Author Archive
မှတ်မိသမျှ ဆင်တဲခရစ္စမတ်ည
နောက်လဆိုရင် ဒီဇင်ဘာလထဲကို ရောက်တော့မယ်. ခရစ္စမတ်အတွက် ရင်ခုန်နေကြသူတွေရှိသလို ပျော်ကြမဲ့သူတွေလည်း ပုံအောနေမှာပဲ.. ကျွန်မငယ်ငယ်တုံးက ကြုံခဲ့ရတဲ့ ခရစ္စမတ်ကို သွားသတိရမိတယ်.. ဆင်တဲမြို့လေးရဲ့ တိတ်ဆိတ်နေတဲ့ ညအချိန်မှာ အုပ်စုဖွဲ့ လူငယ်၊ လူကြီး၊ လူလတ် အရွယ်လေးတွေ ခရစ္စမတ်သီချင်းလေးတွေနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြီး ကောင်းချီးမင်္ဂလာပေးကြတယ်. ကျွန်မတို့ညီအစ်မ(၃)ယောက်လုံး အဲဒီ့အချိန်ဆိုရင် အရမ်းပျော်တယ်. လာပြီး သီချင်းဆိုတဲ့သူတွေကိုလည်း မုန့်ကျွေးသလို ကျွန်မတို့တွေလည်း မုန့်တွေစားရတယ်လေ. နောက်ပြီး ကောင်းချီးပေးတဲ့ အဖွဲ့ကို မုန့်ကျွေးရင်၊ မုန့်ဖိုးပေးရင် သူတို့တွေက သီချင်းလေးတွေနဲ့ ထပ်ပြီး ဒီအိမ်မင်္ဂလာ ကျက်သရေအပေါင်း ပြည့်စုံပါစေဆိုပြီး ကောင်းချီးပေးကြတယ်. အရမ်းနားထောင်လို့ကောင်းတယ်… ကျွန်မငယ်ငယ်ကတွေးမိတယ် သိလား. ခရစ္စမတ်သီချင်းတွေ ဆိုချင်လိုက်တာလို့… ဒါဆိုရင် ခရစ္စယာန်တစ်ယောက်ဖြစ်ရမယ်ထင်တယ်နော်. သူတို့သီချင်းလေးတွေက အခုအချိန်ထိ အမှတ်တရရှိနေဆဲပါပဲ.. ဆင်တဲမြေက ခွဲခွာပြီးနောက်ပိုင်း အဲလိုမျိုး တစ်ခါမှ ထပ်မကြုံတော့ဘူးလေ….အခုအချိန်ထိရော အဲလိုမျိုးတွေ ရှိနေသေးလား….
ကျွန်မတို့မြို့က တန်ဆောင်တိုင်
တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မြို့အသီးသီးမှာ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြမြဲ ဖြစ်ပါတယ်. တောင်ကြီးမှာဆိုရင် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်. ပြည်မြို့မှာဆိုရင် ပြည်ရွှေဆံတော် ဘုရားပွဲတော်.. စသည်ဖြင့် အသီးသီး ကျင်းပပြီး ပျော်ကြရွှင်ကြတယ်. ကျွန်မနေထိုင်တဲ့ မြို့ကတော့ တစ်ခြားမြို့တွေနဲ့ မတူဘူးလို့ ထင်မိတယ်. ကလေးတွေ လူငယ်တွေရော လူလတ်ပိုင်းပါ မကျန် ကိုယ်နဲ့ ရင်းနှီးသူတွေ ဆီကနေ မုန့်ဖိုးတောင်းပြီး ညဘက်မှာ ချက်ပြုတ်စားကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်စရာကောင်းပါတယ်..ကလေးတွေကလည်း ကိုယ့်အဖွဲ့နဲ့ကို စုပြီး ငွေဖလားတွေကိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် မုန့်ဖိုးလည် တောင်းကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်ရွှင်ကြပါတယ်. တစ်ချို့ လူလတ်ပိုင်း အရွယ်တွေဆိုရင် ကာရာအိုကေ ၀ိုင်းတွေဖွဲ့ပြီး တစ်လမ်းဝင် တစ်လမ်းထွက် သီချင်းလိုက်ဆိုပြီး မုန့်ဖိုးတောင်းကြသတဲ့. ညမိုးချုပ်လို့ လမ်းသွား လမ်းလာတွေ သိပ်မရှိတော့တဲ့ အချိန်ဆိုရင် သူ့အိမ်ကပစ္စည်း ကိုယ့်အိမ်ပို့ ကိုယ့်အိမ်က ပစ္စည်း သူ့အိမ်ပို့နဲ့ လူငယ် လူရွယ် လူလတ်တွေ အလုပ်ရှုပ် ကြပါသေးတယ်. ဒီလိုမျိုး ဓလေ့တွေကို ကျွန်မတို့မြို့မှာပဲ တွေ့နိုင်မယ် ထင်တယ်. တစ်ခြားမြို့တွေက ပြောင်းလာတဲ့ သူတွေဆိုရင် ကျွန်မတို့ မြို့အထာကို မသိကြတော့ တစ်မျိုးတစ်မည် မြင်တတ်ကြပါတယ်. နောက်တော့ နှစ်နည်းနည်းကြာလာမှ သူတို့တွေလည်း အထာကျ လာကြပါတော့တယ်. ဒီလိုအလေ့အထလေးတွေနဲ့ ကြုံဖူးချင်ရင်တော့ ကျွန်မနေထိုင်ရာ မြို့ကို လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်..
ဆင်တဲသို့…အလွမ်းများ
ဆင်တဲကနေဝေးကွာခဲ့တာ နှစ်ကာလအားဖြင့် (၁၆)နှစ်လောက်ရှိတော့မယ်.. ဘယ်တော့မှလည်း မမေ့နိုင်ခဲ့ပါဘူး.. နောင်လည်း မေ့နိုင်မယ်မထင်တဲ့ နေရာလေးပါ… `ဖေဖေ´ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် လွမ်းတဲ့စိတ်ကလည်း ထိန်းလို့မရနိုင်ခဲ့ပါဘူး.. ငယ်ငယ်က ကြောက်ခဲ့ရတဲ့.. Gust Houst နားလေးက ဥရှစ်ပင်ကြီးရယ်… အိမ် ခြေရင်းမှာရှိတဲ့ သစ်ပင်ကြီးရယ်.. ရှစ်ထောင်တန်လိုင်းဘက်ကိုသွားတဲ့ ကုန်းမြင့်ကြီးရယ်… သိမ်ကုန်းဘုရားသွားတဲ့ လမ်းမြှောင်လေးရယ်… အခုထက်ထိ အိမ်မက်ထဲမှာ လာခြောက်လှန့်နေတုံးပဲ…. ဘယ်တော့မှ မမေ့နိုင်တဲ့ သိမ်ကုန်းဘုရားမှာ လုပ်တဲ့ အလှူပွဲတွေရယ်… စာသင်ခဲ့ရတဲ့ အထက၊ဆင်တဲ ကျောင်းတော်ကြီးရယ်… စက်ဘီးလျှောက်စီးခဲ့တဲ့ ကွန်ကရစ်လမ်းတွေရယ်… တပ်မတော်နေ့နီးရင် ပစ်ဖောက်ခဲ့တဲ့ မီးရှူးမီးပန်းတွေရယ်(အခုထိ အဲလောက်လှတဲ့မီးပန်းတွေ မတွေ့တော့ဘူး)…ရွာသစ်လမ်းတွေရယ်.. ဗွီဒီယိုရုံတွေရယ်… သူငယ်ချင်းတွေရယ်.. ဆရာ၊ ဆရာမတွေရယ်.. မမေ့နိုင်စရာ အလွမ်းတွေနဲ့ အခုထိ ဆင်တဲကို လွမ်းဆွတ်တမ်းတနေတုံးပါပဲ.. … ဟိုးအရင်က နေရာလေးတွေကို သတိရနေတုံးပဲ….အခုနေ ရောက်ခဲ့ရင် မှတ်မိနိုင်ပါတော့မလား… ပြောင်းလဲနေပြီဆိုရင်လေ… ဘယ်အချိန် ဘယ်ကာလမှာ ပြန်ရောက်မယ်မသိပေမဲ့ …….
သူငယ်ချင်း
သူငယ်ချင်းရေ…
ရက်မှ လပြောင်း
လမှ နှစ်တိုင်
ဘယ်တော့မှ မမေ့ခဲ့ဘူး..
ဝေးကွာခြင်းရဲ့နောက်မှာ
ဆုံမှတ်တစ်ခုတော့ ရှိနေမှာပါ…
မဝေးတော့တဲ့ ကာလတစ်ခုအတွက်
ငါ……
သတိရခြင်းတွေကို ထွေးပိုက်လို့….
တွေ့ဆုံခြင်းဆိုတဲ့ `ဆုံမှတ်´ ကို….
လှမ်းနိုင်ဖို့ ကြိုးစားနေတယ်…
ဆုံတွေ့ပါရစေ…
သူငယ်ချင်းရယ်….
မြန်မာ့အလှ ပုဂံ
ပုဂံကို အလည်လာဖို့ စိတ်ကူးရှိနေတယ်ဆိုရင်. ပုဂံအကြောင်းကို ကြိုသိထားဖို့  လိုအပ်တာပေါ့နော်.. ပုဂံဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ နေရာလေးတစ်ခုပေါ့… မြန်မာမှန်ရင် မြန်မာတိုင်း သတိရအောက်မေ့တဲ့ နေရာလေးတစ်ခုလေ.. ပုဂံကို လာဖို့  အစီအစဉ်ရှိတဲ့သူတိုင်း ဒီနေရာ လေးမှာ အရင်လေ့လာနိုင်ပါတယ်..
တင်ဆက်သူ – ice ကော်ဖီ
သီချင်းကောင်းကောင်းလေးတွေ နားဆင်နိုင်ဖို့ 
သူငယ်ချင်းတို့  အဖြူရောင်သံဇဉ်က သီချင်းလေးတွေကို နားထောင်ရတာ ပျင်းလာလို့  ကိုယ်ကြိုက်တဲ့ သီချင်းကို နားထောင်ချင်တယ်ဆိုရင် အခု ပေးထားတဲ့ Link လေးကို ကလစ်လိုက်နော်.. မိမိနှစ်သက်တဲ့ သီချင်းလေးတွေကို ခံစားနားဆင်နိုင်တယ်.. ကြိုက်လွန်းလို့  ကိုယ်ကွန်ပျူတာမှာ သိမ်းထားချင်တယ်ဆိုရင်လည်း အလွယ်တကူ dl လုပ်လို့ လည်းရသေးတယ်နော်…
သီချင်းကောင်းလေးများ
ice ကော်ဖီ