါတယ်။
1. JuventuZIP
2. jZipMan
3. PowerGrasp
4. WinRaR
5. Zip Utility

ဒေါင်းရန်။ ။ 726 KB

MediaFire

မိုဘိုင်းဖုန်း အတွက် JuventuZIP ( .ZiP, .RaR ဖြည်/ချုံ့ရန် ဆော့ဝဲ )

ဒီ ဖုန်းဆော့ဝဲလေး JuventuZIP က ကျွန်တော် အရင်ကတင်ခဲ့ဘူးတဲ့ zip ဖြည်တဲ့ ဆော့ဝဲလေးထက် ပိုကောင်းပါတယ်။ ဒီကောင်လေးက .rar နဲ့ ချုံ့ထားတဲ့ဖိုင်တွေကိုပါ ဖြည်လို့ ရပါတယ်။ ဒါအပြင် .zip, tar နဲ့ .tar.gz ဖိုင်တွေကိုလည်း ဖြည်လို့ရပါသေးတယ်။
Open Archieve နှင့် Create Archieve ဆိုပြီးရှိပါတယ်။ Open Archieve က ကိုယ်ဖြည်ချင်တဲ့ .zip နှင့် .rar ဖိုင်တွေကို ဖြည်ရန် အတွက်ပါ။ Create Actieve ကတော့ .zip, .jar, .nth ဖိုင်တွေအဖြစ် ချုံ့ရန် Extension ပြောင်းရန် အတွက် ဖြစ်ပါတယ်။

.zip ဖိုင်တွေဖြည်ရန် Open Archieve ကို နှိပ်ပါ။ c: နှင့် e: ကို တွေ့ပါမယ်။ c: ကဖုန်း Memory ကို ဆိုလိုပြီး e: က Memory Card ကို ဆိုလိုပါတယ်။ ကိုယ်ဖြည်ချင်တဲ့ ဖိုင် အထိ ဆက်နှိပ်ပါ။ နောက် ကိုယ်ဖြည်ချင်တဲ့ .zip ဖိုင်အတွင်းထိတိုင် နှိပ်ဝင်ပါ။ ဆုံးသွားသောအခါ Options/ Exctract ကိုနှိပ်ပါ။ ဖိုင်းများနေပါက Options/Mark/all ကို နှိပ်၍ နောက် Exctract ကို ဆက်နှိပ်ပါ။ Save Path ဆိုပြီး ဖြည်ချမယ့်နေရာကို မေးလာလိမ့်မယ်။ ကိုယ်ဖြည်မယ့် ကြိုက်ရာနေရာကို လမ်းကြောင်းပေးပြီး Options/Choose Current ကို ဆက်နှိပ်လိုက်ပါ။ Unpacking Processing လုပ်ပါလိမ့်မယ် ပြီးတာနဲ့ ကိုယ် လိုချင်တာ ဖြည်ရပြီးသားဖြစ်သွားပါပြီ။ New Folder အသစ်ပေးချင်လည်း ရပါတယ်။

ဒါက ကျွန်တော် .zip, rar တွေ ဖြည်ချပုံ လိုရင်းပဲပြောတာပါ။ Options ကိုဝင်၍ လျှောက်စမ်းကြည့်နိုင်ပါတယ်။ အခြားထူးခြားတာလေးတွေလည်း လုပ်နိုင်ပါသေးတယ်။

.zip ဖိုင် Extension ပြုလုပ်ရန် Create Archieve ကိုနှိပ်ပါ။ Archieve’s Name အကွက်မှာ ကိုယ်ချုံ့မယ့် ဖိုင်နာမည်ကို ရေးပါ။ Format နှင့် Extension ကို .zip ချည်ရွေးပြီး ok နှိပ်ပါ။ ကိုယ့်ချုံ့မယ့်ဖိုင်ကို Options/Add နှိပ်၍ရှာပါ။ တွေ့ရှိသောဖိုင်ကို Options/Save နှိပ်ပါ။ Save Path ဆိုပြီး ကိုယ်ချုံ့လိုက်တဲ့ .zip ဖိုင် ထားရမယ့်နေရာကို မေးလာပါမယ်။ လမ်းကြောင်းပေးပြီး Options/Choose Current နှိပ်လိုက်ပါ။ ဒါဆို Packing Processing လုပ်တာကိုပြီးတဲ့အထိ စောင့်ပေးလိုက်ရင် ကိုယ်လုပ်လိုက်တဲ့ .zip ဖိုင်ကိုရပါပြီ။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ အောက်ကလင့်မှာ ဒေါင်းယူနိုင်ဖို့ မျှဝေလိုက်ပါတယ်။

ဒေါင်းရန်။ ။ 273.01 KB

MediaFire

မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်နည်း

ကိုဇော်ပဲ ကျွန်တော်ကို နောက် ခဲ့သလားတော့ မသိပါဘူး။ ကျွန်တော် နားလည်သလိုလေးပဲ Install လုပ်ပုံလုပ်နည်းလေးကို ရေးလိုက်ပါတယ်။ ဆော့ဝဲလေးကို Application ပါသော ဖုန်းများ၊ jar platform လက်ခံသော ဖုန်းများဖြစ်မှသာ သုံးလို့ရမှာပါ။
မိုဘိုင်းဖုန်းတွင် မြန်မာ ပြက္ခဒိန် ၂၀၁၂ အတွက် Install လုပ်ရန် 356 ဆော့ဝဲလေး ကို ဒီနေရာ မှာဒေါင်းလုတ်လုပ်ပါ။ Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို ဖုန်း Memory ထဲဖြစ်ဖြစ် Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။ ပြီးရင် ဖုန်းထဲက မိမိထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။ ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ အချို့ NOKIA ဖုန်းများမှာ မိမိကိုယ်တိုင် Install လုပ်ပေးရမှာဖြစ်ပြီး အချို့ NOKIA ဖုန်းများမှာ ဆော့ဝဲကိုထည့်ရုံပါဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် Install လုပ်ပေးသွားပါတယ်။ Install လုပ်ပြီး ဖွင့်ကြည့်ပါက အောက်ပါအတိုင်း ပေါ်လာပါမယ်။

Update Code A အကွက်ထဲမှာ 2508
Update Code B အကွက်ထဲမှာ 9125 ဟုရိုက်ထည့်ပြီး OK ကို နှိပ်ပေးပါ။ ဖုန်းရဲ့ DATE ကိုလိုက်ပြီး အောက်က ပုံစံမျိုးအတိုင်း ပေါ်လာပါမယ်။ ဒါဆို ၂၀၁၂ တစ်နှစ်လုံးစာအတွက် မြန်မာ ပြက္ခဒိန်ကို စတင်သုံးလို့ ရပါပြီ။

sony electronics နှင့် sony electronics လို system တူတဲ့ဖုန်းတွေမှာဆိုရင် အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder တစ်ခုတည်ဆောက်ပြီး ထည့်ထားရင် Bluetooth နဲ့ အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ဖြင့်ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ်ပြီး send လို့မရတော့ပါဘူး။ Bluetooth လုပ်စဉ်က တစ်ခါတည်း Install လုပ်လိုက်လို့ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ…

မိုဘိုင်းဖုန်း မြန်မာ ပြက္ခဒိန် ၂၀၁၂

၂၀၁၂ အတွက် မိုဘိုင်းဖုန်း မြန်မာ ပြက္ခဒိန် ကုတ်အသစ်ကို Sm³ Technology မှထွက်လာပါပြီ။ စောင့်စားနေကြသူများ အတွက်မျှဝေလိုက်ပါတယ်။ Update Code အသစ်လေးကတော့
Code A: 2508 ,
Code B: 9125 တို့ ဖြစ်ပါတယ်။

ဆော့ဝဲ မရှိသေးသောသူများ အောက်ကလင့်မှာ ယူပါ။ 365 ဆော့ဝဲကို ဖုန်းထဲထည့် install လုပ်ပါ။ install လုပ်ပြီးပါက ဖွင့်ကြည့်လျှင် Add Key ဆိုပြီး Update Code A နှင့် Update Code B နံပါတ်တောင်းပါလိမ့်မယ်။ Update Code A , Update Code B အကွက်ထဲမှာ အထက်ပါ ကုတ်များကို ရိုက်ထည့်၍ 0k ပေးလိုက်ပါ။ အဲဒီအဆင့်တွေ ပြီးရင်တော့ မြန်မာ ပြက္ခဒိန် ၂၀၁၂ ကို စတင်သုံးဆွဲလို့ ရပါပြီ။
Download with MediaFire

မိုဘိုင်းဖုန်း Zip Utility

Computer ပေါ်မှာ တင် ကိုယ်လိုသလို .zip ချုံ့လို့ ဖြည်လို့ ရတာမဟုတ်ပါဘူး။ ဖုန်းတွေထဲမှာ .zip ပြုလုပ်လို့ ရပါတယ် .zip ပိတ်ထားတဲ့ အရာတွေကို ဖြည်လို့ရပါတယ်။ ဒီ မိုဘိုင်းဖုန်း Zip Utility ဆော့ဝဲလေးက ဖိုင်တွေ သီချင်းတွေ ဆော့ဝဲတွေ ပုံတွေ နဲ့ ကိုယ်လိုချင်တာတွေကို .zip ချုံ့ လို့ ဖြည် လို့ ရတဲ့ ဖုန်းဆော့ဝဲလေးပါ။ Extract zip file ဖြင့် ကိုယ့်ဖုန်းထဲက zip ဖိုင်တွေကို ဖြည်နိုင်ပြီး Compress folder, Compress files ဖြင့် zip ချုံ့ လို့ရပါတယ်။ ပိုလွယ်တာကတော့ ကိုယ် .zip လုပ်ချင်တဲ့ ဖိုင်တွေကို Folder တစ်ခုထဲအရင်ထည့်ထားပြီး Compress folder ဖြင့် zip ချုံ့ရတာ ပိုအဆင်ပြေပါတယ်။


အထူးသဖြင့် ကိုယ့်ဖုန်းထဲက ဆော့ဝဲတွေကို အခြားဖုန်းထဲကို Bluetooth ဖြင့် ရိုးရိုးတန်းတန်း ပို့ပါက ဆော့ဝဲတွေက Sony Ericsson ဖုန်းတွေမှာဆိုရင် တခါတည်း Install လုပ်လိုက်တာပါ။ နောက်တဆင့် ကိုယ်က တခြားသူကို ပေးလို့ မရတော့ပါဘူး။ Nokia ဖုန်းတွေ မှာတော့ တခါတည်း Install လုပ်တာရှိသလို Inbox ထဲရောက်ပြီးမှ Install လုပ်ရတာလည်း ရှိပါတယ်။ Computer အကူအညီမပါပဲ ဖုန်းနဲ့တင် အခြားဖုန်းကို တဆင့်တဆင့် မျှလို့ မရတော့ပါဘူး။ ကိုယ့်ဖုန်းထဲမှာ ကိုယ့်ရဲ့ဆော့ဝဲဖိုင်တွေကို zip ချုံ့ပြီး တခြားဖုန်းကို မျှမယ် တခြားဖုန်းမှာလည်း ဒီ ZipUtlity ဆော့ဝဲလေးရှိမယ်ဆိုရင် zip file ကို အလွယ်တကူဖြည် နိုင်ပါတယ်။ ကိုယ်ကနေ နောက်တဆင့် ပို့ချင်တဲ့သူဆီကိုလည်း Bluetooth ကတဆင့် မျှလို့ရသွားပါပြီ။ Mobile ဖုန်း မြန်မာ-အင်္ဂလိပ် အဘိဓာန် ဆော့ဝဲ တွေဖြစ်တဲ့ ၃ ရက်ပဲခံတဲ့ Defined ဆော့ဝဲ နဲ့ ၇ ရက်ပဲခံတဲ့ UbiFind ဆော့ဝဲ တွေ သုံးဖို့လည်း ပိုအဆင်ပြေသွားပါတယ်။
ဒေါင်းရန် ။ ။ 223.69KB
Direct Download
MediaFire

ဖုန်း အတွက် လျှို့ဝှက် sms

ကိုယ့်ရဲ့ sms အဝင်အထွက်တွေကို သူတစ်ပါးဖတ်မှာ လူတိုင်းနီးပါး စိုးရိမ်တတ် ကြမှာပါ။ ဒီဆော့ဝဲလေးက ကိုယ့်ရဲ့ sms တွေကို password ဖြင့် လုံခြုံအောင် လုပ်ပေးနိုင်ပါတယ်။ Message ရဲ့ Inbox ၊ Sent နှင့် Draft တွေကို Password ဖြင့်ဖွင့်ကြည့်မှသာ မြင်ရမှာ ဖြစ်ပါတယ်။ Inbox ရှိအဝင်စာများကို Password မပေးခင်ဖွင့်ပါက အဓိပ္ပာယ်မရှိသော စာသာများ တွေ့ရမည်။ Password ဖြင့်ဖွင့်လိုက်မှသာ စာအမှန်များကို တွေ့ရမည်။ ကိုယ့်ရဲ့ အဝင်စာများ၊ အထွက်စာများကို သူတစ်ပါးအလွယ်တကူ ဖတ်မရအောင် လုံခြုံစွာ သိမ်းထားလို့ရပါပြီ။ သတိပြုရမှာကတော့ ကိုယ်ကိုယ်ကိုတိုင်နဲ့ ကိုယ်နဲ့ အပြန်အလှန် ပို့မယ့်သူမှာလည်း ဒီဆော့ဝဲကို Install လုပ်ထားပြီး Install လုပ်ပြီးသားဆော့ဝဲနေရာကနေ ပို့မှသာ ဆော့ဝဲက အလုပ်လုပ်မှာဖြစ်ပါတယ်။ အောက်က ပေးထားတဲ့ အဆင်ပြေတဲ့လင့်ကနေ ဒေါင်း ပြီးတော့ zip ဖြည်ပြီး ဆော့ဝဲကို ဖုန်းထဲမှာ Install လုပ်ပါ။ ဆော့ဝဲကို Install လုပ်ပြီးက အောက်ပါတိုင်းပေါ်လာမည်။ ဆက်လုပ်လိုက်ပါ။

New Password: နှစ်သက်ရာ ဂဏန်း၊ အက္ခရာ
Comfirm Password: ပြန်ရေး
Name: (နှစ်သက်ရာ)
City: (နှစ်သက်ရာ)
Zip Code: (အဆင်အပြေဆုံးကတော့ သုည ၆လုံးပါ) ၀၀၀၀၀၀

အဲဒီအဆင့်တွေ ပြီးရင် New message၊ Inbox၊ Offers၊ News၊ Sent၊ Drafts၊ Settings စသည်ဖြင့် ပေါ်လာလိမ့်မည်။ ရေးလို့ ပို့လို့ ရဖို့ နောက်တစ်ဆင့်က REGISTER လုပ်ရန်လိုပါတယ်။ New Message: ကို နှိပ်ပါ။ ပြီးရင် ဘာမှရေးစရာမလိုပါ Send ကို နှိပ်လိုက်ပါ။ ဖုန်းထဲက SMS တစ်ခါပို့စရာ ပိုက်ဆံ ရှိမှ REGISTER ကိစ္စပြီးမြောက်မှာ ဖြစ်တယ်။ နောက် Message ရေးရန် အကွက်ထဲမှာ စာရေးလို့ ရပြီဆိုတာနဲ့ စသုံးလို့ ရပါပြီ။ Version အမျိုးမျိုးရှိပေမယ့် ကောင်းမယ်ထင်တဲ့ ဒီ Version လေးကိုပဲ တင်ပေးလိုက်ပါတယ်။ အောက်က အဆင်ပြေမယ့် လင့်မှာ ဒေါင်း ယူနိုင်ပါတယ်။ ဒီဆောဝဲလေးအကြောင်း ပိုသိချင်တယ်ဆိုရင်တော့ www.autrien.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။ touch screen ဖုန်းများအတွက် ဆော့ဝဲကိုလည်း အဲဒီမှာ ရယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ 189.53 KB

Direct Download

MediaFire

Page 1 of 41234