ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443521
  • Visitors today:37
  • Visitors yesterday:92
  • Visitors last week:641
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

စိတ်ရဲ့…..ဒဏ်

အရောင်းအဆင်းမဲ့တဲ့ ဦးထုပ်လေးပါ။ သူ့ကမ္ဘာမှာ သာယာမှုတွေကင်းပြီး တစ်ခါတစ်ခါ သိက္ခာတရားတွေက သွေးချင်းချင်းလည်း ကျတတ်သေးရဲ့။ နှင်းစက်တွေလိုလို့ ဆူးကိုနံကြာထိုးရတာ အခါခါပါပဲ။ ရောင်နီဘယ်တော့ပွင့်မလဲ မေမေ ။ သောက်တော်ရေ အကပ်မခံရပေမယ့် တိရိစ္စန်တစ်ကောင် ကုန်းသောက်ခွင့် ပေးနိုင်ကောင်းရဲ့ ။ မျက်နှာပေါ်မှာ ဓားချက်တွေ သေရာပါမတတ်ပါပဲ။ ဒါဟာ ဝတ်ဆံကသင်းတဲ့ ခပ်ပြင်းပြင်းရနံလေလားကွယ် ။ ဦးထုပ်ကလေးရယ် ဟောင်းချင်ဟောင်းပါ ။ ငါ့ဘဝဟာ ဘယ်လိုမှ ပြောင်းမသွားတဲ့ မီးတောက်ဖွဲ့ လောင်ကျွမ်းမှု ဒဿနတစ်ခုပါ ။ ပတ်လည်ဝိုင်းနေတဲ့ အရောင်တွေထဲ ဝတ်ဆံလေးရဲ့ တောင်ပံခတ်သံက နင့်ကနဲ လှိုက်ကနဲ ။ အရောင်အဆင်းကင်းတဲ့ ဦးထုပ်လေးပါ ။ ဖြစ်နိုင်ရင် ခြေရာတွေ ပြင်ခွင့်ပေးပါ ဖေဖေ ။ ကျွန်တော် ငိုပါရစေ ။ မျက်ရည်ဆိုတာ ချိုတယ်ထင်ပ ။ ဦးထုပ်ကလေးဟာ မိုးမလုံဘူး ။ နောက်ဆုံးတော့ မမြဲခြင်းတရားထဲ သူလည်း အစိတ်စိတ် အမွှာမွှာကွဲဦးမှာပါပဲ……. ပေါ့ကွယ် ။

ဂျာအေးကဗျာ

မုန့်လုံးကို သောကကပ်လို့
ဖျာတစ်ချပ်နဲ့ ကျွန်းပေါ်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
အုန်းသီးကိုင်လို့ပြေး….ဂျာအေး
ရတက်ပွေကာဇောတွေကပ်လို့
ရမ်ပုလင်းကိုဖြို
ကိုလူပျိုငယ်သံပေါက်ကာ
ထမိန်စကိုဆွဲ…….တွဲလဲ
တွဲလဲရယ်နေပါဦး
လမ်းတွေကဆုံး
နောက်ဆုံး
ကတုံး…. ။

ဝလုံးလေးမှဝိုင်းအောင်မရေးနိုင်ခင်

ဒီနေ့ ဆင်တဲ အထက ဒဿမတန်း ထဲတွင်ရှိ ကျောင်းသားတစ်ချို့ ကြွက်စိကြွက်စိ ဖြစ်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ကျောင်းလုံးတွင် နှစ်လုံးထဲသာရှိသည့် ကွန်ပြူတာ ဟုခေါ်သော TV နှင့် လက်နှိပ်စက် တွဲထားသောအရာကြီးများအတွက် အနုပညာအသင်း တာဝန်ခံဆရာဦးတိုးကြီးမှ လူလိုက်ရှာနေသည့် သတင်းကြောင့်ဖြစ်ပေတော့သည်။ တကယ်တော့ အဲဒီအရာကြီးနှင့် ကျောင်းသားများ လားလားမှမသက်ဆိုင်ခဲ့တာကြာပြီ။ ဟုတ်ပါသည် တကယ်က ကျောင်းတွင် ကွန်ပြူတာခန်း ဖွင့်ပြီးကတည်းက အလှည့်ကြ ခေါ်ပြ၍ တစ်ခါလားသာ မြင်ဖူးလိုက်သည်။ အဲဒီတုန်းက ကျနော်တို့တွေက ကိုးတန်းနှစ်လားရှိသေးသည်။ ခုတော့လိုက်ရှာနေကြပြီ။ မရှာလည်းခံနိုင်ရိုးလား။ တိုင်းပညာရေးမှူးလာမည်တဲ့လေ။ အဲဒီလာမည့် ဘာမှန်းမသိတဲ့ လူကြီးအတွက် ကျောင်းကအနုပညာအသင်းက အဲဒီအခန်းထဲတွင် ပုံတွေဘာတွေ ဆွဲပြရမည်တဲ့။ တွတ်စိတွတ်စိတွေကြားထဲ အနှီမောင်ချိုကျလည်း ပါပေသည်။ ဟိုကောင် ပေါ့ဆိမ့်ကတော့ ပြောသည်။ ငါ့လာခေါ်ရင်ကတော့ အနွေးထည်ယူသွားမှရမယ်တဲ့။ ပုံဆွဲမဆွဲထက် Aircon ဒါဏ်မခံနိုင်ဘူးတဲ့။ ဒီကြားထဲ black ကဝင်ပြောလေသည်။ ငါကတော့ သွားဘူးကွာ ဆရာဦးတိုးကြီးကိုတော့ နည်းနည်း လန့်တယ်တဲ့။ ပုံမှန်က ဘာဖြစ်လို့လည်းဝင်မေးတော့ black က အင်းးးးးး ဆိုတဲ့သက်ပြင်းရှည်ကြီးဆွဲပြီး ငါတစ်ခုခုကို လန့်နေသလိုဖြစ်နေလို့ပါတဲ့။ အဲဒီကြမှ အကုန်လုံးခေါင်းကို မတိုင်ပင်ပဲ ဆတ်ခနဲ ငြိမ့်မိလိုက်ကြလေသည် ။

ထိုအချိန်မှာပဲ အတန်းပိုင်ဆရာမ ဝင်လာပြီး ချိုကျ ပေါ့ဆိမ့် black ရုံးခန်းကို လိုက်ခဲ့ဟု ပြောပြီးပြန်ထွက်သွားလေတော့သည်။ အင်းတစ်ခုခုတော့ထူးပြီ။ ရုံခန်းဆိုတာက ကျွန်တော်တို့အတွက် နေရာစိမ်းတော့မဟုတ်ပါ။ သို့ပေသည့် နေရာကျက်လည်းမဟုတ်ပြန်။ အဒီအချိန်ကြမှ black ကမေးတော့သည်။ ဟေ့ကောင် ပေါ့ဆိမ့် မင်းမနေ့က ရေအိုးဖိုးတွေ ခန်းဆီးဖိုးတွေ ကောက်ထားတာ ရပြီလား ။ ပေါ့ဆိမ့်ကလည်း ခုလိုအချိန်မှာလာမေးတော့ နည်းနည်းတင်းသွားပုံရသည်။ ငါချိုကျကိုတစ်ဝက်ကောက်ခိုင်းထားတာပဲ။ သူရောရပြီလားမေးကြည့်ဦးဟု ဘောက်ဆတ်ဆတ် ပြန်ဖြေလေတော့သည်။ အနှီမောင်ချိုကျလည်း ကိုယ့်ဘက်တော့ မြားဦးအလှည့်မခံနိုင်ပေ။ black မင်းရော ငါပေးထားတဲ့ တံမြက်စည်းဖိုးတွေ ပါလာလား ဟုမေးလိုက်ရာ black တစ်ယောက် မျက်နှာငယ်လေးနဲ့ ငါအိမ်မှာမေ့ကျန်ခဲ့တယ်ဟုပြောလေသည်။ ထိုအချိန်ကြမှာ ပေါ့ဆိမ့်ကလည်း ချိုကျ မင်းရောပါလားဟုမေးရာ ကျွန်တော်လည်း မေ့ကျန်ခဲ့ကြောင်းနှင့် ပေါ့ဆိမ့်ကလည်း ငါရောအတူတူပဲဟုဖြေလေသည်။ ဒီလိုနဲ့ ရုံခန်းကို စိတ်မပါပဲ ကိုယ်ချည်းသက်သက် သွားကြလေတော့သည် ။

ရုံးခန်းထဲရောက်တော့ ကျောင်းအုပ်ကြီးကို မတွေ့ရပေ။ ဒါပေသည့် ဆရာဦးတိုးကြီးကတော့ မိန့်မိန့်ကြီး ထိုင်လျက်သားတွေ့လိုက်ရသည်။ ကျွန်တော်တို့တစ်သိုက် ဝင်လာတော့ ဆရာက မျက်မှန်အပေါ်မှ ကျော်ကြည့်ပြီး လာကြဟု ပြောလေသည်။ ကျွန်တော်တွေးလိုက်မိသည် ။ မျက်မှန်ပေါ်က ကျော်ကျော်ကြည့်မှ မြင်လျှင် မျက်မှန်ကို ဖြုတ်ကြည့်ရင်ရော ဒါမှမဟုတ် ချွတ်ပြီးကြည့်ရင်ရော ဒါမှမဟုတ်ဘယ်လိုကြည့်ကြည့် မြင်ရတဲ့ မျက်မှန်တတ်လို့ရော မရကြဘူးလား။ ခက်တာက အဲလိုကျော်ကျော်ကြည့်တော့ အကြည့်ခံရတဲ့ လူတွေကို အလိုလို ဦးညွှတ်သလိုဖြစ်နေသည်။ အထူးသဖြင့် ဆရာလိုလူက ဘာမဟုတ်တဲ့ တပည့်တွေကို ဦးညွှတ်နေပုံပေါက်တာ ကျွန်တော်လို တပည့်မျိုးကတော့ လုံးလုံးမှ မနှစ်သက်မိချေ။ ဘာပဲပြောပြော ဆရာရှေ့မှာတော့ သုံးရောက်သား ရင်ကိုကော့ပြီး အသက်ကို ဝဝရှူထားပြီးဖြစ်ချေတော့သည် ။

နင်တို့ကိုခေါ်ရတာ တစ်ခြားတော့မဟုတ်ဘူးဟေ့။ ကျောင်းအနုပညာအသင်း ကွန်ပြူတာပန်းချီအတွက် လူလိုနေလို့ နင်တို့ကို ခေါ်လိုက်တာပဲဟုဆရာကပြောလေတော့သည်။ ဆရာက စကားပြောရင် နင် ဟုပဲသုံးတတ်ပါသည်။ အဲလိုသုံးတာလည်း သူ့အကြောင်းနှင့်သူရှိပါသည်။ ဆရာအကြောင်းမို့ ချိုကျ အကြောင်းမဟုတ်တဲ့အတွက် နည်းနည်းမှ မပြောချင်တော့ပါ ။ ဆရာကဆက်ပြောပါသည်။ ချိုကျ နင်က ဒီအသင်းမှာ အတွင်းရေးမှူး အဖြစ်လုပ်လိုက်။ ဘာလို့လည်းဆိုတော့ နင်က လူကြီးလာရင် ရှင်းပြရမှာ။ ဟိုအကောင် black နဲ့ ပေါ့ဆိမ့်က အနုပညာအသင်းရဲ့ ပန်းချီသရုပ်ပြတွေလုပ်ရမယ်။ ထိုကြမှ သုံးရောက်သား သက်ပြင်းရော သက်မပါချနိုင်ကြတော့သည် ။ အားလုံးပေါင်းကျောင်းသားကရော ဘယ်နှစ်ယောက်လည်းဆရာ ဟု ပေါ့ဆိမ့်ကမေးရာ ဆရာက ငါနဲ့ဆို လေးရောက်လေ။ နင်တို့ကို မနက်ဖြန်ကစပြီး ပုံဆွဲသင်ပေးမယ်။ ကာယချိန်တွေမှာ ဘယ်မှသွားစရာမလိုဘူး ငါဆီလာခဲ့ကြ ဟုပြောရာ black တစ်ယောက် ကျောနဲနဲတွန့်သွားတာကို မြင်ဖြစ်အောင် မြင်လိုက်ကြသေးသည် ။

ရုံးခန်းထဲမှအထွက်တွင်တော့ အနွေးထည်ယူလာမည့် ပေါ့ဆိမ့်ရယ် ငါမသွားချင်ဘူးကွာဟု ခပ်လေးလေးပြောသော blackရယ် ဘာတွေပြောရမှန်းမသိဖြစ်နေသော ကျွန်တော်ရယ် သုံးယောက်သား ပူသုံးပူနဲ့ အတန်းသို့ပြန်လာခဲ့ကြလေတော့သည်။ နောက်တစ်နေ့ ကာယချိန်သို့ရောက်သောအခါ ကွန်ပြူတာခန်းထဲတွင် သုံးယောက်သား ကွန်ပြူတာဆိုသောအရာကြီးနဲ့ ဝလုံးတွေကို ဆရာက စ ဝိုင်းခိုင်းပါလေတော့သည်။ ခက်ပါသည်။ သုံးယောက်စလုံးရဲ့ စာအုပ်တွေယူကြည့်ရင်တောင် လက်ရေးလှသူဟု ရွေးပင်မရကြသော ကျွန်တော်တို့သုံးယောက် ဒုက္ခရယ် လှလှရယ် လှလှရဲ့ အစ်မရယ်ပါ ပေါင်းတွေ့ကြပါတော့သည်။ တစ်ရက်လုံးလုံး ဝိုင်းလိုက်ရတဲ့ ဝလုံးဆိုတာ ဟို ကြွက်ဟုခေါ်သော အရာကလေးပေါ်က လက်တွင်ထွက်နေသော ချွေးကိုပင် မပွတ်အားခြေ။ ပေါ့ဆိမ့်ကတော့ အနွေးထည်ဝတ်ပြီး ကွေးနေအောင်ထိုင်နေတာ တွေ့ရသည်။ black ကတော့ ဆရာ၏ လက်ထပ်သင်ပေးမှုအောက်တွင် နှဖူးကချွေးများ ခရမ်းသီးလုံးလောက် ကျကျနေတာတွေ့ရသည်။ အနှီမောင်ချိုကျ တစ်ယောက်ကတော့ ဝလုံးလည်းမသိ ကွန်ပြူတာဆိုတာလည်း စိတ်မဝင်စား ဖြစ်နိုင်ရင် ကျောင်းအိမ်သာအဟောင်းဆီသို့သာ သွားနေချင်တော့သည်။ အကြောင်းမှာ ဆေးလိပ်ကို ဟန်ပါပါ ဖွာနေမည့် ပုံမှန်၏ မျက်နှာကိုသာ ပြေးပြေးမြင်နေသောကြောင့်ပေတည်း။

ဤသို့ဤနှယ်ပေါ့ အချိန်တွေသာကြာသွားတယ် ဝလုံးကလည်းဝိုင်းမလာ ဆရာဆွဲပေးတဲ့ပုံကြမ်းလောက်သာ ဆေးရောင်ချယ်တတ်ကြသော အနှီအတွင်းရေးမှူးနှင့် တကွ ပန်းချီဆရာအပေါင်း အတွက် ဆရာတစ်ယောက် ခေါင်းခြောက်ရပေတော့သည်။ ဝလုံးဝိုင်းမလာပေမင့် လာမည့်လူကြီးဆိုသော အရာကြီးကတော့ လာရက်နီးနေပါပြီ။ နောက်ဆုံးတော့ ဆရာ လက်တင်မက စိတ်ပါလျှော့ချလိုက်ပုံရပါသည်။ လူကြီးလာမည့် နှစ်ရက်အလိုတွင်မတော့ ကျွန်တော်တို့ကို ခေါ်ကာ စကားပြောလေတော့သည်။ ကဲ….နင်တို့ဆွဲတဲ့ ပုံသာစောင့်ရရင် လူကြီးအိမ်ပြန်ရုံမကဘူး ရွာဦးကျောင်းက ဘုန်းကြီး နတ်ရွာစံရင်တောင် ပြီးကြမယ့် အကောင်တွေမဟုတ်ဘူး။ အဲဒီတော့ ငါပဲပုံကြမ်းဆွဲပေးထားမယ် ချယ်ရမယ့်အရောင်တွေရဲ့ နေရာတွေပါ ပြောပြမယ်။ ဒီနေ့ကစပြီး စာကျက်သလိုမှတ်ထားလိုက်ကြတော့ဟု ပြောလေတော့သည်။ ဟိုကောင်တွေကတော့ ပျော်သွားပုံရပေမယ့် ကျွန်တော်တစ်ယောက် မပျော်နိုင်သေးပါ။ ထို့ကြောင့် ဆရာ…..အဲဒီနေ့ကြ ဒီလိုပုံတွေနဲ့ စကားထပြောလည်း ကျွန်တော်အကြောင်းကျွန်တော်သိတယ် ဆရာ အကုန်လုံးပေါ်သွာလိမ့်မယ် ဟုပြောရာ ဆရာရဲ့ မျက်နှာကြီး အိုစာသွားပုံကို နှိုင်းပြရရင် စာဆိုတို့လက်မှိုင်ချရမလောက်ဆိုတော့ ဒီနေရာမှာတော့ နှိုင်းပြမနေတော့ပါ။ ဆရာက အေးပါဟယ် လုပ်ကြပါ လုပ်ကြပါ ဒီအချိန်မှာ ငါ့ဘဝ နင်တို့လက်ထဲမှာပဲရှိပါတော့တယ် ဟု တစ်ခွန်းတည်းသာပြောနိုင်ပါတော့သည်။

ထို့နောက်တွင်မတော့ ဆရာတစ်ယောက် ပုံတွေဆွဲပါတော့သည်။ ဆရာက လက်ရေးပန်းချီမှာ တော်တော်လေးကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်ပေသည်။ သို့ကြောင့် လက်ရာလှလှပုံလေးများထွက်လာပါတော့သည် ။ ကျန်တာကတော့ ကျွန်တော်တို့ တာဝန်မို့ ကိုယ့်တာဝန်ကိုယ် ကျေရပါတော့သည်။ ဆရာက သေချာအောင် ထပ်ခါထပ်ခါ ဆေးချယ်ခိုင်းသည်။ အလွတ်ကျက်ထားသော ကျွန်တော်တို့ကလည်း ထပ်ခါထပ်ခါချယ်ပါသည်။ သို့ပေမင့် ဆေးသာချယ်ရသည် စိတ်ကမပါ။ အဘယ်သို့ဆိုသော် ဆရာဆွဲထားသောပုံများမှာ ချိုကုတ်တဲ့နေရာကုတ်ပြီး ဒူးကြီးတဲ့နေရာတွေက ကြီးနေသည်။ ထပ်ခါထပ်ခါ မြင်ရတော့ ကြက်သရေပင် မရှိချင်တော့ ကိုယ့်ကိုကိုယ်ပြောပါတယ် ။

ရောက်ပါပြီ လူကြီး……..။ ပုဆိုးက ဗိုက်ပေါ်တက်ပြီး စည်းထားသည်။ လူကြီးလို့ခေါ်ရလောက်အောင် အသက်တော်တော်ကြီးနေပုံရပါသည်။ အခန်ထဲသို့ ဆရာဆရာမများ ဝိုင်းရံကာ ဝင်လာပါလေတော့သည်။ အနှီမောင်ချိုကျတို့ကတော့ မပူပါ။ အလွတ်ကျက်ထားသော နေရာများမှာ အလွတ်ကျက်ထားသော အရောင်များကို စချယ်နေပါပြီ။ ပုံလေးတွေက သူတို့အတွက် တော်တော်ကြက်သရေရှိသည်ထင်သည်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမှသိပ်မပြောပဲ ခဏကြည့်ကာ ထွက်သွားလေတော့သည် ။ ချနိုင်ကြပါပြီ သက်ပြင်း။ သုံးရောက်သားတစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လက်မပြိုင်တူထောင်လိုက်ကြလေတော့သည်။ နောက်တော့ ကွန်ပြုတာဖန်သားပြင်ပေါ်က ခန့်ခန့်ထည်ထည်ကြီးများကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်မထားပဲ ဝါးလုံးကွဲရီချလိုက်ပါတော့သည်။ အော်…..ဝလုံးကလေးတောင် ဝိုင်းအောင်မရေးနိုင်ကြပေမယ့် ပတ်လည်ဝိုင်းနေသော ပြဿနာများကိုတော့ ဝလုံးထဲဝိုင်းနေအောင် ညီညီညာညာထည့်ခဲ့နိုင်ကြပေသည် မဟုတ်ပါလား။

ဂျိုးဖြူငှက်ရဲ့လခြမ်းကွေး

ပြင်းပြတဲ့ဆန္ဒတွေကို
ပြတင်းတံခါးကနေလွှတ်ချ
ငြိမ်းခြမ်းတဲ့ကမ္ဘာမှာ
ငါတို့ အလင်းပေါက်ကခုန်ကြစို့ ။

အပ်ချဉ်ကြိုးတစ်မျှင်စာလောက်
ဟောဒီလူတွေခေါင်းလာပေါက်နေတော့
မျက်ရည်ဟာလက်နက်မဟုတ်သလို
အိုင်စတိုင်းကိုလည်း သိပ်ကြောက်နေဖို့မလိုဘူး ။

ဘုရားကျောင်းထဲက လေပြေညှင်းတွေလို
အေးမြ လတ်ဆတ် ငြိမ်းချမ်း
ဒီကမ္ဘာရဲ့လခြမ်းကွေးလေးဟာ
ကမ္ဘာသူကမ္ဘာသားတွေရဲ့ လက်ထဲမှာပါပဲကွယ် ။

ငါတို့ကိုယ်ငါတို့ ပြုစုပါ
ပူမှုတွေမကူးစက်ရ ။
ကိုယ်တိုင်အရိပ်ကို ခိုပါ
တစ်ပါးသူတွေလည်းလိုနေလေရဲ့ ။
ရိုးရိုးတွေးပြီး ကိုယ့်လမ်းကို
ရှင်းရှင်းပြေးပါ
ငါတို့ပြိုင်ဘက်ဟာ ငါတို့ကိုယ်တိုင်ပါပဲ ။

ဂျိုးဖြူငှက်လေးရဲ့ တောင်ပံခတ်သံနဲ့အတူ
ကမ္ဘာမြေရဲ့သံစဉ်တေးကို
ငါတို့ တူးဆွ ခုတ်ထွင်
မနက်ဖြန်တိုင်းရဲ့ ရင်ပြင်ထက်မှာ
ငါတို့ကိုယ်ငါတို့
ပြန်သာယာကြပါစို့….. ။

ချစ်လို့ရေးတဲ့စာ

ချစ်သူကိုချစ်တဲ့စိတ်က ညညဆိုနှလုံးသားထဲက ဖိတ်ဖိတ်ကျမတတ်ပဲ။ အဲဒါကြောင့် ညညဆို အိပ်စက်ခြင်းဆိုတာကို ငါကြိုဆိုဖို့မေ့မေ့နေတယ်။

ချစ်သူရဲ့လှစ်ခနဲ တစ်ချက်အပြုံးက ငါ့ဘဝရဲ့ဆူးဝတ်ရုံတွေကို ဝန်းခနဲပျံအထွက် ငါ့ရဲ့အိမ်မက်ရာသီ အဖွင့်မှာတင် ကြယ်ရော လပါ တစ်ခါထည်းပေါင်းမြင်တယ်။

ဒီနေ့မှာချစ်သူအကြောင်းတွေးပြီး နောက်နေ့မှာချစ်သူကို ငေးငေးကြည့်တယ်။ ဒါနဲ့ပဲ ချစ်သူကို ချစ်ပစ်လိုက်တယ်။

ချစ်သူရဲ့နှလုံးခုန်သံကို ငါ့နှလုံးသားနဲ့ ထပ်တူခံစားတော့ ငှက်ကလေးတွေက တေးသီချင်းထဆိုတယ်။ အဲဒီနေ့က ငါမငိုဘူး ။

ချစ်သူရဲ့ မောဟနဲ့ ဒေါသအချို့ကို ငါမျှဝေယူတယ်။ အဲဒီနေ့က ငါ အသက်နဲနဲပဲ ရှူတယ်။ ရေလာမကူပါနဲ့ ။ ဒါဟာထပ်တူထပ်မျှပါပဲ ။

ချစ်သူမှာရှိတဲ့ လှော်တက်တစ်ချောင်းနဲ့ ငါ့ရထားငါ မောင်းထွက်တယ် ။ တကယ်တော့ လှော်တက်ကလည်း ရထားမောင်းလို့ ရခဲ့တာပဲလေ။ အကြောင်းပေါင်းသင့်လို့ပေါ့ ။

ဒီလိုနဲ့ မြင်ဖူးပြီးသားနေ့ရက်တွေက နှုပ်ဆက်ထွက်ခွာ မရင်းနှီးတဲ့နေရက်တွေက ပင်လယ်ရွတ်တဲ့ ကဗျာသံနဲ့အတူ ငါ့ကို လူဆက်လုပ်ခွင့်ပေးတော့ ချစ်လို့ရေးတဲ့စာတွေ ထွက်ထွက်ကျလာပြန်တယ် ။

ဗလာ…..

ခပ်ပြင်းပြင်းလေးပြုံးလိုက်ပါ
ပင့်သက်ရှိုက်သံနဲ့အတူပေါ့
နောက်တော့စိတ်တွေလွတ်ကျသွားတယ်
တစ်စစီပါပဲ…….။

နောက်တစ်ခါပြန်အိပ်ပါရစေ
အိပ်ပျော်မလားသိချင်ရုံသက်သက်ပါပဲ
စိတ်ကဖြတ်ခနဲ့ပျောက်သွားတယ်
ငါဆိုတာဘယ်သူပါလိမ့်
ရုပ်နဲ့နာမ်ကအစပ်အဟပ်မတည့်ဘူး
နောက်တော့ငါရူးသွားတယ် ။

ဗိုက်ဆာလိုက်တာ….
တစ်ခုခုစားချင်စိတ်မရှိဘူးလား
ငါ့ကိုယ်ငါပြန်မေးတယ်
တိရိစ္စန်ရဲ့အသားတွေမစားနဲ့
မြက်တွေပဲစားပါ……

နောက်တော့ငါ့ရင်ဘတ်ကတံဆိပ်
ငါထပ်ခါထပ်ခါနှိပ်ကြည့်လိုက်တယ်
တုန့်ပြန်မှုကနှေးလိုက်တာ
ငါဟာဘယ်သူဘယ်ဝါပါလိမ့်………။

စိတ်တစ်ခုရဲ့နောက်ကို
အပ်ကျမတ်ကျလိုက်ခဲ့တယ်
လမ်းကလေးကကျဉ်းလိုက်တာ
ပန်းဝတ်မှုံတွေရဲ့လေးတင်သံကို
ငါ့နှလုံးသားနဲ့ဆတ်ဆတ်ကြားတယ်
ဘယ်သူဟာသားကောင်ပါလိမ့်…….။

ဘုံနန်းတစ်ခုရဲ့တံခါးရွက်တွေဖွင့်တော့
ဆူးတောင်ဆူးခက်တွေနဲ့ငါလှမ်းတက်ခဲ့တယ်
နေရာကကြိုးစင်တစ်ခု…….
ကဲ….ဘယ်သူခလုပ်ဖြုတ်မလဲ…………….။
ကျေးဇူးပြုပြီးသေဆုံးခြင်းနဲ့အတူ
လူပြန်လုပ်ခွင့်ပေးပါလော့
ငါဟာငါဆိုတာဘယ်သူမှမကြားအောင်
ဝံကြွားပါရစေ………….။

အတွေးတွေလွင့်ဝဲပြီးထပျံသွားတယ်
ဆောင်းခိုသစ်ကိုင်းလေးထက်မှာ
ငါနေပူဆာလှုံမလို့လား
တစ်ခုလောက်မှာကြားပါရစေတဲ့
စကားသံတွေမင်းနဲ့အတူပါသွားတယ် ။

ဓားတစ်လောက်သာအဖော်ခေါ်သွားပါ
အဲဒါငါ့အတွက်သက်သက်ပါပဲ
သေမလို့လား…….
စောပါသေးတယ် ဟိုဘက်မှာမြက်ခင်းတွေရှိတယ်
မြို့ထဲကိုပြန်မလာပါနဲ့
သင့်အတွက်နေရာလွတ်မရှိပါတဲ့
နောက်တောငါ့ကိုယ်ငါထပ်ခါထပ်ခါသိပ်တယ်
ဘယ်တော့များအိပ်ပျော်မလဲဟင်

ဖြုတ်ခနဲကျကွဲသွားတယ်
ငုံ့ကြည့်လိုက်တော့ရင်ခွင်ကဗလာ……….. ။

Page 1 of 101234510...Last »