ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443521
  • Visitors today:37
  • Visitors yesterday:92
  • Visitors last week:641
  • Visitors currently online:0
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

ဒီဇင်ဘာ ထဲက ဆင်တဲ

ယမန်နေ့ညက ရွာထားတဲ့မိုးကြောင့် မနက်စောစောစီးစီး မြေသင်းရနံ့လေးတွေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်။ JURONG POINT ကိုရောက်တော့ X-mas အတွက် ပြင်ဆင်ထားတာလေးတွေကြည့်ပြီး သြော်…ဒီအချိန်ဆိုရင် မြန်မာပြည်မှာ ခိုက်ခိုက်တုန်နေရောရောပေါ့ ဆိုတဲ့အတွေးနဲ့ ဆင်တဲရဲ့ ဒီဇင်ဘာလေးကို သွားသတိရမိလို့ ဒီ POST လေးရေးဖြစ်တာပါ။
ဒီဇင်ဘာရဲ့ ညတစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စာအတူစုကျက်ကြရင်း ပေါ့ဆိမ့် က ‘‘ ဒီလက ဒီဇင်ဘာအားကစားလ’’တဲ့ ‘‘ ဒို့တွေ မနက်အစောကြီး ထပြေးရင်ကောင်းမယ်’’ လို့ပြောတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ မနက်စောစောစီးစီး စောင်ခြုံကွေးရတဲ့အရသာကိုမလဲနိုင်ကြလို့ သဘောမတူပါဘူး။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက်ပဲ မနက် ၄ နာရီထပြေးဖို့ သဘောတူလိုက်တယ်။ နံနက် ၄ နာရီနှိုးဆက်မြည်တော့ အိပ်ယာကနေ မျက်စိမဖွင့်ပဲ ခြုံစောင်ဖယ်ပြီး မတ်တတ်ရပ်လိုက်တယ်။ ‘‘အားပါး ချမ်းလိုက်တာ’’ စောင်ခြုံထဲ ပြန်ပြေးဝင်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမယ့် ပေးထားတဲ့ကတိ အပျက်ခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ မျက်နှာသစ်ချင်ယောင်ဆောင်လိုက်တယ်။ အရမ်းအေးတော့ ရေကိုလက်နဲ့ထိတာ ဓါတ်လိုက်သလိုပဲ။ အဲဒါကြောင့် သစ်ချင်ယောင်ဆောင် သဘက်ဆောင်နဲ့သုတ်ပြီး သူငယ်ချင်းအိမ်ဘက်ထွက်လာခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့နှစ်ယောက် စတင်ပြေးခဲ့ပါတယ်။ အောက်ရပ်ကွက် လယ်ကွင်းတွေရဲ့ ဘေးလမ်းကနေ အထက ကျောင်းကြီးဆီဦးတည်ပြေးပြီးတော့ ညာဘက်ကွေ့ မောင်းထောင်ဂိတ်ကိုဖြတ်ပြီး ပန်းတောင်တောင်ကုတ် လမ်းမကြီးအတိုင်းပြေးခဲ့ပါတယ်။ ဆင်တဲသင်္ချိုင်းနားကိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် အနည်းငယ်ချွေးစို့လာပါတယ်။ တစ်လမ်းလုံးပြေးလာလို့လေ။ အဲဒီကနေ ဆင်တဲဈေးကိုဖြတ် ဧရာဦးလဘက်ရည်ဆိုင်ကိုဖြတ်ပြီး ကမ်းနားရပ်ကွက် ဇီးတောလမ်းမှတဆင့် တန့်ကြည်တောင်ခြေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြူတွေဝေနေတဲ့ ဇီးခင်းကြီးနဲ့ နှင်းတွေစိုနေတဲ့ သစ်ပင်လေးတွေ ကိုအခုထိသတိရနေတုန်းပဲ။ ပြီးတော့သူငယ်ချင်းနှစ်ယောက် တောင်ခြေမှ အုတ်ခဲနဲ့သဲကို ကိုယ်နိုင်သလောက်သယ်ပြီး တောင်ပေါ်ရောက်တော့ ဘုရားရှေ့မှာလှူဒါန်းခဲ့တယ်။ ပြီးတော့တောင်ပေါ်ကနေ ဆင်တဲနဲ့ဧရာဝတီရဲ့ ဝေလီဝေလင်းနှင်းတွေဆိုင်းနေတဲ့ သဘာဝအလှကို အားပါးတရကြည့်ပြီး တန့်ကြည့်တောင်ဘုရားပေါ်က ပြန်ဆင်းခဲ့ပါတယ်။အပြန်ဆင်တဲဈေးမှာ ကောက်ညှင်းငချိပ်ပေါင်းဝယ်စားပြီးပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ အဝတ်အစားအမြန်လဲပြီး ကျောင်းကိုအမြန်ထွက်ခဲ့တယ်၊ အခန်းဝရောက်တယ်ဆိုရင်ပဲ ‘‘မင်္ဂလာပါ ဆရာမ’’ ဆိုတဲ့ ညီညာနာဝင်ချိုတဲ့ အသံကိုကြားလိုက်ရတယ်၊ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အနည်းငယ်ရှုံ့မဲ့သွားပြီး‘‘သူငယ်ချင်းရေ ဒီနေ့တော့ ထိုင်ထပဲလုပ်ရမလား၊ ဗိုက်ကြောပဲ လိမ်ဆွဲခံရမလား၊ ပေတံစောင်းနဲ့မိမလား၊ တစ်ခုခုတော့ ချီးမြှင့်ခံရမှာပဲ’’
ဒါလေးကတော့ ကျွန်တော့်ရဲ့ ဒီဇင်ဘာတွေထဲက ဒီဇင်ဘာလေးတစ်ခုပါ။ ခေါင်းစီးလေးနဲ့အညီ မျှဝေခံစားနိုင်ပါစေလို့…

တမ်းတမိတဲ့ ဆင်တဲ

ထနောင်းတမာမြေကဆိုပေမယ့် စပါးရွှေဝါတွေမြင်ရင် ကျွန်တော့်ရဲ့ငယ်ဘဝလေးဖြစ်တဲ့ ဆင်တဲမြို့လေးကို အမြဲမြင်ယောင်မိတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ခဏတာပဲရောက်ပြီး သူငယ်ချင်းတွေနဲ့ မဆုံဖြစ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးကြပါလို့။
အခုတော့ sinde cafe ၃ လပြည့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့ အဆင်သင့်စွာနဲ့ ဒီစင်မြင့်လေးပေါ်ကပဲ အဲ ဒီ blog လေးပေါ်ကပဲ ပဏာမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တို့တတွေကြောင်းအမျိုးမျိုးကြောင့် ခွဲခွါခဲ့ရပေမယ့် ဆင်တဲမြေလေးရယ် ပန်းတောင်းတောင်ကုတ်လမ်းမကြီးရယ် မိခင်ကျောင်းတော်ကြီးရယ် မိုးကောင်းဘုရားကြီ နဲ့ သိမ်ကုန်းဘုရားကြီးရယ် တန့်ကြည့်တောင်စေတီ နဲ့ ရွှေဘုံသာစေတီတော်မြတ်ကြီးရယ် ကျောင်းသားဘဝလေးတွေရယ်ကိုတော့ အမြဲအမှတ်ရနေကြမှာပါ။ အထူးသဖြင့် အခြေနေအမျိုးမျိုးကြောင့် ခွဲခွါနေရတဲ့သူငယ်ချင်းတွေ ဆင်တဲမြို့ရဲ့ အငွေ့အသက်ကလေးတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရအောင် ဆင်တဲမြို့ကိုမရောက်ဘူးပေမယ့် sinde cafe မှတဆင့် မိတ်ဆွေ သူငယ်ချင်းသစ်တွေတိုးပွားပြီး ရောက်လာသူအားလုံးကို ရသပေါင်းစုံပေးစွမ်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီ blog လေးကိုစတင်မွေးဖွားခဲ့တဲ့
သူငယ်ချင်း ပေါ့ဆိမ့်ကြီးကိုလည်း အထူးလေးစားကျေးဇူးတင်မိပါကြောင်းနဲ့ sinde cafe ၃ လပြည့်မွေးနေ့မှသည် ဆက်လက်၍ အကောင်းအကောင်းများကို ပေးစွမ်းနိုင်ပါစေလို့ …
ဆုမွန်ကောင်းတောင်းလျှက်
The Light မဂ္ဂဇင်းထဲက ကဗျာတပုဒ်လို
ကလောင်တလက်
စာ တရွက်နဲ့
နှစ်သက်တဲ့ကော်ဖီခါးသာ
အနားမှာရှိရင်လေ …..

Page 1 of 11