Author Archive
ကွန်ပျုတာထဲမှ အရေးကြီးဖိုင်ကိုဖျက်မိတဲ့ အခါ….
တကယ်လို့များ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို
မှားဖျက်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကွန်ပျူတာထဲကို
နောက်ထပ်ဖိုင်အသစ်ထပ်ထည့်တာတွေ၊ ဖိုင်တွေထပ်ဖျက်တာတွေ လုံးဝ
မလုပ်မိပါစေနဲ့။ အဲဒီလိုသာလုပ်မိရင် မှားဖျက်မိတဲ့ဖိုင်လေး ပြန်ရဖို့
အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။
ဖျက်မိလိုက်ချင်းဘဲ မှားဖျက်မိတယ်ဆိုတာကို သိရင် Free ပေးတဲ့ Recuva
ကိုသုံးပြီး ပြန်ရှာလို့ရပါတယ်။ လက်တွေ့စမ်းသပ်ပြီးသားပါ။
တကယ်ကောင်းပါတယ်။
အဲဒီလိုပါပဲ။ Memory Stick ထဲကဖိုင်တွေ၊ MP4 ထဲက File တွေ၊ Digital
Camera ထဲကဖိုင်တွေ မှားဖျက်မိတယ် ဆိုရင်လည်း နောက်ထပ် ဓာတ်ပုံတွေ
ထပ်ရိုက်တာတို့ ဖိုင်အသစ်ထည့်တာတို့သာ မလုပ်မိပါစေနဲ့။ Recuva နဲ့
ပြန်ယူလို့ရနိုင်ပါသေးတယ်။
တခါတလေကျတော့ ဗိုင်းရပ်စ်ကြောင့် ဖိုင်တွေ၊ဖိုလ်ဒါတွေက
ပျောက်သွားတတ်ပါတယ်။ ပျက်သွားတာ မဟုတ်ပါဘူး။ အဲဒီအခါမှာ XYPlorer
ကိုသုံးပြီး Hidden ဖြစ်နေတာတွေကို မြင်တွေ့နိုင်ပါတယ်။ ပြီးရင်
ပြန်ဖော်လို့ ရပါတယ်။
နောက် Recovery Software တွေမှာ ကွာခြားချက်တွေရှိပါသေးတယ်။ တချို့က
FAT32 မှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်။ တချို့က NTFS မှာ ကောင်းတယ်။
အခုအချိန်မှာတော့ HDD တိုင်းဟာ NTFS ဖြစ်နေပါပြီ။ NTFS အတွက်တော့ Active
Undelete က ကောင်းပါတယ်။ Active က ထုတ်သမျှကတော့ အကောင်းတွေ ချည်းပါပဲ။
သူတို့ရဲ့ Product တွေအကြောင်းနဲ့ NTFS အကြောင်းကို www.ntfs.com မှာ
သွားကြည့်နိုင်ပါတယ်။
Memory Stick တွေ Memory Card တွေထဲက ဖိုင်တွေ မှားဖျက်မိတယ်ဆိုရင်တော့
Active ရဲ့ Product တွေ သုံးလို့မရပါဘူး။ ပုံတွေပြန်ရှာဖို့အတွက်တော့
PhotoRescue ကို သုံးလို့ရနိုင်ပါတယ်။ တခြားဖိုင် အမျိုးအစားဆိုရင်တော့
Pandora Recovery ကို အသုံးပြုနိုင်ပါတယ်။ (စမ်းမကြည့်ဘူးပါ။ ဒါပေမဲ့
site တော်တော်များများက ညွှန်းကြပါတယ်။ ပြီးတော့ Freeware လည်းဖြစ်ပါတယ်)
သူငယ်ချင်းတို့လဲဒီပို့စ်ထဲကလိုစမ်းကြည့်နိုင်ကြပါစေ…………..
ရီကြမယ် ( ဟာသလေးပါ..)
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတယောက်ရဲ့  နောက်မှာလူတယောက် ကပ်ပါလာတယ်။ဒါကို ကောင်မလေးသတိထားမိပြီး လန့် နေမိတယ်။ဖြစ်ချင်တော့ အပြန်လမ်းမှာ သချိုင်းတခုကို ဖြတ်ရတယ်။ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတခုရှေ့ ရပ်လိုက်တယ်။အဲ့ဒီနောက် ဂူကိုလက်နဲ့ ပုတ်ပြီး ” အဖေ..အဖေ ..သမီးပြန်လာပြီ..တံခါးဖွင့်ပေးအုန်း “လို့ ပြောလိုက်တယ်။နောက်မှာပါလာတဲ့လူက ကောင်မလေးစကားကြောင့် ကြောက်လန့် ပြီး ထွက်ပြေးသွားတယ်။ထွက်ပြေးသွားတဲ့ လူကိုကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတသံ ထွက်လာတယ်။” သမီးကလဲ သော့ယူသွားဖို့  မေ့ခဲ့ပြန်ပြီလား .” .အသံကြောင့် ကောင်မလေး ဂူရှေ့ ကနေထွက်ပြေးခဲ့ရတယ်။ကောင်မလေး ထွက်ပြေးပြီးတဲ့နောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတယောက် ထွက်လာတယ်။ သူခိုးက” ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပြစ်ရမယ် “ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတယောက်ကို တွေ့ လိုက်ရတယ်။ သူခိုးက ” အဘိုးကြီး..ခင်ဗျားဘာလုပ်နေတာလဲ “လို့ မေးတော့ အဘိုးအိုက” တောက်..ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ “လို့ ပြောလိုက်တယ်။ အဘိုးအိုစကားကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့သူခိုးကို ကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက” ငါ့စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ် “လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲက သံတူရွင်းပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွတ်လိုက်တော့ ချုံထဲကနေ လက်တဖက်နဲ့ အတူ” ဘယ်ကောင်လဲကွ ငါ့မှတ်တိုင်ကို လျှောက်ဖျက်နေတာ “ဆိုတဲ့အသံတသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်ပြေးသွားပြီးတဲ့နောက် သံတိုသံစကောက်တဲ့သူ ချုံထဲကနေ ထွက်လာတယ်။အဲ့ဒီလူက မြေပေါ်မှာ ကျနေတဲ့ သံတူရွင်းကို ကောက်ပြီး” တောက်..သံတိုသံစလေး ကောက်တာတောင် ဒီလောက်အပင်ပန်း ခံရတယ်လို့ ကွာ “လို့  အော်လိုက်တော့တယ်။


