ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434517
  • Visitors today:34
  • Visitors yesterday:89
  • Visitors last week:642
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for the ‘ကဗျာပန်းခင်း’ Category

နေရာမှန်


လပြည့်ညရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
လပြည့်ဝန်းကို
မြစ်ချောင်းအင်းအိုင်
ကန်ရေပြင်ထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
လပြည့်ဝန်း အစစ်က
ကောင်းကင်မှာ …

စိတ်ချမ်းသာခြင်းရဲ့
အေးချမ်းတဲ့ အရသာခံစားချင်လို့
စိတ်ချမ်းသာမှု့ကို
ရုပ်ရည်၊ ဂုဏ်ရည်၊ အာဏာ၊ ဆွေမျိုး
ပညာ၊ ဥစ္စာ ပိုင်ဆိုင်မှုထဲမှာရှာ
မြင်တွေ့နိုင်ပေမယ့် အရိပ်ပါ
စိတ်ချမ်းသာမှု အစစ်က
စိတ်ထဲမှာ …

အားလုံးအလကား

ရနံတိုင်းဟာ လေအဝှေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …

ဖယောင်းသားဟာ မီးတစ်ပွင့်မှာ
လွင့်ပျယ်ရရှာ အလကားပါ …

ကမ်းစပ်ကခြေရာ ရေလှုင်းတစ်ခတ်မှာ
လွင့်ပျယ်ရရှာ အလကားပါ …

ပညာ ဥစ္စာ အာဏာ ဆွေမျိုး
ရုပ်ရည် ဂုဏ်ရည် ပိုင်ဆိုသမျှ
အရာအားလုံးဟာ သေမင်းနဲ့အတွေ့မှာ
လွင့်ပျယ်ရရှာ အလကားပါ …

လေအဝှေ့မခံရတဲ့ ရနံ
မီးတစ်ပွင့်မထိတဲ့ ဖယောင်းသား
ရေလှိုင်းအခတ်မခံရတဲ့ ကမ်းစပ်ကခြေရာ
ရှိနိုင်ပေမယ့်လည်း
သေမင်းနဲ့မတွေ့တဲ့ သက်ရှိဆိုတာ
လုံး … … ၀ မရှိပါ …

သေမင်းကြောက်တာ
တစ်ခုတည်းပါ
အားကိုးစရာ
ဝိပဿနာ …

ပုံလေးကို မြကျွန်းသာဘလော့ မှ ရှာ၍ယူသုံးထားပါသည်။

သံယောဇဉ်



ငါ့နှလုံးသားကို
မြူးအောင်လုပ်ပြီး ရူးစေခဲ့တဲ့
ရစ်ပတ်နှောင်ဖွဲ့
ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်း
ဆွဲဖြတ်ဖို့ကြိုးစားလိုက်တိုင်း
ဗြဟ္မာတန်ခိုးနဲ့နှစ်စတိုး
ပိုပိုပြီးတော့ငြိတွယ်
ငါ့မှာ ……
ရုန်းထွက်ဖို့ခက်တယ်
မင်းကြောင့်ဖြစ်တဲ့
သံယောဇဉ်ကြိုးရယ်

ပုံလေးကို g00gle ကရှာထားပါတယ်။

ပရမတ္ဓ သီလ

အူမတောင့်မှ
သီလစောင့်နိုင်မှာဆိုပြီး
အူမတောင့်ဖို့
သီလဖောက်နေကြတာများ
ဒုက္ခနောက်
ဒုက္ခရောက်နေတာကိုတောင်
သတိမထားမိတဲ့
မောဟလောကကြီးထဲ
ငါးသေကိုသာစားတဲ့
ဗျိုင်းမကိုအတုခိုးပြီး
အူမ မတောင့်လို့
အသက်သေလည်း
သီလကိုပဲ
လုံအောင်စောင့်ထိန်းတော့မယ် …

အိမ်မက်


အိပ်ပျော်နေစဉ်မှာ
ဘဝင်အိပ်မက် မက်ပြီး
နိုးထချိန်မှာ
မျှော်လင့်ခြင်းအိမ်မက် မက်လို့
လူ့ဘဝတစ်ခုလုံး
အိမ်မက် မက်ရင်း
ကုန်ဆုံးသွားရင်တော့
နှမျောစရာကြီးပေါ့ …
ဗုဒ္ဓဆိုတဲ့ နေမင်းကြီးကြောင့်
သာသနာအလင်းရောင်
ထွန်းလင်းချိန်မှာ
မောဟနဲ့ အိပ်ပျော်နေရင်တော့
အိမ်မက် မက်ရဦးမှာပေါ့ …
အိမ်မက်
မမက်ချင်တော့ ဘူးဗျာ …

လူ့အန္ဓလမ်း

နေရာသီနှင့်ကြယ်ရာသီ
အဝေးကနေလာနေကြပြီ …

ခြေရာခံကြသူများ မျှော်နေကြသည်
ရေညှာစံကြသူများ ပျော်နေကြသည်
ရေဆာနေကြသူများ အော်နေကြသည်
ငွေရှာနေကြသူများ ဖော်ရွေကြသည်
ချွေတာနေကြသူများ ပေါ်နေကြသည်
တရားသဘောမပါ မရားပြောကာ
အိုးနင်းခွက်နင်း မိုးလင်းကြသည် …

အစအလယ်အဆုံး
လူ့အန္ဓအားလုံး
တပြုံးပြုံးနဲ့ အတုံးအရုံး
ပြောလို့မဆုံး ဘဝနာရီကို သုံးသည် …

အုန်းအုန်းကျက်ကျက် အပြုံးမပျက်
သုံးသပ်ချက်နည်း ရုန်းမထွက်ပဲ
ထုံးတမ်းစဉ်လာ ကိုယ်ထင်ရာကို
တစ်သက်တာလုံး သီသည် ကုံးသည် …

လောဘကိုချီ ဒေါသကိုသီ
မောဟကိုညီစေပြီ
သေရာသီအဆုံးမှာ လူ့အန္ဓတို့
အဝိဇ္ဖာဖုံး ကိစ္စတုံးသည် …

Page 1 of 181234510...Last »