Author Archive
မိုလ်ဘိုင်းဖုန်း မြန်မာ ပြက္ခဒိန် ၂၀၁၀
ကျွန်တော်ကိုယ်တိုင် အသိနောက်ကျနေလို့ မျှဝေဖို့လည်း နောက်ကျနေပါတယ်။ ၂၀၁၀၊ ၇ လပိုင်းထုတ် ဂျာနယ်တစ်ခုမှာ ၂၀၁၀ ခုနှစ်အတွက် sm3 အခမဲ့ ပြက္ခဒိန်ကို လိုချင်သူများ Care@sm3world.com သို့ အီးမေးလ်ပို့ တောင်းခံနိုင်ကြောင်း ဖော်ပြထားပါတယ်။
အဆင့်သင့်လိုချင် သူတွေအတွက်တော့ ဒီမှာပဲ ဒေါင်း(Download) သွားနိုင်ပါတယ်။ ရလာတဲ့ zip ဖိုင်ကို ဖြည်ပြီး 365 ဆော့ဝဲကို ဖုန်းထဲထည့် install လုပ်ပါ။ install လုပ်ပြီးပါက ဖွင့်ကြည့်လျှင် Add Key ဆိုပြီး Update Code A နှင့် Update Code B နံပါတ်တောင်းပါလိမ့်မယ်။ Update Code A အကွက်ထဲမှာ 2317 ရိုက်ထည့်ပြီး Update Code B အကွက်ထဲမှာ 9101 လို့ ရိုက်ထည့်၍ 0k ပေးလိုက်ပါ။ အဲဒီအဆင့်တွေ ပြီးရင်တော့ မြန်မာ ပြက္ခဒိန် ကို စတင်သုံးဆွဲလို့ ရပါပြီ။
Frame Photo Editor v5.0.0 portable
ဒီဆော့ဝဲလေး အသုံးပြုပြီး မိမိဖန်းတီးချင်တဲ့ ပုံလေးတွေကို ဘောင်လှလှလေးတွေ၊ နောက်ခံပုံလေးတွေ၊ အခြားနှစ်သက်တဲ့ ပုံလေးတွေနှင့်အတူ ဥာဏ်ရှိသလို ပြုလုပ်ရပါတယ်။ ဆော့ဝဲလေးကို ဒေါင်းပြီး run လိုက်ပါ။ Portable ကြိုက်တဲ့ မိတ်ဆွေတွေ အတွက်ပါ။
ဒီ Frame Photo Editor v5.0.0 portable ဆော့ဝဲလေးက Register လုပ်စရာမလိုပါဘူး။ ဘာ key မှလည်း မလိုပါဘူး။ version လေးမြင့်လာတော့ ပိုစုံလာတာပေါ့။ ကိုယ်လုပ်ချင်တဲ့ ပုံလေးတွေအတွက် စိတ်ကြိုက်ကလိလို့ ရပါတယ်။
Add a Photo ကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးထည့်လိုက်ပါ။
Select a Frame ကကိုယ့်စိတ်ကြိုက်နောက်ခံပုံလေးတွေကို ထည့်နိုင်ဖို့ပါ။
Incert Text ကစာရေးထည့်နိုင်ဖို့ပါ။ ကိုယ့်စိတ်ကြိုက် မြန်မာဖောင့်တွေ နှင့်ရေးနိုင်ပါတယ်။ အရောင်လည်း ရွေးလို့ရပါတယ်။
Add Clips က အကောင်ပုံလေးတွေ၊ ပန်းပုံလေးတွေ စတာလေးတွေကို လည်း ထည့်ချင်ထည့်နိုင်ပါသေးတယ်။
Save ကစိတ်ကြိုက်ဖြစ်ပြီဆို နှိပ်ဖို့ပါ။
မသုံးတတ်သေးသူများအတွက် လွယ်လွယ်လေးမို့ အနည်းအကျဉ်းလောက်ပဲ ရေးလိုက်မိတယ်။
ဒေါင်းရန် ။ ။ 11.4MB
ကိုရေသန့်နှင့်တွေ့ဆုံခြင်း (သို့) အလှူဒါနပြုကြရအောင်
(က)
“ဟလို … ကိုရေသန့်လား …”
“ဟုတ်ပါတယ် …”
“ကျွန်တော် ပေါ့ဆိမ့် ပါ ကိုရေသန့် နေကောင်းလား ဗျ .. ကျွန်တော် ရန်ကုန် ရောက်ပြန်ရောက်ပြီ။ ကိုရေသန့်တို့ အိမ်မှာ မတည်းဖြစ်တော့ ဘူးနော်။ အစ်ကို တည်းဖို့ ပြောထားတာ ကျေးဇူးတင်ပါတယ် .. ကျွန်တော့် အစီစဉ်နဲ့ ကျွန်တော် တည်းလိုက်”
“အာ .. လုပ်ပြီ ကိုပေါ့ဆိမ့် ကတော့”
“မနက်ဖြန် ကျွန်တော်တို့ တွေ့ရအောင်လေ .. ကိုရေသန့် အားမလား မသိဘူး”
“အင်း.. ကျွန်တော် ဘယ်ကို လာခဲ့ရမလဲ”
“ရွှေတိဂုံစေတီ ပေါ်မှာ ဆုံမယ်လေ။ တနင်္ဂနွေထောင့်က ဇရပ်ကလေးမှာ ကျွန်တော် မနက် ၉ နာရီခွဲ စောင့်နေမယ်”
“အင်း.. ကျွန်တော်လာခဲ့မယ်. မနက်ဖြန်သေချာအောင် ကျွန်တော် ဖုန်း ထပ်ဆက်လိုက်မယ်. ကိုပေါ့ဆိမ့် ဖုန်းနံပါတ် ပြောအုံးလေ”
“ဟုတ် ******** ပါ”
“အဲဆို ဒါပဲလေ မနက်ဖြန်မှ ဖုန်းဆက်လိုက်မယ်”
“ဟုတ် .. ဘိုင်”
(ခ)
နောက်တနေ့ မနက်စောစော။
“ဟလို … ကိုပေါ့ဆိမ့် ကျွန်တော်”
“ဟာ! ကိုရေသန့်”
“ကျွန်တော် အိမ်က ထွက်လာတော့မယ်. ကျွန်တော့ညီ လည်းပါမယ်. ကျွန်တော် ဘောင်းဘီ အစိမ်း ၀တ်လာခဲ့မယ်. မမှတ်မိမှာ စိုးလို့ . ကျွန်တော်က ကတုံးဆံပင်နဲ့နော်”
“ဟုတ်. ကျွန်တော်ကတော့ ယောပုဆိုး အညိုရောင်လေး ၀တ်လာခဲ့မယ်. ကျွန်တော်တို့ မမှတ်မိမှာတော့ မပူရပါဘူး. vzo မှာ တစ်ခါမြင်ဖူးထားတာပဲ. ကိုထွေးကိုလည်း ကျွန်တော် သိပါတယ်”
“အဲဒါဆို ဒါပဲလေ. တွေ့မှပဲ အေးဆေး စကားပြောကြမယ်”
“ဟုတ်ကဲ့. ကျွန်တော်က နီးတော့ ခဏနေရင် ထွက်လာခဲ့မယ်. ဘိုင်”
ကိုရေသန့် ဖုန်းချပြီးမှ အမြန် ရေချိုး အ၀တ်စားလဲပြီး ထွက်လာခဲ့ပါတယ်။ နီးစပ်ရာ ဗိုလ်မင်းရောင်လမ်းထဲက ဖက်ဖူးရောင် ဆိုင်မှာ ကျွန်တော်အတွက် စားရခဲတဲ့ လ္ဘက်ရည်နဲ့ အီကြာကွေး မှာစားလိုက်ပါတယ်။ အဲဒီနားကပဲ တတ်စ်စီ ဌားပြီး ဘုရားကို မြောက်ဘက်မုဒ်က တတ်လာခဲ့ပါတယ်။ ကိုရေသန့်နဲ့တွေ့ပြီး ဘယ်သွားဖြစ်မယ်ဆိုတာ မသိသေးတော့ အလင်းသင့်တဲ့မုဒ်က ပြန်ဆင်းနိုင်တာကြောင့် ကျွတ်ကျွတ်အိတ်ဖိုးလှူပြီး ဖိနပ်ကို အိတ်ထဲထည့်ပြီး သယ်လာခဲ့ပါတယ်။
ဘုရားပေါ်ရောက်တာနဲ့ ဘုရားကို လက်ယာရစ်ပူဇော်ပြီး ချိန်းထားတဲ့ထောင့်က ဇရပ်ကလေးမှာ ကိုရေသန့်ကို ထိုင်စောင့်နေဖြစ်ခဲ့ပါတယ်။ ကိုရေသန့်ကဝေးတော့ မရောက်သေးပါဘူး။ ကိုရေသန့်မလာခင်လေး ဘုရားကိုကြည်ညိုရင်း ကိုရေသန့် အကြောင်းတွေးနေမိပါတယ်။
ကျွန်တော်နဲ့ ကိုရေသန့် က ဆင်တဲသားလို့ ဆိုကြပေမယ့် အပြင်မှာတစ်ခါမှ မမြင်ခဲ့ဖူးထင်ပါတယ်။ ဟိုးငယ်ငယ်တုန်းကတော့ ဆင်တဲ အထက ကျောင်းမှာ တတ်ခဲ့ကြတာဆိုတော့ မြင်ဖူးကောင်းမြင်ဖူး နိုင်ပါတယ်။ ကျွန်တော်မူလတန်းလောက်မှာ သူက အထက်တန်းကျောင်းသား လောက်ဖြစ်နေပါပြီ။ သူပြောသလိုဆို ကျောင်းပြီးလောက်ကတည်းက ဆင်တဲကနေ ထွက်သွားလိုက်တာ ခုထိပါပဲ။ နိုင်ငံခြားမှာ အနေကြာသူ ဖြစ်ပါတယ်။ ဂျပန်မှာ ၁၀ နှစ်ကျော်လောက်လုပ်ပြီး ကျန်ခဲ့တဲ့ လပိုင်းလောက်ကမှ မြန်မာပြည်ကို ပြန်ရောက်ခဲ့တာပါ။ မြန်မာပြည်မှာ အရာရာဟာ သူ့အတွက် ပြောင်းလဲဆိုတော့ မသုံးတတ်မဆွဲတတ် သွားဖို့ပါခက်ခဲတော့ သူ့ညီလေးကိုပါ ခေါ်လာရဟန်တူပါတယ်။
သူပြောသလိုဆို ဂျပန်က သူအလုပ်မှာလည်း အဆင်ပြေပါတယ်။ (အလုပ်ထက် သူအဆင်ပြေတာလေးလည်း ရှိသေးတယ်။ သူ့ကဗျာထဲက အသဲလေးလေ သူတို့နှစ်ယောက်ပုံလေးကိုတောင် တွဲတင်ထားသေးတယ်။ နှစ်ယောက်စလုံး ဘယ်လောက်လိုက်ဖက်ကြသလဲ မြင်ခဲ့ရပြီးပြီ ထင်ပါတယ်။) အဲဒီသူ့အသဲလေးနဲလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် သူအဲဒါတွေ ချန်ထားခဲ့ စွန့်လွတ်ခဲ့ပြီး မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ သူမှာ ငြိမ်းချမ်းတဲ့နေရာတစ်ခုကို သွားဖို့ရည်ရွယ်ချက် ရှိလို့ပါတဲ့။ အဲဒီ သူ့အကြောင်းလေးတွေကို ပို့စ်လေးတွေအဖြစ် တစ်နေ့တော့ အားလုံးမျှဝေခံစားဖို့ သူရေးလိမ့်မယ်လို့ သူမပြောပေမယ့် ကျွန်တော် ယုံကြည်နေပါတယ်။
(ဂ)
ကိုရေသန့်လည်း အချိန်မှီ ရောက်လာခဲ့ပါတယ်။ တွေ့တွေ့ချင်း တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးလိုက်မိပါတယ်။ သဘောက စိတ်ထဲကနေ ကိုရေသန့် မဟုတ်လား၊ ဒါ ကိုပေါ့ဆိမ့် မဟုတ်လားလို့ မေးလိုက်မိပြီး အပြုံးကိုယ်စီဖြင့် နှုတ်ဆက်ကြပါတယ်။ အပြင်မှာ တစ်ခါမှမတွေဘူးတဲ့ လူနှစ်ယောက် တကယ်မျက်ဝါးထင်ထင် တွေ့လိုက်ရတော့ ရင်ထဲမှာ အံ့သြကြယ်နူးရတာ မပြောပြတတ်အောင်ပါပဲ။ ကိုရေသန့်လည်း ကျွန်တော်လိုပဲ ခံစားရလောက်ပါတယ်။ ကျွန်တော်တို့ အသံတွေ အမြင်တွေ ပါးတဲ့ တိတ်ဆိတ်မယ့် အနီးနားက ဇရပ်တစ်ခုကို ရှာပြီး ထိုင်စကားပြော ဖြစ်ကြပါတယ်။ စကားတွေလည်း ပြောလို့ မကုန်နိုင်ခဲ့ကြပါဘူး။ မိသားစုအကြောင်း၊ ဆင်တဲကဖေးနဲ့ ဘလောကာသူငယ်ချင်းတွေ အကြောင်း၊ ကိုယ်ရေးကိုယ်တာအကြောင်းလေးတွေ စုံနေတာပါပဲ။
ကိုရေသန့်က သူကိုတိုင် ဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော်ကို ပေးတယ်။ သူမြန်မာပြည်ကနေ လိုင်းမကောင်းလို့ ကျွန်တော်ကို တင်ခိုင်းတာပါ။ MTV ပုံစံလေးလုပ်ထားတာပါ။ အားပေးကြပါအုံးနော်။ ဝေဖန်ပေးကြပါအုံး ဆင်တဲကဖေးက ကိုရေသန့် ကိုယ်တိုင်သရုပ်ဆောင် ဆိုထားတာလေးကိုပေါ့။ ကျွန်တော် မကြာခင်တင်ပေးပါမယ်။
ကျွန်တော်တို့ စကားပြောတဲ့အခါ ဘေးလူတွေကြားခဲ့ရင် ရယ်စရာများ ဖြစ်နေမလား မသိဘူး နာမည်ရင်းတွေ သိနေကြပေမယ့် စကားပြောရင် ဘလော့မှာ သုံးတဲ့နာမည် ကိုရေသန့်၊ ကိုပေါ့ဆိမ့် ဆိုပြီး ခေါ်ဆို ပြောခဲ့ကြတာပါ။ ကိုရေသန့်လို့ခေါ်ပြီး စကားပြောရတာ ကိုပေါ့ဆိမ့်လို့ ပြန်ကြားရတာလေးကလည်း ချိုမြိန်တဲ့ အရသာတစ်ခုလို့ ခံစားမိပါတယ်။
(ဃ)
ကျွန်တော်တောင်းဆိုလို့ ၁၁ နာရီခွဲလောက်မှာ ကျွန်တော်တို့ မူလတွေ့ခဲ့တဲ့ နေရာ ဇရပ်လေးကို ပြန်လာထိုင်ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်အပြန်ကို လူကြုံထည့်ပေးချင်တဲ့သူတွေကို အဲဒီနေရာလေးမှာ ချိန်းထားမိလိုပါ။ လူကြုံပေးမယ့်သူတွေက အကြုံပစ္စည်းတွေနဲ့အတူ ရေပါအောင်ရွာတဲ့မိုးကိုပါ ခေါ်လာကြသလားမသိ မိုးကလည်း ဘုရားရင်တော်ပေါ်မှာ ရေစီးကြောင်းလေးတွေ ဖြစ်အောင်ရွာချနေပါတယ်။ ကျွန်တော်လည်း လူကြုံပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေတုန်း ကိုရေသန့်က
“ကိုပေါ့ဆိမ့် ကျွန်တော်ဒီနားခဏ သွားလိုက်အုံးမယ် ပြန်လာခဲ့မယ်”
ဆိုပြီး သူယူလာတဲ့ ထီးကောက်ကြီး ဆောင်း၍ ထွက်သွားပါတယ်။
ခဏကြာတော့ လူကြုံဧည်တွေလည်း ပြန် ကိုရေသန့်လည်း ပြန်ရောက်လာပါတယ်။
“ကျွန်တော် အလှူခံဌာနကို သွားတာ”
ဆိုပြီး အလှူခံဖြတ်ပိုင်းလေး ကျွန်တော်ကို ပေးပါတယ်။ ကိုရေသန့်က ဆက်ပြောပါတယ်။
“ဒီအလှူက ဘုရားရှင်အတွက် ရည်စူးပြီးလှူခဲ့တာပါ။ စေတိဂုံရဲ့ အနောက်ဘက်မုဒ်မှာ အခု ဥယျာဉ်ကြီးတစ်ခု တည်ဆောက်တော့မယ်လေ။ အဲဒီမှာလိုမယ့် မြေတွေ၊ သစ်ပင်ပန်းမန်တွေ အခြားလှူနိုင်တဲ့အရာတွေ အများကြီး ရှိတယ်။ အားလုံးလှူဖို့ လို့အပ်နေတယ်လေ။ တစ်နှစ် တစ်ခါလည်းမဟုတ် တစ်သက်တစ်ခါမှာ ကြုံရခဲ့ပါတယ်။ ကျွန်တော် ဟိုတလောကလည်း ကျွန်တော်လှူဖြစ်သေးတယ်။ ခုတစ်ခါတော့ ဆင်တဲကဖေး နာမည်နဲ့ပေါ့”
ဆင်တဲကဖေးကိုယ်စား အဖွဲ့သားတွေ ကုသိုလ်ရဖို့ ဘုရားကို ရည်းစူးပြီး မြေကြီးကားတစ်စီးကို လှူထားတဲ့ ကိုရေသန့်ရဲ့ မျက်နှာလေးက ရွှင်လန်းနေပါတယ်။ ကျွန်တော်လည်း မနေနိုင်တော့ပါဘူး။ အရမ်းကို လှူချင်တဲ့ ဆန္ဒပြင်းပြလာ ပါတယ်။ ကိုရေသန့်ကို အလှူခံ ရှိတဲ့ နေရာကို လိုက်ပို့ခိုင်းပြီး မိသားစုနာမည်နဲ့ သံဃာဂုဏ်တော်ကို ရည်စူးပြီး မြတ်စွာဘုရားရှင်အပေါင်းအတွက် ရည်မှန်းပြီး လှူဒါန်းလိုက်ပါတယ်။ ကိုရေသန့်လည်း သဒ္ဒါတရားတွေ ထပ်ယိုစီးလာတယ်ထင်ပါတယ်။ သူနဲ့ သူအသဲလေး နာမည်နဲ့ ထပ်လှူလိုက်ပါတယ်။ ကျွန်တော်တို့ အလှူခံဌာနက ပေးတဲ့ ဂုဏ်ပြုမှတ်လွှာတွေကို ယူမနေတော့ပဲ အလှူဖြတ်ပိုင်းလေး ကိုယ်စီသာယူ လာဖြစ်ခဲ့ကြပါတယ်။
မြတ်စွာဘုရားရှင်အပေါင်းကို ရည်မှန်းပြီး စေတနာ သုံးတန်နဲ့ လှူတန်းလိုက်ရတာ တန်ဖိုးဖြတ်မရတဲ့ နောက်ဘ၀ထိ ကိုယ်ဆီ ပါမယ့် နှလုံးသား အဟာရလေး တစ်ခုပါ။ ဘလောကာမိတ်ဆွေတွေကိုလည်း လက်တို့ချင်တာကြောင့် ဒီအကြောင်းလေးကို ရေးသားမိတာပါ။ တစ်သက်မှာ တစ်ခါ ကြုံရခဲ့တဲ့ ကုသိုလ်မို့ လက်လှမ်းမှီသ၍ လှူဒါန်းနိုင်အောင် အသိပေးနိုးဆော် လိုက်မိတာပါ။
မိုးလေး နည်းနည်းဆဲတာနဲ ကျွန်တော်တို့ မြို့ထဲထွက်ခဲ့ကြပါတယ်။ ယုဇန ဒံပေါက်ထမင်းဆိုင်မှာ နေလည်စားခဲ့ကြပါတယ်။ ဒံပေါက်ဖိုးကို အပြိုင်အဆိုင်ရှင်းတဲ့ စေတနာပြိုင်ပွဲမှာလည်း ကိုရေသန့်ပဲ အနိုင်ရရှိသွားပါတယ်။ ဒီလိုနဲ့ အတိုချုံးပြောရရင် ဆူးလေဘုရားနားက ကုန်းကျော်တံတားတစ်ခုမှာ ကိုရေသန့်နဲ့ ကျွန်တော် လက်ဆွဲနှုတ်ဆက် လမ်းခွဲခဲ့ကြပါတယ်။ ခဏတာ တွေ့ဆုံမှု့ရဲ့နောက်မှာ ဘယ်တော့ပြန်တွေ့နိုင်ဦးမလဲဆိုတဲ့ ပူလောင်တဲ့အတွေးတွေကို ဖယ်ပြီး တွေ့ဆုံခဲ့ရတဲ့ ပီတိလေးကို တွေးရင်း ဆုတ်ကိုင်ရင်း ပြုံးပြုံးကြီး ပြန်လာခဲ့ပါတော့တယ်။
Frame Photo Editor 3.0
ဒီဆော့ဝဲလေး အသုံးပြုပြီး မိမိဖန်းတီးချင်တဲ့ ပုံလေးတွေကို ဘောင်လှလှလေးတွေ၊ နောက်ခံပုံလေးတွေ၊ အခြားနှစ်သက်တဲ့ ပုံလေးတွေနှင့်အတူ ဥာဏ်ရှိသလို ပြုလုပ်ရပါတယ်။ ဆော့ဝဲလေးကို ဒေါင်းပြီး run လိုက်ပါ။ အောက်ကပုံလေး အတိုင်း တတ်လာပါမယ်။

ထိုပုံအတိုင်း ဆိုရင်တော့ သုံးလို့မရသေးပါဘူး။ Help ကို နှိပ်ပါ။ ထိုနောက် Entry Registration Code ကို ဆက်နှိပ်ပါ။ ပြီးရင် Registration name နေရာနဲ့ Registration key နေရမှာ ထည့်ဖို့ လေးတွေကို ကျွန်တော် ထဲမှာ Crack ဖိုင်ထဲမှာ ထည့်ပေးထားပါတယ်။ သေချာစွာထည့် ပြီးရင်တော့ အောက်ကပုံလေးအတိုင်း ဖြစ်သွားမှာပါ။ ပုံထဲမှာ Frame Photo Editor ဆိုတာလေး ပျောက်သွားရင် စတင်သုံးလို့ရပါပြီ။

ဒေါင်းရန် ။ ။ 8.41MB
ဆင်တဲ က အရိယာ မဂ္ဂသန္တိသုခ စေတီတော်
ဆင်တဲ ရှိ အရိယာ မဂ္ဂသန္တိသုခ စေတီတော် သည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံနယ်မြေ၊ ဓမ္မရက္ခိတ ကုန်းတော်တွင် ကိန်းဝပ်တော်မူ ပါသည်။ ဥာဏ်တော် (၃၁) ပေရှိသော ဤ အရိယာ မဂ္ဂသန္တိသုခစေတီကို ရန်ကုန်မြို့ရှိ ရွှေတိဂုံတော်ကြီး၏ ပုံတော်တူ တည်ထားတော်မှုပါသည်။ သာသနာ သက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၂) ရက်၊ ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၄) ရက် သောကြာနေ့တွင် ရတနာ အုတ်မြစ်တော်စီ မင်္ဂလာ ကျင်းပလျက် စတင်တည်ထားခဲ့ ပြီး သာသနာသက္ကရာဇ် ၂၅၅၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလပြည့် ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ထီးတော်တင်လှူ ပူဇော်ခဲ့ပါသည်။ ဆင်တဲမှ အထွေထွေမန်နေဂျာ ဦးကျော်လွင် နှင့် ဇနီး ဒေါ်မြမြ၀င်း တို့အား အမှူးထား၍ ၀န်းထမ်းမိသားစုများ၏ ပေါင်းစုကုသိုလ်ဖြစ်ပါသည်။
ဆင်တဲ မှ အရိယာ မဂ္ဂသန္တိသုခ စေတီတော်သည် ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီး ကုန်းမြေပေါ် တွင်တည်ရှိသည်။ သိမ်ကုန်းဘုရားကြီးတွင် သီတင်းကျွတ်မီးထွန်းပွဲတော်များ၊ ကထိန်းပဒေသာပင်ပွဲများ၊ ၀န်ထမ်းမီသားစုများအတွက် ပျော်ပွဲရွှင်ပွဲများ၊ ရှုပ်ရှင်ပြသခြင်းများ နှင့် ထမင်းနဲထိုးခြင်းများ ပြုလုပ်လေ့ရှိသည်။ စေတီတော်ကို ဘုရား၏ ဘေးဘက်တွင် ကပ်လျက် တည်ဆောက် ကိုးကွယ်ထားသည်။ ဆုတောင်းပြည့် သိမ်ကုန်းဘုရားကြီးကို ဓမ္မဝိဟာရဓမ္မာရုံ အတွင်းတွင် ဖူးတွေ့နိုင်သည်။
ဘုရားနှင့်စေတီ၏ မြေနေရာအ၀န်းသည် ဘောလုံးကွင်းတစ်ကွင်းခန့် အကျယ်ရှိသည်။ ဆင်တဲ ကလေးထိန်း မူကြိုကျောင်းနဲ့ မြေချင်းထိဆက် လျက်ရှိသည်။ ဘုရားမျက်နှာချင်းဆိုင်တွင် ကွန်ကရစ်လမ်းတစ်ခု ရှိသည်။ ထို လမ်းမှနေ၍ ဆင်တဲ အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှုစက်ရုံ ( လယ်/စက် – ၁ ) သို့ တည့်တည့်ဆင်းသွားလျှင် ယောင်္ကျားခြေလှမ်းဖြင့် ၅ မိနစ်အတွင်း ရောက်နိုင်သည်။ လမ်းတစ်ဘက်တွင် အပျိုဆောင် တစ်ဆောင်လည်းရှိသည်။ ဟိုဘက် ဒီဘက် ထိပ်တွင် စက်ရုံဝန်ထမ်းနှင့် အရာရှိအိမ်ယာ များဖြစ်သော ၈ ထောင်တန်လိုင်း နှင့် ၁၂၀၀၀ တန်လိုင်း တို့ရှိသည်။ ဘုရား၏ ဘေးဘက်နဲ့ အနောက်ဘက်တွင် ကျွန်း၊ သရက်တောအုပ်ငယ် ရှိပြီး အဲဒီနောက်ဘက်တွင် လူနေအိမ်ယာများ ရှိသည်။
ယခုအခါ ဘုရားဖူးသူ၊ အမျိုးမျိုးသော (၁၁) မီး ကြောင့် ယတြာချေ လာသောသူ၊ စိတ်အပန်းဖြေလာသူတို့ သည် ဘုရားနှင့် စေတီတော်ကြီးသို့ အလင်းသင့်သလို လာရောက်ဖူးမျှော် လျက်ရှိပါသည်။ ရာသီဥတုကောင်းသော ညချမ်းချိန်ခါ များတွင်လည်း လူမပျက်ပဲ ဘုရားဖူးသူ အချို့ကို တွေ့မြင်ရသည်။
အရိယာ မဂ္ဂသန္တိသုခ စေတီတော်တွင် ကဗျည်းမော်ကွန်းစာ နှင့် သြ၀ါဒပါတိမောက် ဓမ္မစေတီကျောက်စာတော် တို့ ကို လည်း ရေးသားမှတ်တန်းတင်ထားသည်။
|
၁။ ခန္တီပရမံ တပေါတိတိက္ခာ၊ နဗ္ဗာနံ ပရမံ ဝဒန္တိဗုဒ္ဓါ။ န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံဝိဟေဌယန္တေ။ ၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။ ၃။ အနုအဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရာ။ မတ္တညုတာ စ ဘတ္တသ္မိံ ၊ ပန္တဉ္စသယနာသနံ။ အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။ |
တစ်သက်စာမက

နှလုံးသား ပွင့်ခက်
ချစ်ရည်ဖွဲ့ အပြုံးတစ်စက်
ချစ်သူ့တွက် နှင်းဆက် …
တစ်သက်မှာ တစ်ခါ
သူ့အတွက်သာ ဒီမေတ္တာ
ခိုင်မြဲမယ့် သစ္စာ
ပြစ်ခွာရှောင်မပြေး
စိုးထင့်နစ်နာ ကြားလေသွေး
နှစ်ရှည်ကြာ ချစ်ရေး
အချစ်ကြွေး ကြမ္မာ
လောင်မြိုက်စေ တစ်ဘဝစာ
သူ့နားက မခွာ
မုသားတွေ ဘေးဖယ်
မြတ်ဘုရားထံ ဆုချွေမယ်
ကြင်သူ သိစေကွယ် …
ပုံလေးကို ဒီက ရှာ ယူထားပါတယ်.။





