Posts Tagged ‘မိုလ်ဘိုင်းဖုန်း Help’
မိုလ်ဘိုင်းဖုန်း Caller RingTone
မလေးရှားက maxis လိုင်းသုံးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ မိမိတို့ Caller RingTone တွေမှာ မလေးသီချင်း၊ တရုတ်သီချင်း၊ အင်္ဂလိပ်သီချင်း တွေ သုံးရတာငြီးငွေ့နေလောက်ပါပြီ။ အသစ်အဆန်းလေး ဖြစ်သွားအောင် ကိုယ့်မြန်မာသီချင်းလေးတွေကို ထည့်သုံးနိုင်ပါပြီ။ အောက်မှာပေးထားတဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေကို ရွေးပြီး သက်ဆိုင်တဲ့ Code no. တွေကို ဖုန်းမှာရေးပြီး call ကို နှိပ်လိုက်ပါ။ ဒါဆိုရပြီပေါ့ဗျာ။ (သြော် ဖုန်းထဲမှာ rm 3 ကျော်တော့ရှိရမှာပေါ့နော်..) တစ်ဘက်ဖုန်းက မိမိဖုန်းကိုခေါ်တဲ့အခါ (တူ…တူ… )အစား ကိုယ်ဝယ်ထားတဲ့ သီချင်းလေးတွေကို တစ်ဖက်လူက ကြားရပြီပေါ့။ ထုံစံအတိုင်းဘဲ ၁ – ပိုဒ်ကို rm 3 နဲ့ ၁ – လခံတာပေါ့။ သီချင်းဓာတ်ခံ ရှိပြီးသားသူတွေလည်းဝယ်လို့ ရပါတယ်။ ဝယ်ပြီးရင်တော့ သီချင်းနှစ်ပိုဒ်က ခေါ်လိုက်တိုင်းတစ်လည့်စီ လာနေမှာပေါ့။ အဲလိုမဖြစ်ချင်ရင် *100# ကို call ပြီးရှာပိတ်လို့ရပါတယ်။
ကျွန်တော်တော့ ဂျာနယ်ထဲမှာတွေ့လို့ အောက်က list ကို သုံးချင်တဲ့သူ သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်…
၀၁. *131*151617# ငါရဲ့လမင်း (လေးဖြူ)
၀၂. *131*151619# သံယောဇဉ် (လေးဖြူ)
၀၃. *131*151651# လမိုက်ည (မျိုးကြီး)
၀၄. *131*151649# ကိုက်ရေးရာဇဝင်(အငဲ)
၀၅. *131*151650# ထပ်မဝေးဘူး (အငဲ)
၀၆. *131*151653# အိမ်လွမ်းသူ (ဝိုင်ဝိုင်း)
၀၇. *131*151652# ဖြတ် (Rဇာနည်)
၀၈. *131*151641# ရင်ခုန်ဘက်သို့တမ်းချင်း (ဟန်ထွန်း)
၀၉. *131*151642# ရင်နာတယ်ဧပရယ် (ဟန်ထွန်း)
၁၀. *131*151660# အတိုင်းထက်အလွန် (နောနော်)
၁၁. *131*151659# မင်းမသိဘူး (နောနော်)
၁၂. *131*151656# အချစ်ဆိုတာ (ခင်မောင်တိုး)
၁၃. *131*151658# ပန်းချစ်သူ (ခင်မောင်တိုး)
၁၄. *131*151667# မောင်နဲ့လိုက်ခဲ့ဦးမလား (ဗညားဟန်)
၁၅. *131*151668# ရွှေသဇင် (ဗညားဟန်)
၁၆. *131*151669# သမုဒယဝါဆိုမိုး (ဗညားဟန်)
၁၇. *131*151655# ကလေးဆိုး (ငြိမ်းစည်သူ)
၁၈. *131*151654# ကိုယ်ကချစ်ရသူလေ (ငြိမ်းစည်သူ)
၃ ရက်ပဲခံတဲ့ မြန်မာ မိုလ်ဘိုင်းဖုန်း ဆော့ဝဲ အတွက်
သူငယ်ချင်းတွေမေးကြလို့ပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) နှင့် မြန်မာ sms (messx) က ၃ ရက်ပဲခံတယ်။ ဘယ်လိုလုပ်ရင် ဆက်သုံးလို့ရမလဲတဲ့။ ၃ ရက်ကြာရင် coad တွေတောင်းတယ်တဲ့။
ဟုတ်ပါတယ် ၃ ရက်ကြာရင် ဆက်သုံးလို့မရတော့ ပါဘူး။ ကျွန်တော့်မှာလည်း Activation Number တွေမရှိလို့ အမြဲတမ်းမသုံးနိုင် ပါဘူး။ အဲဒီ Activation Number တွေက ဝယ်သုံးမှ သူကအလုပ် လုပ်မှာပါ။ မြန်မာပြည်က သူတွေအနေနဲ့က သက်မှတ်ထားတဲ့ဆိုင်တွေမှာ ဝယ်သုံးလို့ရပါတယ်။ ပြည်ပရောက်နေတဲ့ သူတွေအတွက်ကြ ဝယ်သုံးမယ်ဆိုရင်တောင် သက်မှတ်ထားတဲ့ ဘဏ်ကဒ်တွေမရှိရင် ခက်ပြန်ရော။
နည်းလမ်းလေး တစ်ခုတော့ရှိတယ်။ သူများစီးပွားရေးကို နှောက်ယှက်တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဝယ်မသုံးနိုင်တဲ့ သူတွေအတွက်ပေါ့ ၃ ရက်ကျော်သွားလို့ သုံးမရတော့လည်း စိတ်မပူပါနဲ့။ သုံးလို့မရတော့တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ဆိုပါတော့ အရင်ဆုံး ဖုန်းထဲက install လုပ်ပြီးသား Strudend’s Dictionary ကို delete လုပ်လိုက်ပါ။ ပြီးရင် သိမ်းထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ပြန်ပြီး install လုပ်ပါ။ ဒါဆိုပြန်ပြီး သုံးလို့ရပါပြီ။
Sony Ericsson ဖုန်းတွေက delete လုပ်ရတာ ရိုးရှင်းပါတယ်။ Nokia ဖုန်းတွေကြတော့ Applicition Mananger ကိုသွားပြီး delete လုပ်ပေးရပါတယ်။ တခါတရံ delete လုပ်ရတာအဆင်မပြေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖုန်းကို shut down လုပ် ပြန် run ထပ်ပြီး delete လုပ်ကြည့်ပါ။ အဆင်မပြေသေးရင် ဖုန်းမှာ virus ရောက်နေတာဖြစ်နိုင်ပါတယ်။ computer ထဲထည့် virus သတ် လိုက်ပါ။ ပြီးရင် ဆက်ကြိုးစား ကြည့်ပါ။ အဆင်ပြေ ပါလိမ့်မယ်။
၃ ရက် တစ်ခါ ပြန်သုံးနိုင်ဖို့အတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ကို ဖုန်းထဲက Floder တစ်ခုခုထဲမှာ အမြဲသိမ်းထားဖို့ လိုပါတယ်။ အဲဒါမှ မဟုတ်ရင်တော့ USB နဲ့ဖြစ်စေ Bluetooth နဲ့ဖြစ်စေ အမြဲအလုပ်ရှုပ်နေ ပါလိမ့်မယ်။ USB အခက်အခဲ ရှိသူ Nokia သမားတွေအတွက် Bluetooth ဖြင့်ယူပြီး ရလာတဲ့ Bluetooth sms ကို my floder ထဲမှာ save လုပ်သိမ်းလို့ရပါတယ်။ လိုတဲ့အခါ အဲဒီကနေ install ပြန်လုပ်လို့ ရပါတယ်။ ဆော့ဝဲတွေကို အလိုအလောက် install လုပ်တဲ့ ဖုန်းတွေကြတော့ ပြန်ပြီး install လုပ်ချင်းတိုင်း USB ဒါမှမဟုတ် Bluetooth တွေနဲ့ အလွယ်အကူ ဆက်သွယ်ဖို့လိုတာပေါ့။
မြန်မာ sms (messx) ကလည်း ၃ ရက်ပဲခံတယ်။ သူကြတော့ ဆက်တိုက်သုံးချင်ရင် Activation Number ဝယ်သုံးမှကောင်းမှာပါ။ ၃ ရက်ကြာရင် ဆက်သုံးလို့မရတော့ ကိုယ့်ဆီလာတဲ့ sms တွေကို လက်ခံလို့မရတော့ဘူး။ delete လုပ်ပြီး ပြန် run လို့ရစေအုံးတော့ ကိုယ့်အတွက် အရေးကြီးတဲ့ sms တွေကို save လုပ်ချင်လို့လည်း မရတော့ဘူးပေါ့။
မိုလ်ဘိုင်းဖုန်း .jar နှင့် .sis
ဒီ blog လေးမှာ တခါတခါ download တွေအတွက် .rar တွေ .zip file တွေ နဲ့ချုံ့ထားပါတယ်။ ဖုန်းထဲကို ဆော့ဝဲတွေမထည့်ခင် .rar တွေ .zip file တွေကို အရင်ဖြေလိုက်ပါ။ .jar နဲ့ .sis file တွေ့ရပါလိမ့်မယ်။ ဖုန်းထဲမှာ install လုပ်ဖို့အတွက် .jar နဲ့ .sis file သာထည့်ရပါမယ်။
.jar file က ဖုန်း အမျိုးအစား model တော်တော်များများမှာ install လုပ်လို့ရပါတယ်။ .sis file က nokia တွေအတွက် အသုံးများပါတယ်။ အခြား model မြင့်တဲဖုန်းတွေမှာလည်း install လုပ်နိုင်ပါတယ်။ .sis က nokia ဆိုပေမယ့်လည်း model ကိုလိုက်ပြီး install လုပ်ပါတယ်။ ဆော့ဝဲကို သုံးမရတဲ့ဖုန်းဆိုရင် ဖုန်းကမသိကြောင်း အချက်ပြပါတယ်။ .jad file ဆိုတာလည်းရှိပါသေးတယ် သူက sony erission တွေမှာ install လုပ်နိုင်တာတွေရပါတယ်။
မိုလ်ဘိုင်းဖုန်း Help
ဒီ blog လေးမဖြစ်ခင်က သူငယ်ချင်းတွေဆီပို့ခဲ့ email လေးကိုနည်းနည်းပြုပြင်ပြီး ဒီနေရာလေးမှာ စတင်လိုက်ပါတယ်။ ဖုန်း အမျိုးစား နှင့် Model တော်တော်များများမှာ အသုံးပြုလို့ရမယ့် ဆော့ဝဲ နှင့် ဂိမ်းဆော့ဝဲ လေးတွေကို ရွေးတင်သွားမှာပါ။
မိုလ်ဘိုင်းဖုန်းဆော့ဝဲလေးတွေကို ဘယ်လိုအသုံးပြုရမှာလဲ?
Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို‑
Application ပါသော ဖုန်းများသာ သုံးလို့ရမှာပါ။ အဲဒီဆော့ဝဲလေးတွေကို
ဖုန်းMemory ထဲဖြစ်ဖြစ်Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။
ပြီးရင် ဖုန်းထဲက ကိုယ်ထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။
ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ ပြီးရင် စတင်အသုံးပြု
လို့ရပါပြီ။ အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder ထဲထားရင် Bluetooth နဲ့
အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ် send
လို့မရတော့ပါဘူး။
မြန်မာစာ sms ကို အခြားဖုန်းမှာလည်း မြန်မာ sms ဆော့ဝဲ install လုပ်ပြီးမှသာ
မြန်မာလိုဖတ်နိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့် NOKIA အချို့ဖုန်းများမှာ ကိုယ်က ဆော့ဝဲကိုထည့်ရုံဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် install လုပ်ပေးသွားပါတယ်။ ဆော့ဝဲဖုန်းထဲရောက်တာနဲ့ စတင်အသုံးပြုလို့ရပါပြီ။ သူ့မှာ Bluetooth ရန်အတွက် send ပေးမထားပါဘူး။
ဂိမ်းအတွက် မိုလ်ဘိုင်းဖုန်း ဂိမ်းဆော့ဝဲ ဝိုင်း မှာရှာယူပါ။ အခြား ဆော့ဝဲတွေအတွက် မိုလ်ဘိုင်းဖုန်း ဆော့ဝဲ ဝိုင်း မှာရှာယူပါ။