ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Posts Tagged ‘ဗဟုသုတ’

ဦးနှောက်ကို ပျက်ဆီးစေသောအကြောင်း ၁၀-ချက်

ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခုဖြစ်နေတော့မှ ကျန်းမာရေးကို သေချာ
ဂရုစိုက်ဖို့ သတိရပါတယ်။ အဲ့ဒါကြောင့် အခုလည်း ဖတ်မိတဲ့ ဦးနှောက်ကို ပျက်ဆီးစေ
တဲ့ အချက် ၁၀-ချက်ကို သူငယ်ချင်းတွေအတွက် အသုံးတည့်မယ်ထင်လို့ မျှဝေလိုက်
ပါတယ်။ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…။
၁။ မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတက်ပါတယ်။
အဲ့ဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်တွေအတွက် လုံလောက်တဲ့အာဟာရ မရတော့
ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
၂။ လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော
တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား
ရောဂါ(လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစာဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ)ပါ ဖြစ်
လာနိုင်ပါတယ်။
၎။ အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့် အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက် အ
ယှက် ဖြစ်စေပါတယ်။
၅။ လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့အစိတ်
အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူသွင်ခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်
ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၆။ အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာ
မျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၇။ အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကို ဖုံးအုပ်ပြီး(ခေါင်းမြီးခြုံပြီး)အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
စုစည်းမှု့ကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်
ကိုပျက်ဆီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။
၈။ ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေး မကောင်းချိန်မှာ(ဦးနှောက်သုံးရတဲ့)အလုပ်ပြင်းထန်စွာ လုပ်တာမျိုး
စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦး
နှောက်ကို လည်းပျက်ဆီးစေပါတယ်။
၉။ စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု့ မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှု့တွေ မလုပ်ပေးရင် ဦးနှောက် ကို
ကျုံ့စေပါတယ်။
၁၀။ စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦး
နှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။ ။

from ; လမ်းသစ်ဂျာနယ်

တင်ဆက်သူ – ကျဆိမ့်(ဆင်တဲကဖေး)

**သူငယ်ချင်းတွေအတွက် ဗဟုသုတလေးပါ**

၁။ အနန္တငါးပါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မေမ့နဲ့။
၃။ မိဦးဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမှု၊ နင်ငါဟူ၍ မပြောနဲ့။
၅။သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလဲ ယဉ်စေကွဲ့။
၇။ဘရမ်းပတာ၊ သူ့ထက်ငါ၊ လူယက်ခါကွဲ့ မစားနဲ့။
(မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့)
၈။ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။
၉။ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
၁၁။လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်ကောင်းတဲ့။
၁၂။နှုတ်ခမ်းပါးနား၊ လျက်ခါစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။လျှာကိုထုတ်ခါ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၄။ဟင်းရေသောက်ပြန်၊ ရုးရုးသံ၊ ဧကန်မပြုနဲ့။
၁၅။ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့။
၁၆။အိမ်ပေါ်ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်နဲ့။
၁၇။ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။လူကြိးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ဒူးထောက်ပေါင်ကား၊ ဆရာနား(မိဘနား)၊ အလျားမှောက်၍ မနေနဲ့။
၂၀။အိပ်ရာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။
၂၁။သောက်ရေသုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။
၂၂။ကျောင်းတွင်းအိမ်တွင်း၊ ရူပ်နေလျှင်၊ သန့်၇ှင်းအောင်တဲ့ ပြုပါကွဲ့။
၂၃။မိန်းမ မင်း ဆင်၊ ရဟန်းပင်၊ က္ကုနြေ္ဒရှင်ကွဲ့ ဦးလေးတဲ့။
၂၄။မိန်းခလေးမှာ၊ အရာရာ၊ ပြာတီးပြာတာ မရှပ်နဲ့။
၂၅။မိန်းမက္ကုနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့ မှတ်လေတဲ့။
၂၆။ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
၂၇။မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှားရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၂၈။အများပိုင်ကို၊ ကိုယ့်ဟာရို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။
၂၉။ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျောစွာလုပ်ကွဲ့ မခိုနဲ့။
၃၀။ဧည့်သည်အာဂန္တု၊ ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။
၃၁။လူရူပ်လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။
၃၂။ဘိန်းအရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။
၃၃။ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၃၄။ဘုရားပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၅။မိခင်ဖခင်၊ ဆ၇ာရှင်၊ နေ့စဉ်မမေ့နဲ့၊ ရှိခိုးကွဲ့။
၃၆။သူကပြုဘူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ရမယ်ကွဲ့။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များ သင်တန်းပို့ချချက်အကျဉ်းကို သိသင်တယ်ထင်လို့ တင်ပြလိုက်ရပါတယ်..
from: တောသူမလေး blog

တင်ဆက်သူ – ကျဆိမ့်(ဆင်တဲကဖေး)

လူတိုင်အတွက် နေ့စဉ်စိတ်ကြည်လင်အောင် နေထိုင်နည်း.

1.နေ့စဉ်10မိနစ်မှာမိနစ်30အထိလမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပါ။
2.နေ့စဉ်အနည်းဆုံး10မိနစ်ခန့်ဘာကိုမှာမတွေးပဲငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ပုံမှန်လုပ်နိုင်ပါတယ်။
3. ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4. E သုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5. Game တွေကစားပေးပါ။
6. မနေ့ကထက်ဒီနေ့စာများများပိုဖတ်ပါ။
7. တရားထိုင်းခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8. သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကိုအသက်70အရွယ်တွေနဲ့အသက်6နှစ်အောက်ကလေးငယ်များနဲ့အချိန်ဖြုန်းနေပါ။
9. နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
10. အသားများများစားတာထက်အသီးအရွက်များများစားပါ။
11. ရေးများများသောက်ပါ။
12. တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။
13. အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနဲ့။
14. အတိတ်ကအမှားတွေကိုပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။
15. သင်မလုပ်နိုင်ပဲနဲ့အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။
16. ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာသင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်အပိုင်း
အစတစ်ခုဖြစ်လို့ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်ဆုံးအချိန်ထိလေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17. မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ 18.လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။
19. ဘ၀ဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20. အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။
21. အငြင်းအခုန်ကိစ္စတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။ နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။
22. အတိတ်ကကိစ္စရပ်တွေအတွက်ငြိမ်းချမ်းရေးယူကြည့်ပါ။
လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မယ်။
23. သင့်ဘ၀ကိုအခြားတစ်ယောက်နဲ့မနှိုင်းယှဉ်ပါနဲ့။
24. သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိဘူးဆိုတာသိပါ။
25. အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။
26. အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေမဟုတ်ရင်သင်ခံစားမနေပါနဲ့။
27. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချနိ်တစ်ခုကိုစောင့်ကြည့်ပါ။
28. သင်နေမကောင်းဖြစ်နေလျှင်သင့်သူငယ်ချင်း(သို့)တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
29. အသုံးမ၀င်တော့တဲ့အရာတွေကိုအမြန်ဖယ်ရှားပါ။ လှလှပပနဲ့ပျော်ရွှင်အောင်နေပါ။
30. မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။
31. မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။
32. ခံစားမှုတွေများလို့မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနေပြပါ။
33. သင်မှန်တယ်ထင်တာတွေကိုတွေးပြီးလုပ်ပါ။
34. မကြာခဏမိသားစုနဲ့ဝိုင်းဖွဲ့ပြီးစကားပြောပါ။
35. သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။
36. နေ့စဉ်တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။(ငွေ၊အရာဝတ္တု၊စကား)
37. အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။
38. သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။
From . ပညာလမ်းညွှန်

တင်ဆက်သူ – ကျဆိမ့်(ဆင်တဲကဖေး)

မြန်မာ့အလှ ပုဂံ

ပုဂံကို အလည်လာဖို့ စိတ်ကူးရှိနေတယ်ဆိုရင်. ပုဂံအကြောင်းကို ကြိုသိထားဖို့  လိုအပ်တာပေါ့နော်.. ပုဂံဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ နေရာလေးတစ်ခုပေါ့… မြန်မာမှန်ရင် မြန်မာတိုင်း သတိရအောက်မေ့တဲ့ နေရာလေးတစ်ခုလေ.. ပုဂံကို လာဖို့  အစီအစဉ်ရှိတဲ့သူတိုင်း ဒီနေရာ လေးမှာ အရင်လေ့လာနိုင်ပါတယ်..

တင်ဆက်သူ – ice ကော်ဖီ

သီချင်းကောင်းကောင်းလေးတွေ နားဆင်နိုင်ဖို့ 

သူငယ်ချင်းတို့  အဖြူရောင်သံဇဉ်က သီချင်းလေးတွေကို နားထောင်ရတာ ပျင်းလာလို့  ကိုယ်ကြိုက်တဲ့ သီချင်းကို နားထောင်ချင်တယ်ဆိုရင် အခု ပေးထားတဲ့ Link လေးကို ကလစ်လိုက်နော်.. မိမိနှစ်သက်တဲ့ သီချင်းလေးတွေကို ခံစားနားဆင်နိုင်တယ်.. ကြိုက်လွန်းလို့  ကိုယ်ကွန်ပျူတာမှာ သိမ်းထားချင်တယ်ဆိုရင်လည်း အလွယ်တကူ dl လုပ်လို့ လည်းရသေးတယ်နော်…
သီချင်းကောင်းလေးများ

ice ကော်ဖီ

Page 5 of 512345