ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443519
  • Visitors today:35
  • Visitors yesterday:92
  • Visitors last week:639
  • Visitors currently online:3
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

ကျောင်းသူလေးအတွက်……..

ဧရာဝတီမြစ်ပြင်ကို တိုက်ခတ်လာတဲ့ လေနုအေးလေးနဲ့အတူ သင်းပြံ့တဲ့သနပ်ခါး ရနံ့တစ်ခုက သူ့အာရုံကို အမြဲတမ်းလတ်ဆတ်စေခဲ့သည်။ အတိအကျ အားဖြင့် ဒီလိုစက်လှေစီးပြီး မြစ်ကိုဖြတ်ကာ ကျောင်းတက်ရတဲ့ မနက်စောစော အချိန်တွေမှာပေါ့။ သနပ်ခါးရနံ့ ဟုတ်သည် ဒီရနံ့က မနက်တိုင်းသူရနေကြ။ ဒီစက်လှေပေါ်မှာပါပဲ။ ဘယ်ကလည်းလို့ သူလိုက်ရှာနေစရာမလို စက်လှေစီးရမှာကို အရမ်းကြောက်တဲ့ သူသိပ်ချစ်ရတဲ့ (တိတ်တခိုး) ချစ်သူ နှင်းငွေ့ ဆီကပါပဲ။ ဧရာဝတီရဲ့ ရေပြင်ကျယ်ကိုကြည့်ပြီး ကြောက်စိတ်ဝင်နေတတ်တဲ့ နှင်းငွေ့ ကြောင့်သူ့အတွက်တော့ ခုန်တန်းလေးတစ်ခုမှာ အတူတူထိုင်ခွင့်ရခဲ့တာပဲလေ။ မေဂျာတူအတန်းဖော်ဆိုလို့ သူတစ်ယောက်ထည်းရှိတဲ့အတွက် နှင်းငွေ့ရဲ့ အနီးဆုံးနဲ့ အခင်မင်ဆုံးမိတ်ဆွေဆိုလဲ ဟုတ်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီလိုအဆင့်တွေထက်သူ ကျော်ချင်နေခဲ့တာတော့ နှင်းငွေလဲ ရိတ်မိနေပါပြီ။ ကျောင်းရောက်တော့လည်း သူငယ်ချင်းရှားတဲ့နှင်းငွေ့အတွက် စားအတူ သွားအတူ သူတစ်ယောက်ထဲပါပဲ။ အမြဲတမ်းဖြူစင်နေတဲ့ နှင်းငွေ့ကြောင့် သူစိတ်တွေကို ချွန်းအုပ်ခဲ့ရတာလဲ အခါခါပါပဲ။ ဒီလိုနဲ့ ပထမနှစ်ကျောင်းတက်ရက်တွေ ကုန်လွန်ခါနီးလေ သူ့အတွက်တော့ နေမြင့်လေအရူးရင့်လေပါပဲ။ တစ်နေ့တော့ သူ့စိတ်ကို ရဲဆေးတင်ပြီး နှင်းငွေ့ ကိုဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ညညတွေမှာ နှင်းငွေ့ကို သိပ်လွမ်းတဲ့အခါ ရေးလေ့ရေးထရှိတဲ့ ကဗျာလေးတွေက တစ်ဆင့်ပေါ့။ ဒီအတွက်သူ ကဗျာတစ်ပုဒ်ကို သူ့ရဲ့ ညတစ်ညကို အသုံးချပြီး ကြိုးစားပမ်းစား ရေးခဲ့ပါတယ်။ ကဗျာလေးက…………

ငါဟာဥယဉ်မှုးတစ်ယောက်ဆို
နင်ဟာအမြဲတမ်းတင့်တယ်နေတဲ့
ငါ့ရဲရင်ငြိမ်းပန်းကလေးပါပဲ
ရင်နှင့်မဆံတဲ့ခံစားချက်တွေကို
ဖွင့်အံထုတ်ရင်း
ငါ့နှလုံးသားရဲ့ရောင်နီပျိုးတဲ့နေကို
နင့်လက်နဲ့ နှင်းအပ်စေချင်တာ
ဘာညာနဲ့ မော်ဒန်ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစားရေးပြီး နှင်းငွေ့အတွက် ပန်းနုရောင်စာအိပ် လေးထဲမှာ ထည့်ကာ မနက်ဖြန်အတွက် အဲဒီညကိုလွန်ခဲ့ပါတယ်။ နောက်နေ့ရောက်တော့ ဟိုးအရင်နေ့တွေအတိုင်း နှင်းငွေ့က စက်လှေစီးပြီး ကြောက်စိတ်ဝင်ရင်း သူကလဲ နှင်းငွေ့ကို အဖော်ပြုရင်း ကျောင်းစာသင်ခန်းထဲကိုရောက်ခဲ့ပြန်တယ်။ သူကသာ အချိန်တွေ နေရာတွေ ရွေးပြီး ကဗျာပေးဖို့ ကြံနေပေမယ့် နှင်းငွေ့ကတော့ မသိရှာပါဘူး။ ဒီလိုနဲ့ နောက်ဆုံးစာသင်ချိန်ကို ရောက်ခဲ့ပြီး ဒီအချိန်ပြီးရင် အိမ်ပြန်ရတော့မယ်လေ။ သူဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချပြီး လွယ်အိပ်ထဲက ပန်းနုရောင် စာအိပ်လေးကို နှင်းငွေ့ဆီ ထိုးပေးလိုက်ပါတယ်။
ပထမတော့ နှင်းငွေ့ ကြောင်ပြီးကြည့်နေပါတယ်။ ပြီးမှ “ဘာတွေလဲ မင်းနေစာအိပ်လေ ဖွင့်ကြည့်လိုက်လေ ဟို…အထဲမှာကဗျာပါတယ်ဟ” ‘အင်…ငါမှကဗျာတွေအကြောင်းမသိပဲ” အာ….ရပါတယ်ဟ အရင်ဖတ်ကြည့်ပါဦး’‘ ဇဝေဇဝါ နဲ့ စာအိပ်လေးကို ဖွင့်ပြီး နှင်းငွေ့ ဖတ်နေပါတယ်။ သူလည်း ရင်တွေဘာတွေခုန်လို့ပေါ့။ နှင်းငွေ့က ကဗျာကို သေသေခြာခြာ ဖတ်နေတာပါ။ သူလဲဝမ်းတွေဘာတွေသာလို့ပေါ့။ ဒီတစ်ခါတော့ ပွဲပြီးပြီပေါ့။ နှင်းငွေ့က ကဗျာကိုဖတ်ပြီး သူကိုတစ်ခွန်းတည်း ပြောပါတယ်။ ”တစ်ကယ်ပါ မင်းနေရယ် ငါဘာမှကိုနားမလည်ဘူးဟ

သွားပြီ…ခြေမကိုင်မိ လက်မကိုင်မိ ဆိုတာ ဟိုတုန်းက ဘာမှန်းမသိပေမယ့် သူခုမှသိသွားပါတယ်။ သူတစ်ခုခုလုပ်မှဖြစ်တော့မယ်လေ။ ဒီလိုနဲ့ သူစာရွက်လေးကိုပြန်ယူပြီး နောက်ကျောဘက်မှာ ကဗျာတစ်ပုဒ်ကို အမြန်ရေးချပြီး နှင်းငွေ့ဆီကို ပြန်ပေးလိုက်ပါတယ်။ ဒီတစ်ခါလည်း နှင်းငွေ့က သေသေခြာခြာ ဖတ်နေပါတယ်။ ပြီးတော့ ပြုံးပါတယ်။ နောက်ဆုံးတော့ သူစကားလေးတစ်ခွန်းကိုပြောပါတယ်။ ”ဟွန်း….အဲဒီလိုအစကတည်းက ရေးပြီးပေးလိုက်ပြီးရော ခုတော့ ဘုမသိ ဘမသိနဲ့ ရည်းစားစာနှစ်ခါ အပေးခံရတယ်” အဲဒီစကားလေးနဲ့အတူ မျက်စောင်းလှလှလေးတစ်ခုက သူ့ရင်ကိုအေးမြစေရင်း ကဗျာလေးကိုနောက်တစ်ခေါက်ပြန်ဖတ်လို့ပေါ့…………..

ကျောင်းအတွေးကျောင်းအရေးနဲ့
ကျောင်းသူလေးနဘေးမှာထိုင်
ကျောင်းစာသင်ခန်းလေးလည်းမပျဉ်းနိုင်
ကျောင်းတက်ရက်တွေမကျန်နိုင်တော့မှ
ကျောင်းသားလေးတွေးကာမှိုင်
ချစ်တာတွေသူသိစေရန်
ကျောင်းသားလေးတွေးကာကြံ
ဟိုမော်ဒန်ကဗျာတစ်ပုဒ်နဲ့
ရွှေနားတော်သွင်းဖို့ရန်
ဒီကာရန်တွေကျောင်းသူလေးလက်မခံနိုင်တော့
တိတ်တခိုးကာရန်ချိုးကာ
ကဗျာသံစဉ်ရိုးရိုးတစ်ပုဒ်ကို
မြတ်နိုးရောင်အရိပ်မိုးလို့
ဆက်သခဲ့ပြန်………..။

သောကခရီးသည်

အလွမ်းတွေကိုလှမ်းခြွေတဲ့
ရနံ့ဝေလေလှိုင်းသံမှာ
ပမ်းသမျှတွေကိုပြေ
အလွမ်းအိုတို့ကြွေကြလိမ့်မယ်……

မေတ္တာနယ်တစ်ဖက်စွန်းခြားလို့
ခင်ပျိုမယ်အမုန်းနယ်ခြားမှာ
ဒီကိုငယ်တွေးသာကြောက်သမို့
စိုးရိမ်ကာဗျာပါရောက်ရတယ်
အကြောက်တရားကပို…..

ကံဇာတာမစွမ်းလေတော့
ပြည်ခြားကာလွမ်းဆွတ်ရတယ်
ဇွတ်အတင်းရယ်မပြန်နိုင်လေသမျှ
ကြမ္မာညွှတ်ကွင်းမှာမိတဲ့သမင်ငယ်……..

သစ္စာရယ်မသွေဖယ်သ၍
ချစ်တာတွေသူသိစေရန်
လေလှိုင်းကိုကြားခံလုပ်ရင်း
ရွှေနားတော်သွင်းခဲ့ရပြန်……..

မိုးခါးရေများ၏အလွန်….

ကမ္ဘာဂုဏ်ကျယ်ပေမယ့်
နေရတာဘုံနန်းမဟုတ်ဘူး
ဆန်းသစ်သောဇိမ်ခံပစ္စည်းတွေရှိပေမယ့်
ဒါတွေကိုသူမသိချင်ဘူး
ဟောဒီရှိနေတဲ့ဉီးခေါင်းကသူ့တစ်ကိုယ်စာလုံဖို့ထက်
အရာရာကိုဖူလုံစေဖို့လေ
ဒါသူ့အတွေး……..
လေနီကြမ်းတွေတိုက်တဲ့နေ့က
အသိုက်မဲ့တဲ့ငှက်တစ်ကောင်ဆိုပေမယ့်
ငိုနေမယ့်သူတော့မဟုတ်ဘူး
သူ့အတွေးသူ့အသွေးနဲ့သူရေးခြစ်မယ့်မနက်ဖြန်
ဘ၀မှန်တွေအပြည့်နဲ့ပေါ့
မာန၊အမှန်တရား၊သစ္စာ၊ဂရုဏာ
အတွေး၊၀ါဒ
ဒါတွေကိုဘယ်တော့မှခ၀ါမချဘူး
မိုးခါးတွေရွာလို့မိုးခါးရေမသောက်ဘူး
အကြောက်တရားနဲ့ဘယ်တော့မှမဖောက်ပြားဘူး
နူးညံ့တဲ့လက်အစုံကစုတ်ချက်ကြမ်းနဲ့
ပုံဖော်ရေးဆွဲနေခဲ့တာ……
မလှပပေမယ့်သဘာဝတော့ကျပါတယ်
ဟောဟိုအရပ်လေးမျက်နှာက
ဝင်လာကြတဲ့မုန်တိုင်းတွေ
စိတ်ဓာတ်ကျောက်တောင်တွေကိုတော့
ကျိုးကျေမွစေမှာမဟုတ်ဘူး
မိုးခါးရေတွေပတ်လည်ဝိုင်းနေတဲ့
အတုယောင်လွတ်လပ်မှုတွေနဲ့ကျွန်း
သူကွန်းခိုနေထိုင်ခဲ့တာ
ဒါအမှန်တရားအတွက်ပါ
မှန်ကန်တဲ့ရသကိုရဖို့ဘ၀ကကုန်ကြမ်းဆိုရင်
လူ့ဘ၀ကိုရတာကောင်းတယ်ဆိုတဲ့အတွေးနဲ့
သူ့ကိုယ်သူစတေးခဲ့တာ
တစ်လောကလုံးနိုးထလာစေဖို့လေ……

အတ္တစီးချင်း

မျက်ဝန်းနက်လှလှတစ်စုံက
အပြုံးတွေကိုသူခြွေချ
ကြယ်ကြွေညရဲ့အဲဒီနေ့ကပေါ့
ဖြတ်ခနဲ အတွေ့ လှစ်ခနဲ ဝင်လာတဲ့မုန်တိုင်းတစ်ခု
ဟောဒီရင်ခွင်ကိုဗဟိုပြုရင်း
နှင်းဆီရယ်…….
အတ္တတွေကိုငါမျိုချရင်း
ငါ့နေ့သစ်တွေက ငါ့ကိုပြန်လှော်ခတ်သွားကြရဲ့
ဒီလိုစိတ်ဝါဒီ အစွဲအလမ်းတွေနဲ့လည်း
အမြဲလိုလို ဖြတ်သန်းခဲ့ရပေါ့
ချစ်လွန်းတော့လည်း ကြေ နစ်လွန်းတော့လည်း
သေမလိုပဲလေ…..
ခံစားလွန်းပြန်တော့လဲ အတ္တတွေက
ကြိုးကြေမွ ခဲ့ပေါ့
တစ်ခါတစ်ခါ ခံစားမှုတွေက အတ္တတွေကိုထမ်းထုတ်
ပကတိ ကျောက်ရုပ်…….
တစ်ခါတစ်လေတွေးကြည့်တော့
ငါပြေးသွားလို့ရပါတယ်
မတ္တာတွေ ချစ်တာတွေနဲ့
အတ္တကိုခေါ်င်းစဉ်တတ်ပြီး
သူ့မြို့ရိုးရှေ့မှာ မတ်တတ်ရပ်ရတာက
ငါ့ကိုယ်ငါ နားလည်ရခက်တယ်
ဒီလိုပဲပေါ့………
ငါရယ် ငါ့ အတ္တရယ် စီးချင်းထိုးတဲ့ပွဲ
နှလုံးသားကြကွဲသံ
ငါ့မနက်ဖြန်တွေကို တံခါးဆွဲဖွင့်တော့
နှင်းဆီရနံ တွေနဲ့ ငါ
နောက်တစ်ခါ ထပ်ရူးရပြန်ပေါ့…………။

အသိတရား

သူ့ဘဝမှာကြီးကြီးမားမား စိတ်ထိခိုက်စရာ အဖြစ်ပျက်တွေက သိပ်များများစားစားတော့မဟုတ်ပါဘူး။ဒါပေမယ့် အဲဒီအနည်းစု အဖြစ်ပျက်တွေက ဘဝမှာဘယ်လိုမှ မေ့လို့မရတာ သူဝန်ခံရမလိုပါပဲ။တစ်ချို့အဖြစ်အပျက်တွေက စိတ်ခံစားမှုတွေ ပတ်ဝန်ကျင်အနေထားတွေကြောင့် တစ်ခါတစ်ရံမှ သတိရတတ်ပေမယ့် ဘယ်လိုမှမေ့မရတဲ့ ပြီးတော့ လူ့အသိုင်းအဝိုင်းထဲမှာ လှုပ်ရှားသွားလာနေသမျှ သတိတရဖြစ်နေမိတာကတော့……

အဲဒီနေ့က သူစက်ရုံမှာ ပုံမှန်အတိုင်းအလုပ်သွားဆင်းနေချိန်ပေါ့။သူ့အတွက်တော့ ပုံမှန်ဆိုပေမယ့် အဲဒီသူရောက်နေတဲ့ နိုင်ငံမှာတော့ ဘာသာရေး ရက်ရှည်ပိတ်ရက်တွေလေ။သူကသာမန်ထက်နည်းနည်းပိုတဲ့ တာဝန်ယူရမှု နည်းနည်းပိုတဲ့ ဝန်ထမ်းတစ်ယောက်ပေါ့။အဲဒီဘာသာရေးရက်ရှည်တွေ မပိတ်ခင် သူ့အထက်ကလူက ဖြစ်နိုင်ရင် အဲဒီပိတ်ရက်တွေထဲက ထက်ဝက်ကျော်ကျော်လောက်ကို အလုပ်ဆင်းပေးဖို့ ပြောလာပါတယ်။ပထမတော့ အားလုံးကမဆင်းနိုင်တဲ့အကြောင်း ပြောကြတာပေါ့။ဒီလိုနဲ့ အထက်လူက တောင်းတောင်းပန်ပန်နဲ့ ပြောလာတဲ့အခြေနေကိုရောက်လာပါတယ်။သူလဲ အလုပ်တွေပြီးနိုင်တယ်ထင်လို့ အလုပ်လက်ခံမိတယ် လို့ဆိုပါတယ်။ order တွေအချိန်မှီမပေးနိုင်ရင် သူ့အတွက်မျက်နှာပျက်စရာတွေ ဖြစ်သွားလိမ့်မယ်တဲ့။သူတွေးလိုက်ပါတယ် ဒီ order တွေရှိနေလို့လဲ သူနဲ့ သူ့လူတွေရဲ့ အလုပ်က ဝင်ငွေကောင်းပြီး အရေးပါနေရတာကိုပေါ့။အဲဒီတော့ သူနဲ့ သူ့လူတွေညှိကြတာပေါ့။ဘယ်သူတွေ ဘယ်သွားစရာရှိလဲ မိတ်ဆွေအပေါင်းသင်းတွေ အိမ်လာလည်မည့်သူရှိလားပေါ့။တစ်ချို့မအားတဲ့လူတွေကိုတော့ နားခိုင်းလိုက်ပြီး သူအပါအဝင် ကျန်တဲ့ သူ့လူတွေကတော့ လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ဒါပေမယ့်သူကတောင်းဆိုလိုက်တာက order တွေပြီးအောင်လုပ်မယ် ပြီးတဲ့နေ့ကစပြီး နားမယ်လို့ပြောလိုက်ပါတယ်။ဝမ်းသာအားရနဲ့ပါပဲ သူနဲ့ သူ့လူတွေ ထမင်းစားချိန်တွေအတွက် သူကိုယ်တိုင် ထမင်းလာပို့ပေးမယ်လို့ဆိုပါတယ်။

အဲဒီအချိန်တွေက အဲဒီနိုင်ငံမှာ ၇ နာရီမထိုးခင်ထိ စားစရာဝယ်ရတာခက်လှပါတယ်။အဲဒီနိုင်ငံရဲ့ ဘာသာရေးသက်မှတ်ချက်တစ်ခုကြောင့်ပေါ့။
ဒီလိုနဲ့ အလုပ်စဆင်းပြီး ၃ ရက်လောက်အကြာမှာတော့ သူ့ဆီကိုထင်မှတ်မထားတဲ့ ဖုန်းဝင်လာပါတယ်။သူ့ သူငယ်ချင်းသုံးယောက်ဆီကပေါ့။ အခုသူတို့ သူနေတဲ့နေရာက ဘူတာကိုရောက်နေကြပြီတဲ့။သူ့ဆီလာလည်ကြတာတဲ့လေ။သူဝမ်းသာသွားသလို စိတ်ထဲမှာလဲထင့်သွားပါတယ်။
ဒီသူငယ်ချင်းတွေက သူနဲ့ဝေးနေကြတာကြာပြီလေ။ပြန်တွေ့ရမှာဆိုတော့ သူပျော်တာပေါ့။ဒါပေမယ့် အလုပ်တစ်ဖက်နဲ့သူက နည်းနည်းတော့ စိတ်လွတ်ကိုယ်လွတ် မဖြစ်နိုင်ဘူးလေ။ဒီလိုနဲ့ သူငယ်ချင်းသုံးယောက်နဲ့အတူ အေးမြတဲ့ညတစ်ညကို ဝိုင်းဖွဲ့ပြီး ရှေးဟောင်းနှာင်းဖြစ်တွေပြောကြရင်း နဲ့မနက်သုံးနာရီ ထိုးတဲ့အထိပဲဆိုပါတော့။သူ့မျက်လုံးတွေကလဲ အိပ်ဖို့ကိုတာဆူနေပါပြီ။အလုပ်က ပင်ပမ်းခဲ့တာပဲလေ။ဒီလိုနဲ့ သူငယ်ချင်းတွေကို အိပ်ဖို့တိုက်တွန်းလိုက်ရပါတယ်။ အဲဒီမှာပဲ ပြဿနာကစတော့တာပါပဲ။သူငယ်ချင်းတစ်ယောက်က စဖောက်ပါတော့တယ်။ဘာလို့အိပ်မှာလဲ ဘာလဲ မခင်ဘူးလားဘာလားပေါ့။သူလဲ သေသေချာချာ ရှင်းပြပါတယ်။သူ့အလုပ်အကြောင်းကိုပေါ့။ရှင်းခါမှရှုပ်ဆိုသလိုပါပဲ သူတို့ကအဝေးကြီးက လာရတာ မင်းကအလုပ်သွားဆင်းတော့ ဘယ်ကောင်းမလဲပေါ့။ပုံမှန်အတိုင်းဆို သူငယ်ချင်းပြောတာမှန်ပါတယ်။ခုဟာက ပုံမှန်မဟုတ်တာကိုး။
ဒါပေမယ့်ဘယ်လိုမှပြောမရတော့ပါဘူး။ဒါတွေပဲထပ်ခါထပ်ခါ ပြောနေပါတော့တယ်။သူလဲပြောပါသေးတယ် ခုချိန်မှာစအိပ်ရင်တောင် သူပြန်လာခါနီးမှ သူတို့နိုးကြမှာလေ။ရှင်းရင်းရှုပ်နေတော့ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကပါ အိပ်ဖို့ပြောတော့မှ ပြီသွားပါတော့တယ်။ဒါပေမယ့် သူကျေနပ်ပုံတော့မရပါဘူး။

ဒီလိုနဲ့သူတို့အိပ်သွားကြတောမှ တစ်ခြားအခန်းဖော်ကိုအားနာပါးနာနဲ့ သွားနှိုးပြီး သူငယ်ချင်းတွေနိုးလာရင် ဆိုင်မှာတစ်ခုခု လိုက်ကြွေးပေးဖို့ ပိုက်ဆံပါပေးပြီး ကူညီဖို့တောင်းပန်ရတော့တာပါပဲ။ဟိုကလဲ ရပါတယ်မင်းသူငယ်ချင်းတွေဆို ငါ့သူငယ်ချင်းပဲပေါ့ဆိုလို့ စိတ်ချလက်ချနဲ့ အိပ်မယ်ကြံတော့ ၅ နာရီတောင်ထိုးနေပါတော့တယ်။ ၅ နာရီခွဲဆို အလုပ်သွားဖို့ပြင်ရတဲ့သူ့အတွက်တော့ မအိပ်တာပဲကောင်းပါတယ်ဆိုပြီး စာထိုင်ဖတ်နေလိုက်ပါတော့တယ်။ဒီလိုနဲ့ ထမင်းစားချိန်အလုပ်နားတော့ အိမ်ကအခန်းဖော်ဆီ ဖုန်းဆက်တော့ ပြန်သွားကြပြီတဲ့။သူစဉ်းစားမရ ဖြစ်သွားပါတယ်။သူ့ဆီလဲဖုန်းတစ်ချက်လေးတောင်ဆက်မသွားကြပါဘူး။အဲဒီတော့ သူပဲဖုန်းစဆက်လိုက်ပါတယ်။ဒါပေမယ့် တူတူ ဆိုတဲ့ အသံပဲကြားရပါတယ်။သူ သိလိုက်ပါတယ်။တစ်ခုခုတော ခု သွားပြီဆိုတာကို။ဒီလိုနဲ့ order တွေပြည့်လို့နားရတဲ့ နေ့တွေရောက်လာတော့ အဲဒီ သူငယ်ချင်းဆီ ဖုန်းထပ်ဆက်လိုက်ပါတယ်။ဒီတစ်ခါတော့ သူ ဖုန်းပြန်ကိုင်ပါတယ်။ဒါပေမယ့်ကောင်းသောကိုင်ချင်းတော့ မဟုတ်ပါဘူး။ သူပြောချင်ရာတွေပြော၊ စွတ်စွဲမှုတွေ တစ်လှေကြီးနဲ့ပဲ ဖုန်းချသွားပါတယ်။ပြီတော့ သူကပြောပါသေးတယ်။နောက်တစ်ခါဘယ်တော့မှ မဆက်သွယ်နဲ့တဲ့။သူနားလည်ပေးလိုက်ပါတယ်။သူပြောတဲ့အတိုင်း အဆက်အသွယ်လဲ မလုပ်တော့ပါဘူး။

ဒီလိုနဲ့ သူအဲဒီနိုင်ငံက ပြန်လာခဲ့ပြီး အခုဒီကိုသူထွက်လာခဲ့တယ်ပေါ့။တစ်ခါတစ်ရံ သူ့သတင်းတွေကို ခပ်သဲ့သဲ့ကြားရပါသေးရဲ့။ အရက်တွေအရမ်း သောက်ပြီး အလုပ်လဲကောင်းကောင်းမလုပ်ဘူးတဲ့။အလုပ်တွေပြောင်းတာလဲ များပြီတဲ့။ပြီတော့ပိုဆိုးတာက အသိအိမ်တွေသွားပြီး သောက်စားနေတာ တစ်ခါတစ်လေ အိမ်တောင်မပြန်ဘူးတဲ့။သူသွားတဲ့ အိမ်ကလူတွေကလဲ စိတ်ညစ်ကြရတယ်ပေါ့။နောက်မိတ်ဆွေတွေက အလုပ်ရှိတယ်လိုပြောရင် သူ့နာမည်ကို ပြောပြီး သူ့လိုမလုပ်ကြဖို့ပြောတယ်တဲ့။ဒီသတင်းတွေကြားတော့ သူစဉ်းစားမိပါတယ်။မိအေးက နှစ်ခါမကတော့ပါဘူး အကြိမ်ကြိမ်နာရမလို ဖြစ်နေပါပြီ။ဒါပေမယ့် သူ သူငယ်ချင်းကို နားလည်ပေးပါတယ်။

ဒီလိုနဲ့ပဲ နှစ်တွေအတော်ကြာတော့ သူရဲ့နောက်ဆုံးသတင်းတစ်ခု ရောက်လာပါတယ်။အဲဒါက ကမ်းခြေတစ်ခုမှာ အရက်တွေမှုးပြီးရေဆင်းကူးရင်း ရေနစ်လို့ဆုံးပြီတဲ့။ပထမ သူဝမ်းနည်းသွားပါတယ်။နောက်သူ နှမျောတသလည်းဖြစ်သွားပါတယ်။ဝမ်းနည်မိတာက သူဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်ခဲ့ဘူးလို့ရယ် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းမပေးနိုင်တာရယ်အတွက်ပါ။နှမျောမိတာကတော့ အမျိုး၊ဘာသာ၊သာသနာ အတွက်တော့မဟုတ်ပါဘူး။ဒါတွေကိုလဲ သူစိတ်ဝင်စားခဲ့မှာမဟုတ်ပါဘူး။သူ့အတွက်နှမျောမိတာက နားလည်မှု ဆိုတဲ့ အသိတရားလေးတစ်ခု ကိုတောင် သူနားလည်မသွားရှာတာကိုတော့ သူဒီနေ့ထိနှမျောမိနေတုန်းပါပဲ…………။

——————————————————————————————————–

ကျွန်တော်တို့ရဲ့ ဋ္ဌာနေတူညီမ အင်ကြင်း( ၃၆၅ ရက်ငယ်သော)က အသိတရားဆိုတဲ့ ခေါ်င်းစဉ်နဲ့ တဂ်ထားတာကြာပါပြီ။ခုတစ်လော အလုပ်တွေရှုပ်တာရယ်၊ဘာရေးရမှန်းမသိတာရယ်ကြောင့် ကြာသွားပါတယ်။ခုတော့ ရေးလိုက်ပါပြီ။အင်ကြင်း လဲအိမ်ရှေ့ကနေ အကြွေးလာတောင်းရတာ မောရောပေါ့ :) ခုတော့ပြီးသွားပါပြီ။နောင်လည်း တဂ်နိုင်ပါစေလို့ :(

သူနှင့်ရေလှိုင်း

သူ့ဘဝအစကမြို့စွန်မှာရှိတဲ့စက်ရုံတွေဆီကပဲဖြစ်လိမ့်မည်။ဘာရယ်လို့သေသေခြာခြာမသိပဲဒီနေရာကိုရောက်လာခဲ့ရသည်။ကိုယ့်ကိုယ်ကိုပြန်ကြည့် မိတော့အရောင်ကမည်းပြီး ဟိုနေရာဒီနေရာတွေမှာလဲအချွန် အတက်တွေနဲ့။ကိုယ်ထည်ကတော်တော်လေးမာပုံရသည်။ စက်ရုံတွေကမလိုအပ်တော့တဲ့
အစိတ်အပိုင်းဖြစ်ပုံရသည်။ဒီလိုနဲ့စက်ရုံတွေကိုကျောခိုင်းပြီး သူထွက်လာခဲ့တော့သည်။မည်းနက်နေတဲ့ ရှေ့လမ်းမကြီးတစ်လျှောက်ပါပဲ။သူတော်တော် လေးလျှောက်မိတော့ နားထဲမှာတုန်ခါမှုတွေဖြစ်လာသည်။တစ်ဖြည်းဖြည်းနဲ့လဲ သူနဲ့နီးလာသလိုခံစားရသည်။ဒီလိုနဲ့နောက်လှည့်ကြည်မိတော့ ကုန်တင်ကားရဲ့ တာယာဘီးတွေက သူနှင့်အနီးအနားသို့ရောက်နေသည်။သူဘယ်လိုမှ ရှောင်ချိန်မရလိုက်။မျက်စိတွေစုံမှိတ်ထားလိုက်သည်။ သူအနည်းဆုံးတော့ တစ်စဆီဖြစ်သွားလောက်သည်။ဒီနောက်တော့ တာယာဘီးတွေကသူ့ကိုယ်ပေါ်သို့………။

ဖောင်း…….ကျွီ

သူဘာမှမခံစားလိုက်ရ။သူသိလိုက်တာက ကုန်တင်ကားကြီးကတော့ လမ်းဘေးမှာရပ်လျှက်။ နောက်ဒရိုင်ဘာ၏ ညီးငြူသံသဲ့သဲ့ကိုကြားလိုက်ရသည်။

ဘယ်လိုသံချွန်တွေများတက်နင်းမိပါလိမ့်…..တောက်

နေရာကသူလှည့်ထွက်လာခဲ့သည်။သူ့ကိုယ်သူလဲ အထင်ကြီးသွားမိသည်။ဒီလိုနဲ့ လမ်းမှာတွေ့သမျှ မျက်ပင်တွေ မြေကြီးတွေ အို အစုံပါပဲ သူ့လက်ချက်စာမိခဲ့ကြသည်။သူပျော်နေမိသည်။သူ့နဘေးနားကအရာရာတိုင်းဟာ သူ့မျက်စိထဲမှာတော့ ချိနဲ့နဲ့တွေပါပဲ။ဒီလိုနဲ့ သူသွားရင်းလာရင်း ကမ်းခြေတစ်ခုကိုရောက်လာခဲ့သည်။အဲဒီမှာပဲ သူဒေါသတွေထွက်လာမိသည်။ပင်လယ်ကိုကြည့်ရင်းပေါ့။ရေလှိုင်းဖြုဖြုဖွေးဖွေးတွေက ကမ်းစပ်ကိုရိုက်ပုပ်နေပုံများ သူ့ကိုစိမ်ခေါ်နေသလိုပင်။သူကြုံးဝါးလိုက်မိသည်။

တွေကြသေးတာပေါ့

သူ့မှာရှိသမျှအားအင်တွေနဲ့ ရေလှိုင်းဖြူဖြူတွေရှိရာသို့ တစ်ဟုန်ထိုးပြေးဆင်းလိုက်သည်။နောက်သူ အောက်ခြေသို့ပြုတ်ကျသွားသည်။ ရေလှိုင်းတွေကတော့ သူ့ကိုရှိတယ်လို့ပင်ထင်ပုံမရ။တစ်ကယ်ကို အေးအေးဆေးဆေး ပါပဲ။သူပိုဒေါသထွက်သွားမိသည်။ကမ်းခြေကိုပြန်တက်လိုက် ပြန်ပြေးဆင်းလိုက်နဲ့ ဘယ်နှစ်ကြိမ်မြောက်မှန်သူမသိတော့။နောက်သူတစ်ဖြေးဖြေး မောလာသည်။နေဝင်ချိန်လဲ ရောက်လာပြီ။သူနားလိုက်သည်။ သူ့မှာအားအင်တွေလဲ မြူတစ်မှုန်မှမရှိတော့။သူ့ရဲတက်ကြွနေတဲ့ စိတ်တွေလဲ ဘာတစ်ခုမျှမရှိတော့။သူ့ရှေ့ကရေလှိုင်းတွေကတော့ ဒီအတိုင်းပင်။

တစ်ခုခုကိုသူသိလိုက်ပြီ။သေခြာတာတစ်ခုကိုပေါ့။နောက်သူမျက်လုံးတွေမှိတ်ချလိုက်သည်။သူဘဝရဲ့နောက်နေ့တွေကို သူဖြတ်သန်းရဦးမည်ပဲလေ။
သူ့နားထဲမှာတော့လှိုင်းရိုက်သံက တစ်ဖြေးဖြေးတိုးညှင်းလို့သွားသည်။အသိတစ်ခုကတော့ သူနှင့်အတူမနက်ခင်းအသစ်တွေမှာ နိုးထနေဦးတော့မည်……..။

Page 5 of 10« First...3456710...Last »