ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443521
  • Visitors today:37
  • Visitors yesterday:92
  • Visitors last week:641
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

ဂုဏ်သိက္ခာရှိရှိ ပြောရမယ်

ပြောရဲဆိုရဲတယ်၊ ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ်ရဲ့အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်း သိရမယ်။ အဲ့ဒီ ခံစားချက်ကို လည်းတဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်းရှိရမယ် ။ အဲ့ဒီလို ပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာ ကိုလည်းမထိခိုက်
စေရဘူး။ တဖက်သားရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း မထိခိုက်စေရဘူး ။ ထိန်းသိမ်းရမယ် ။ ကိုယ်ကလည်း ဂုဏ်သိက္ခာရှိရှိ ပြောရမယ်။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေရဘူး။

“ငါမှန်တယ်၊ ငါရိုးသားတယ်၊ ငါစေတနာထားတယ်၊ နင်ကတော့ မှားတယ်၊ လိမ်တယ်၊ ညာတယ်၊ စေတနာမရှိဘူး”
လို့ ပုတ်ခတ်ပြီးတော့ မပြောသင့်ဘူး။ “ငါက အများကောင်းကျိုးကို လုပ်တယ်၊ နင်က ကိုယ်ကျိုးရှာတယ်။ တစ်ကိုကောင်းဆန်တယ်”လို့ မပြောသင့်ဘူး။ ကိုယ်က သူ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးပြောရင် သူကလည်း ကိုယ့် ဂုဏ်သိက္ခာ ထိခိုက်အောင် ပြန်ပြော တော့မှာပဲ။ အဲ့ဒီလို သူက ကိုယ့်မကောင်းကြောင်းပြော၊ ကိုယ်က သူ့ မကောင်းကြောင်းပြောနေရင် လူမှု့ဆက်ဆံရေး အဆင်မပြေတော့ဘူး။ မပြေလည်တော့ဘူး ။ ဆက်ဆံရေးမကောင်းတော့ရင် သူလည်းအကျိုးမရှိ ၊ ကိုယ်လည်းအကျိုးမရှိ ဖြစ်သွားမယ်။

ဒါကြောင့် စကားပြောတဲ့ အခါမှာ ကိုယ့်ဂုဏ်သိက္ခာလည်း မထိခိုက်ဖို့ ၊ သူ့ ဂုဏ်သိက္ခာလည်းမထိခိုက်ဖို့ သတိထားရမယ်။ ဒါသိပ်အရေးကြီးတယ်နော်။ ကိုယ့်ခံစားချက် ၊ ကိုယ့် နစ်နာမှု့ ၊ ကိုယ့်အခက်အခဲတွေကို မပြောဘဲ နေရင်လည်း တစ်ဖက်က သိမှာမဟုတ်ဘူး။ မပြောပဲ နေပြီးမှ ကွယ်ရာမှာ ငါတော့ တစ်ဖက်သက် မတရားတာ ခံနေရတယ်လို့ ပြောရင် အပြစ်တင်နေရာရောက်တယ်။ အကျိုးမရှိဘူး။ ပြီးတော့ ညည်းညူတဲ့ လေသံ၊ စိတ်ပျက်တဲ့လေသံ မျိုးနဲ့ မပြောရဘူး ။ တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာ လေသံမျိုးနဲ့ ပြောရမယ်။ ကိုယ်က တစ်ဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး။ သူခိုင်းတာ မလုပ်နိုင်ဘူး။ သူတောင်းတာမပေးနိုင်ဘူးဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲ့ ဒီလို ငြင်းပယ်တာကိုပဲ သူ့ ကို တစ်နည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးဘဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်။

ငါမပေးရင် သူဘာတတ်နိုင်မှာလဲ ။ မပေးပဲထားရင် သူ့ကို နိုင်တာပဲ ။ သူရှုံးတာပဲ။ သူ့ကိုအပြစ်ဒဏ်ပေးတာပဲဆိုတဲ့ အတွေးမျိုး သဘောထားမျိုး မထားသင့်ဘူး။ ပေးနိုင်တာ ပေးသင့်တာ ဆိုရင် ကျေကျေနပ်နပ် ပဲ ပေးလိုက်ပါ ။ တကယ်မပေးနိုင်တာဖြစ်နေလို့ မပေးနိုင်ကြောင်း ပြောရတဲ့ အခါ ပြေပြေပြစ်ပြစ် လေးလေးစားစား ပြောပါ ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ။ No ! ဆိုတဲ့ စကားကို လက်နက်တစ်ခုအနေနဲ့ အသုံးမပြု ဘဲ ပြောတဲ့နည်းကို လေ့ကျင့်ထားရမယ်။ ဒီလို ငြင်းပယ်တဲ့ စကားကို ပြောတဲ့ အခါမှာ မာမာကြောကြော ကြီး မပြောမိဖို့ လိုတယ်။

ပထမဦးဆုံး သူ မေတ္တာရပ်ခံ တာ၊ တောင်းခံတာကို ၀မ်းမြောက်ဝမ်းသာ လုပ်ပေးချင်ပါတယ်။ လက်ရှိအခြေအနေအရ လုပ်ပေးလို့ မရသေးလို့ပါ။ အခြေအနေတမျိုးပြောင်းလာလို့ လုပ်ပေးနိုင်တဲ့ အခါ လုပ်ပေးမယ်ဆိုတဲ့ ပြောပုံမျိုး ပြောသင့်တယ်။ ဒါလည်းပဲ တစ်ကယ် လုပ်မပေးနိုင်လို့ ရိုးရိုးသားသားပြောမှ ၊ လုပ်ပေးနိုင်ပါလျှက်နဲ့ စကားပရိယာယ်နဲ့ လှည့်ပတ်တာဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပျက်တယ် ၊ ဂုဏ်သိက္ခာမရှိဘူး ။ ကိုယ်ကတစ်ဖက်သားကို လေးစားတဲ့ အကြောင်းနဲ့ သူ့ ရဲ့ လိုအပ်ချက် ကိုလည်း အလေးအနက် ထားကြောင်း အသိအမှတ် ပြုကြောင်းကို တစ်နည်းနည်းနဲ့ ပြောသင့်တယ်။ နေရာတိုင်းမှာ ဘာဖြစ်လို့ မတတ်နိုင်ကြောင်း အကြောင်းပြချက်ကို ပြောပြနေဖို့ မလိုပါဘူး။ ဖြေရှင်းချက်တွေ ပေးနေဖို့ မလိုဘူး ။ တစ်ချို့နေရာတွေမှာ မပေးတာ ကောင်တယ်။ ပေးလို့ရှိရင် ကိုယ့်ဖြေရှင်းချက်နဲ့ ကိုယ် ချောင်ပိတ်မိ နေတတ်တယ် ။ ဒါပေမယ့် ဖြေရှင်းချက် ပေးချင်တယ် ဆိုရင်တော့ ပေးနိုင်ပါတယ်။ ။

ဆရာတော် ဦးဇောတိက ရဲ့ ဆုံးမစာ လေးပါ သူငယ်ချင်းတွေ အတွက် မျှဝေလိုက်ပါတယ်။
ကိုယ်စိတ် နှလုံး ကျန်းမာ ချမ်းသာကြပါစေ လို့ ဆုတောင်းရင်း……..

ဘ၀ မှာဘယ်လို စိတ်ထားမျိုးနဲ့ ပျော်အောင်နေထိုင်ရမလဲ….

မင်္ဂလာပါ သူငယ်ချင်းတို့ရေ … ပို့စ်တွေမရေးတာလည်း အတော်ကြာသွားပြီအကြောင်းကြောင်းလေးတွေကြောင့် ……  နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိတယ်.. ဒီကနေ့ကစပြီး တဒေါင့်တနေရာကနေ ဆင်တဲကဖေးအတွက် ဥာဏ်အားရှိနေသ၍ ကြိုးစားသွားမယ်လို့ ဆန္ဒပြုရင်း  ဆရာတော်ဦးဇောတိကရဲ့ ……ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင် နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးနဲ့ ပြန်လည် စတင်မိတ်ဆက် လိုက်ပါတယ်……

၁။ ငါကိုယ်ငါ လေးစားမှု့ ရှိနေသေးသ၍ သူများဘယ်လိုထင်တယ်ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး ။

၂။ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။

၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။

၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ် ၊ ကိုယ့်အရည်အချင်းတွေလည်းအများဆုံး ထုပ်ပြီးသုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့မသင့်ဘူး ။

၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။

၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။

၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။

၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်းစားတာ နဲ့တူတယ်။

၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်းကို ဖော်ပြနိုင်ရမယ်။

၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်။

ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု

ဧပြီလအတွင်း ပတ်စ်ပို့ သက်တမ်းတိုးခွင့် မပြု
စိုင်းဇွမ်ဆိုင်း | သောကြာနေ့၊ မတ်လ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကွန်ပြူတာစက်ဖြင့် ဖတ်၍ စစ်ဆေးနိုင်သော ဘားကုဒ်စနစ်ပါ နိုင်ငံကူး လက်မှတ်သစ်များ ထုတ်ပေးမည့် အစီအစဉ်ကြောင့် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ပေးခြင်းတို့ကို ဧပြီတလလုံး ရပ်ဆိုင်းထားမှာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးဖို့ ခနရပ်ထားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ အဲဒါကလည်း စက်နဲ့ဖတ်တဲ့ ဘားကုဒ်တွေပါတဲ့ စာအုပ်အသစ်တွေ ပြန်ထုတ်ပေးဖို့ကို ခဏဆိုင်းထားတဲ့သဘောပါ။ သံရုံးတွေအတွက် ကြေငြာချက်လဲ ထုတ်ထားပါတယ်” ဟု နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။
PS.-1
မြန်မာပတ်စ်ပို့မှာ စတင်ထုတ်ပေးသည့်နေ့ရက်မှစ၍ သုံးနှစ်အထိ သက်တမ်းရှိသည်။ သက်တမ်းကုန်ဆုံးလျှင် ဝင်ငွေခွန်ဆောင်ရန်လိုပါက ဝင်ငွေခွန်ဆောင်၍ သက်တမ်းတိုးရသလို ပတ်စ်ပို့အတွင်း စာရွက်လွတ်များ ကုန်ဆုံးပါက ဝင်ငွေခွန်ဆောင်၍ စာအုပ်သစ် ထုတ်ရသည်။

(၁-၄-၂ဝ၁ဝ) မှ (၃ဝ-၄-၂ဝ၁ဝ) အတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများကို မတ်လ အတွင်း အပြီးသတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း စင်္ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဧပြီလအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့်သူများသည် ယခုလအတွင်း သက်တမ်းမတိုးလျှင် မေလတွင် ဒဏ်ငွေဆောင်၍ သက်တမ်းတိုးရမှာဖြစ်သည်။

တချိန်တည်းမှာပင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခများ စင်္ကာပူတွင် ပိုမိုကုန်ကျနေသည်။

ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် စင်္ကာပူဒေါ်လာ ၃ဝဝ ခန့်သာပေးရပြီး၊ ယခု ထုတ်ပေးနေသည့် နိုင်ငံကူးလက်မှတ် အသစ်များအတွက် စင်္ကာပူဒေါ်လာ ၄ဝဝ ကျော် ပေးခဲ့ရသည်ဟု ယခုသီတင်းပတ်အတွင်း ပတ်စ်ပို့ သက်တမ်းတိုးခဲ့သူ တဦးက မဇ္ဈိမသို့ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကလည်း ဧပြီလတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းများ၊ အသစ်ထုတ်ပေးခြင်းများကို ခေတ္တရပ်ဆိုင်းထားမည်ဟု စုံစမ်းသိရှိရသည

from ; မောင်မောင်မြင့်`s blog

ပက်စ်ပို့စ်သစ် ထုပ်ပေးဖို့မြန်မာအစိုးရပြင်ဆင်

ပက်စ်ပို့စ်သစ် ထုပ်ပေးဖို့ မြန်မာအစိုးရပြင်ဆင်

05 March 2010

မြန်မာနိုင်ငံကူး ပက်စ်ပို့စ်တွေကို နိုင်ငံတကာအဆင့်မှီ စက်နဲ့ဖတ်နိုင်တဲ့ ပက်စ်ပို့စ်တွေအဖြစ် ပြောင်းတော့မှာ ဖြစ်လို့  ပက်စ်ပို့စ် သက်တမ်းတိုးတာ၊ အသစ်လဲတာတွေကို ဧပြီလ တလလုံး ရပ်နားထားမယ်လို့  မြန်မာသံရုံးတချို့မှာ ကြေညာထားပါတယ်။ ပက်စ်ပို့စ် ဝန်ဆောင်မှု လုပ်ငန်းတွေကို မေလမှာ ပြန်လုပ်ပေးတဲ့အခါမှာ ပက်စ်ပို့စ် အသစ်တွေ တခါတည်း လဲပေးနိုင်ဖို့ဖြစ်တယ်လို့ ၀ါရှင်တန် မြန်မာသံရုံး တာဝန်ခံအရာရှိကလည်း ပြောပါတယ်။ ဒီအကြောင်းကို မစုမြတ်မွန်က အပြည့်စုံ တင်ပြထားပါတယ်။

နိုင်ငံကူးလက်မှတ်တွေ အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာတွေကို ဧပြီလထဲမှာ ရပ်ဆိုင်းထားဖို့ နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနက အကြောင်းကြားထားတယ် ဆိုတာကို ၀ါရှင်တန်မြို့တော် မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောပြပါတယ်။ ပက်စ်ပို့စ် အသစ်တွေ ထုတ်ပေးဖို့ရှိနေတဲ့အတွက် မေလကျမှ ပက်စ်ပို့စ် ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်စတင်မှာဖြစ်တယ်လို့
သံမှူးကြီး ဦးကျော်ဝင်းက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေ သုံးစွဲနေတဲ့ နိုင်ငံကူးလက်မှတ် ပက်စ်ပို့စ်တွေကို နိုင်ငံတကာ အဆင့်မှီ စက်နဲ့ဖတ်နိုင်တဲ့ machine readable passport တွေအဖြစ် ဧပြီလအမှီ မဖြစ်မနေ လုပ်ရမယ်လို့ နိုင်ငံတကာ မြို့ပြလေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း ICAO ကနေ စစ်အစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ICAO ရဲ့ စံနှုန်းအရ နိုင်ငံတကာလေဆိပ်တွေက လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေမှာ ခရီးသည်ရဲ့ အချက်အလက် တွေကို သိနိုင်ဖို့ ပက်စ်ပို့စ်တွေကို စက်နဲ့စစ်ဆေးကြပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံသားတွေ အသုံးပြုနေတဲ့ နိုင်ငံကူးလက်မှတ် ပက်စ်ပို့စ်တွေမှာ အဲဒီလို အချက်အလက်တွေကို စက်နဲ့ဖတ်နိုင်ဖို့ လုပ်ထားတာမျိုး မဟုတ်တဲ့အတွက် ပက်စ်ပို့စ်တွေကို အသစ်ပြောင်းဖို့ လိုအပ်နေတာပါ။

အခုတော့ ICAO ရဲ့ တောင်းဆိုချက်အရ မြန်မာနိုင်ငံသား ပက်စ်ပို့စ်တွေ အားလုံးကို machine readable ဖြစ်အောင် လုပ်ရမှာ ဖြစ်လို့ အပြောင်းအလဲကာလ အတွင်းမှာ ပက်စ်ပို့စ် အသစ်ထုတ်ပေးတာ၊ သက်တမ်းတိုးတာတွေ အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

တချို့သံရုံးတွေမှာဆိုရင် ပက်စ်ပို့စ် သက်တမ်းကုန်ခါနီးသူတွေကို ဧပြီလမတိုင်ခင် သက်တမ်းတိုးကြဖို့ နှိုးဆော် ထားပါတယ်။ ဗြိတိန်နိုင်ငံ လန်းဒန် သံရုံးမှာ မကြာခင်ကမှ ပက်စ်ပို့စ် သက်တမ်းတိုးခဲ့သူ တယောက်ကလည်း သူ့ရဲ့ အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

“ကျနော့် ပက်စ်ပို့စ် က ဧပြီမှာကုန်မှာပေါ့နော်။ ကုန်မယ်ဆိုတော့ ကျနော်က ကြိုပြီးတော့ ဖုန်းဆက်ပြီး မေးကြည့်တာ ပေါ့နော်။ ဘယ်လို ဘာတွေ လိုမလဲ၊ ဘာစာရွက်စာတမ်းတွေ လိုမလဲဆိုတော့ သူပြောတဲ့ စာရွက်စာတမ်းတွေ ၀ယ်ပြီးတော့ ဒီနေ့လာခဲ့ပါဆိုတော့ ကျနော် သွားလိုက်တယ်။ သွားလိုက်တော့ သံရုံးက ဘာပြောလဲဆိုတော့ – တလလောက် စောင့်ရတယ်။ ရန်ကုန်ကနေ သံအမတ်တွေလက်မှတ်တွေဘာတွေ ထိုးဖို့ဘာညာဆိုတော့။ သူက ရန်ကုန်ပို့ရတာကိုး။

“ဒီတခေါက်ကျတော့ ခဏစောင့်လိုက်ပါဆိုတော့ အံ့သြသွားတယ်။ နေတွင်းချင်း ရလာခဲ့တယ်။ နေ့တွင်းချင်း တနာရီအတွင်းကို ရလာခဲ့တယ်။ ဆိုတော့ တခုတော့ ထူးခြားတယ်ပေါ့။ ခါတိုင်းက ဒီလို တခါမှမရဖူးဘူး။ ဘယ်သူ့ဆီကမှလည်း မကြားဖူးဘူး။ ပက်စ်ပို့စ် ထွက်လာပြီးတော့ ချက်ချင်းရတာဆိုတော့ တော်တော် အံသြသွားတယ်။ အရင်တုန်းက ကျနော် သက်တမ်းတိုးတုန်းကဆိုရင် ချက်ချင်းမရဘူးပေါ့နော်။ တလခွဲလောက် အနည်းဆုံး စောင့်ရတယ်။”

ဒါကတော့  လန်ဒန်က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုတွေကို ဧပြီလမတိုင်ခင်မှာ လုပ်ပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။ စက်နဲ့ဖတ်နိုင်တဲ့ ပက်စ်ပို့စ် တွေကို စတင်ထုတ်ပေးတဲ့အခါမှာ သံရုံးဝန်ထမ်းတွေ၊ အစိုးရအရာရှိတွေနဲ့ သင်္ဘောသားတွေကို အရင်ဦးစားပေးပြီး ထုတ်ပေးမယ်လို့ စုံစမ်းသိရပါတယ်။ နိုင်ငံတကာအဆင့်မှီ ပက်စ်ပို့စ်သစ်တွေကို စင်ကာပူအခြေစိုက် မြန်မာကုမ္ပဏီ တခုက ဂျာမဏီကုမ္ပဏီနဲ့ ပေါင်းပြီးလုပ်ပေးမှာလို့လည်း သိရပါတယ်။

from ; မောင်မောင်မြင့် s blog

မိန်းကလေးများ လက်မတွဲအပ်သော ယောင်္ကျား…

မိန်းကလေးများ လက်မတွဲအပ်သော ယောင်္ကျား…

ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ..တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်…………

၁- လက်ပါတတ်သောသူ( ရန်ဖြစ်တာနဲ့ လူရှေ့ မရှောင် သူရှေ့ မရှောင်လက်သံပြောင်တတ်တဲ့သူတွေလေ…
နောက်မလုပ်တော့ပါဘူးလို့ သူကတောင်းပန်တော့ ချစ်လက်စနဲ့ ကြေအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ …ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့
တွေးတော မနေ ပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်..)

၂- ကိုယ့် မိဘ၊ သူငယ်ချင်း ၊ အသိုင်း အ၀ိုင်းကို အလေးမထား၊ မလေးစား သူ
( တသက်လုံး မျက်နှာငယ်ရ ၊ အြေ့ပာအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ
လဲဆက်နေမှာပါ..)

၃-အလုပ်လက်ကြောမတင်းသူ ( တလောကလုံးက အလုပ်တွေ ကသူနဲ့ပဲ မတန်သလိုလို… အလုပ်လုပ်ရန် နေ့ ရွှေ့ ညရွှေ့ 
ဖင်တပြန်ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့..မစဉ်းစားပါနဲ့ …တဘ၀စာ ရှာဖွေရမှာ တယောက်တည်း
ပင်ပန်းလှပါတယ်)

၎- အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ ( အကြံတုံး ဥာဏ်တုံး..အစွမ်းအစတုံး ငနဲတွေပါ…မိန်းကလေးကပဲ
ဦးဆောင်နေရတာပေါ့ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ
့)

၅-ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲ ရှိပါတယ်…ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့ ထင်ရင်တော့
ဂိုးပြီနော်….သူက ကိုရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲ ငိုဆို
ဘယ်လိုလုပ်မလဲ… အပိုလုပ်သူတွေပါ..)

၆- စကားပြောသိပ်ကောင်းသူ ( သူ့ မှာ မိန်းကလေးတွေ ၀ိုင်းနေတတ်ပါတယ်..အပြောကောင်းတာကိုး….ဒီလိုလူမျိုး
ကရှုပ်ကို ရှုပ်တတ် ပါတယ်… မပတ်သတ်တာ စိတ်ချမ်းသာပါတယ်..သူ့ တော်ကီမှာ
မျောလို့ကတော့နောက်ပိုင်း မျက်ရည်ခွက်မှာပါ မျောမယ်မှတ် )

၇- အပျော်အပါးကိုစွဲလန်းသူ ( အဲ့လိုယောင်္ကျားမျိုး က အပေါင်းအသင်းစုံရင်အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိ သလောက်ပါ…ပိုက်ဆံလဲ
အသုံးကြမ်းပြီး…မိန်းမရှုပ်တတ်ပါတယ်… ရှိုးပွဲတကာ..ကလပ်..ကေတီဗီ…အကုန်မှာ သူက
ဘုရင်ပါပဲ)

၈-ရောဂါရှိသူ ( နှလုံးရောဂါ။ အဆုတ်ရောဂါ..ဘာညာသာရကာ…ရှိသူတွေပါ..အားမကိုးလောက်ပါဘူး…သူ
့ကိုလဲရှာကျွေးရမယ်..
ဆေးဖိုးလဲရှာရမယ်…ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး..)

၉-မုးယစ်ဆေးဝါးစွဲနေသူ ( ကြောက်ဖို့ ကောင်းတဲ့သူတွေပါ..လူသတ်ဖို့တောင်ဝန်မလေးပါဘူး…ဆေးကြောင် ကြောင်ခဲ့ရင်
ကိုယ့်ကိုချစ်သူမှန်းသိချင်မှသိတော့မှာ..လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုး
ဖြုတ်..ပိုက်ဆံအိတ်လုသွားလို့  ရုံးရောက် ဂါတ်ရောက်
ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်..)

၁၀- အမေ ကိုသိပ်ချစ်သူ ( ဘယ်တော့မှ လင်ယောင်္ကျားကောင်းဖြစ်မလာပါဘူး…အမေ့ စကားတခွန်းပါပဲ..ယောက္ခမက
ဂုံးတိုက်
တတ်တဲ့ သူဖြစ်လို့ကတော့ သေပြီ ဆရာပဲ…မျက်ရည်စမ်းစမ်းနေရမှာပါ… သူ့ အမေ နဲ့စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့်
သားအလိမ္မာတုံးတွေလေ….)

စာကိုပြီးဆုံးအောင်ဖတ်နော် ( ကဲ အတတ်နိုင်ဆုံးဒီလိုလူမျိုးနဲ့ မဆုံစေနဲ့ပေါ့)

From ;  kotun`s blog

တဖတ်သက် အချစ်

အမှတ်မထင် ဆုံတွေ့ခဲ့ရပေမယ့်
စိတ်အစဉ် နှလုံးသားကြေးမုံမှာ
ပုံရိပ်တွေ ထင်ကျန်ရစ်ခဲ့ ရတယ်
ဒီမေ့ပျောက်မရနိုင်တဲ့ မင်းပုံရိပ်တွေကို
တသသစွဲလန်းနေရင်းနဲ့……
တစိမ့်စိမ့်တွေးနေမိတယ်
ဘာရယ်မှန်းမသိတဲ့ အားငယ်စိတ်က
ကိုယ်ဘ၀ကို ခြောက်လှန့်နေတယ်
ချစ်တဲ့စိတ်ကို မျိုသိပ်ထားရင်းနဲ့
ဘ၀ကိုလျှောက်လှမ်းနေရတယ်
အထီးကျန်စွာ တရောက်ထဲပေါ့
ဖွင့်ပြောပြချင်ပေမယ့်….
ကံအကြောင်းကဖန်လာပြန်တယ်
အနေဝေးနေပေမယ့် နှလုံးသားခြင်းနီနေသလို
တွေဆုံခြင်းက တခဏသာဆိုပေမယ့်
မင်းကိုချစ်ခဲ့တာ တဘ၀စာပါ
ခုတော့လညိး ကြေကွဲခြင်းတွေနဲ့အတူ
ငါမျက်ရည်တွေဟာရင်ထဲမှာ
မစဲသောမိုးတွေလို ရွာသွန်းရင်း
တိတ်တခိုးလေးပဲ ချစ်နေပါရစေ..ချစ်သူရယ်..

တင်ဆက်သူ – ကျဆိမ့်(ဆင်တဲကဖေး)

Page 1 of 612345...Last »