ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
February 2012
M T W T F S S
« Jan    
 12345
6789101112
13141516171819
20212223242526
272829  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:434518
  • Visitors today:35
  • Visitors yesterday:89
  • Visitors last week:643
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for the ‘ဆင်တဲနာရေးကူညီမှု့အသင်း’ Category

စင်ကာပူနိုင်ငံရောက် ဆင်တဲအသင်းစုပေါင်းအလှူ

နာရေးကူညီမှုအသင်း(ဆင်တဲ) အားကူညီထောက်ပံရန်အတွက် စင်ကာပူနိုင်ငံရောက် ဆင်တဲသားများ စုပေါင်း၍ ဆင်တဲအသင်းကိုဖွဲ့ စည်းခဲ့သည်။ ဆင်တဲ ရွာသစ်နေ ကိုသန်းဇော်ထွေးမှ ဦးစီး၍ အသင်းဝင်များထံမှ အလှူငွေများကောက်ခံကာ ဖေဖဝါရီလက နာရေးကူညီမှုအသင်း(ဆင်တဲ)သို့  အလှူငွေ (၁၀၀၀၀၀)ကျပ်အား လှူဒါန်းခဲ့သည်။ နောက်လများတွင်လဲ လစဉ်ပုံမှန် တစ်လ(၂၀၀၀၀၀)ခန့်  လှူနိုင်ရန်ကြိုးပမ်းသွားမည်ဟု ကိုသန်းဇော်ထွေးမှ အသင်းသားများအား ပြောကြားခဲ့သည်။

ဟိုအရင်ကလည်း ဆင်တဲအသင်းဖွဲ့ ၍ ဆင်တဲ(အ.ထ.က)ကျောင်းသို့ အလှူငွေများ လှူဒါန်းခဲ့သည်။ အသင်းဝင်ဦးရေ နည်းပါးသွားခြင်း၊ အလုပ်အကိုင် အခြေအနေများကြောင့် အလှူငွေကောက်ခြင်းအား ရပ်နားထားရာမှ နာရေးအသင်း(ဆင်တဲ)အား ကူညီရန်အတွက် ယခင်လမှစ၍ အလှူငွေများ ပြန်လည်ကောက်ခံ ခဲ့ခြင်းဖြစ်သည်။ ဆင်တဲအသင်းဟု အမည်တပ်ထားသော်လည်း ကျွန်တော်တို့ နီးစပ်ရာသူငယ်ချင်းများစုဖွဲ့ ၍ group လေးဖွဲ့ ထားခြင်းသာဖြစ်သည်။ ထို့ ကြောင့် စင်ကာပူနိုင်ငံ မြို့ အသီးသီးတွင် ရောက်ရှိနေသော ဆင်တဲသားများထဲမှ စိတ်ဝင်စားသော စေတနာအလှူရှင်များ ကိုသန်းဇော်ထွေး ဖုန်း -၉၈၀၇၄၀၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

နောက်ဆက်တွဲသတင်းအနေဖြင့် ဆင်တဲ(အလယ်ပိုင်း)နေ ဒေါ်လှအေးမှ နာရေးကူညီမှုအသင်း(ဆင်တဲ)မှ ဦစီးဆောက်လုပ်လျက်ရှိသောမီးသဂြိလ်စက်သို့  အလှူငွေ ၁၀သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ မီးသဂြိုလ်စက်ဆောက်လုပ်ရာတွင်လည်း ငွေကြေးအခက်အခဲ အနည်းငယ်ရှိသောကြောင့် အဝေးရောက်ဆင်တဲသား စေတနာအလှူရှင်များ နာရေးကူညီမှုအသင်း(ဆင်တဲ)အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

နာရေးကူညီမှုအသင်း(ဆင်တဲ)လုပ်ငန်းစီမံချက်

နိဒါန်း

၁။ပန်းတောင်းမြို့ နယ်၊ ဆင်တဲကျေးရွာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ရပ်မိရပ်ဖများ၊ စေတနာရှင်များမှ ကျေးရွာအတွင်း နာရေးကိစ္စများ ဖြစ်ပေါ်လာပါက ငွေအား/လူအားဖြင့် ကူညီထောက်ပံ ဆောင်ရွက်ပေးသွားရန် ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။ပန်းတောင်းမြို့ နယ်၊ ဆင်တဲမျေးရွာအတွင်း နာရေးအခက်အခဲ ကြုံတွေ့ ရသူ မည်သူကိုမဆို နာရေးကူညီမှုအသင်းမှ တတ်နိုင်သမျှ ကူညီပံပိုး ဆောင်ရွက်ပေးရန်နှင့် ကျေးရွာအတွင်းနေ ပြည်သူအများ လုမှုရေးစိတ်ဓာတ် မြင့်မြတ်စွာဖြင့် နာရေးလုပ်ငန်းများ စုပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်ပါသည်။

အမှုဆောင်ကော်မတီဖွဲ့ စည်းခြင်း

၃။ပန်းတောင်းမြို့ နယ်၊ ဆင်တဲကျေးရွာ နာရေးကူညီမှုအသင်း အမှုဆောင်ကော်မတီအား အောက်ပါအတိုင်း ဖွဲ့ စည်းထားပါသည်။

၁။ဦးခင်မောင်မြင့် (နာယက)၊ ၂။ဦးမောင်မောင်ဌေး (နာယက)၊ ၃။ဦးဇော်ဝင်း (နာယက)၊ ၄။ဦးသန်းထွေးကျော် (နာယက)၊ ၅။ဦးမြင့်ကြည် (ဥက္ကဠ)၊ တို့ မှဦးဆောင်၍ အမှုဆောင် (၄၀)ဦးဖြင့် စတင်ဖွဲ့ စည်းခဲ့ပါသည်။

လုပ်ငန်းတာဝန်များ

၎။နာရေးကူညီမှုအသင်း(ဆင်တဲ)သည် အောက်ပါအတိုင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားပါမည်-

(က) ကျေးရွာအတွင်း နာရေးကိစ္စဖြစ်ပေါ်လာပါက အသင်းမှ တာဝန်ရှိသူ အနည်းဆုံး(၃)ဦးသည် ကာယကံရှင်နှင့် တွေ့ ဆုံညှိနှိုင်းကာ ဆောင်ရွက်မှုစတင်ရန်။

(ခ)အသင်းဝင်နှင့် အသင်းဝင်မိသားစု (တစ်အိမ်တည်းနေ)မှ နာရေးဖြစ်လျှင် လုပ်အားအပြင် ငွေကြေးထောက်ပံမှု ပေးဆောင်ရန်။

(ဂ)အသင်းဝင်မဟုတ်သော်ငြား၊လုပ်အားအပြင် အခြားအကူအညီလိုအပ်သော နာရေးများနှင့်ကြုံကြိုက်ပါက သင့်လျော်သော အထောက်အပံကို ညှိနှိုင်းပေးဆောင်ရန်။

(ဃ)ပစ္စည်းထိန်းတာဝန်ခံမှ နာရေးကာယကံရှင်အား အသင်းပိုင်ပစ္စည်းများအား စနစ်တကျ အပ်နှံရန်နှင့် ပြန်လည်သိမ်းဆည်းရန်။

(င) လုပ်ငန်းများအားလုံးပြီးဆုံးတိုင်း အဆင်ပြေသည့်အရပ် နေရာ၌ တာဝန်ခွဲဝေညှိနှိုင်းကာ လုပ်ငန်းသိမ်းရန်။

မှတ်ချက်။      ။နာရေးကာယကံရှင်နှင့် ညှိနှိုင်းပြီး အမှုဆောင်များမှ စတင်လှုပ်ရှားချိန်သည် လုပ်ငန်းစတင်ချိန်ဖြစ်ပြီး မြေချသဂြိုလ်ပြီးချိန်သည် လုပ်ငန်းသိမ်းချိန်ဖြစ်ပါသည်။

အသင်း၏စည်းကမ်းချက်များ

၅။ နာရေးကူညီမှုအသင်း(ဆင်တဲ)၏ စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အသင်းသားများကြောင့် မည်သည့်နာရေးကာယကံရှင်တစ်ဦးတစ်ယောက်မျှ လုံးဝ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရ။

(ခ)နာရေးကာယကံရှင်မိသားစုမှ အသင်းအပေါ် ဧည့်ဝတ်မကျေမှုများ၊ နားလည်မှုလွဲမှားခြင်းများ ရှိပါက သည်းခံခွင့်လွှတ်ရန်။

(ဂ) အသင်းကြီးသည် နာရေးကူညီမှုကိစ္စမှလွဲ၍ အခြားမည်သည့်ကိစ္စတွင်မှ အသင်းသားများ၏ နောက်မှရပ်တည်မပေးပါကြောင်း။

(ဃ) အသင်းနှင့် စပ်ဆိုင်သော အချို့ ကိစ္စရပ်များတွင် (အလှူရှင်မရှိပါက) ထိုက်သင့်သော ငွေကြေးကို အသင်းပိုင်ငွေမှ ထုတ်ယူသုံးစွဲခွင့်ပြုရန်။

(င) အသင်းသားအားလုံး နာရေးပို့ သည့်အချိန်၌ တူညီဝတ်စုံ၊ ရင်ထိုး၊ ဦးထုပ် စသဖြင့် အတူတူ ဝတ်ဆင်ကြရမည်။

(စ) နာရေးပို့ သည့်အချိန်၌ အသင်းသားအားလုံး လုံးဝအရက်သေစာ သောက်စားခြင်းမပြုရ။

(ဆ) အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာပြုမူဆောင်ရွက်ချက်နှင့်သော်လည်းကောင်း၊ ဝေဖန်အကြံပြုခြင်း တိုင်ကြားခြင်းများ ရှိပါက အစည်းအဝေးဖြင့်သာ ညှိနှိုင်းဆောင်ရွက်ဆုံးဖြတ်ရမည်။

လုပ်ငန်းစတင်ဆောင်ရွက်မည့်ကာလ

၆။၂၀၀၈ ခုနှစ် ဧပရယ်လ (၁) ရက်နေ့ မှစတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိဂုံး

၇။ ဆင်တဲကျေးရွာ နာရေးကူညီမှုအသင်း အမှုဆောင်များနှင့် အသင်းဝင်များသည် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် နာရေးကိစ္စများကို စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အမှုဆောင်အဖွဲ့ နာရေးကူညီမှုအသင်း(ဆင်တဲ)                                                     

နာရေးကူညီမှုအသင်း(ဆင်တဲ)

၁။စတင်သန္ဓေတည်ပေါ်ပေါက်လာခြင်း

၂၀၀၈ခု၊မတ်လ(၄)ရက်နေ့ တွင် ဆင်ယင်ကျင်းပခဲ့သည့် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ၏ ထေရဝါဒ အထူးတရားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဓမ္မဒါနစေတနာရှင်များ ဆင်တဲကျေးရွာသူ/သားများ၊ လယ်/စက်(၁) စက်ရုံဝန်ထမ်းမိသားစုများ၊ ရပ်မိရပ်ဖများ၊ လူငယ်များသည် စေတနာ သဒ္ဒါထက်သန်စွာဖြင့် စိတ်ရောကိုယ်ပါတက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ ဖြင့်သာရေး/နာရေး ကိစ္စများကို ဆူကြုံနိမ့်မြင့် ဆင်းရဲချက်းသာမခွဲခြားပဲ မငြီးမငြူ စောင်ရွက်တတ်သော စိတ်ဓာတ်အရင်းခံ ရှိနေပြီဖြစ်သော လူငယ်များဖြင့် တစ်ကြိမ်တစ်ခါမဟုတ် အမြဲတစေ စည်းလုံးညီညွတ်စွာဖြင့် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆရာတော်၏တရားပွဲ ပြီးမြောက်အောင်မြင်သည့်နေ့  ၊ညမှာပင်ရပ်ရွာ၏ လိုအပ်ချက်နှင့်အညီ လူငယ်များညှိနှိုင်းဆွေးနွေးပြီး သာရေးကိစ္စအပြင် နာရေးကိစ္စများကိုအဓိကဦးစားပေး၍ ပံပိုးးကူညီဆောင်ရွက်မည်ဟု တညီတညွတ်တည်း ဆန္ဒပြုခဲ့ကြပြီး နာရေးကူညီမှုအသင်း(ဆင်တဲ) ကို စတင်ဖွဲ့ စည်းခဲ့ပါသည်။

၂။အသင်းဖွဲ့ စည်းမှု

ပန်းတောင်းမြို့ နယ်၊ ဆင်တဲကျေးရွာအုပ်စုအတွင်း နာရေးကိစ္စ ကြုံတွေ့ ရသူ မည်သူ့ ကိုမဆို နာရေးနှင့်ပတ်သက်သော အခက်အခဲများကို ကူညီပံပိုးဆောင်ရွက်ပေးလိုသည့် စေတနာ၊ သဒ္ဓါသက်သက်ဖြင့် (ဆင်တဲလူငယ်)များမှ မတ်လ(၂၅)ရက် ၊(၂၀၀၈)ခုနှစ်တွင် စတင်စုစည်းပြီး၊ လုပ်ငန်းဆောင်ရွက်မှုများကို ဧပရယ်(၁) ရက် (၂၀၀၈)ခုနှစ်မှ စတင်ကာဆောင်ရွက်ခဲ့ပါသည်။နာရေးကူညီမှုအသင်း(ဆင်တဲ)ကို ရ.ယ.က၏ ထောက်ခံချက်ဖြင့် မြို့ နယ်ကိုတင်ပြပြီး၊ ပဓာန နာယကဆရာတော်(၅)ပါး၏ သြဝါဒကိုခံယူ၍၊ ကျောင်းဆရာ ဆရာဦးမြင့်ကြည် မှ ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်ကာ နာယကလူကြီးမင်းများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းဆောင်ရွက်ရန် အမှုဆောင်(၄၀)ဦးဖြင့် စတင်ဖွဲ့ စည်းဆောင်ရွက်ခဲ့ပါသည်။

၃။ရည်ရွယ်ချက်

ပန်းတောင်းမြို့ နယ်၊ ဆင်တဲကျေးရွာအုပ်စုအတွင်း နာရေးအခက်အခဲ ကြုံတွေ့ ရသူ မည်သူ့ ကိုမဆို နာရေးကူညီမှုအသင်းမှ တတ်နိုင်သမျှ ကူညီပံပိုးဆောင်ရွက်ပေးရန်နှင့် ကျေးရွာအုပ်စုအတွင်း ရပ်သူရွာသား ပြည်သူအများ လူမှုရေးစိတ်ဓာတ်မြင့်မြတ်စွာဖြင့် နာရေးလုပ်ငန်းများ စုပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်ပါသည်။

၎။အသင်းရံပုံငွေ

အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများစတင်ရန် ဥက္ကဋ္ဌနှင့် အမှုဆောင်များမှ စုပေါင်းထည့်ဝင်ငွေ သုံးသိန်းတစ်သောင်းခုနှစ်ထောင်(၃၁၇၀၀၀)ကျပ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။အသင်းကြီး၏ နာရေးကူညီမှုလုပ်ငန်းဆောင်တာများ ရေရှည်တည်တံခိုင်မာလာစေရန် အသင်းများအဖြစ် ထပ်မံထည့်သွင်းဖွဲ့ စည်းပြီး လစဉ်ကြေး တစ်လတစ်ထောင်ကျပ်နှုန်းဖြင့် ကောက်ခံ၍ အသင်း၏လိုအပ်သောအခြေခံပစ္စည်းများ (ဥပမာ။   ။စားပွဲ၊ ထိုင်ခုံ၊ မီးချောင်း၊ မီးကြိုး စသည်ဖြင့်ကို) လိုအပ်ချက်နှင့်အညိ ပုံမှန်ဝယ်ယူ ဖြည့်တင်းခဲ့ပါသည်။

၅။နာရေးလုပ်ငန်းကူညီဆောင်ရွက်ပုံ

နာရေးကိစ္စဖြစ်ပေါ်ပါက ကာယကံရှင်အိမ်၌ အသင်းပိုင် ဝါး၊ နှီး၊ တာပေါ်လင်စ တို့ ဖြင့် မဏ္ဌပ်ထိုးပေးခြင်း  စားပွဲ၊ ထိုင်ခုံများ ပြည့်စုံစွာ စီစဉ်ပေးပါသည်။မီးသီး၊ မီးချောင်း၊ မီးကြိုး၊ မီးသွယ်ခွင့် များကိုလည်း လိုအပ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးပါသည်။ ကာယကံရှင်၏ ဆန္ဒနှင့်အညီ အနည်းဆုံး ယပ်တောင်(၁၀၀) ၊ရေခဲထုပ် (သို့ ) ခေါင်းလျှော်ရည် (သို့ ) ချိုချဉ် အပြင်မြေကျင်းတူးခများကိုလည်း အသင်းမှ ကူညီပါသည်။ ခေါင်းအလှဆင်ခြင်း၊ ခေါင်းသွင်း၊ ခေါင်းချ၊ မြေကျင်းချ မြေဖို့ ပြီးသည်အထိ အသင်းမှကူညီဆောင်ရွက်ပေးပါသည်။ ကာယကံရှင်၏ဆန္ဒနှင့်အညီ သရဏဂုံတင်ရန် သံဃာတော်ကိစ္စများကိုလည်း အသင်းမှတာဝန်ယူပါသည်။ လိုအပ်ချက်နှင့်အညီ ငွေကြေးချို့ တဲ့နွမ်းပါးသည့်အခါ သင့်တော်သည့် ငွေကြေးကိုလည်း အနည်းဆုံး ငါးထောင်(၅၀၀၀)ကျပ်မှ တစ်သောင်း(၁၀၀၀၀)ကျပ်အထိ ကူညီပေးပါသည်။ နာရေးတစ်ခုလျှင် ကုန်ကျစရိတ် အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံးကျပ်လေးသောင်းခန့် အထိ ကုန်ကျမှုရှိပါသည်။၎/၂၀၀၈ ၌ နာရေး(၄)ခု၊ ၅/၂၀၀၈) ၌ နာရေး(၃)ခု ၆/၂၀၀၈ ၌ နာရေး(၁)ခု ၇/၂၀၀၈ ၌ နာရေး(၁၀)ခု၈/၂၀၀၈ ၌ နာရေး(၃)ခု ၉/၂၀၀၈ ၌ နာရေး(၅) ခု 10/၂၀၀၈ ၌ နာရေး(၆) ခု၊ ၁၁/၂၀၀၈ ၌ နာရေး(၆) ခု၊ ၁၂/၂၀၀၈ ၌ နာရေး(၉) ခု၊ ၁/၂၀၀၉ ၌ နာရေး(၁) ခု၊ ၂/၂၀၀၉ ၌ နာရေး(၄) ခု၊ ၃/၂၀၀၉ ၌ နာရေး(၂) ခု၊ ၄/၂၀၀၉ ၌ နာရေး(၇)၊ ၅/၂၀၀၉ ၌ နာရေး(၇) ခု၊ ၆/၂၀၀၉ ၌ နာရေး(၆) ခု၊ ၇/၂၀၀၉ ၌ နာရေး(၃) ခု၊ ဂ/၂၀၀၉ ၌ နာရေး(၁၁) ခု၊ ၉/၂၀၀၉ ၌ နာရေး(၇) ခု၊ ၁၀/၂၀၀၉ ၌ နာရေး(၅) ခု၊ ၁၁/၂၀၀၉ ၌ နာရေး(၄)၊ ၁၂/၂၀၀၉ ၌ (၁၂)၊ ယခုအခါ နာရေးပေါင်း(၁၆၀)ကျော်ကို ကူညီခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်သည့် အမှုဆောင်များကြောင့် မည်သည့်နာရေးကာယကံရှင် တစ်ဦးတစ်ယောက်မျှ လုံးဝဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။

၆။လက်ရှိဆောင်ရွက်နေသောလုပ်ငန်း

အသင်း၌ ယခုအခါ ပြင်ပအလှူရှင်များ အသင်းဝင်ကြေးများဖြင့် ရံပုံငွေ ဆယ့်ငါးသိန်း ခန့်  ရရှိပြီးဖြစ်ပြီး၊ ရပ်မိရပ်ဖများ စေတနာရှင်များနှင့်ပူးပေါင်းကာ သုဿာန်၌ ပျက်စီးယိုယွင်းနေသော သုဿာန်ဇရပ်အသစ်နှင့် မီးသဂြိုလ်စက်ကို အကောင်အထည်ဖေါ် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းဆောင်ရွက်မှု အနည်းငယ်နှောင့်နှေးသော်လည်း နာရေးကူညီမှုအသင်း(ဆင်တဲ)မှ ဦးစီးကာ ပြီးစီးသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရ။ဆက်လက်ဆောင်ရွက်မည့် ရည်စူးလုပ်ငန်း

သုဿာန်ဇရပ်နှင့် မီးသဂြိုလ်စက် ပြီးစီးပါက နာရေးကူညီမှုအသင်း(ဆင်တဲ)မှ အခမဲ့ဆေးပေးခန်းတစ်ခု ကျေးရွာအတွင်း ဖွင့်လှစ်ပေးနိုင်ရန်အထိ ရည်ရွယ်လုပ်ဆောင်နေပါသည်။

နာရေးကူညီမှုအသင်း(ဆင်တဲ)မှ ဦးစီးဆောက်လုပ်နေသော  ဆင်တဲသုဿာန်မှ ဇရပ်နှင့်မီးသဂြိုလ်စက်ဓာတ်ပုံ ဖြစ်ပါသည်။ ဇရပ်မှာအလုံးစုံပြီိးစီးသွားပြီဖြစ်သော်လည်း မီးသဂြိုလ်စက်မှာမူ ဆောက်လုပ်ဆဲဖြစ်သည်။ မီးသဂြိုလ်စက်ဆောက်လုပ်ရာတွင် ငွေကြေးအခက်အခဲအနည်းငယ်ရှိသောကြောင့် အဝေးရောက်ဆင်တဲသား/သူများ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Page 1 of 11