ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443522
  • Visitors today:38
  • Visitors yesterday:92
  • Visitors last week:642
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for the ‘တဂ်ပို့စ်’ Category

ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ

ကျွန်တော်လဲ ခုတလော အလုပ်နဲနဲ ရှုပ်နေတာနဲ့  ဘယ်ကိုမှ အလည်မထွက်ဖြစ်သလို ဘယ်မှမရောက်ဖြစ်ဘူး ဖြစ်နေတယ်။ ဒါနဲ့ တစ်နေ့  အလုပ်ထဲမှာ အလုပ်တွေ ရှုပ်နေတုန်း အရှုပ်ကလေး တွေဖြစ်တဲ့ ချိုကျ(တဖြစ်လဲ) မောင်ဖိုးကြယ်နဲ့  မောင်ပေါ့ဆိမ့် တို့  နှစ်ယောက်က အမောတကော ဖုန်းဆက်လာတယ်။ ဟေ့ကောင် ဘလက် မင်းမေပယ်လ်ဆိုဒ်ကို သွားကြည့်ဦး။ ဟိုမှာ မင်းကိုတဂ်ထားတယ်။ ဟေ.. ဘာ ဘာလဲ ဘာကို တဂ်ထားတာလဲလို့  ကျွန်တော်လဲ အမောတကော ပြန်မေးလိုက်တော့ သူတို့  က ကျွန်တော့်ကို တိတိကျကျဘဲ ပြန်ဖြေတယ်။ ငါတို့  လဲ သေသေချာချာ ရှင်းမပြတတ်ဘူး မင်းသေချာသိချင်ရင် မေပယ်လ့်ဆိုဒ်ကို သွားကြည့်တဲ့။ ကဲရှင်းရော ဒါနဲ့  ကျွန်တော်လဲ အလုပ်ကအိမ်ကို ပြန်ရောက်တော့ အွန်လိုင်းပေါ် အပြေးအလွှားတက် ဘလော့ဂ်ဂါ ရောင်းရင်းဖြစ်သူ မေပယ့်လ်ဆိုဒ်ကိုသွားပြီး အမောတကော ရှာပုံတော် ဖွင့်ရတော့တာပေါ့။ မေပယ့်လ်ဆိုဒ်ကိုရောက် တင်ထားတဲ့ပိုစ့်ကို ဖတ်ကြည့်မှ တခြားတစ်ယောက် တဂ်ထားလို့ ငြီးငြူနေတဲ့ မေပယ်လ့်ကိုတွေ့  ရတယ်။ အဲဒီမှာ ပိုစ့်ကိုဖတ်ကြည့်ရင်း စာရေးသူရဲ့  ဖြစ်ချင်ပေမယ့် မဖြစ်လာခဲ့တဲ့ အကြောင်းအရာလေးတွေကို (ဝမ်းသာအားရ) အဲ.. ဟုတ်ပေါင် စိတ်ဝင်တစား ဖတ်နေတုန်း အောက်နားလောက်ကို ရောက်တော့ ဘုမသိ ဘမသိ မေပယ်လ်တဂ်ထားတဲ့ ကိုယ့်နာမည်ကို ပြန်ဖတ်ကြည့်ပြီး မအီမသာကြီး ခံစားလိုက်ရတယ်။ ဒီလိုနဲ့ အဲဒီနေ့  ညက ဘာရေးရင်ကောင်းမလဲလို့  စဉ်းစားရင်း အိပ်လို့ မပျော် ဖြစ်ခဲ့ရတယ်။ တော်တော်ဆိုးတဲ့ မေပယ်လ် လူကို သက်သက် အိပ်ရေးပျက်အောင် လုပ်တယ်။ ဒီလိုနဲ့  ဘာရေးရင်ကောင်းမလဲ စဉ်းစားရင်းနဲ့  ဘာမှ မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အွန်လိုင်းမှာ မေပယ်လ်နဲ့  တွေ့ လို့  ရေးခိုင်းထားတဲ့ ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ ဆိုတဲ့ပိုစ့် ရေးပြီးပြီလားလို့ မေးရင် ကျွန်တော်ကရေးပြီးပြီလို့  ဖြေမှာဘဲ။ အဲဒီလို ပြန်ဖြေနိုင်အောင်လဲ ကျွန်တော်က ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာဆိုတဲ့ ခေါင်းစဉ်ကိုတော့ တပ်ထားလိုက်တယ် ဟဲ.. ဟဲ.. ဝိနည်းလွတ်တာပေါ့။

လူတိုင်းလူတိုင်းမှာ ဖြစ်ချင်သော အလိုဆန္ဒလေးများ ရှိကြသည်။ ထိုအထဲမှာမှ ဖြစ်လာတာတွေ ရှိသလို ဖြစ်မလာသေးတာတွေ၊ ဖြစ်မလာနိုင် တော့တာလေးတွေလဲ ရှိမှာပါ။ ကျွန်တော်မှာလဲ ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေ ရှိနေပေမဲ့ ဖြစ်မလာနိုင်တော့တဲ့ အကြောင်းအရာလေးတွေလဲ ရှိပါတယ်။ ပျော်ပျော်နေတတ်တဲ့ကျွန်တော့်အတွက်တော့ ကျန်တာတွေ ဆင်းရဲရင် ဆင်းရဲမယ် အပေါင်းအသင်းကတော့ မဆင်းရဲခဲ့ဘူး။ အပေါင်းအသင်းများခဲ့တဲ့ ကျွန်တော် တိမ်တွေနဲ့ အပြိုင်လွင့်ရင်း လမ်းမတွေထက် လမ်းအတိုအရှည်တွေ တိုင်းထွာရင်း ပတ်ဝန်းကျင်ကို အရွဲ့တိုက်ရင်း ကြီးပြင်းခဲ့တာပေါ့။ ကျွန်တော် ဆိုးခဲ့တယ်ဆိုရင်တောင် ကျွန်တော့်မိဘတွေအပေါ်မှာ ဆိုးခဲ့တာပါ။ အသောက်အစား မူးယစ်ဆေးဝါးကင်းတယ်၊ သူများသားမယား မစော်ကားဘူး၊ သူများပစ္စည်းဥစ္စာ မခိုးဘူး၊ ရပ်ကွက်ထဲမှာ မူးရူးအော်ဟစ်သောင်းကျန်းပြီး မိဘမျက်နှာပျက်အောင် တခါမှမလုပ်ခဲ့ဘူး၊ ကိုယ့်ကြောင့် မိဘတွေ ရုံးရောက်ဂတ်ရောက် သိက္ခာမကျခဲ့ဘူးဘူး။ ဒါပေမယ့် အိမ်မကပ်ဘူး အိမ်အလုပ်ကို ဘာတစ်ခုမှ ကူမလုပ်ဘူး ဆိုင်ကယ်တစ်စီးနဲ့ လွင့်ချင်ရာလွင့် လက်ဘက်ရည်ဆိုင်တွေမှာ အချိန်ဖြုန်းပြီး မိဘပိုက်ဆံဖြုန်းတီးနေတဲ့ကောင် ဆန်ကုန်မြေလေးဆိုပြီး ကိုယ့်ထမင်း ကိုယ်စားနေတဲ့ ပတ်ဝန်းကျင်က ကျွန်တော့်ကို ဘွဲ့ ထူးကြီးတစ်ခု အပ်နှင်းတယ်။ ငယ်ဘဝတလျှောက်လုံး စာမေးပွဲဖြေဆိုကာနီး တစ်လလောက်မှ လက်ပူတိုက်ပြီး တစ်နှစ်တစ်တန်း အောင်လာတဲ့ကျွန်တော့်ကို ပတ်ဝန်းကျင်က ဆယ်တန်းဆိုတဲ့ တောင်ကြီးကိုတော့ ဒီတစ်သက်ကျော်မှာ မဟုတ်ဘူးလို့  အတင်းပြောကြတယ်။ ဒါပေမယ့် ကျွန်တော်သုံးလ အချိန်ယူပြီး သူတို့ ထင်ကြေးတွေကို ရိုက်ချိုးပစ်လိုက်တယ်။ ဒါပေမယ့် နောင်တက္ကသိုလ် ရောက်တဲ့အချိန်မှာတော့ ကျွန်တော်နောင်တပါတယ်လေ။ တကယ်လို့ အခွင့်အရေးသာရှိခဲ့ဦးမယ်ဆိုရင် ကျွန်တော် တစ်နှစ်ပတ်လုံးကြိုးစားပြီး အဲဒီဆယ်တန်းဆိုတဲ့ တောင်ကြီးကို နောက်တခါလောက် ထပ်ဖြတ်ကျော်ချင်သေးပါတယ်။

ကျွန်တော် GTC ကျောင်းကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အတူ အဲဒီကျောင်းကို အတူတူတက်ချင်ခဲ့ပေမယ့် ကျွန်တော်မတက်ဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်မလေးရှားကို အလုပ်သွားလုပ်ဖို့ အတွက် အားလုံးပြင်ဆင်ပြီးနေပါပြီ။ မိဘတွေကတော့ ကျောင်းတက်ချင်ရင် ဆက်တက်ဖို့ ပြောပါတယ်။ဒါပေမယ့် ကျွန်တော်ကြောင့် မိဘတွေရဲ့ ပိုက်ဆံကို အချည်းနှီး မဆုံးရှုံးစေချင်လို့ ကျွန်တော် ဆက်မတက်ဖြစ်ခဲ့ပါဘူး။ တကယ်ဆိုကျွန်တော် အဲဒီကျောင်းကို တက်ချင်ခဲ့တယ်။ အဲဒီကျောင်းတွေစဖွင့်တဲ့နေ့ ကစပြီး ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်အိမ်ကို နေ့ တိုင်းလာလာရှာတယ်။ ကျောင်းဆက်တက်ဖို့ နေ့ တိုင်းကျွန်တော့်နာမည်ကို ခေါ်နေတယ်ဆိုတဲ့ အကြောင်း လာလာပြောတယ်။ ဒါပေမယ့် ကျွန်တော် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ပြီး အထုတ်အပိုးပြင် နိုင်ငံခြားကို ထွက်လာခဲ့တယ်။

ကျွန်တော့်မှာ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ ငယ်သူငယ်ချင်း သုံးယောက်ရှိပါတယ်။ ကျွန်တော့်ထပ် တစ်တန်းကြီးတဲ့ သူတို့ တွေက ကျွန်တော့်ကို ဂရုစိုက်ကြပါတယ်။ တစ်နှစ်တစ်တန်းတက်တဲ့ အခါတိုင်း ကျွန်တော့်အခန်းကို သူတို့ လာပြီး ကျွန်တော့်ကို တွေ့ လေ့ရှိကြတယ်။ အကြောင်းရင်းကတော့ ကျွန်တော်နေရထိုင်ရတာ အဆင်ပြေရဲ့ လား တခြားကျောင်းသားတွေ အနိုင်မကျင့်ရဲအောင် သူတို့ ရှိတယ်ဆိုတဲ့အကြောင်း ကိုယ်ထင်လာလာပြကြတယ်ဆိုဘဲ။ အဲဒီထဲကမှ ကျွန်တော့်ဘဝမှာ တွယ်တာရဆုံး အချစ်ရဆုံး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်အိမ်မျက်စောင်းထိုးအိမ်ကပါ။ ကျွန်တော့်အတွက်တော့ သူ့ အိမ်က စားအိမ်သောက်အိမ်ပေါ့။ နောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ နှစ်ယောက်က ပိုတွဲဖြစ်ခဲ့ကြတယ်။ ဘယ်သွားသွား ကျွန်တော်တို့ တပူးပူး တတွဲတွဲနဲ့ ပေါ့။ အဲဒီအချိန်က ကျွန်တော်တို့ နှစ်ယောက်မှာ ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးလေးတစ်ခု ရှိခဲ့တယ်။ ကျွန်တော်တို့ အရွယ်ရောက်လာခဲ့တဲ့တစ်နေ့ ကျောပိုးအိတ်တစ်ယောက်တစ်လုံးနဲ့ မြန်မာပြည်တပတ် ပတ်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်နိုင်ငံခြားက ပြန်လာပြီး ကျွန်တော်တို့ ဆန္ဒတွေကို အကောင်အထည်မဖော်နိုင်ခင်မှာဘဲ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း အသဲရောဂါနဲ့ ဆုံးသွားခဲ့တယ်။ အဲဒီနေ့ က ညနှစ်နာရီလောက် သူဆုံးသွားပြီ ဆိုတဲ့သတင်း ကျွန်တော့်ဆီကို ဖုန်းဝင်လာပြီးနောက်ပိုင်း ကျွန်တော်ငုတ်တုတ် မိုလင်းခဲ့ရတယ်။ ကျွန်တော်တို့ နှစ်ယောက် အတူသွား အတူစားခဲ့တာတွေကို ပြန်မြင်ယောင်ရင်း ကျွန်တော်တို့ နှစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အကြောင်းကို စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရတယ်။ တကယ်ဆိုရင် ကျွန်တော် သူနဲ့ မြန်မာပြည်တပတ်အတူ ခရီးထွက်ချင်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ ဘယ်လောက်ဘဲ ဖြစ်ချင်နေ ဖြစ်ချင်နေ ဖြစ်မလာနိုင်တော့ပါဘူး။

ကျွန်တော်မလေးရှားမှာ အလုပ်သွားလုပ်တုန်းက ကျွန်တော်နဲ့ အတူတွဲခဲ့တဲ့သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူ၊ ကျွန်တော်၊ ပေါ့ဆိမ့်၊ ချိုကျနဲ့ ပုံမှန်တို့ ဆိုတာ ဟိုးကလေးဘဝ မူကြိုကတည်းက အတူတူတက်လာခဲ့တဲ့ ငယ်သူငယ်ချင်းတွေပေါ့။ ကျောင်းတက်တော့လဲ တောက်လျှောက် အတူတူ တက်ခဲ့ကြတာပါ။ ဒါပေမယ့် မလေးကို ရောက်တဲ့အချိန်မှာတော့ ကျွန်တော်တို့ နှစ်ယောက်ပိုတွဲဖြစ်ခဲ့ပါတယ်။ မရှိအတူ ရှိအတူ မလေးရှားမှာ နှစ်ပေါင်းများစွာ အေးအတူ၊ ပူအမျှ အတူတူဖြတ်သန်းခဲ့ကြတာပါ။ ကျွန်တော်တို့ နှစ်ယောက် မလေးရှားမှာ အတူတူ ဆိုးခဲ့၊ ပျော်ခဲ့ကြရင်း ကျွန်တော်အရင် မလေးရှားကနေ မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ အဲဒီနေ့ က အရက်တွေမူးနေတဲ့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ဖက်ငိုပြီးပြောတယ်။ သူငယ်ချင်း မင်းမပြန်လို့ မရဘူးလားကွာတဲ့။ ကျွန်တော်ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်တော်ကလဲ မပြန်လို့ မရတော့တဲ့ အခြေအနေရောက်နေခဲ့ပြီ။ အဲဒီအကြောင်းကို ကျွန်တော် မလေးရှားမြေမှ ‘ပ’ လေးလုံး ဆိုတဲ့ ပိုစ့်အကြောင်းမှာ ရေးထားခဲ့ဘူးပါတယ်။ အဲဒီထဲက သူဆိုတာက ကျွန်တော်ပါ။

ဒီလိုနဲ့ ကျွန်တော်မြန်မာပြည်မှာ ကာလအတန်ကြာနေပြီး စင်ကာပူနိုင်ငံကို ထပ်ထွက်လာဖြစ်ခဲ့တယ်။ ကျွန်တော်မြန်မာပြည်မှာ ရှိနေတဲ့အချိန်မှာရော စင်ကာပူကို ရောက်တဲ့အချိန်မှာရော သူကျွန်တော့်ဆီကို ဖုန်းခေါ်လေ့ရှိတယ်။ သူဖုန်းခေါ်တိုင်းလဲ ကျွန်တော် စိတ်ညစ်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ဆီကို ဖုန်းခေါ်တိုင်း သူက အမြဲမူးနေပြီး ကျွန်တော်သူ့ ကို မလေးရှားမှာ တစ်ယောက်တည်း ထားခဲ့တဲ့အကြောင်းကို ငိုငိုပြီး ပြောလေ့ရှိတယ်။ ဒါကြောင့် သူဖုန်းဆက်တိုင်းကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တော်စင်ကာပူမှာ နေတာနဲနဲကြာလာတော့ သူက ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်တို့ နှစ်ယောက်မတွေ့ တာကြာပြီဖြစ်တဲ့အတွက် တွေ့ ချင်တဲ့အကြောင်း၊ ဒါကြောင့် ကျွန်တော်မြန်မာပြည်ကို ဘယ်အချိန်အလည်ပြန်မှာလဲ ဆိုတဲ့အကြောင်းကို မေးတယ်။ ဒါနဲ့ ကျွန်တော်က ၂၀၀၉ ဒီဇင်ဘာမှာ အလည်ပြန်မယ်ဆိုတဲ့ အကြောင်း သူ့ ကို ပြောလိုက်တော့ သူလဲ အဲဒီအချိန် မြန်မာပြည် ပြန်လာပြီး ဆင်တဲမှာ ကျွန်တော့်ကို လာတွေ့ မယ်ဆိုတဲ့အကြောင်း ပြောတယ်။ ကျွန်တော်ဆင်တဲ အလည်ပြန်ရောက်တဲ့ အချိန် သူမလေးရှားက ပြန်လာပြီး ဆင်တဲမှာ ကျွန်တော်တို့ နှစ်ယောက်ပြန်စုံ သူစင်ကာပူကို ထပ်ကူးဖို့ ကိစ္စတွေ ဆွေးနွေးကြမယ်လို့ ကတိတွေထားခဲ့ကြသည်။

တနေ့ ကျွန်တော် ညဆိုင်းအလုပ်ဆင်းပြီး နေခင်းဘက် အိပ်နေတုန်း ကျွန်တော့်ဆီကို မလေးရှားက ဖုန်းဝင်လာသည်။ အဲဒီနေ့ က ကျွန်တော့်ဆီကို ဖုန်းတွေတောက်လျှောက် ဆက်ဝင်လာတယ်။ တစ်ယောက်ပြီးတစ်ယောက် ကျွန်တော့်ကို ပြောကြတယ်။
‘ကိုရဲရေ.. မင်းသူငယ်ချင်းတော့ အရက်တွေမူးပြီး ပုချွန်းရေကန်ထဲ ရေဆင်းကူးတာ ရေနစ်ပြီး ဆုံးသွားပြီ။ ဒါပေမယ့် အလောင်းတော့ ပြန်မရသေးဘူး’
ဟု ပြောကြသည်။ ကျွန်တော်လဲ စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်။ သူသေဆုံးသွားခြင်းနှင့်အတူ ကျွန်တော်တို့ နှစ်ယောက် ထားခဲ့သော ကတိစကားများလဲ ပျက်ပြယ်ခဲ့ရသည်။ သူပြောခဲ့သလိုပင် ကျွန်တော်တို့ ခွဲခွာခဲ့ကြသည့် နှစ်တွေအတွင်း ပြန်ဆုံချင်ခဲ့မိသည်။ ဒါပေမယ့် အခုတော့ အိမ်မက်ဖြစ်ခဲ့ရသည်။ ဟိုအရင်က သူအရက်မူးပြီး ဖုန်းဆက်တိုင်း ကျွန်တော် စိတ်ညစ်ခဲ့ရသည်။ ဒါပေမယ့် ခုချိန်မှာတော့ ဖြစ်နိုင်ရင် သူအရက်မူးပြီး ဖုန်းဆက်မည့် အချိန်ကို မျှော်နေမိသည်။ သေချာတာကတော့ ကျွန်တော် ဘယ်လောက်မျှော်လင့်နေ မျှော်လင့်နေ ဘယ်တော့မှ ဖြစ်လာနိုင်တော့မည်မဟုတ်ပေ။ လူတိုင်းလူတိုင်းမှာ ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေရှိပေမယ့် ဖြစ်မလာခဲ့တဲ့ အကြောင်းအရာလေးတွေရှိမှာပါ။ ဒီအကြောင်းအရာလေးတွေကတော့ ကျွန်တော့်ဘဝမှာ ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ လေးတွေဘဲ ဖြစ်ပါတယ်။

အသိတရား

သူ့ဘဝမှာကြီးကြီးမားမား စိတ်ထိခိုက်စရာ အဖြစ်ပျက်တွေက သိပ်များများစားစားတော့မဟုတ်ပါဘူး။ဒါပေမယ့် အဲဒီအနည်းစု အဖြစ်ပျက်တွေက ဘဝမှာဘယ်လိုမှ မေ့လို့မရတာ သူဝန်ခံရမလိုပါပဲ။တစ်ချို့အဖြစ်အပျက်တွေက စိတ်ခံစားမှုတွေ ပတ်ဝန်ကျင်အနေထားတွေကြောင့် တစ်ခါတစ်ရံမှ သတိရတတ်ပေမယ့် ဘယ်လိုမှမေ့မရတဲ့ ပြီးတော့ လူ့အသိုင်းအဝိုင်းထဲမှာ လှုပ်ရှားသွားလာနေသမျှ သတိတရဖြစ်နေမိတာကတော့……

အဲဒီနေ့က သူစက်ရုံမှာ ပုံမှန်အတိုင်းအလုပ်သွားဆင်းနေချိန်ပေါ့။သူ့အတွက်တော့ ပုံမှန်ဆိုပေမယ့် အဲဒီသူရောက်နေတဲ့ နိုင်ငံမှာတော့ ဘာသာရေး ရက်ရှည်ပိတ်ရက်တွေလေ။သူကသာမန်ထက်နည်းနည်းပိုတဲ့ တာဝန်ယူရမှု နည်းနည်းပိုတဲ့ ဝန်ထမ်းတစ်ယောက်ပေါ့။အဲဒီဘာသာရေးရက်ရှည်တွေ မပိတ်ခင် သူ့အထက်ကလူက ဖြစ်နိုင်ရင် အဲဒီပိတ်ရက်တွေထဲက ထက်ဝက်ကျော်ကျော်လောက်ကို အလုပ်ဆင်းပေးဖို့ ပြောလာပါတယ်။ပထမတော့ အားလုံးကမဆင်းနိုင်တဲ့အကြောင်း ပြောကြတာပေါ့။ဒီလိုနဲ့ အထက်လူက တောင်းတောင်းပန်ပန်နဲ့ ပြောလာတဲ့အခြေနေကိုရောက်လာပါတယ်။သူလဲ အလုပ်တွေပြီးနိုင်တယ်ထင်လို့ အလုပ်လက်ခံမိတယ် လို့ဆိုပါတယ်။ order တွေအချိန်မှီမပေးနိုင်ရင် သူ့အတွက်မျက်နှာပျက်စရာတွေ ဖြစ်သွားလိမ့်မယ်တဲ့။သူတွေးလိုက်ပါတယ် ဒီ order တွေရှိနေလို့လဲ သူနဲ့ သူ့လူတွေရဲ့ အလုပ်က ဝင်ငွေကောင်းပြီး အရေးပါနေရတာကိုပေါ့။အဲဒီတော့ သူနဲ့ သူ့လူတွေညှိကြတာပေါ့။ဘယ်သူတွေ ဘယ်သွားစရာရှိလဲ မိတ်ဆွေအပေါင်းသင်းတွေ အိမ်လာလည်မည့်သူရှိလားပေါ့။တစ်ချို့မအားတဲ့လူတွေကိုတော့ နားခိုင်းလိုက်ပြီး သူအပါအဝင် ကျန်တဲ့ သူ့လူတွေကတော့ လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ဒါပေမယ့်သူကတောင်းဆိုလိုက်တာက order တွေပြီးအောင်လုပ်မယ် ပြီးတဲ့နေ့ကစပြီး နားမယ်လို့ပြောလိုက်ပါတယ်။ဝမ်းသာအားရနဲ့ပါပဲ သူနဲ့ သူ့လူတွေ ထမင်းစားချိန်တွေအတွက် သူကိုယ်တိုင် ထမင်းလာပို့ပေးမယ်လို့ဆိုပါတယ်။

အဲဒီအချိန်တွေက အဲဒီနိုင်ငံမှာ ၇ နာရီမထိုးခင်ထိ စားစရာဝယ်ရတာခက်လှပါတယ်။အဲဒီနိုင်ငံရဲ့ ဘာသာရေးသက်မှတ်ချက်တစ်ခုကြောင့်ပေါ့။
ဒီလိုနဲ့ အလုပ်စဆင်းပြီး ၃ ရက်လောက်အကြာမှာတော့ သူ့ဆီကိုထင်မှတ်မထားတဲ့ ဖုန်းဝင်လာပါတယ်။သူ့ သူငယ်ချင်းသုံးယောက်ဆီကပေါ့။ အခုသူတို့ သူနေတဲ့နေရာက ဘူတာကိုရောက်နေကြပြီတဲ့။သူ့ဆီလာလည်ကြတာတဲ့လေ။သူဝမ်းသာသွားသလို စိတ်ထဲမှာလဲထင့်သွားပါတယ်။
ဒီသူငယ်ချင်းတွေက သူနဲ့ဝေးနေကြတာကြာပြီလေ။ပြန်တွေ့ရမှာဆိုတော့ သူပျော်တာပေါ့။ဒါပေမယ့် အလုပ်တစ်ဖက်နဲ့သူက နည်းနည်းတော့ စိတ်လွတ်ကိုယ်လွတ် မဖြစ်နိုင်ဘူးလေ။ဒီလိုနဲ့ သူငယ်ချင်းသုံးယောက်နဲ့အတူ အေးမြတဲ့ညတစ်ညကို ဝိုင်းဖွဲ့ပြီး ရှေးဟောင်းနှာင်းဖြစ်တွေပြောကြရင်း နဲ့မနက်သုံးနာရီ ထိုးတဲ့အထိပဲဆိုပါတော့။သူ့မျက်လုံးတွေကလဲ အိပ်ဖို့ကိုတာဆူနေပါပြီ။အလုပ်က ပင်ပမ်းခဲ့တာပဲလေ။ဒီလိုနဲ့ သူငယ်ချင်းတွေကို အိပ်ဖို့တိုက်တွန်းလိုက်ရပါတယ်။ အဲဒီမှာပဲ ပြဿနာကစတော့တာပါပဲ။သူငယ်ချင်းတစ်ယောက်က စဖောက်ပါတော့တယ်။ဘာလို့အိပ်မှာလဲ ဘာလဲ မခင်ဘူးလားဘာလားပေါ့။သူလဲ သေသေချာချာ ရှင်းပြပါတယ်။သူ့အလုပ်အကြောင်းကိုပေါ့။ရှင်းခါမှရှုပ်ဆိုသလိုပါပဲ သူတို့ကအဝေးကြီးက လာရတာ မင်းကအလုပ်သွားဆင်းတော့ ဘယ်ကောင်းမလဲပေါ့။ပုံမှန်အတိုင်းဆို သူငယ်ချင်းပြောတာမှန်ပါတယ်။ခုဟာက ပုံမှန်မဟုတ်တာကိုး။
ဒါပေမယ့်ဘယ်လိုမှပြောမရတော့ပါဘူး။ဒါတွေပဲထပ်ခါထပ်ခါ ပြောနေပါတော့တယ်။သူလဲပြောပါသေးတယ် ခုချိန်မှာစအိပ်ရင်တောင် သူပြန်လာခါနီးမှ သူတို့နိုးကြမှာလေ။ရှင်းရင်းရှုပ်နေတော့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကပါ အိပ်ဖို့ပြောတော့မှ ပြီသွားပါတော့တယ်။ဒါပေမယ့် သူကျေနပ်ပုံတော့မရပါဘူး။

ဒီလိုနဲ့သူတို့အိပ်သွားကြတောမှ တစ်ခြားအခန်းဖော်ကိုအားနာပါးနာနဲ့ သွားနှိုးပြီး သူငယ်ချင်းတွေနိုးလာရင် ဆိုင်မှာတစ်ခုခု လိုက်ကြွေးပေးဖို့ ပိုက်ဆံပါပေးပြီး ကူညီဖို့တောင်းပန်ရတော့တာပါပဲ။ဟိုကလဲ ရပါတယ်မင်းသူငယ်ချင်းတွေဆို ငါ့သူငယ်ချင်းပဲပေါ့ဆိုလို့ စိတ်ချလက်ချနဲ့ အိပ်မယ်ကြံတော့ ၅ နာရီတောင်ထိုးနေပါတော့တယ်။ ၅ နာရီခွဲဆို အလုပ်သွားဖို့ပြင်ရတဲ့သူ့အတွက်တော့ မအိပ်တာပဲကောင်းပါတယ်ဆိုပြီး စာထိုင်ဖတ်နေလိုက်ပါတော့တယ်။ဒီလိုနဲ့ ထမင်းစားချိန်အလုပ်နားတော့ အိမ်ကအခန်းဖော်ဆီ ဖုန်းဆက်တော့ ပြန်သွားကြပြီတဲ့။သူစဉ်းစားမရ ဖြစ်သွားပါတယ်။သူ့ဆီလဲဖုန်းတစ်ချက်လေးတောင်ဆက်မသွားကြပါဘူး။အဲဒီတော့ သူပဲဖုန်းစဆက်လိုက်ပါတယ်။ဒါပေမယ့် တူတူ ဆိုတဲ့ အသံပဲကြားရပါတယ်။သူ သိလိုက်ပါတယ်။တစ်ခုခုတော ခု သွားပြီဆိုတာကို။ဒီလိုနဲ့ order တွေပြည့်လို့နားရတဲ့ နေ့တွေရောက်လာတော့ အဲဒီ သူငယ်ချင်းဆီ ဖုန်းထပ်ဆက်လိုက်ပါတယ်။ဒီတစ်ခါတော့ သူ ဖုန်းပြန်ကိုင်ပါတယ်။ဒါပေမယ့်ကောင်းသောကိုင်ချင်းတော့ မဟုတ်ပါဘူး။ သူပြောချင်ရာတွေပြော၊ စွတ်စွဲမှုတွေ တစ်လှေကြီးနဲ့ပဲ ဖုန်းချသွားပါတယ်။ပြီတော့ သူကပြောပါသေးတယ်။နောက်တစ်ခါဘယ်တော့မှ မဆက်သွယ်နဲ့တဲ့။သူနားလည်ပေးလိုက်ပါတယ်။သူပြောတဲ့အတိုင်း အဆက်အသွယ်လဲ မလုပ်တော့ပါဘူး။

ဒီလိုနဲ့ သူအဲဒီနိုင်ငံက ပြန်လာခဲ့ပြီး အခုဒီကိုသူထွက်လာခဲ့တယ်ပေါ့။တစ်ခါတစ်ရံ သူ့သတင်းတွေကို ခပ်သဲ့သဲ့ကြားရပါသေးရဲ့။ အရက်တွေအရမ်း သောက်ပြီး အလုပ်လဲကောင်းကောင်းမလုပ်ဘူးတဲ့။အလုပ်တွေပြောင်းတာလဲ များပြီတဲ့။ပြီတော့ပိုဆိုးတာက အသိအိမ်တွေသွားပြီး သောက်စားနေတာ တစ်ခါတစ်လေ အိမ်တောင်မပြန်ဘူးတဲ့။သူသွားတဲ့ အိမ်ကလူတွေကလဲ စိတ်ညစ်ကြရတယ်ပေါ့။နောက်မိတ်ဆွေတွေက အလုပ်ရှိတယ်လိုပြောရင် သူ့နာမည်ကို ပြောပြီး သူ့လိုမလုပ်ကြဖို့ပြောတယ်တဲ့။ဒီသတင်းတွေကြားတော့ သူစဉ်းစားမိပါတယ်။မိအေးက နှစ်ခါမကတော့ပါဘူး အကြိမ်ကြိမ်နာရမလို ဖြစ်နေပါပြီ။ဒါပေမယ့် သူ သူငယ်ချင်းကို နားလည်ပေးပါတယ်။

ဒီလိုနဲ့ပဲ နှစ်တွေအတော်ကြာတော့ သူရဲ့နောက်ဆုံးသတင်းတစ်ခု ရောက်လာပါတယ်။အဲဒါက ကမ်းခြေတစ်ခုမှာ အရက်တွေမှုးပြီးရေဆင်းကူးရင်း ရေနစ်လို့ဆုံးပြီတဲ့။ပထမ သူဝမ်းနည်းသွားပါတယ်။နောက်သူ နှမျောတသလည်းဖြစ်သွားပါတယ်။ဝမ်းနည်မိတာက သူဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်ခဲ့ဘူးလို့ရယ် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းမပေးနိုင်တာရယ်အတွက်ပါ။နှမျောမိတာကတော့ အမျိုး၊ဘာသာ၊သာသနာ အတွက်တော့မဟုတ်ပါဘူး။ဒါတွေကိုလဲ သူစိတ်ဝင်စားခဲ့မှာမဟုတ်ပါဘူး။သူ့အတွက်နှမျောမိတာက နားလည်မှု ဆိုတဲ့ အသိတရားလေးတစ်ခု ကိုတောင် သူနားလည်မသွားရှာတာကိုတော့ သူဒီနေ့ထိနှမျောမိနေတုန်းပါပဲ…………။

——————————————————————————————————–

ကျွန်တော်တို့ရဲ့ ဋ္ဌာနေတူညီမ အင်ကြင်း( ၃၆၅ ရက်ငယ်သော)က အသိတရားဆိုတဲ့ ခေါ်င်းစဉ်နဲ့ တဂ်ထားတာကြာပါပြီ။ခုတစ်လော အလုပ်တွေရှုပ်တာရယ်၊ဘာရေးရမှန်းမသိတာရယ်ကြောင့် ကြာသွားပါတယ်။ခုတော့ ရေးလိုက်ပါပြီ။အင်ကြင်း လဲအိမ်ရှေ့ကနေ အကြွေးလာတောင်းရတာ မောရောပေါ့ :) ခုတော့ပြီးသွားပါပြီ။နောင်လည်း တဂ်နိုင်ပါစေလို့ :(

Page 1 of 11