ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443520
  • Visitors today:36
  • Visitors yesterday:92
  • Visitors last week:640
  • Visitors currently online:3
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

ဇာတိ


အစာသစ်ကို ခေါင်းပေါ်ရွက်
အစာဟောင်းကို ဖင်ခုထိုင်
ခါးရိုးကိုဦးတိုက်
ဝမ်းဗိုက်ကိုကျောမှီ
အဝတ်ဗလာ စားစရာနတ္တိ

ဆယ်လက်မပတ်လည် ပုံစံခွက်
မဲမှောင်အခန်းကျဉ်းလေးထဲ
ပိုးမျိုးရှစ်ဆယ် အန္တာရာယ်နဲ့
ကိုးလကျော် ဆယ်လထဲ
အကျဉ်းချခံရ ဝဋ်ဒုက္ခ
ဒါလူ့ဘ၀အစမို့

သြော် …
လူ့ဘဝ အစ …
ဇာတိပိဒုက္ခာပါလား …

လူ့ ဘ၀ရဖို့ အတွက် ဖြတ်သန်းလာရတဲ့ ဆင်းရဲ ကိုသတိပြုမိလို့  ရရှိနေတဲ့ ဘ၀ ကို တန်ဖိုးရှိစွာ အသုံးချနိုင်ပါစေ …..
ဝမ်းဗိုက်ထဲမှာ ဆင်းရဲ ခံနေရစဉ် ဂရုတစိုက် စောင့် ရှောက်ပေးခဲ့ တဲ့ မိခင်ရဲ့ မေတ္တာ နဲ့ ကျေးဇူးတရား တွေကို
သတိပြုမိလို့ အသက်ကြီးလာတဲ့ မိခင်ကို မေတ္တာနဲ့ ကျေးဇူးဆပ် နိုင်ပါစေ ….
ဇာတိပိဒုက္ခာကို သိရှိရပြီး သံဝေဂများစွာနဲ့ ဝိပဿနာ ပွားများနိုင်ပါစေ ….. လို့  ……

ဘဝအဖော်


အိမ်မက် မက်ခြင်းမှနိုးထ
လက်တွေ့ ဘ၀ထဲရုန်းကြွဖို့ 
နေ့ တစ်နေ့ ရဲ့ အစဟာ
သူ့ အသံပါ …..

တစ်ခါတစ်လေတော့ လည်း
သူနဲ့ ကင်းကွာ လွတ်လပ်စွာ
နေချင်ပေမယ့် 
သူမရှိလို့ မဖြစ်တာ
ကျနော့် ဘ၀ပါ …..

လုပ်ငန်းခွင်ဝင်ကထဲက
ယုံကြည်မှု့ တွေပေးအပ်
သူနဲ့ အတူတူအိပ်စက်ခဲ့ တာ
နေ့ စဉ်ရက်စက်ပါ …..

ရက် လ နှစ် ရေစီးကြောင်း
ဆယ်စုနှစ်တစ်ခုပြောင်းသွားလည်း
သူ့ ခမျာတာဝန်မပျက်
အချိန်မှန် နိုးထစေခဲ့ 
ကျေးဇူးတင် ပါတယ် နိုးစက်

အဖြေမှန်တဲ့  လသာညကို ရေသန့် နှစ်ဘူးပေးလိုက်ပါတယ် … လသာညမိသားစု ကိုယ်ရောစိတ်ပါ ကျန်းမာပါစေ ချမ်းသာပါစေ လို့  ….
လသာည သဘောကောင်းလို့  ဆင်တဲကဖေးသို့ အလည်လာ မိတ်ဆွေများအားလုံးကိုလည်း ရေသန့် နှစ်ဘူးပေး လိုက်ပါတယ် …
ကိုယ်ရောစိတ်ပါ ကျန်းမာပါစေ ချမ်းသာပါစေ လို့  ….

ရေသန့်၊ တရား၊ ကံကောင်းခြင်း လက်ဆောင်

မင်္ဂလာပါ … …
ကျနော်ကတော့ ဇရာ ဆို့တဲ့ ကဗျာရေးသူ ရရစ်နဲ့ လူပြိုကြီး ရေသန့် ဖြစ်ပါတယ်။ ဆင်တဲကဖေးမှာ ကြွရောက် သုံးဆောင် နေကြတဲ့ မိတ်ဆွေများနဲ့ ဆင်တဲကဖေးမှ ဝိုင်းတော်သား အားလုံးကို ပြောပြပြီး မိတ်ဆက် လိုပါတယ်။ ဆင်တဲကဖေးကို အလည်လာရင်း ပေါ့ဆိမ့် နဲ့ စတင် သိခဲ့ရတယ်။ စကားတွေ ပြောကြရင်း နောက်ပိုင်း တရားကဗျာတွေ ရေးမယ့် ရေသန့် ဖြစ်လာပါတယ်။

ကျနော် ရောက်နေတဲ့ နိုင်ငံက တော်တော်အေး တယ်ဗျ။ ရေခဲခန်းထဲ ဝင်နေရသလိုပဲ။ ခုလိုချိန် ၄ လပိုင်း ၅ လပိုင်း လောက်ဆိုရင်တော့ နေလို့ကောင်းတယ်။ အလုပ်နားရက်ဆိုရင် ဘယ်မှ မသွားပဲ အိပ်ယာထဲ ခွေနေရတာ ဇိမ်တစ်မျိုးပဲ။ ဒီလို အေးအေးနဲ့ ကွေးကွေးနေရင်းက ထားရာမနေပဲ ပျံ့လွင့်နေတဲ့ စိတ်အစဉ်က အတိတ်ဆိုတဲ့ စားကြက်ထဲက ဆင်တဲ မှာနေခဲ့တဲ့ ကလေးဘဝထဲ ပြန်ရောက်သွားခဲ့တယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လောက်ကပေါ့ …

ဆင်တဲ ရဲ့ ဆောင်တွင်းမနက်ခင်းဟာ အားကစား သမားအကြိုက်လို့ ဆိုရမလားပဲ။ လူကြီး၊ လူငယ်၊ အရွယ်စုံဟာ ကိုယ်အဖွဲ့နဲ့ကိုယ် လမ်းလျှောက်သူလျှောက် ပြေးသူပြေး ဘောလုံကန်သူကန် နဲ့ တော်တော်လေးကို စည်ကားလှ ပါတယ်။ ဆင်တဲသားတိုင်း မနက်ခင်း ပြေးဘူးတယ်ဆို ရမလားပဲ။ (ကျနော် ပြေးဘူးလို့ ပြောတာပါ ) ကျနော်လည်း ဆင်တဲ ရဲ့ သားပျိုလေးဆိုတော့ မနက်ဆိုရင် သူငယ်ချင်းတွေနဲ့ ထဲပြေးတာပေါ့။ အထူးသဖြင့် ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့ တွေမှာပေါ့ …

ကျနော် သူငယ်ချင်းတွေက ကျနော့် အိမ်လာပြီးမှ ပြေးကြရပါတယ်။ ကျနော်အိမ်က ဆင်တဲကျောင်း သွားတဲ့ ကွန်ကရစ် လမ်းဘေးမှာပါ။ ကျောင်းအလွန် မောင်ထောင်ဂိတ်တစ်ခုကို ဖြတ်ပြီးရင် ပန်းတောင်း-တောင်ကုတ် ကားလမ်းပေါ် ရောက်တယ် ဆိုတော့ ပန်းတောင်း-တောင်ကုတ် လမ်းပေါ် ပြေးဖို့အတွက် ကျနော့် အိမ်မှာ လူစုကြတာပါ။

မနက် ၅ နာရီပြေးမယ်ဆို ကျနော့်အိမ်ကို ၄ နာရီ ၅၀ အရောက်ပေါ့။ အချိန်မှီရောက်ဖို့ သူငယ်ချင်းတွေအားလုံး ၁၀ မိနစ်လောက် စောထပြီး ကျနော့်အိမ်ကိုလာ အိမ်ကို အရင်ရောက်တဲ့ သူက ကျနော်ကို အိပ်ယာနိုး ရတာပေါ့။  အဲဒီအခါကြမှ ကျနော်က အိပ်ယာထ သွားတိုက် မျက်နှာသစ် အဝတ်လဲ ဟန်ကိုကျနေတာပဲ …

ဆင်တဲ ဆောင်းရဲ့ မနက်ခင်းဟာ အားကစားသမား အကြိုက်ဖြစ်သလို ညပိုင်းဟာလည်း အနုပညာ သမားတွေရဲ့ အကြိုက်ပါပဲ တီဗီရုံမှာ တီဗီကြည့်တဲ့ သူတွေ ဂစ်တာတီး သီချင်းဆိုတဲ့ သူတွေနဲ့ စည်ကားနေလို့ပေါ့။ ကျနော်တို့ က  ရုံးဝန်ထမ်း မိသားစုတွေ ဆိုတော့ အိမ်မှာ တီဗီ မရှိကြဘူး။ ရပ်ကွက်က တီဗီရုံမှာ အားလုံး သွားကြည့်ရတာပါ။ ဒီနေရာမှာ ကြတော့ ကျနော့် သူငယ်ချင်းတွေနဲ့ ကျနော် အကြိုက်ခြင်း မတူတော့ဘူး။ သူတို့က တီဗီကြည့်တာ ဝါသနာ ပါတယ်။

ကျနော်ကတော့ သီချင်းကြိုက်လို့ အစ်ကိုကြီးတွေနဲ့ ဂစ်တာတီး သချင်းဆိုတယ်။ ကျနော်တို့ သီချင်းဆိုတဲ့ နေရာက စက်ရုံမှာလာ အလုပ်လုပ်ကြတဲ့ အနယ်နယ်အရပ်ရပ်က လာသူ အမျိုးသမီးတွေ နေတဲ့ အပျိုဆောင် ရှေ့မှာပါ။ တစ်ခါတစ်လေ အဆောင်သူ အစ်မကြီးတွေက လ္ဘက်သုပ်တို့၊ ဂျင်းသုပ်တို့ ကျွေးပါတယ်။ ပျော်စရာကြီး ပေါ့ဗျာ …

တစ်ခုသော စနေနေ့ ညနေမှာတော့ ကျနော့် သူငယ်ချင်းတွေက သူတို့နဲ့ တီဗီလိုက်ကြည့် ရမယ်တဲ့ မကြည့်လို့ကတော့ မနက်ပြေးရင် မနိုးဘူးတဲ့ ရုပ်ရှင်ကားက အရမ်းကောင်းဆိုပဲ။ ဒါနဲ့ ကျနော် လိုက်သွား ခဲ့ပါတယ်။ ည ၈ နာရီမှာ သတင်းလာတော့ ခဏဆိုပြီး လစ်ထွက်လာ ခဲ့တာပေါ့။ ကျနော်က သီချင်းဆို ချင်နေတာလေ။ ကျနော့် ခြေလှမ်းတွေက အပျိုဆောင်ရှေ့ ကိုပေါ့ အဆောင်ရှေ့ ရောက်တော့ သီချင်းဆို နေလိုက်တာ သူငယ်ချင်းတွေဆီ မပြန်ဖြစ်တော့ဘူး။ သူတို့ စိတ်မဆိုးလောက် ပါဘူးလေ မနက်ကျရင် လာနိုးမှာပဲ ဆိုတဲ့ အသိနဲ့ပေါ့ …

မျက်ရည်မိုး ….. စိတ်သောကမီး ….. ဒုက္ခများ ….. ငြိမ်းစေပြီး ….. ကံကောင်းခြင်းတွေ ကိုလည်း ….. ယူပါမေ ….. ဒါကိုယ့်ရဲ့ ….. လက်ဆောင်ပဲဟေ့ ….

ကျနော် ဆိုနေကြ သီချင်းလေးပေါ့။ သီချင်းဆိုပြီး ချိန်မှာပဲ အဆောင်သူ တစ်ယောက်က “ကံကောင်းခြင်းတွေ ပေးနေတဲ့သူ လာပါဦးတဲ့ …” ထုံစံအတိုင်း လ္ဘက်သုပ် ဒါမှမဟုတ် ဂျင်းသုပ်တော့ စားရတော့မယ် ဆိုတဲ့ အတွေးနဲ့ ကျနော် ထသွားခဲ့ပါတယ်။ အားးးပါးးး ကျနော် ဘာဖြစ်သွားတယ် ဆိုတာ မသိလိုက်ဘူး။ ဒူးတွေတုန် မျက်လုံးတွေပြူး အားတွေခြောက် ပြီး ရေဆာလာသလိုပဲ။ ခင်မောင်တိုး ရဲ့ မဟာဆန်သူ ဆိုတာ သူကိုပြောတာလို့ ထင်မိတယ်။

ကြော်ငြာ ဝင်တယ်လို့တော့ မထင်လိုက်ပါနဲ့ သူ ဆိုတာ အသားက ညိုချော မျက်လုံးဝိုင်းဝိုင်း မျက်ခုံးကွေးကွေးလေး က ထင်းပြီး နှာတံစင်းနေတာက တကယ့် အလှပါ မျက်တောင် ရှည်ပြီးကော့ နေတာကလည်း မီးရောင် မိန်မိန်အောက်မှာတောင် မြင်ရတယ်။ မပွင့်တပွင့် နှုတ်ခမ်းတစ်စုံ ကလည်း ရင်ခုန်စေလေတော့ … တော်တော် လှတယ်ဗျာ။ တကယ်ပါ အရင်က လုံးဝ မတွေ့ဖူးဘူး။ ကျနော်ထက် အသက်ကြီးလှ ၃ နှစ်လောက် ဆိုတော့ စက်ရုံမှာ အလုပ်လုပ်တာ မဖြစ်နိုင်ဘူး။ ဒီနယ်မှာလည်း မမြင်ဖူးဘူး။ ဘယ်သူလဲ ဆိုတာ မသိပေမယ့် မဟာဆန်သူ လို့ပဲ ရင်ထဲက ခေါ်လိုက်မိတယ်။ အသက်မကြီးသေးပေမယ့် တည်ငြိမ်ပုံက အပျိုကြီး စတိုင်နဲ့ …

“ရှင်လား ကံကောင်းခြင်း လက်ဆောင် ဆိုတာ”
“အင်း”
“ရော့ ရှင့်အတွက်”
“ဟင် စားစရာလား လို့ ရေပဲလား”
“ရေ ဆိုလို့ အထင်မသေးနဲ့ အဲဒါ ရေသန့်” ကျနော် ဘာမှ မပြောပဲ ယူသောက်လိုက် ပါတယ်။ အဲဒီချိန်မှာ သူကဆက်ပြောတယ် …
“လူ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုတာ ရေ နေ့တိုင်း သောက်ရတယ် အဲဒီလိုပဲ လူ့ဘဝမှာ မလုပ်မဖြစ် လုပ်ရမှာက တရား နေ့တိုင်း လုပ်ရမယ်” တဲ့ …

ကျနော်တွေဝေ သွားခဲ့တယ်။ သီချင်းအားပေးပြီး မုန့်ကျွေးမယ်ထင်တာ ခေါ်ပြီး တရား ဟောနေသလိုပဲ။ သူပြောတာ ကျနော် နားမလည်ပေမယ့် သူ့ပုံစံလေးက ကြည့်ကောင်းလို့ ယောင်ယမ်းပြီး ခေါင်းငြိမ့် လိုက်မိတယ်။ ဒါကို သူက အဟုတ်ထင်ပြီး
“အဲဒါ ကျမရဲ့ လက်ဆောင် ရှင့်အတွက်”
“ကျနော်က ခုမှ ကျောင်းသားပဲ ရှိသေးတာ တရားလုပ်ရမယ့် အရွယ်မှ မဟုတ်တာ”
“အရွယ်မရွေး ရေသောက်တာပဲ အဲ့ဒီတော့ အရွယ်မရွေး တရား လုပ်ရမယ်လို့ ကျမရဲ့ အဖေ ပြောဘူးတယ်”
သြော် သူသိလို့ ပြောတယ်မှတ်တယ် သူအဖေပြောတာ ပြန်ပြောပြ နေတာပဲ။ ကျေးဇူးပဲ လို့ပြောပြီး ကျနော် ပြန်လာခဲ့တယ်။ နောက်ထပ် ကျနော် မသိတာတွေ ထပ်ပြောနေရင် ခက်ဦးမယ် …

အဲဒီည သီချင်းဆက်မဆို ဖြစ်တော့ဘူး။ မနက်ထပြေးရဦးမယ်လေ အိမ်ရောက်တော့ ၉ နာရီခွဲ လောက်ရှိပြီ။ စောစောအိပ်မယ်ဆိုမှ မဟာဆန်သူရဲ့ ပုံရိပ်က မျက်လုံးမှိတ်လဲ မြင်နေလို့ ပြုံးမိသေးတယ်။ သူရဲ့စကားသံ လည်း ကြားနေမိ သေးတယ်။ “ရေတဲ့ တရားတဲ့ ကံကောင်းခြင်း လက်ဆောင်တဲ့” ဘာမှန်းမသိပေမယ့် တော်တော် ဆရာမကြီး လုပ်တဲ့ မဟာဆန်သူ …

……………….@@@………………………….

“ဟေ့ကောင် ထတော့ မနက်ရောက်ပြီ”
ကျနော် အိပ်ပျော်သွားလိုက်တာ အိမ်မက်ထဲမှာတောင် မဟာဆန်သူ နဲ့ စကားတွေ ပြောလို့၊ ကျနော့် သူငယ်ချင်းတွေက တော်တော် ဝိရိယ ကောင်းတယ်။ ညတုန်းကလည်း ညည့်နက်တဲ့အထိ တီဗီကြည့်ထားတာ ဒါတောင် အစောကြီး နိုးတယ်။ ကျနော်လည်း အိပ်ချင်မူးတူးနဲ့ ထ မျက်နှာသစ်၊ သွားတိုက် ပြေးဖို့ အဝတ်လဲပြီး ကမန်းကတန်း အိမ်ကနေ ထွက်ခဲ့ပါတယ်။ အပြင်ရောက်တော့ တစ်ယောက်မှ မတွေ့ဘူး။ ဒီကောင်တွေ ဘယ်ရောက် သွားတာလဲ လူမစုံသေးလို့လားပေါ့ … တွေ့ပါပြီ အားလုံး ညတုန်းက အဝတ်အစားတွေနဲ့ ကျနော်ကို ဝိုင်းဟားနေလိုက် ကြတာ။ ကျနော် ကြောင်တောင်တောင် ဖြစ်နေတုန်း တစ်ယောက်က မနေနိုင်လို့ နာရီကိုကြည့်ဦးတဲ့ နာရီကို ကြည့်လိုက်တော့ …

ကျနော် လိုက်ထိုးမှာ စိုးလို့ အားလုံးထွက်ပြေး သွားကြပြီ။ ကျနော် လိုက်မထိုးနိုင် ခဲ့ပါ သူများကို အားကိုး ယုံကြည်မိတာကိုက ကျနော် အမှားပဲလေ။ ခပ်တည်တည်နဲ့ တစ်ယောက်တည်း ပြေးဖို့ ကလည်း မဖြစ်နိုင် ငိုင်တိုင်တိုင်နဲ့ အဝတ်အစား ပြန်လဲပြီး အိပ်ယာထဲ ပြန်ဝင်ခဲ့ရတယ်။ အဲဒီနောက် ကျနော် ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။ ကိုယ်အားကိုယ် ကိုးမယ် ယုံကြည်ရပြီး ကျနော် ထချင်တဲ့အချိန် နိုးပေးမယ့် ဘဝအဖော် ရအောင် ရှာမယ် ဆိုပြီးတော့ပေါ့။ မဆီမဆိုင် မဟာဆန်သူရဲ့ မျက်နှာလဲ ပေါ်လာသေး …

ရှက်ရှက်နဲ့ ပြောရဦးမယ်။ သူတို့တွေ ကျနော်ကို လာနိုးတာက တီဗီကြည့်ပြီး ပြန်လာတဲ့ အချိန်ဗျ။ ည ၁၁ နာရီခွဲ လောက်။ တော်တော် ဆိုးတဲ့ ကောင်တွေ …

အတိတ်စားကြက် ဆင်တဲ ရောက်နေတဲ့ အတွေးစိတ်ကို လက်တွေ့ဘဝထဲ ပြန်ခေါ် လိုက်ပါတယ်။ ညည့်နက်နေပြီပဲ မနက်အလုပ်သွားဖို့ အိပ်ယာ ထရဦးမယ်။ ငယ်ငယ်တုန်းကလိုတော့ မဟုတ်တော့ ဘူးလေ။ မဟာဆန်သူ ပြောတဲ့ စကားတွေကိုလည်း နာလည်နေပြီ။ ဒါကြောင့် ရေသန့် ဆိုတဲ့ နာမည်နဲ့ တရားကဗျာတွေ ရေးနေမိတယ်။ ယုံကြည်ရတဲ့ ဘဝအဖော်လည်း ရှိပြီဆိုတော့ မနက်အိပ်ယာထ မပူရတော့ ဘူးလေ …

ကဲ … … ဆင်တဲ ဝိုင်တော်သားများနဲ့ အလည်လာတဲ့ မိတ်ဆွေတို့ … ကျနော် ဘဝအဖော်ကို ခန့်မှန်း ကြည့်ကြပါဦး။ သိများသိနေမလားလို့ … ဘဝအဖော်ဆိုတဲ့ နာမည်နဲ့ ကဗျာတစ်ပုဒ် ရေးနေပါတယ်။ ကျေးဇူးတင်လို့ပါ။ သူက အခု ကျနော့် အိပ်ယာပေါ်မှာလေ ကျနော် ကျေးဇူးတင်နေတာ သူ သိ မှ သိ ပါ လေ စ … … ..

(ဘဝအဖော် ကဗျာ မကြာမီ မျှော်)

စာကြွင်း …
ကျနော့် ရဲ့ ဘဝအဖော် ကို မှန်အောင်ခန့်မှန်းနိုင်ရင် ရေသန့် နှစ်ဘူး ( နှာ ဘူးမဟုတ်ပါ ) ဆုချမည် ဖြစ်ပါကြောင်း …

ဇရာ


ရွာတော့မယ့် မိုးတိမ်လို
တလိမ့်လိမ့် ၊ တသိမ့်သိမ့် …
စီးဆင်းဆဲ ရေတံခွန်လို
တဝေါဝေါ ၊ တသောသော …
လောင်ကျွမ်းဆဲ တောမီးလို
တမြေ့မြေ့ ၊ တရွေ့ရွေ့ …
လောက်အုံတဲ့ အပုတ်ကောင်လို
တရွရွ ၊ တမွမွ …

ချိန်ခါမလပ် တရစပ်
ရုပ်နာမ်ခန္စာတွေ ပြိုနေပုံက
တလိမ့်လိမ့် ၊ တသိမ့်သိမ့်
တဝေါဝေါ ၊ တသောသော …
နုပျိုခြင်းတွေ ပြိုနေပုံက
တမြေ့မြေ့ ၊ တရွေ့ရွေ့
တရွရွ ၊ တမွမွ နဲ့

သြော် …
ကျနော် …
လူ ပြို ကြီး ပါလား …

ဒီ တရားကဗျာလေးကို မွေးဖွားရေးသားသူက ရေသန့် လို့ခေါ်ပါတယ်။ အနှစ်သာရ ရှိလှတဲ့ တရားကဗျာလေး နှင့်အတူ မိတ်ဆက်လိုက်ပါတယ်။
ကျွန်တော်တို့ ဆင်တဲကဖေး ဆိုဒ်ကလေးနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ တွေ့ဖြစ်ခဲ့ကြတဲ့ ဆင်တဲသား တစ်ယောက်ပါခင်ဗျာ။

Edit on 5.June.10 by ပေါ့ဆိမ့် >>> ဒီပို့စ်လေး တင်ခဲ့စဉ် အချိန်က ရေသန့် ဟာ ဆင်တဲကဖေး ရဲ့ မိတ်ဆွေ ဧည့်သည် တစ်ယောက် ဖြစ်ပါတယ်။ ယ္ခုတော့ ရေသန့် ဟာ ဆင်တဲကဖေး ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့ ပါပြီ။ သူရဲ့ ဒီ ပို့စ်လေးဟာ သူရဲ့ ရေသန့် ထဲမှာပဲ ရှိသင့်လို့ ကျွန်တော် လွဲပြောင်းပေး လိုက်ပါတယ်။

Page 6 of 6« First...23456