ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for the ‘ကဗျာပန်းခင်း’ Category

ဘ၀တစ်ခြမ်း

သူငယ်ချင်းတစ်ယောက် ပို့ထားတဲ့ ကဗျာလေးပါ။ “ဘ၀တစ်ခြမ်း” တဲ့ ခံစားကြည့်ပေးပါ။

နင့်အတ္တ အဆုံးတဘက်မှာ
ငါ့ကံကြမ္မာ အသက်ဝင်သွားပြီ
နှစ်သိမ့်မှု့အရိပ်အောက်က
အပင်ပေါက်ခဲ့ရတဲ့ အဆိပ်အတောက်တွေလား
မျက်တောင်ဖျားလေးအဆုံးက
နင့်ဘ၀လိုအပ်ချက် တသက်စာငါမြင်နေရတယ်
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
လျှောက်လှမ်းခိုင်းတဲ့လမ်းတွေထဲ
ဆူးတွေပါဖြန့်ကျဲလို့
အိုကွာ…
ဒါဟာငါ့အတွက်တော့
သကာရည်ဆမ်းထားတဲ့ ဘတစ်ခြမ်းပါပဲ ။ ။

ပေးပို့သူ… ကျော်နွေဦး (ဆင်တဲ)

** ဘ၀ဟူသည်**

ဘ၀ဟူသည်
ရယူခြင်းမဟုတ်
ပေးဆပ်ခြင်းသာ…။
ကောင်းလိုက်တဲ့စာသား
ဘယ်သူများရေးသွားတာပါလိမ့်…။
ဘ၀ထဲမှာအဖြေရှာကြည့်တော့
ရေရာတာတစ်ခုမှမတွေ့
သေချာတာတစ်ခုတော့ရှိပါရဲ့
အဲဒါကတော့…
သေမှာတစ်ခုပါပဲ…။
ဒါတောင်မှ
နေ့သေမလား
ညသေမလား
ဒီနေသေမလား
နက်ဖြန်သေမလားဆိုတာ
ဘယ်သူဘယ်ဝါမှ
သေသေချာချာမသိနိုင်တော့
ရှိသမျှအချိန်လေးမှာ
ငြိမ်းအေးသာတဲ့ ဘ၀ပိုင်ရှင်
ဖြစ်ချင်ကြတာဓမ္မတာပါပဲ…။
ဘ၀မှာ
ရတာက ခပ်ပါးပါး
ပေးရတာက ခပ်များများပါ
ရလာတဲ ခန္ဓာ ကိုကြည့်တော့
ဝေဒနာတွေနဲ့အပြည့်ပေါ့…
ဘ၀မှာ မုချရလာမယ့်
ဒုက္ခသစ္စာတရားဟာလည်း
သမုဒယတဏှာကို အကြောင်းခံခဲ့တာဆိုတော့
အငိုနဲ့စခဲ့တဲ လူ့ဘ၀ကို
သုခကမ္ဘာအလား
ထင်မှတ်မှားနေကြတဲ့
ကျွန်ုပ်တို့လူသားတွေအတွက်
သေရမယ့်ရက်ကို လက်ချိုး
မိုးလင်းကမိုးချုပ်
သေမယ့်အလုပ်တွေကိုခြည်း လုပ်နေကြရတာ…။
လူုဘ၀ရဲ့အနှစ်သာရဟာ
ဖြစ်လာတဲ့ဘ၀ကိုကျေနပ်
နေတတ် ဖို့လိုတာပါပဲ…။
နေရတဲ့အခိုက်အတန့်မှာ
စိတ်ကိုဖြူစင် သန့်ရှင်းအောင်ထား
သတ္တ၀ါများအပေါ် မေတ္တာပွား
ကိလေသာတွေ နည်းနိုင်သမျှနည်းအောင်
ကြိုးစားအားထုတ်
ကိုယ်အလုပ်ကိုယ် လုပ်နိုင်ကြပါစေ…။

မောင်အေးချမ်း ဘလော့ မှ..
တင်ဆက်သူ.. ကျဆိမ့်….

Page 18 of 18« First...101415161718