ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443519
  • Visitors today:35
  • Visitors yesterday:92
  • Visitors last week:639
  • Visitors currently online:3
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

မိုင်တိုင်မဲ့…..နှလုံးသား

မိုင်တိုင်မရှိတဲ့လမ်း
ကမ်းမရှိတဲ့မြစ်
မျှော်လင့်ချက်မရှိတဲ့လူ
ရှင်သန်နေရတာအတူတူပဲ…
လရောင်ကိုဖမ်းဆုပ်
ညအမှောင်ကိုအံတုတဲ့လူသား
နေဆယ်စင်းအားထက်သာနိုင်တယ်…..
အဆုံးသတ်ခြင်နေတဲ့ငါ့ဘဝ
မျှော်လင့်ချက်မဲ့ခဲ့ရရင်
သေခြာမှူတွေနဲ့ဝေးသွားနိုင်တယ်…..
ဒါကြောင့်
ဘ၀ကိုမျှော်လင့်ခြင်း
အလင်းပေးမယ့်လရောင်ရေ
အချစ်တွေနဲ့ဘ၀တွေစွန်းထင်းဖို့
တစ်အားထွန်းလင်းလိုက်ပါဉီး……

တင်ဆက်သူ – ချိုကျ(ဆင်တဲကဖေး)

လွမ်းသူ့ရင်

သတိတရ
လွမ်းတစ်သသ
မြေခခဲ့ရတဲ့အလွမ်းတွေ
ဆူးခင်းတဲ့လမ်းမြေကြောင့်
နွမ်းကြွေပေါ့ချစ်သူရေ
အလွမ်းတွေကြောင့်သာ
ရုပ်ပုံလွှာကို
အနမ်းတွေခြွေ
ကျေနပ်နေစိတ်အစဉ်က
အပြစ်မြင်သူ့အထင်ကြောင့်
လွမ်းသူ့ရင်အပြန်လမ်းမှာ
စိုးစိတ်တွေဝင်၊၊

ချိုကျ(ဆင်တဲကဖေး)

လိုအပ်ချက်

လိုရာခရီးကိုရောက်ဖို့
ငါ့ခြေထောက်တွေကိုဆန့်ထုတ်
မြေပေါင်းရာနဲ့ချီပြီးလျှောက်ခဲ့ရ
တစ်ခါတစ်ခါကြတော့မောပန်းတယ်
ဉဩသံလေးမြည်သံဆွေးကိုမှ
ငါမလွမ်းရသေးရင်
ဘ၀မှာ
ဘာလုပ်စရာကျန်သေးလဲ?
တင်ဆက်ရေးသားသူ……..ချိုကျ

ဘ၀တစ်ခြမ်း

သူငယ်ချင်းတစ်ယောက် ပို့ထားတဲ့ ကဗျာလေးပါ။ “ဘ၀တစ်ခြမ်း” တဲ့ ခံစားကြည့်ပေးပါ။

နင့်အတ္တ အဆုံးတဘက်မှာ
ငါ့ကံကြမ္မာ အသက်ဝင်သွားပြီ
နှစ်သိမ့်မှု့အရိပ်အောက်က
အပင်ပေါက်ခဲ့ရတဲ့ အဆိပ်အတောက်တွေလား
မျက်တောင်ဖျားလေးအဆုံးက
နင့်ဘ၀လိုအပ်ချက် တသက်စာငါမြင်နေရတယ်
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
လျှောက်လှမ်းခိုင်းတဲ့လမ်းတွေထဲ
ဆူးတွေပါဖြန့်ကျဲလို့
အိုကွာ…
ဒါဟာငါ့အတွက်တော့
သကာရည်ဆမ်းထားတဲ့ ဘတစ်ခြမ်းပါပဲ ။ ။

ပေးပို့သူ… ကျော်နွေဦး (ဆင်တဲ)

Page 10 of 10« First...678910