Author Archive
မွေးနေ့
မွေးနေ့အကြောင်း ပြောမယ်ဆိုရင် လူတွေရဲ့ အတွေး၊ အမြင် သဘောထား တို့သည် အမျိုးမျိုးအဖုံဖုံ တူညီနိုင်ကြလိပ်မည် မဟုတ်ပေ။ လူတဦးချင်းစီ မွေးဖွားလာခဲ့သော ခေတ်စနစ် ၀န်းကျင်မတူညီသလို ဖြတ်သန်းကြီးပြင်းလာခဲ့ရသည့် ဘ၀ချင်းကလည်း မတူညီနိုင်ပါ။ တချို့က မွေးနေ့ကို ပျော်ရွှင်စရာဟုယူဆသလို တချို့ကတော့ သေခြင်းတရားနှင့် ပိုမို၍နီးကပ်လာသည်ဟု ယူဆကြပေသည်။ တချို့က မွေးနေ့ကို ဂရုမပြု လျစ်လျူရှုထားကြပြီး တချို့ကတော့ တကယ့်ကို လေးလေးနက်နက် နှစ်သက်မြတ်နိုး တန်ဖိုးထားတတ်ကြလေသည်။
ကျနော် ဖြတ်သန်းခဲ့ဖူးတဲ့ ဘ၀အချိန်တခုအတွင်းမှာ မွေးနေ့တွေတောင် တော်တော်များခဲ့ပြီပဲ။ မကြာခင်ရက်ပိုင်းမှာပဲ ကျနော့်အတွက် မွေးနေ့ဆိုတဲ့ နေ့တနေ့ ရောက်လာတော့မယ်။ သူများတကာတွေလို ကိက်မုန့်တွေပေါ်မှာ ဖယောင်းတိုင်တွေ မီးထွန်းကျ၊ ခင်မင်သူ မိတ်ဆွေတွေနဲ့ {“ Happy Birthday… ♪♬ ♪”} သီချင်းတွေ အတူတူဆိုပြီး ကိတ်မုန့်ကို ဓားနဲ့လှီးပြီး လိုက်ခွံကျွေးကြနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့မျိုး ကျနော့်ဘ၀မှာ တခါမှမလုပ်ဖူးခဲ့ပါဘူး။ ဒီလို မွေးနေ့ပွဲ ဆိုတာမျိုးကလည်း သိုးဆောင်းယဉ်ကျေးမှု တခုဆီကနေ မြန်မာတွေအတုခိုးပြီး လိုက်လို့ကြတယ်လို့ ကျနော်ထင်တယ်လေ။
အဖေနဲ့အမေရဲ့ ဒိုင်ယာရီစာအုပ်အဟောင်းလေးထဲမှာ “ သားလေးမွေးနေ့ “ ဆိုပြီး မြန်မာ/အင်္ဂလိပ် ခုနှစ် သက္ကရာဇ် နဲ့တကွ ရက်စွဲ၊ နာရီ၊ မိနစ်တွေပါ ထည့်ပြီး မှတ်ထားတဲ့စာသားလေးကို ဖတ်မိတော့ ကျနော့်ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ အဖေနဲ့အမေကို အရမ်းကိုကျေးဇူး တင်မိပါတော့တယ်။ ၀မ်းနည်းသလိုမျိုး လည်းခံစားလိုက်ရပါတယ်။ ကျနော်မွေးခဲ့တဲ့ အချိန်မှာ နောင်ငါ့သားလေးကြီးလာရင် သူ့မွေးနေ့ကို အတိအကျသိရအောင် ဆိုတဲ့မေတ္တာ၊စေတနာတွေ ယိုဖိတ်တဲ့စိတ်တွေနဲ့ ရေးမှတ်ခဲ့တာနေမှာပေါ့။ ဒီ” သားလေးမွေးနေ့ “ ဆိုတဲ့စာကြောင်းလေး တကြောင်းအတွက်နဲ့ပဲ ၀ါကျင်ကျင် ဒိုင်ယာရီစာအုပ် အဟောင်းလေးဟာလည်း ကျနော့်ဘ၀ အတွက် အဖိုးတန်ပစ္စည်း တခုဖြစ်ခဲ့ပါတယ်။
လူ့ဘ၀ထဲကို စရောက်ခဲ့တဲ့နေ့ကပေါ့…။ ပူနွေးတဲ့ အမေ့ဝမ်းထဲကနေ ပြင်ပကအေးတဲ့ လေထုနဲ့တွေ့တော့ ကျနော် လန့်ပြီးအပြင်းအထန် ငိုခဲ့မှာပဲ။ ခြေလက်တွေကိုလည်း အပြင်းအထန် လှုပ်ရှားပြီး “ လောကဒဏ်ဆိုတာကို ငါမမှု၊ အံတုမဲ့ လူသား ” ဆိုပြီးကျနော် ခြေကာယားလက်ကားယားနဲ့ လောကကြီးကိုစိန်ခေါ်ခဲ့ မှာပဲ။ သတ္တလောကကြီးကတော့ ပြုံးပြုံးကြီးလက်ပိုက်ပြီး ကျနော်ကိုသနားစရာ သတ္တ၀ါတကောင်အဖြစ်နဲ့ ကြည့်နေလိမ့်မယ်။ လူလောကထဲကို ၀င်ခဲ့ရတာ ပျော်ရွှင်လွန်းလို့ ငိုခဲ့ရတာလား၊ ကြောက်ရွှံစိုးထိတ်လွန်းလို့ ငိုခဲ့ရတာလားဆိုတာ မစဉ်းစားတတ်ပါဘူး။
စဉ်းစား တတ်တဲ့အရွယ်ကစပြီး မွေးနေ့ဆိုတာကျနော့်အတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တနေ့လို့ မယူဆခဲ့ပါဘူး။ ယူတတ်ခဲ့မယ်ဆိုရင် ယူစရာက သံဝေဂပါ။ ကြည့်….မနှစ်က မွေးနေ့ထက်စာရင် ဒီနှစ်မွေးနေ့မှာ ကျနော်သေဖို့က တနှစ်နီးကပ်ခဲ့ ပြီမဟုတ်လား။ လူ့ဘ၀ဆိုတာ မွေးနေ့နဲ့ သေတဲ့နေ့ကြားထဲက အချိန်အပိုင်းအခြားလေးတခုပါပဲ။ ကိုယ်မွေးတဲ့မွေးနေ့ကို လူတိုင်းသိနိုင်ပေမဲ့ ကိုယ်သေမဲ့နေ့ကိုတော့ လူတိုင်းမသိနိုင်ကြဘူးလေ။ တချို့ဆို သေသာသေသွားတယ်။ ကိုယ့် မွေးတဲ့မွေးနေ့လေးကိုတောင်မှ သေချာအတိအကျ မသိလိုက်ကြသူတွေ အများကြီး။
ကျနော်ကြားဖူးတာ တစ်ခုရှိတယ်။ လူတွေဟာ ကိန်းဂဏန်း တွေရဲ့ စိုးမိုးခြင်းကိုခံရသတဲ့။ ဘယ်လောက်ပဲကိန်းဂဏန်းတွေနဲ့ ကင်းရှင်းတဲ့သူတွေ ဖြစ်ပါစေ။ ဒီလူဟာ မွေးနေ့/မွေးရက်/မွေးသက္ကရာဇ် ဆိုတဲ့ကိန်းဂဏာန်းရဲ့ စိုးမိုးခြင်းကိုခံရတာပဲလေ။ အဲဒီလိုပဲ မနက်(၉)နာရီ ရုံးတက်ရမဲ့လူတယောက်ဟာ (၉) ဆိုတဲ့ ဂဏာန်းရဲ့ စိုးမိုးခြင်းကို ခံရပြီး(၉)နာရီမတိုင်မီ ရုံးကိုအရောက်သွားရမှာပဲ။ (To To ကစားတဲ့သူတွေဆိုရင် ကိန်းဂဏန်းတွေရဲ့စိုးမိုးခြင်းကို ပိုပြီးခံရမယ်ထင်တယ်)။
ကိန်းဂဏာန်းတွေရဲ့ စိုးမိုးခြင်းကြောင့် တခါတရံမှာ ကျနော်တို့တွေ မလုပ်ချင်တဲ့အလုပ်တွေကိုလည်း လုပ်ကြရလိပ်မယ်/လုပ်ချင်တဲ့ အလုပ်တွေကိုလဲ မလုပ်နိုင်ကြသေးဘူး။ ( ဥပမာ ။ ။ ကျနော်အသက်(၅) နှစ်ပြည့်တော့ ကျောင်းစတက်ရတယ်။ ကျနော်ကျောင်းမတက်ချင်ဘူး။ ဒါပေမဲ့ (၅)ဆိုတဲ့ ဂဏန်းကကျနော်ကို စိုးမိုးလိုက်လို့ ကျနော်ကျောင်း တက်ခဲ့ရတာပေါ့။ အဲဒီနေ့က ကျနော့်ကို ကျောင်းသွားအပ်မယ်ဆိုတာ လူကြီးတွေပြောသံကြားလို့ ကျနော်ကြိုသိ နေခဲ့တယ်လေ။ အမေ သနပ်ခါးလိမ်း၊ ခေါင်းဖီးလုပ်နေတုန်း အချိန်မှာ ကျနော်အိမ်အောက်ကို ၀င်ပုန်းနေခဲ့တာကို ခုထိမှတ်မိနေပါသေးတယ်။ ခုအရွယ်ရောက်လာတော့လဲ လက်ထဲမှာ (၁၀၀) လောက်စုမိရင် ကျနော်အိမ်ထောင်ပြုဖို့ စဉ်းစားတယ်။ ဒါပေမဲ့ (၁၀၀)ဆိုတဲ့ ကိန်းဂဏန်းတခုရဲ့ စိုးမိုးခြင်းကြောင့် ကျနော်ဖြစ်ချင်တာတွေ မဖြစ်နိုင်သေးဘူးလေး)။
ကျနော်ဆိုတဲ့ကောင်ကလည်း အသက်(၁ဂ)နှစ်လောက်ကတည်း ကမိဘတွေအိမ်မှာ နေတယ်ရယ်မရှိဘူး လျှောက်သွားနေတဲ့ကောင် / ” မဟာဇနကမင်းသားတောင် မိခင်ဖြစ်သူ တားမြစ်နေတဲ့ စကားကိုနားထောင်ပြီး သမုဒ္ဒရာကိုရွက်မလွှင့်ခဲ့ဖူးဆိုရင် မိထိလာပြည်ကြီးမှာ ဘယ်လိုလုပ် ရှင်ဘုရင်ဖြစ်လာမလဲ ” ဆိုတဲ့ ကိုယ်ထင်ရာကိုယ်တွေးတတ်တဲ့ အတွေးအခေါ်တွေနဲ့ကိုယ်ဖြစ်ချင်တဲ့ ဥပဒေတွေ ကိုယ့်ဘာသာရေးဆွဲပြဌာန်းလို့ ကိုယ့်ကိုကိုယ် မှန်နေတယ်လို့ထင်မှတ်နေတဲ့ကောင် / (၁)နှစ်တခါ၊ (၂)နှစ်တခါ ဆိုသမျိုးသာအမေ့အိမ်ကို ပြန်တတ်ခဲ့တဲ့ကောင် /ဘရာဇီးလ်၊ အင်္ဂလန်… စတဲ့အသင်းကြီးတွေနဲ့ အုပ်စုအတူကျပြီး မမြဲအုပ်စုကျပ်နေတတ်တဲ့ကောင် / တယောက် တည်း တောင် ဟိုဘက်နည်းနည်းတိုးပါဦး ဆိုပြီး ဖြစ်နေတတ်တဲ့ကောင်။ မွေးနေ့ရောက်တိုင်း အမေ့ဆီကို ဖုန်းလေးပဲဆက်နိုင်ပြီး ခြေဆုပ်လက်နယ် မပြုစုပေးနိုင်ခဲ့တဲ့ကောင်…။
အဖေနဲ့အမေ မင်္ဂလာဆောင်ခဲ့တာက ၁၉၇၄ ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့လေ။ နှစ်စဉ်နှစ်တိုင်းမွေးနေ့ တွေကို သာမန်ပဲဖြတ်သန်းခဲ့ဖူးတဲ့ ကျနော်ဟာ ဒီနှစ်မွေးနေ့အတွက်တော့ ထူးထူးခြားခြားတခုကို ပြုနိုင်ခဲ့ပါတယ်။ အဖေနဲ့အမေတို့ရဲ့ (၃၆) နှစ်ပြည့် မင်္ဂလာရက်မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မကြာခင်ရက်ပိုင်းမှာ ကျရောက်တော့မယ့် ကျနော်မွေးနေ့အတွက် ကုသိုလ်ကောင်းမှုပြုတဲ့အနေနဲ့ရော ဖေဖော်ဝါရီလထဲမှာရတဲ့ ပိတ်ရက်ရှည်တခုမှာ ဒုလ္လဘရဟန်းဝတ်ဖြစ်ခဲ့ပါတယ်။ (သြော်….မကြာခင်နှစ်ပိုင်းတွေဆိုရင် သိဒ္ဓတ္ထမင်းသား ထီးနန်းစည်းစိမ်ကိုစွန့်ပြီး တောထွက်ခဲ့တဲ့အရွယ်ကိုတောင် ရောက်တော့မှာပါလား….)။
ဗုဒ္ဓ၀ိဟာရကျောင်းတိုက်က ခဏ္ဍသိမ်တော်မှာ ကမ္မ၀ါဖတ်ပြီး ငြိမ်းချမ်းအေး ဓမ္မရိပ်သာမှာ ကျနော် ရဟန်းဝတ်ဖြစ်ခဲ့ပါတယ်။ အားလုံးပေါင်း ဒုလ္လဘရဟန်းတော် (၃၈) ပါးရှိပါတယ်။ အသက် (၂၀) ကျော်ပြီးကတည်းက တခါမှရဟန်းမ၀တ်ဘူးသေးတဲ့ ကျနော့်အတွက်ကတော့ ထူးထူးခြားခြားအတွေ့အကြုံတခုပေါ့။ မနက်(၄)နာရီ အိပ်ယာကထပြီး (၅) နာရီမှာ ဘုရားရှိခိုး၊ တရားထိုင်/ မနက်(၆)နာရီခွဲမှာ အာရုံဆွမ်းစားရပါတယ်။ (၈)နာရီကနေ (၉)နာရီတရားထိုင် (တနာရီနား….တနာရီတရားထိုင်)နဲ့ ည(၉)နာရီမှာ တရားအလုပ်တွေ အားလုံးပြီးစီးပါတယ်။ ပိတ်ရက်ရှည် တခုဖြစ်တဲ့အတွက် မြန်မာအများစုက ဆွမ်းကျွေးတရားနာတွေ ပင့်လိုဆရာတော်လည်း ကျောင်းမှာသိပ်နေရတယ် လို့မရှိပါဘူး။
ဆရာတော် အပြင်ကို ကြွတဲ့အချိန်မျိုးတွေဆို ဒုလ္လဘရဟန်းတွေ တရားမထိုင်ရပါဘူး။ ကိုယ်တော်တွေကလည်း လူ့ဘ၀ကနေ ဒုလ္လဘရဟန်းအဖြစ် ခဏတာလာဝတ်ကြတာဆိုတော့ လူစိတ်ကလည်းတချို့သိပ်မပျောက် ကြဘူး။ ကိုယ်တော်တွေရဲ့ ဘွဲ့တော်တော်ကို တပါးချင်း မမှတ်နိုင်ပေမဲ့  တရားဖြုတ်ပြီးတာနဲ့ ရတဲ့အချိန်တနာရီမှာ အမြဲကျိန်းတဲ့ကိုယ်တော်ဆိုရင် ” ကျိန်းကိုယ်တော် “၊ Talking အရမ်းများတဲ့ ကိုယ်တော်ဆိုရင် ” ပွါးကိုယ်တော်”၊ ဆရာတော်ရဲ့ ရေခဲသေတ္တာထဲမှာ ဘာသောက်စရာရှိလဲလို့အမြဲသွားသွား ချောင်းတဲ့ကိုယ်တော်ဆိုရင် ” ချောင်းကိုယ်တော် “၊ ဗွီဒီယိုသရုပ်ဆောင် ” နိုင်လူ ” တဲ့ တူတဲ့သူကို ” ကိုယ်တော်နိုင်လူ “၊ လူ့ဘ၀တုန်းက စိုင်းစိုင်းခမ်းလှိုင် အရမ်းကြိုက်တဲ့ ကိုယ်တော်ဆို ရင် ” ကိုယ်တော်..စိုင်းစိုင်း ” စသည့်ဖြင့်နာမည် အသီးသီးရှိကြပါတယ်။
တခါတော့ ဆရာတော်လည်းဘယ်မှ ကြွစရာမရှိလို့ ကိုယ်တော်တွေ တရားထိုင်ပြီး နာရီဝက်အကြာမှာ တရားထိုင်ဖို့ထပ်ပြီးခေါ်လိုက်ပါတယ်။ ကိုယ်တော်..စိုင်းစိုင်းလည်း ကျိန်းနေတာဆိုတော့ ဘေးနားကကိုယ်တော်က ‘ ကိုယ်တော် ထ..ထ၊ တရားထိုင်ရအောင်လို့ ‘ နိုးတဲ့အခါ ကိုယ်တော်စိုင်းစိုင်းလည်း အိပ်ချင်မူးတူးနဲ့ ထလာပြီး နံရံကနာရီကို မော့ကြည့်လိုက်ပါတယ်၊ပြီးတော့ ‘ ဟင်.ခုနကလေးပဲ ထိုင်ပြီးတယ်၊ ခုထိုင်ရပြန်ပြီ၊ တခုခုတော့လွဲနေပြီ ‘ တရားတွေက တအားပြင်းတယ်၊ဒီမှာ ကိုယ်တော်တပါးတောင် ဖျားနေပြီ ‘ ဆိုပြီးပြောပါတယ်။ဘေးနားက ကိုယ်တော်လည်း ..အဲဒီအကြောင်းကို ခဏခဏ ပြန်ပြောပြီးရယ်လိုက်တာ….။ ကိုယ်တော်…စိုင်းစိုင်းလည်း ကိုယ်တော်(၃၈)ပါးထဲမှာ မသိသူမရှိ၊ တမုဟုတ်ချင်း နာမည်ကြီးသွားပါတယ်။ တကယ်တော့ ဖျားတဲ့ကိုယ်တော်က မနက်စာ အာရုံဆွမ်းမှာ အုန်းနို့ခေါက်ဆွဲဘုန်းပေးမိလို့ သွေးတိုးပြီးဖျားနေတာပါ ..တရားတွေပြင်းလို့ မဟုတ်ပါဘူး။ ကိုယ်တော်..စိုင်းစိုင်းတို့က နာမည်ကြီးချင်တော့ အဲလိုမျိုး…။
ဒုလ္လဘရဟန်း (၃၈)ပါးထဲမှာ နောက်ထူးခြားတဲ့ ကိုယ်တော်တယောက်ရဲ့ဖြစ်စဉ်က ဒီလိုပါ။ သူ့အသက်က (၂၂)နှစ်၊ မျက်ခုံး၊ မျက်လုံး ကောင်းကောင်းနဲ့။ သူ ကလယ်ဝေး..ပျဉ်းမနားသား ။ သူနဲ့အလုပ်အ တူ တွဲလုပ်ရတာက မော်လမြိုင်ဘက်က မွတ်ဆလင်ကောင်မလေးတယောက်၊ သူ့အပြောတော့ ခပ်ချောချော ပြောတာပဲ။ ဒီကုလားမလေးက ဆက်ဆံရေး သိပ်မကောင်းလို့ အလုပ်အတူတွဲလုပ်ရတဲ့ မြန်မာတွေက တယောက်မှသူ့ကို စကားမပြော ကြဘူးတဲ့။ ဒီကိုယ်တော်လည်း ကုလားမလေးကို သနားမိပြီး ကူညီခဲ့တာကစလို့ နောက်ဆုံးကုလားမလေးနဲ့ Living Together အဆင့်ကိုရောက်လာတယ်။ ဒီကုလားမကလည်း ကျနော်တို့ကိုယ်တော်လေးကို သူတို့ဘာသာထဲကို ၀င်ဖို့အမြဲပြောပါတယ်တဲ့၊ သူရဲ့ ခြေထောက်တွေကို နမ်းပြီးတော့ကို သူတို့မွတ်ဆလင်ဘာသာထဲကို ၀င်ဖို့ပြောပါတယ်တဲ့။ ဒီကိုယ်တော်လည်း တွေဝေနေပြီး ကျနော် ဘုရားမရှိခိုးဖြစ်တာ (၃)လကျော်တယ်။
ခုမှ နောင်တရလို့ ရဟန်းလာဝတ်တာပါတဲ့။ ကုလားမလေးကလည်း မြန်မာပြည်ကို ခွင့်ပြန်သွားနေတယ်တဲ့ ကျနော်တို့ကိုယ်တော်လေးးကိုလည်း အမျိုးမျိုးပြုစုပေးတယ်ဆိုပဲ။ (ဒါတွေက လူထွက်ပြီးမှ ဖုန်းနဲ့ ပြောတဲ့စကားတွေပါ)။ ဒါနဲ့ကျနော်လည်း ဆရာတော် အရှင်ဝီရသူရဲ့ ဒို့ဗမာဘယ်လဲ DVD တရားခွေ (၁)ခွေ နားထောင်ဖို့ပေးလိုက်တာကစလိုပ သူနဲ့ကျနော်နဲ့ ညီအစ်ကိုအရင်းလို့ ရင်းနှီးခဲ့ကြတယ်။ ခု ကုလားမလေးက ပြန်ရောက်လာတော့မယ်။ သူ့ကတော့ ကျနော့်ကိုပြောတယ်…အစ်ကို ကျနော့်ကိုစိတ်ချပါတဲ့..ကျနော်ဘ၀မှာတခါပဲ အမှားခံနိုင်ပါမယ်တဲ့။ ဒီကုလားမပြန်လာရင် လိုအပ်ရင်ငါလည်း လာခဲ့မယ်လို့ ကျနော်ပြောထားပါတယ်။ ကောင်လေး ကြည့်ရတာလည်း အေးအေးဆေးဆေး ပုံစံမျိုးပါ။ ကုလားမကတော့ တော်တော်လည်ဆိုပဲ။ လည်ဆို.. နောက်မှသိရတာက ကုလားမက တခုလပ်ကိုး..။ကိုယ်ဘာသာ ၊ကိုယ်လူမျိုးကို အစွမ်းကုန် ကာကွယ်ရမဲ့ တာဝန် ကျနော်တို့မှာအများကြီးရှိပါတယ်။ နောင်မှ အလျဉ်းသင့်ရင် ကျနော် တပုဒ်လောက် ရေးပါဦးမယ်….။
| ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်(၅)သွယ် |
ဆိုတဲ့ သားသမီးကျင့်ဝတ်ထဲက စောင့်လေမျိုးနွယ် ဆိုတဲ့ ကျင့်ဝတ်ကို မလိုက်နာနိုင်ခဲ့ရင် အရှေ့က ၀တ်(၄)သွယ်ကိုလည်း ဘယ်လိုမှကျင့်နိုင်မှာမဟုတ်ပါဘူး။ စာပိုဒ်တွေလည်း တော်တော် ရှည်သွားပါပြီ။ ခါတိုင်းတော့ ကျနော်မှာ မွေးနေ့စီမံချက် ဆိုတာ မရှိခဲ့ပါဘူး။ ဒီနှစ်ကစလို့ ကျနော် မသေရလို့နေရသေးရင် နောင်နှစ်ငါ့မွေး… နေ့မှာဘာလုပ်မယ်ဆိုတဲ့ စီမံချက်တွေရှိလာပါတယ်၊ ဟုတ်တယ်..နောက်နှစ်ကျနော်မွေး နေ့ကျရင် မြန်မာပြည်က မိဘမဲ့ဂေဟာတခုမှာ ကျနော်အလှူလုပ်နိုင်အောင် ကြိုးစားမယ်။ ကျနော်ရဲ့ လူ့ဘ၀သို့ရောက်ရှိခြင်းဟာ…အဓိပ္ပါယ်ရှိသော ရောက်ရှိခြင်းဖြစ်ဖို့ အတွက် ကျနော် ဒီထက်ပိုပြီး ကြိုးစားအားထုတ်နေထိုင် ကျင့်ကြံရမယ် ဆိုတာ ကျနော်ကိုယ်ကျနော် သိနေပါတော့တယ်…။
**ပုံလေးကို ပေါ့ဆိမ့် edit လုပ်ပေးပါတယ်။**
ပြည်မြို့၌ KTV၊ မာဆတ်ခန်းများ များပြားလာ
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်၌ Beauty saloon အမည်ခံ အနှိပ်ခန်း (မာဆတ်ခန်း) များ၊ KTV ခန်းများ၊ ပြည့်တန်ဆာနေအိမ်များ တစစဖြင့်
များပြားလာနေ ကြောင်း ပြည်မြို့ခံတို့က ပြောသည်။ “ ပြည်မြို့အဝေးပြေးကားဂိတ်အနီး၊ မြို့သစ်ရပ်ကွက်မှာ အနှိပ်ခန်းသစ်တွေ တိုးလားတယ်။ NARCISSUS တို့၊ Sea Gull တို့၊ Princess တို့ပေါ့။ ရွှေကြည်သာတို့၊ ရွှေချယ်ရီ တို့ကပြီးခဲ့တဲ့ နှစ်တွေကတည်းက ရှိနေတာ။ အဲဒီမှာဆတ်ခန်းတွေရှေ့မှာ ဆိုင်ကယ်တွေ တ၀ီဝီ၊ မိန်းကလေးတွေ တ၀ုန်းဝုန်း တရုန်းရုန်းနဲ့ မြင်လို့တောင် မကောင်းဘူး” လို့ မြို့သစ် ရပ်ကွက်သူ တစ်ဦး ကပြောပါတယ်။
ထို့ပြင် အဆိုပါမြို့သစ်ရပ်ကွက်တွင် မိန်းကလေး(၁၀)ဦးခန့် လုပ်ကိုင်နေသည့် ပြည့်တန်ဆာ အိမ်တလုံးလည်း တိုးလာသည်ဟုသိရပါသည်။ ဘီယာစတေရှင် ပိုင်ရှင်တဦးက မူ ကာရာအိုကေနှင့် အနှိပ်ခန်းများသည် ၄င်းတို့ကဲ့သို့ တရားဝင်ဖွင့်ခွင့်မရသည့် အတွက်အခွန် မပေးရသည့် အတွက် ပိုမိုများပြားလာခြင်း ဖြစ်သည်ဟုပြောသည်။ ၄င်းက “ KTV မာဆတ်ခန်းတွေဆိုတာ တရားဝင်ဖွင့်လှစ်ခွင့်ရတာ မဟုတ်တော့ ခိုးဖွင့်ကြတယ်။ လိုင်စင်ကြေး မရှိဘူး။ အရင်းအနှီး နည်းတယ်။ အကျိုးအမြတ် များတယ်။ ဒါကြောင့် ပြည်မြို့ပေါ်မှာ ဒါတွေတိုးလာနေ တာ” ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊မြို့ပတ်လမ်းပေါ်တွင် BMP Entertainment အမည်ခံ KTV မာဆတ်ခန်းတခု ခမ်းနားစွာ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အနှိပ်ခန်း ကို သိန်း (၈၀၀) ခန့် အကုန်အကျခံ တည်ဆောက်မွမ်းမံခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောပါသည်။ ၄င်းပိုင် BMP Entertainment အနှိပ်ခန်းသို့ ကာစတန်မာ တဦးက မူးယစ်သောက်စားကာ BMP ၀န်ထမ်းတဦး ကိုပါးရိုက်မှု ဖြစ်ပွါး ရာမှ အဆိုပါ အနှိပ်ခန်း ပိတ်လိုက်ရသည်။ “အနှိပ်ခန်း ၀န်ထမ်း မိန်းကလေး လုကြရင်း စကားများ ရန်ဖြစ်ကြတာ၊ အဲဒီလိုနဲ့ အာဏာပိုင် လူကြီးချင်း စကားပြောကြပြီး ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ BMP အပါအ၀င် မာဆတ်ခန်း အကုန်ပိတ်ပစ်လိုက်တယ်။ ခုတော့ ပြန်ဖွင့်လာ လိုက်ကြတာ အရင်ထက်တောင် ပိုများလာတယ်” ဟုပြည်မြို့ခံ တစ်ဦးကပြောပါသည်။
ကိုးသောင်းရပ်ကွက် အတွင်း၌လည်း အနှိပ်ခန်း၊ KTV၊ ပြည့်တန်ဆာခန်း အများဆုံးရှိပြီး (၁၀)ခုထက် မနည်းရှိကြောင်း သိရပါသည်။ ရဲရင့်ဂျာနယ် မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဆင်တဲမှ လူငယ်လူရွယ် များ နေ့စဉ် ပြည်မြို့သို့ အကြောင်းအမျိုးမျိုး ဖြင့်သွားလာနေကြရာ အပျော်အပါး ရှောင်ရှား စေရန် ရည်ရွယ်လျှက် သတင်းအဖြစ် ဖော်ပြအပ်ပါသည်။
စိတ်ကူးများဖြင့် ဆင်တဲကို ပြန်လည်ရှာဖွေခြင်း
မြတ်စွာဘုရား ရှင် ကိုယ်တော်မြတ်ကြီး ပွင့်တော်မူပြီးနောက် ပြည်မြို့၏ တဘက်ကမ်း ဓားလွယ်ခုတ် အရပ်ရှိ ဖိုဦးတောင် ပေါ်သို့ဒေသစာရီ ကြွချီ ရောက်ရှိလာ တော်မူပြီးနောက် ပွေးဖိုး၊ပွေးမ နှစ်ကောင်အား ဗျာဒိတ်ပေးတော်မူ၏။ ပွေးဖို က ပွေးမ ထက်အရင် ဦးအောင် မြတ်စွာဘုရားရှင် ကိုဖူးမြင်ရသောကြောင့် (ဖိုဦးတောင်)ဟု ခေါ် တွင်ကြ၏။ ထို့နောက် မြတ်စွာဘုရားရှင် သည် ယခု ဆင်တဲ တည်ရှိရာ အရပ်၏ အမြင့် ဆုံးတောင်ကိုခေတ္တ ရပ်တန့်၍ ကြည့်ရှုတော်မူသောကြောင့် ( တန့်ကြည့်တောင် ) ဟုခေါ်တွင်ကြလေ၏။ မြန်မာပြည် အနှံ့အပြားသို့ မြတ်စွာဘုရားရှင် ကြွရောက်တော်မူရာ အရပ် များသည်ကား- ဓည၀တီ (မြို့ဟောင်း) ၊ဒွါရ၀တီ (သံတွဲ) ၊ထိုမှ ဖိုဦးတောင် (ပြည်)၊ ထိုမှ ဟံသာဝတီ(ပဲခူး)၊ သုဝဏ္ဏဘူမိ (သထုံ)၊ အရိမဒ္ဒနရ န္တ (ပုဂံ)၊ သုနာပရ န္တ (အ၀) တို့ဖြစ်သည်ဟု မှတ်သားရဖူး ပါသည်။
ဗဒုံမင်း၏ သားတော် အိမ်ရှေ့မင်းသည်ရခိုင်ကို အောင်မြင်တော် မူပြီးနောက် ရခိုင်မှ မဟာမြတ်မုနိ ရုပ်ပွါးတော် ကိုမ န္တလေးသို့ ပင့်ဆောင်ပူဇော်ရာ ဆင်တဲ အရပ်သို့ ရောက်လာ၏။ ထိုအရပ်တွင် ရခိုင်နိုင်အိမ်ရှေ့မင်း၏ ဆင်တပ်များတည်းခိုစခန်းချခဲ့ရာ အရပ် ဖြစ်သောကြောင့် ယခုအခါ ဆင်တဲဟု အမည်တွင်ခြင်း ဖြစ်မည်ဟုပင် မှတ်ယူရပေလိမ့်မည်။ ဆင်တဲမှ တဖန် ဧရာဝတီမြစ်ကို ဆန်၍ု မန္တလေးသို့မဟာမြတ်မုနိ ရုပ်ပွါးတော်ကို ဆက်လက်ပင့်ဆောင်ကြရာ ဆင်တဲအထက် ရွှေဘုံသာအရပ်သို့ ရောက်သော အခါရွှေဘုံသာ သားတို့၏ အသနားခံ လျှောက်ထားတောင်းပန် ချက်ကြောင့်ရုပ်ပွါးတော် တစ်ဆူစံပယ် ပူဇော်စေခဲ့ရာ ရွှေဘုံသာမုနိ ဟုပင် အမည်တွင်ခဲ့ပါသည်။
သရေခေတ္တရာ ပျူမြို့ပြနိုင်ငံအား နန်းကျောက်လူမျိုးတို့ဝင်ရောက်ဖျက်ဆီး၍ သရေခေတ္တရာ ပျက်သောအခါ ထိုမှ ပျူလူမျိုးအချို့ တို့သည် မြေသြဇာကောင်းမွန်သော ပြည်မြို့တဘက်ကမ်း ရွှေဘုံသာအရပ်သို့ ကူးပြောင်းရောက်ရှိလာ၍ ဥယျာဉ်ခြံမြေ၊လယ်ယာ လုပ်ငန်းများကို လုပ်ကိုင်ကြပေလိမ့်မည်။ ထိုမှ ဥယျာဉ်ခြံမြေများကို တိုးချဲ့လုပ်ကိုင်ရင်း ဆင်တဲမြောက်ပိုင်း တန့်ကြည့်တောင်အခြေသို့ ရောက်ရှိလာကြကာ စတင်အခြေပြု နေထိုင်ကြသည် ဟုပင်ထင်မှတ်ရပါသည်။
ဂျပန်ခေတ်တွင် ဂျပန်တို့သည် ဆင်တဲမြောက်ပိုင်းရွှေမြင်တင် ဘုရားကုန်းပေါ်တွင် စခန်းချ၍ ဆင်တဲသားများကို အလုပ်သမားများအဖြစ် ငှားရမ်းအသုံးပြုခဲ့ကြသည်ဟု အဘွားဖြစ်သူမှ ပြောပြ၍ မှတ်သားရဖူးပါသည်။ ကျနော် မွေးရပ်မြေ ဆင်တဲကား မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒေသ စာရီ ကြွရောက်တော်မူရာ အရပ် ၀န်းကျင်ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရင်ငွေ့တော်လှုံ ပေးထားတော်မူသော ရွှေဘုံသာ မုနိ ရုပ်ပွါးတော်မြတ်ကြီး ကိန်းဝပ် စံပါယ်တော်မူရာ အရပ်ဝန်းကျင်ဖြစ်ခြင်း တို့ကြောင့် ဆင်တဲသူ၊ဆင်တဲသား တို့သည် စိတ်နှလုံးအေးချမ်း ဖြူစင်ကြ၏။ ဘာသာတရား ရိုသေကိုင်းရှိုင်း၍ နူးညံ့ သိမ်မွေ့သောသူများ ဖြစ်၏။ ဆင်တဲကား မြောက်ပိုင်းတွင် တန့်ကြည့်တောင်၏ အခြေတောင်ကုန်း နိမ့်များနှင့်ဖြစ်ပြီး အလယ်ပိုင်း နှင့်တောင်ပိုင်းတွင်ကား မြေပြန့်များသာဖြစ်သည်။
လွတ်လပ်ရေးရပြီး နောက်ပိုင်းခေတ်များတွင် ကား – ဆင်တဲတွင် မြန်မာ့အကြီးစားစက်မှု လုပ်ငန်းအမှတ်(၃)နှင့် စက်မှုသင်တန်းကျောင်းများ၊ ကာကွယ်ရေး ပစ္စည်း နှင့် ဆက်စပ်သောစက်ရုံ၊ အလုပ်ရုံများ ပေါ်ပေါက်လာခဲ့ရာ မြန်မာနိုင်ငံ အနှံအပြား မှ လူများသည် အလုပ်အကိုင် အခွင့်အရေး အတွက်သော်၎င်း၊ စက်မှုပညာ သင်ကြား ရန်အတွက် ၄င်း လာရောက်နေထိုင်ကြရာ ဆင်တဲသည်လည်း ရွာကြီးအဆင့်မှ မြို့ပြသဏ္ဍာန် စည်ကားဖွံ့ဖြိုးခဲ့ပါသည်။ သို့သော် ဆင်တဲတွင် တရားရုံးမရှိ၊ ရဲစခန်းမရှိ ၊ ပြည်သူ့ဆေးရုံးမရှိ၊ ခရစ်ယာန် ဘုရား ကျောင်းမရှိ၊ မွတ်ဆလင်ဗလီ လည်းမရှိပါ။ န၀ဒေး တံတားမရှိသေးခင် အချိန်များတွင် ဆင်တဲသည် အတော်ပင် အရေးပါခဲ့ပါသည်။ ထမင်းဆိုင်၊ လ္ဘက်ရည်ဆိုင်၊ တည်းခိုခန်းတွေနဲ့ အတော်ပင် စည်ကားခဲ့ပါသည်။ ပန်းတောင်း-တောင်ကုတ် လမ်းမကြီးပေါ်တွင် ဆင်တဲဇက်ဆိပ်မှတဆင့် တစ်ဘက်ကမ်း နွားမယံဆိပ်ကမ်း သို့ကားများကို ဇက်ပေါ်သို့တင်၍ အန္တရာယ်ကြီး စွာဖြင့်သွား လာခဲ့ရသည်။ ဧရာဝတီ မြစ် အနောက်ဘက်ကမ်း ဆင်တဲမှ တဆင့် ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲမြို့များ၊ ဧရာဝတီ တိုင်းအတွင်းရှိ ကြံခင်း၊ မြန်အောင် အစရှိသောမြို့များ နှင့် မင်းဘူး၊ ရွှေစက်တော်ဘုရားများသို့သွားရောက်နိုင်ပါသည်။
ဆင်တဲအရပ်ဆိုသည် ကား – ဧရာဝတီမြစ် စတုတ္ထမြစ် ကျဉ်း၏ အောက်အရပ်၊ ပြည်မြို့၏ အနောက်တောင်ဘက်၊ ရွှေတောင်မြို့၏ အနောက်မြောက် အရပ်၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းပေါ်တွင် တည် ရှိသော ၀န်ထမ်းနယ်မြေလေးတခုသာမျှသာဖြစ်ပါတော့ သည်။ န၀ဒေးတံတား တည်ဆောက်ပြီးနောက် ဆင်တဲသည်လည်း အရင်ကလောက်စည်ကား မှုမရှိတော့ပဲ ခြောက်ကပ်ခဲ့ရပါတယ်။ Main လမ်းမကြီးပေါ်မှာမရှိတော့ပဲ ချောင်ထဲမှာကျန်ခဲ့တဲ့ အထီးကျန် ရွာကြီးတရွာနဲ့ ၀န်ထမ်းနယ်မြေလေးတခုပဲ ဆိုပါတော့ဗျာ..။
အရင်က ကျနော်တို့ဆင်တဲကျောင်းမှာ (၉)တန်းမှာစာသင်ရတဲ့ ဆရာမကြီး တစ်ယောက်ရှိခဲ့ပါတယ်။ သူကအတန်းထဲမှာ ကျောင်းသား/ကျောင်းသူတွေကို မကြာခဏ ပြောဖူးတဲ့စကားတခုရှိပါတယ်။ “အောင်…အောင်…ရှုံး…..ရှုံး ..ကစလ(၃) ” ပါတဲ့ “အောင်..အောင်..ကျ…ကျ…ကပစ ပါတဲ့”။ သူဆိုလိုတာက စာမေးပွဲအောင်သည် ဖြစ်စေ၊ ကျသည်ဖြစ်စေ ကျနော်တို့ ဆင်တဲသူ/ဆင်တဲသားတွေဟာ ကပစ၊ကစလ တွေမှာပဲ အလုပ်လုပ် ကြမဲ့သူတွေ လို့ဆိုလိုလိုက်တာပါ။ အရင်တခေတ် ၊တခါကတော့ အဲဒီလိုဖြစ်ချင်ဖြစ်ခဲ့မှာပါ။ ခုတော့ ဆင်တဲသားတွေ အမေရိကမှာလည်း ရှိပါတယ်။ ကနေဒါမှာ လည်းရှိပါတယ်။ ရုရှား၊ သြစီ၊ ဂျပန်၊ ထိုင်း၊ မလေး၊ စင်္ကာပူ နှင့် အခြားနိုင်ငံတွေ မှာအများကြီးရှိပါတယ်။ ဆင်တဲနဲ့အဆက် အသွယ်ပြတ်နေတာနှစ်နဲ့ချီပြီး ကြာပြီဖြစ်တဲ့ ညီတော်၊ နောင်တော်တော်တွေလည်း ဒီဘလော့ဂ်လေးကို Online မှာတွေ့ရင် ကျနော်တို့ဆင်တဲသူ/ဆင်တဲသား သူငယ်ချင်းတွေ ဒီနေရာလေးမှာ တစုတစည်းလေး ရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ အဆက်အသွယ် လည်းလုပ်စေချင်ပါတယ်။
သြော်..ကျနော်ပြောဖို့မေ့နေလို့။ အမှတ်(၃) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း ဆိုတာကခု အမှတ်(၁) လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်မှုစက်ရုံ ဆိုတာ ဖြစ်နေပါပြီ။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကိုပဲရောက်ရောက်ဗျာ.. ကိုယ်ရဲ့ဇာတိဆိုတာမျိုးကိုတော့ လူတိုင်းမမေ့ကြပါဘူး။ မိုးရွာရင်တောင်မှ “ငါငယ်ငယ်က ဆင်တဲက ဘယ်ဘောလုံး ကွင်းမှာ၊ ဘယ်သူတွေနဲ့ဘောလုံးကန်ခဲ့တာပဲ” ဆိုတဲ့ အတွေးမျိုးလေးတွေပေါ့။ နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင်တော့ အရမ်းကိုကြီးကျယ်တဲ့ စကားတခွန်း ဖြစ်သွားပါမယ်။ ဒီတော့ ကျနော်တို့ ဆင်တဲသူ/ဆင်တဲသားသူငယ်ချင်းညီကို မောင်နှမ တတွေ ကိုယ့်ကိုကိုယ်နဲ့၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဇာတိချက်ကြွေ မွေးရပ်မြေလေး ဒီထက်ပိုမို တိုးတက်ကောင်းမွန်တဲ့ အနာဂတ်တခုဆီကို ရောက်အောင်ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ပေးကြပါလို့ တိုက်တွန်းရင်းနဲ့ပဲ ကျနော်ရဲ့ “ စိတ်ကူးများဖြင့် ဆင်တဲကို ပြန်လည်ရှာဖွေခြင်း” ဆိုတာလေးကို နိဂုံးချုပ်အပ်ပါတယ်။
*** ဒီဆင်တဲဖြစ်ပေါ်လာပုံလေးကို အတည်မပြုစေချင်ပါဘူး။ အဖြစ်မှန်များကို ကျွန်တော်ရဲ့ စိတ်ကူးများနှင့်ရောစပ် ပုံဖေါ်ခြင်း ဖြစ်ပါသည်။ အကယ်၍ အတိအကျ သိသူများရှိခဲ့ပါလျှင် အကြံပြုစေချင်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း အနီးစပ်ဆုံးအဖြစ်မှန် ဆက်လက်ရှာဖွေနေပါတယ်။***
ရင်ဘတ်ထဲက ဆူးတချောင်း
သက္ကရာဇ် တခုရဲ့ သင်္ကြန်ကျခါနီး ရက်ပိုင်း အလိုမှာ သူ့ကိုမွေးဖွါးခဲ့တယ်။ သင်္ကြန်ကျခါနီး ရက်ပိုင်းတွေ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံး စိမ်းဆိုလန်းဆန်း နေတယ်။ ဆင်တဲ (ကစလ) ဆေးခန်းရဲ့ ပိတောက်ပင်ကြီး ရှေ့ကအခန်းမှာ သူ့ကိုမွေးပြီး (၁၀)ရက်ခန့် နေခဲ့ဖူးတယ်လို့ သူ့အမေက သူကို့ပြောဖူးတယ်။ လစာ စစ်စစ်ကိုသာ စားရတဲ့လခစား ၀န်ထမ်းမိသားစု တခုကမွေးဖွါးကြီးပြင်းခဲ့တဲ့ သူဟာရိုးသားဖြူစင်စွာ နဲ့ပဲ ငယ်ဘ၀တခု လုံးကို ဖြတ်သန်းခဲ့ပါတယ်။ သူတို့ရွာက ဆင်တဲနဲ့ (၃)မိုင်လောက် ဝေးတဲ့ ဧရာဝတီမြစ်နံဘေးက ရွာလေးတရွာပေါ့။ သူတို့ မိသားစုကလွဲလို့ ကျန်တဲ့လူတွေက လယ်သမားတွေများပါတယ်။ သူရွာမှာနေရတာ အရမ်းပျော်ပါတယ်။ ဘေးအိမ် ကလူတွေရဲ့ စပါးနယ်တဲ့ တလင်းထဲကို သွားပြီး လှည်းစီးရတာ၊ မြစ်ထဲက သဲသောင်စပ်တွေမှာ ရေကူးရတာအရမ်း ပျော်ဖို့ကောင်းပါတယ်။
တတိယတန်းရောက်တော့ ရွာကျောင်းကနေ အထက(ဆင်တဲ) ကျောင်းကြီးကို ပြောင်းတက်ခဲ့ပါတယ်။ မန်ကျည်းပင်ကြီးအောက်က သစ်မြစ်တွေရယ်၊ ၊ န၀ဒေး ဆောင်ရှေ့က မြက်ခင်းတွေရယ်၊ ကျောင်းဆောင်တွေရှေ့ က ကော်ရစ်တာတွေဟာ သူတို့ပြေးလွှား ဆော့ကစားခဲ့တဲ့ နေရာ လေးတွေပေါ့။ ဒီလိုနဲ့နေလာလိုက်တာ သူ အထက (ဆင်တဲ)ကျောင်းတော်ကြီးမှာ ပျော်ပါတယ်။ သူ့ဘ၀ဟာ အဖြူရောင် စာရွက်တရွက်လို အစွန်းအထင်းမရှိ ဖြူစင်ခဲ့ပါတယ်။ သူ(၈)တန်းရောက်တော့  သူတို့ကျောင်းမှာ computer ဆိုတာကြီးစရောက်လာပါတယ်။ ဒီ computer ဆိုတာကြီး ကို (၉)တန်းဆောင်ရဲ့ ထိပ်ဘက်အစွန်ဆုံးအခန်းမှာ ထားပါတယ်။ တနေ့သူတို့ (ဂ)တန်း(A)တခန်းလုံး အတန်း ပိုင်ဆရာမဦးစီးပြီး compute အခန်းကိုလာရတယ်။ အဲ့ဒီကျမှ သူ computer ဆိုတာကြီးကို စမြင်ဖူးတာပါ။ ရွာသားပဲဗျာ။ ဘာသိမှာလဲ။ သူတို့အတန်းသူ / သားအားလုံး ကိုယ့်နာမည်လေးတွေကို computer ပေါ်မှာ အလှည့်ကျ ရိုက်ခွင့်ရကြ တယ်။ ကျောင်းက computer ကို ကိုယ်ပိုင်ပစ္စည်းလို့ထင်နေတဲ့ မျက်နှာကြောတင်းတင်းရှိတဲ့ ဆရာ နဲ့သူ စတွေဖူးတာ ပါပဲ။
ပုထုဇဉ် လူသားမှန်သမျှဟာ အမှားမကင်းဘူး ဆိုတဲ့ ဘုရားဟောတရားတော်ဟာ အရမ်းကိုမှန်ကန်းလွန်း ပါတယ်။ သူတို့ အထက (ဆင်တဲ) ကျောင်းမှာလဲ ပုထုဇဉ် ဖြစ်တဲ့ အချို့ ဆရာ/ဆရာမတွေဟာ အမှားတွေ ကျူးလွန်ပြီး သူတို့ရဲ့ငယ်ရွယ်နုနယ်သေးတဲ့ နှလုံးသားတွေကို ဒဏ်ရာရစေခဲ့ပါတယ်။ သူမမေ့ပါဘူး။
ဥပမာ ဆရာမ A ရယ် ၊ ဆရာမB ရယ် ၊ ဆရာ C ရယ်က ဘာသာတယောက် တမျိုးစီ ကျူရှင်သင် ကြတယ် ဆိုကြပါစို့ ။ A ဆီမှာတက်တဲ့သူဟာ B ရယ် ၊ C ရယ်ဆီမှာလဲတက် ကိုတက်ရမယ်။ D ဆီမှာတက်လို့မရဘူးလို့ ” ပဲကြီး “ ကဆရာမကြီး တယောက်ကသူ့ကိုပြောတယ်။ (၁၀)တန်းရောက်နေတဲ့ သူဟာ အဲဒီလောက် တော့ သိပါပြီ ။ သူB နဲ့C ကိုမေးကြည့်တော့ အဲဒီကိစ္စ မရှိပါဘူးတဲ့  ။ တကယ်တော့ A ဟာ B နဲ့ C ရဲ့နာမည်ကောင်း ရခြင်း ကိုအမှီကောင်းပြုပြီး လုပ်စားတော့မယ် ဆိုတာ ထင်ရှားမနေဘူးလား?။
ကျောင်းက computer ကို ကိုယ်ပိုင်ပစ္စည်း လိုထင်တဲ့ မျက်နှာကြောတင်းတင်း နဲ့ ဆရာဟာ သူ(၁၀) တန်း နှစ်မှာ သင်ရပါတယ်။ သင်ကြား ပြသရာမှာ တော့ ကောင်းတယ်လို့ ပြောကြတာပါပဲ ။ သူက ဒီ ဆရာဆီမှာ ကျူရှင်မတက်ဘူး။ သူလိုပဲ သူ့ သူငယ် အရင်းအချို့ တို့လည်းအတူတူပဲ။ အသင်အပြ နာမည် ကောင်းရတဲ့ ဒီ သင်္ချာ ဆရာဟာ လက်သံကလည်း အတော်ပြောင်လှပါတယ်။ မနေ့ကပဲ (B)ခန်းထဲက အိန္ဒြာကျော်ဇင် လို့ သူတို့နာမည်ပြောင်ပေးထားတဲ့ ဖြူဖြူပိန်ပိန် ကောင်မလေးရဲ့ပါး ကို ဘယ်ပြန်/ညာပြန် ဂျပန် လိုရိုက်တယ် ဆိုတဲ့ သတင်းထွက်လာ ပါတယ် ။ (၁၀)တန်းဆိုတော့ အပျိုဖြစ်ပြီ။ ကောင်မလေးတော့ ရှက်ရှာမှာပဲလို့ တွေးပြီး ကောင်မလေးကို သူသနားသွားတယ်။ ဘယ်လိုပြစ်မှုမျိုး ကို ကျူးလွန်မိ လို့ ဒီကောင်မလေးကိုဒီလောက် ဆုံးမရတာလဲလို့ စုံစမ်းကြည့်တော့ ဒီဆရာ စာသင်နေချိန်မှာ တခြားဘာသာတွဲက စာကိုကူးနေလို့ပါတဲ့။ သြော်..အတော် ကြီးတဲ့ ပြစ်မှု ကြီးပါလား!
အဲဒါဆို သူတို့ (A)ခန်းထဲမှာ ရော ဒီလိုကိစ္စမျိုးတွေမရှိဘူးလား။ နေ့တိုင်းကိုရှိပါတယ်။ ဒုတိယ ခုံတန်း က ကောင်မလေး တွေ ဒီဆရာ ရူပဗေဒသင်နေချိန်မှာ Bio တွေ ကူးရေးနေတာ သူတွေ့တယ်။ သူလဲ ဒီကောင် မလေးတွေ အတွက်အရမ်း စိုးရိမ်သွားတယ်။ တဖြည်းဖြည်းနဲ့ ဒီဆရာလျှောက်လာတာ ဒုတိယခုံတန်းနား ကို ရောက်လာပြီ။ ဒီဆရာ စကားအချို့ပြောတယ်။ ကောင်မလေးတွေက လဲ ရီရီ မောမောနဲ့ စကားပြန်ပြောတယ်။ ဟင်.. ဘာမှလဲမဖြစ်ပါလား? သူအတော်အံ့သြသွားတယ်။ (သြော်.. ဒီကောင်မလေးတွေက ဒီဆရာဆီမှာ ကျူရှင်တက်တာကိုး..)
နောက်တပတ် မှာတော့ …. ကံကြမ္မာက သူနဲ့သူ့ သူငယ်ချင်း ပေါ့ဆိမ့် တို့ အလှည့် ဆိုပါတော့။ ဒီဆရာဟာ အတန်းထဲ ကို သူ့ထက်နောက်ကျပြီးမှ ၀င်လို့မရပါဘူး ။ အဲဒီနေ့က ဒီဆရာ အချိန်မရောက်ခင် သူအိမ်သာ သွားတယ်။ သူအတန်းထဲ ကိုပြန်လာတော့ ဒီဆရာ ကျောက်သင်ပုန်းပေါ်က မြေဖြူတွေ ကိုဖျက်နေပြီ ။ သူလည်း ” ဆရာ့ ၀င်ခွင်ပြုပါ” လို့ပြောပြီး (၁၀)တန်း(A)ရဲ့ ရှေ့ အပေါက်ကနေ ၀င်ခဲ့ပါတယ်။ သူ့နေရာမှာ သူထိုင်တယ်။ စာအုပ်တွေထုတ်တယ်။ ဒီဆရာ သင်ကြားသမျှကို နာယူမှတ်သား ဖို့သူအဆင်သင့် ဖြစ်နေပါပြီ။ မြေဖြူတွေ ဖျက်ပြီးသွားတဲ့ ဒီဆရာဟာ အတန်းဘက်ကို မျက်နှာလှည့်လိုက်ပါတယ်။ ပြီးတော့ ” ကဲ ခုနက ၀င်ခွင့်ပြုပါဆရာ ဆိုတဲ့ ကောင်ထပြီး မတ်တပ်ရပ်ပါဦး” တဲ။့ သူ မတ် တပ်ရပ်လိုက်တယ်။ ဒီဆရာ သူ့အနားကိုတိုးလားပြီး ခက်ထန် တဲ့မျက်နှာထားနဲ့ သူ့ကိုစူးစူးရဲရဲ ကြည့် ရင်း ” ခင်ဗျား ကိုဘယ်သူဝင်ခိုင်းလို့လဲ” ဆိုပြီး သူ့ကိုမေးတယ်။ ပြီးတော့သူ့ ကို “မင်း ဘာကောင်လဲတဲ့” ။ သူအရမ်းထူပူ သွားတယ်။ သူဘာပြစ်မှုကြီးများ ကျူးလွန်မိလိုက် လို့ပါလဲ ဆိုပြီး စဉ်း စားတယ်။ ရှက်ရွံ့ ကြောက်လှန့်စွာနဲ့ ဒီနေ့တော့ ” ငါ ပါးရိုက်ခံရ တော့မဲ့နေ့ပါလား” လိုလဲ တွေးမိလာတယ်။ သူဒီဆရာ ကို ပြန်ပြောလိုက်တဲ့စကား က ” ကျနော် ကျောင်းသားပါ ” လို့။
ဒီအချိန်မှာပဲ ထူးဆန်းတိုက်ဆိုင်စွာနဲ့ ” ဆရာ့ ၀င်ခွင်ပြုပါ” ဆိုတဲ့အသံ နဲ့ ကောင်မလေး(၃)ယောက် အ ခန်းအပြင်ကလှမ်းပြောတယ်။ ဒီဆရာ မျက်နှာထားပြောင်းသွားတယ် ။ “ ဟာ့ ….၀င်ပါဗျား “ ဆိုတဲ့  အသံနဲ့မျက်နှာထားကို သူခုထိမမေ့ဘူး။( ကျောင်းကဆရာက သူ့ကျူရှင်မှာ တက်တဲ့သူကို တမျိုး၊ သူ့ကျူရှင်မှာ မတက်တဲ့ ကျောင်းသားကိုဆက်ဆံတာက တမျိုး၊ ပေါ်တင်ကြီးပဲလေ။ “ သူ “ဆိုတဲ့ ကောင် က လည်း အဲဒီတုန်းတည်းက ငါမတရားခံထားရတဲ့ ကိစ္စကို တချိန်ကျရင် ငါပြန်ဖော်ထုတ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုး ထားခဲ့တဲ့ ကောင် ။ ဒီဆရာ အပေါ်မှာလည်း အတော့်ကိုရွှံရှာ စက်ဆုပ်ခဲ့တာပါ။ )ဒါနဲ့သူလည်း ပြဿနာရှာခံရခြင်းဘေး က ကင်းလွတ်ပြီး စာဆက်သင်ခွင့်ရတယ်။ ( သြော်..သူတို့တွေလည်း ဒီဆရာဆီမှာ ကျူရှင်တက်ကြတာ ကိုး)။
နောက်(၂)ရက်လောက်အကြာမှာ တော့ သူ့သူငယ်ချင်း ” ပေါ့ဆိမ့် “ ပြဿနာရှာခံရတဲ့ နေ့ပဲ။ ပုံနှိပ်စာအုပ်တစ်အုပ် ကို သူနဲ့ပေါ့ဆိမ့် (၂)ယောက်ပေါင်းပြီး ကြည့်နေတဲ့အချိန်မှာ ဒီဆရာ အနားကို ရောက်လာတယ်။ ပုံနှိပ်စာအုပ် ဘာဖြစ်လို့ပါမလာတာလဲဆိုပြီး “ ပေါ့ဆိမ့် ” ကို ပြဿနာရှာတော့တာပါပဲ။ အဲဒီနေ့က “ပေါ့ဆိမ့်” တော်တော် လေး ကျွေးခံ လိုက်ရတယ်။ သူ့ရင်ထဲ တော်တော့် ကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ပုံနှိပ်စာအုပ် ပါမလာတဲ့ တခြား သူတွေလည်း အများကြီး ရှိ ပါတယ်။ သူ့တို့လို (၂)ယောက် (၁) အုပ်၊ (၃)ယောက်(၁)အုပ် ပေါင်းကြည့်နေ တဲ့ တခြားကျောင်းသာတွေကို ဒီဆရာမမြင်ဘူုးလား?(သူအရမ်းအံ့သြ ရပြန်ပါတယ်)။
သူ ငယ်စဉ်ကတည်း က ပျော်ရွှင်စွာတက်ခဲ့တဲ့ အထက (ဆင်တဲ) ကျောင်းကြီးဟာ ခုတော့သူ့အတွက် ပျော်စရာ မကောင်းတော့ပါဘူး။ သူ့တို့လိုပဲ ဒီဆရာရဲ့ ပြဿနာရှာခြင်းက ခံရတဲ့သူတွေ အထက (ဆင်တဲ)ကျောင်း ကြီးမှာ ဒုနဲ့ဒေးပါ။ ဒီဘလောဂ်လေး ကိုဖတ်မိတဲ့ တယောက်ယောက်က ပြန်ပြောပြီး ဒီဆရာကို ဒါတွေသိစေ ချင်တယ်။ ခံခဲ့ရတဲ့ ကောင်တွေက ဘယ်တော့မှ မမေ့ပါဘူးလို့။ ဖြူစင်တဲ့ သူ့တို့ ငယ်ဘ၀ နှလုံးသားတွေကို ဒဏ်ရာတွေရရှိ စေခဲ့သူ… ။ ဒီဆရာဆီမှာ ကျူရှင်မတက် ပဲ အတန်းထဲမှာ စွာတဲ့လူမျိုးဆို နှိပ်ကွပ်ပစ်တတ်တာ ဒီဆရာရဲ့အကျင့်ပါ။ ပညာရေးမှူးရုံးမှာလဲ အ တိုင်ခံ ရ လို့ ပြုတ်တော့မလို ဖြစ်သွားပါသေးတယ်။ ပါးရိုက်ခံရတဲ့ကောင်လေးတစ်ယောက် (ခုသင်္ဘောသား ဖြစ်နေပါပြီ) ရဲ့မိဘတွေကို ဒီဆရာရဲ့မိန်းမ ကအိမ်မှာ လိုက်တောင်းပန်ရတယ်။ အထက (ဆင်တဲ)ကျောင်းတော် ကြီးရဲ့ တကယ့်အဖြစ်အပျက်တွေပါ……..။
ဒီဆရာ ဆီမှာ ကျူရှင်တက်တဲ့ တချို့ကောင်တွေဆို ကျောင်းက computer ကို ကိုယ့်ပစ္စည်းလိုကိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ကြပါတယ်။ သူ့ထက်အတန်းကြီး သူတွေပါ။ “ ဆရာ့ .ကွမ်း “ ဆို ပြီးပေးတဲ့ကောင်မျိုး တွေဆို ဒီဆရာ သိပ်သဘောကျတာပေါ့။
သူဘယ်ညံ့လိမ့်မလဲ။ ဒီဘလော့ဂ် လေးကိုရေးဖို့ ဒီဆရာ ရဲ့နောက်ကြောင်း ကို စုံစမ်းကြည့်တော့ ဒီဆရာ ဟာ ဆင်တဲသား မဟုတ်ဘူးတဲ့၊ အထက်အညာက ဆိုတာသိလာရတယ်။ သမ၀ါယမ မော်တော်တွေ ခေတ် မှာ ဆင်တဲ ကိုရောက်လာပြီး မော်တော်ဆိပ်မှာ ဆံပင်ရှည်ရှည် ၊သနပ်ခါးပါးကွက်ကြားနဲ့ ကုန်ထမ်းဖူးခဲ့ပါတယ်ဆိုတာဟာ ဒီဆရာဆင်တဲ ကို စရောက်ခြင်းသမိုင်းအစပေါ့ ။ေ နာက်ဆင်တဲသူ (သူတို့ဆရာမ)နဲ့ အိမ်ထောင်ကျပါတယ်။ ဒီ post လေးကို ရေးမိတဲ့အတွက် (၅)တန်းတုန်းက သင်္ချာ(၁)သင်ဖူးတဲ့ ဆရာမ (ဒီဆရာရဲ့ အမျိုးသမီး)ကိုတော့ တောင်းပန်ပါတယ်။
ရက် လ နှစ် တွေ အတော်ကြာပေမယ့် ငယ်ငယ်တုန်းက နှလုံးသားမှာစူးခဲ့တဲ့၊ ယနေ့ ထိ မနှုတ်ရသေး တဲ့ ဆူး တချောင်းကတော့ရှိ နေခဲ့ပါတယ်။ တကယ်လို့ အရင်တုန်းကများ respect ဆိုတာ ရှိခဲ့မယ်ဆိုရင် ခုချိန်မှာ love ဖြစ်နေမှာပါ။ အခု တော့ fear ဖြစ်ခဲ့ ရလို့ ဒီ အချိန်မှာ hated တွေ ဖြစ်သွားခဲ့ပါပြီ။ သူ့ကျူရှင် မှာ မတက်လို့ ကျောင်းက အတန်းထဲ မှာ နှိပ်ကွပ်ခဲ့ တဲ့ ဒီဆရာ ရဲ့အကြောင်းတွေကို သူကြားနေ ရတယ်။ ဇနီးသည်က လည်း ဆုံး၊ သားသမီးတွေကလည်း မလိမ္မာကြဘူးတဲ့။ အထူးသဖြင့် “ စောင့်လေမျိုးနွယ် “ဆိုတဲ့ သားသမီးဝတ်ကို လိုက်နာကျင့်ကြံဖို့ ပျက်ကွက်ခဲ့ကြတယ် ဆိုပဲ။သူစိတ် မကောင်းပါဘူး။
အထက (ဆင်တဲ)ကျောင်းတော်ကြီးမှာ တကယ့်ကို ဘုရားနဲ့ တဂိုဏ်းတည်းထားပြီး ကိုးကွယ်ရမဲ့ စေတနာရှင်၊ မေတ္တာရှင်၊ ဂရုဏာရှင် ဆရာ/ဆရာမကြီးတွေ လည်း မြောက်မြားစွာ ရှိပါသေးတယ်။ ပုထုဇဉ် လူသားမှန်သမျှဟာ အမှား မကင်းဘူး ဆိုတဲ့ ဘုရားဟော တရားတော်ဟာအရမ်း ကို မှန်ကန်လွန်းလှပါတယ်။ သူ ကိုယ်တိုင်ဟာလည်း…
ရင်ထဲက အရာအချို့ ပါ။ တရားလက်လွတ် ခံစားမိလို့ရေး လိုက်တာ….. စင်္ကာပူကထုတ်တဲ့ ရွှေမြန်မာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဒေါက်တာခင်မောင်လတ်ရေးတဲ့ ” တော်တော် ဂွကျတဲ့လူ” ဆောင်းပါးများဟာ ဒီအကြောင်း အရာတွေ ကို ဘလော့ဂ်မှာ ဖွင့်ချဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။
ရေးသားသူ -ရေးနွေးကြမ်း(ဆင်တဲ ကဖေး)
ဆင်တဲ ပုံပြင်လေးပါ..
တကယ်လို့ မျဉ်းပြိုင် နှစ်ကြောင်းဟာ ဘယ်တော့မှ ပြန် မဆုံ နိုင်ဘူး ဆိုရင် တော့ သူဟာဧရာဝတီနဲ့ဘယ်တော့မှ ပြန်ဆုံ နိုင်တော့မယ်မထင်ပါဘူး။ ကျ နော် သူ့ကို မှတ် မိတဲ့အရွယ် မှာသူ ဟာ အလှပဆုံး အရွယ်ကိုရောက် နေပြီပေါ့။ သူရဲ့ ရင် ခွင်ထဲမှာ ကျ နော် တို့ ရဲ့ ငယ်ဘ၀ ကို ပျော် ရွှင်စွာဖြတ်သန်း ခဲ့ဘူးပါတယ်။
ကျ နော် တို့ရင်ခုန်တတ်တဲ့ အရွယ် မှာ တော့ သူဟာ ရင့် ကျတ်စပြုနေပါပြီ ။ တချို့ ကသူတို့ အကျိုး စီးပွါး အ တွက်သူ့ကို အသုံးချခဲ့ဘူး တယ်။ အသုံးမ၀င် တော့ တဲ့ အချိန်မှာ တော့ သူ့ကိုထား ရစ်ခဲ့ကြတယ်။ သူအဖြစ်က ကြေကွဲ စရာ ကောင်းပါတယ်။ဒါ ပေမဲ့ သူဟာရင့် ကျတ်တဲ့ အလှနဲ့ တည်ငြိမ်စွာရှင်သန်ခဲ့ပါတယ်။
ညဘက် လက်ဖက်ရည် ဆိုင် ထိုင်ပြီး တဘက်ကမ်း ရန်ကုန်-ပြည်ကားလမ်း ပေါ်မှာ သွားနေတဲ့ ကားမီး ရောင် တွေ ကို ငေးရင်းမ ရေရာ တဲ့ဘ၀ အကြောင်းတွေ ကိုသူငယ်ချင်တွေနဲ့ ဆွေး နွေး ခဲ့ဘူး ပါတယ်။ ကျူရှင်ကအ ဆင်း ကမ်းနားက အကြော် ဆိုင်မှာ သူငယ် ချင်း တွေ နဲ့ အကြော် ပူပူ တွေကို လုစားခဲ့ဖူးပါတယ်။ဆောင်းတွင်းဘက်မှာ ပွင့် တဲ့ ပေါက်ပွင့် နီ ရဲရဲ တွေရယ်.တခါတလေ တိုက် တတ် တဲ့မြောက်ပြန်လေ အေးတွေနဲ့ အတူစာမေး ပွဲ ဖြေခါ နီး မှာ ဘယ် ကို မှန်း မသိ လွမ်းခဲ့ ဖူး ပါတယ်။တချို့ကသူရဲ့ရင်ခွင်ထဲမှာအမြဲ နေကြပြီး တော့ တချို့ ကတော့ဧည့်သည် တွေပါ.သူဟာသူ့ရဲ့ရင်ခွင်မှာလာပြီးနားခိုတဲ့ …ဘယ် သူကို မဆိုအမြဲ နွေးထွေးစွာထွေး ပိုက် ခဲ့ပါတယ်။
သူ့ဟာ ချစ်သူ ကထားရစ်ခဲ့ခြင်း ကို ခံ ခဲ့ ရတဲ့ အထီးကျန် သမား တစ် ယောက် လည်း ဖြစ်တယ်။တချိန် ကတော့ သူ့ ရဲ့ ချစ်သူ က သူ့ ကို အရမ်း ချစ် ပါ တယ် တဲ့။ လမ်း ခွဲ ဖို့အကြောင်း မပြော ကြေး ပါ တဲ့။ခု တော့ လမ်းမခွဲ ပဲ နဲ့ လမ်း သစ် ထွင် ပြီးလျှောက် သွား တဲ့ သူ့ရဲ့ တချိန် ကပန်း တောင်း-တောင်ကုတ် မဟာဗျူဟာလမ်းမကြီး ကတော့ ကားကြီးကား ငယ် အသွယ် သွယ် နဲ့သူ့ ကို မေ့ နေ လောက် ပြီ ပေါ့။ဒါ ပေမဲ့ သူ… ရင့် ကျတ် တဲ့ အလှ နဲ့ တည် ငြိမ်စွာ ဆက် လက်ရှင်သန်ခဲ့ ပါ တယ်။
ကျနော် သူ့ ကို ချစ်တယ်။ ငယ် ဘ၀ အကြောင်း တွေ စဉ်းစားရင်(ဒါမှမဟုတ်)ငယ်သူငယ်ချင်း တွေ နဲ့ တွေ့ရင် သူ့ ကို ပို ပြီးသတိရ တတ်ပါတယ်။ ကျနော် တို့ မမွေး ခင် က ဆို ရင် သူ ဟာ ခု ထက် ပို ပြီး ဖြူ စင် ခဲ့ ပါ တယ်။ သူ့ကိုဘယ်သူ မှအရောင် မဆိုး ခဲ့ပါဘူး။ လူတစ်စု သူရဲ့ရင်ခွင် ထဲကို စရောက် လာ ပြီကတည်းက သူ အရောင် တွေ ပြောင်း ခဲ့တယ်..ဖြူစင်တဲ့ သူ့ဘ၀ထဲကို သူ့တို့ ရောက် လာပြီး နောက် ပိုင်း သူစိတ် တွေ မနည်း ငယ်ခက်ထန် ခဲ့ဖူးတယ်။
ဘယ်ကို ပဲ ရောက် ရောက် သူ့ကို မမေ့နိုင် ခဲ့ လို့သူ့ နာမည် နဲ့ 0nline မှာ blog လေး တခုကိုသူငယ် ချင်း တွေနဲ့စုပြီးတင်ထားဖြစ်ခဲ့ပါတယ်။သူငယ်ချင်း တို့ ရေ…..ဒီ နာမည် လေး ကို တော့အား လုံး မမေ့ ကြေး နော်.
ရေးသားတင်ဆက်သူ… ရေနွေးကြမ်း

