Archive for the ‘တရားတော်’ Category
ဆရာတော် ဦးဇောတိက – အကျိုးရှိရဲ့လား တရားတော်

လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။
Man does not always behave rationally at all.
လူသားဟာ အင်မတန် ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တယ်နော်။ အကြာင်း အကျိုး ကို နက်နက်နဲနဲ ဆင်ခြင် နိုင်တဲ့၊ သိနိုင်တဲ့ သတ္တဝါ ဖြစ်ပေမယ့် လည်းပဲ မဆင်ခြင်ဘူး။ အကျိုးရှိ မရှိကို တကယ် မစဉ်းစားဘူး။ စိတ်လိုက် မာန်ပါ လုပ်တတ်တယ်။ အချို့လည်း အကျင့် ပါသွားပြီး လုပ်တာရှိတယ်။ တချို့လည်း ပတ်ဝန်းကျင်က လုပ်တာကို လိုက်လျောရင်းက အားနာပါးနာနဲ့ လုပ်တာရှိတယ်။ နောက်တစ်ခုက ပျင်းတာလည်း ပါတယ်။ တစ်ခါတစ်လေ ပျင်းတာနဲ့ ကိုပဲ လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေလိုက်တာ ရှိတယ်နော်။မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေတာကလည်း အကျိုး ရှိမရှိကို ဆင်ခြင်ပြီး မလုပ်ပဲ နေလိုက်တာနော်။ လုပ်သင့်တဲ့ အလုပ်ကို ဒါအကျိုးရှိတဲ့ အလုပ် ဆိုပြီး ဆင်ခြင်ပြီး လုပ်ရမှာနော်။
ကိုယ်ဘဝ အခြေအနေ ပေးရင်ပေး သလောက် စိတ်အေးချမ်းအောင် အသိဥာဏ် ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး လုပ်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက လုပ်သင့်တယ်။ အဲဒီလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီး သေးခင်မှာပဲ စိတ်နေ သဘောထားကော အသိဥာဏ်ကော အများကြီး လေးနက် ရင့်ကျက် သွားလိမ့်မယ်။ တစ်ဘဝစာဟာ နှစ်ဘဝစာ လောက် ဖြစ်သွားလိမ့်မယ်။
တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ်ရဲ့ အမြင့်မြတ်ဆုံး အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို ထည့်စဉ်းစား ရမယ်နော်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ အသက်အရွယ် လိုက်ပြီးတော့ တူမှာ မဟုတ်ဘူး။
ဥပမာ ။ ။ ကျောင်းနေတဲ့ အရွယ်ဆိုရင် သူ့ကျောင်းစာကို သေသေချာချာ ကျေညက်ဖို့က သူ့အတွက် အင်မတန် အရေးကြီးတဲ့ ရည်မှန်းချက်ပဲ။ တရား အားထုတ်တယ် ဆိုရင်လည်းပဲ တရားဘက်က တိုးတတ်မှု ရှိဖို့က သူ့အတွက် ရည်မှန်းချက် တစ်ခုပဲ။ အခြေအနေကို လိုက်ပြီးတော့ အသက်အရွယ်ကို လိုက်ပြီးတော့ ရည်မှန်းချက်တော့ မတူဘူး။
ငယ်ငယ်ကတည်းက အဲဒီလိုသာ ဆင်ခြင်မယ်ဆို တော်တော် လေးနက်တဲ့ ရင့်ကျက်တဲ့ စိတ်နေ သဘောထားကော၊ အသိဥာဏ်ကော၊ ပညာ အရည်အချင်းကော၊ ပြောပုံဆိုပုံကော၊ ဘယ်နေရာမှ မကျန်အောင် တိုးတတ်တဲ့လူတွေ ဖြစ်လာမှပဲ။ အဲသလို ဖြစ်လာရင် ပတ်ဝန်းကျင်က ကိုယ့်ကို ထိုက်သင့်တဲ့ နေရာပေးမှာ ပဲနော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့ တန်ရင် ကိုယ့်ကို နေရာပေး ပါတယ်။
ကိုယ်ကသာ တကယ် စည်းနဲ့ ကမ်းနဲ့ ကိုယ်ဘဝကို နေမယ်။ လုပ်သင့်တာ လုပ်မယ်။ မလုပ်သင့်တာ မလုပ်ဘူး။ ပြောသင့်တာကို ပြောမယ်။ မပြောသင့်တာကို မပြောဘူး။ တရားနဲ့ အညီနေမယ်။ စိတ်ချမ်းချမ်း သာသာ နေမယ်။ စိတ်တည်တည် ငြိမ်ငြိမ် နေမယ်ဆိုရင် ပတ်ဝန်းကျင်က ကိုယ့်ကို လေးစား လာမှာပါ။
မိမိကိုယ်ကို ချစ်တတ်တဲ့သူ၊ လေးစားတဲ့သူ၊ ယုံကြည့်တဲ့သူ၊ အားကိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့နော်။ သတိနဲ့ လုပ်ပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီးလုပ်ပါ။ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီးလုပ်ရတာ အစမှာ နည်းနည်းတော့ ပင်ပန်းသလို လေးလံသလို ဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်လေး ရသွားရင်တော့ လုပ်ရတာ စိတ်ပေါ့ပါး ကြည်လင်ပြီး ကိုယ်ကိုယ်ကိုပါ လေးစားမှု ရှိပြီးတော့ ကျေနပ်မှု အများကြီး ရပါတယ်။ အင်မတန် အကျိုးရှိပါတယ်။
ဒီ တရားတော်လေးက ဆရာတော် ဦးဇောတိက ဟောခဲ့တဲ့ အကျိုးရှိရဲ့လား တရားတော်ထဲ က ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။ တရားတော် တစ်ပုဒ်လုံးကို တော့ အောက်က အဆင်ပြေတဲ့ လင့်မှာ ဒေါင်း၍ နာယူနိုင်ကြပါတယ် ခင်ဗျာ…
ဒေါင်းရန် ။ ။ 43.6 MB
ဆရာတော် ဦးကောသလ္လ – ကျေးဇူးများလှမြတ်ဓမ္မ
ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဆင်တဲ ကို ဒုတိယ အကြိမ်ကြွလာပြီး ဟောသွားတဲ့ ဒုတိယမြှောက် တရားတော်ပါ။
ဒီ ကျေးဇူးများလှမြတ်ဓမ္မ တရားတော်ကို ကြာတော့ကြာပါပြီ ၂၈.၀၂.၂၀၀၉ က ကျွန်တော်တို့ ဆင်တဲမှာ ဟောကြားသွားတာပါ။ တရားပွဲအလှူရှင်များမှာ ဦးသိန်းဖေ+ဒေါ်ဖြူဖြူ မိသားစု ၊ ဦမောင်မောင်ဌေး+ဒေါ်အေးအေးနိုင် မိသားစု ၊ (ဦးသိန်းစိုး)+ဒေါ်လှအေး မိသားစု ၊ ဦးကြည်ဆင့်+ဒေါ်ယဉ်ယဉ်နု မိသားစု တို့ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်မိရပ်ဘများနှင့် လူငယ်လူရွယ်များ စုပေါင်းဝိုင်းဝန်း ကူညီပံပိုးထားကြပါတယ်။
ကျွန်တော် ဒီကနေ ဓမ္မဒါန အဖြစ်ပြန်လည် မျှဝေပါတယ်။ ပထမ ကြွလာတုန်းက တရားကို နောက်မှ တင်ပေးသွားပါမယ်။ ဒေါင်းလုပ်ယူ နာကြားဖို့ အခက်အခဲရှိမှာ စိုး၍ part 1 , part 2 ဟု ခွဲပြီး တင်လိုက်ပါတယ်။
ဒေါင်းရန် ။ ။ part 1 – 28.71 MB , part 2 – 31.59 MB
ဆရာတော်ဦးဇောတိက – ခွင့်လွှတ်ခြင်း တရားတော်
ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…
Disappointment – ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…
Rejection – ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…
Abandonment – စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…
Ridicule – လှောင်တာ၊ ပြောင်တာ၊ သရော်တာ…
Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…
Betrayal – သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…
Deception – လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…
Physical Abuse – ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…
Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။
ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…(ဆရာတော်ဦးဇောတိက)
ဒေါင်းရန် ။ ။
MultiUpload
ဆရာတော် ဦးဇောတိကရဲ့ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ် အပိုင်း (၂)
၁။ ဒီနေ့ ဟာ ငါတကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ
အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု
ပစ္စုပ္ပန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကို ငါကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ
ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာ ငါသိတယ်။
ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။
အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
၂။ ငါဟာ ငါရဲ့ အကောင်ဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ
မထားတက်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို
ငါသိလို့ စိတ်ထားတက်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာ
နိုင်တယ်။
၃။ ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်း
သာမယ်။ ဘာလုပ်ရင်စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ ပေါင်းရင် စိတ်ချမ်းသာ
မယ်ဆိုတာကို အမြဲလေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။
အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
၎။ ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲ
ချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူး ဆိုရင် စိတ်ချမ်းသာတယ်။
၅။ ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲ့ဒါ သိပ်အရေး
ကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ၊
ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။
ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
၆။ ငွေဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်
ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကိုချစ်လို့ လုပ်တယ်။
၇။ ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကို
ငါချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။
ငါစိတ်မချမ်းသာရင် အဲဒါဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါတာဝန်ပဲ။
၈။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်
စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစာမှုအတွက် ငါမှာပဲ တာဝန်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့
သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင်လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင်
မလုပ်ကြနဲ့ လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင် နေတက်သူတွေမှာရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတက်တဲ့သူဟာ…..
- သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
- အသိဥာဏ် တောက်ပြောင်တယ်။
- ရွှင်လန်းတယ်။
- ပင်ကိုယ်ဥာဏ်ရှိတယ်။
- ကိုယ့်ကိုကိုယ် ကိုယ်ယုံကြည်မှုရှိတယ်။
- မိမိကိုယ်ကိုထိန်းသိမ်းနိုင်တယ်။
အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
- စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
- ခွင့်လွှတ်နိုင်တယ်။
- ခင်ခင်မင်မင် ဆက်ဆံတက်တယ်။
- ကျေးဇူးသိတယ်။ တန်ဖိုးထားတက်တယ်။ အသိအမှတ်ပြုတယ်။
- ကြည်လင်ရွှင်လန်းတယ်။
- ကြင်နာတက်တယ်။ ညှာတာတက်တယ်။
- စိတ်ဓာတ်ကြံ့ခိုင်တယ်။
- အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်
- စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
- စိတ်စွမ်းအားကြီးတယ်။
- အလုပ်များများလုပ်နိုင်တယ်။
- ဥာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့
သူဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။ အခက်အခဲကို
ရင်ဆိုင် ဖြေရှင်းရတာကို သဘောကျတယ်။ ။
အရှင်အာစာရာလင်္ကာရ – အဖေနေရာ တရားတော်

နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ….. အဖေနေရာ တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ MediaFire
အရှင်အာစာရာလင်္ကာရ – အသက်ပေးပြီးချစ်တဲ့အမေ တရားတော်
နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ….. အသက်ပေးပြီးချစ်တဲ့အမေ တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ MediaFire