ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
May 2012
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443517
  • Visitors today:33
  • Visitors yesterday:92
  • Visitors last week:637
  • Visitors currently online:2
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Author Archive

အချစ်ဆုံး

မိန်းမ………ရှင်ကျွန်မကိုတကယ်ချစ်ရဲ့ လား။

ယောင်္ကျား…တကယ်ချစ်တာပေါ့မိန်းမရာ။

မိန်းမ………ရှင်မလိမ်နဲ့ နော်။

ယောင်္ကျား…တကယ်ပါမိန်းမရာ။
ဒါကြောင့်လည်းအခုလက်ရှိတွဲနေတဲ့ကောင်မလေးတွေကိုအပြတ်ပြောပြီးသား။
ငါ့မိန်းမကိုအချစ်ဆုံးဒါကြောင့်ကွာမပေးနိုင်ဘူးလို့ ။

တင်ဆက်သူ…. black ကော်ဖီ

အွန်လိုင်း

ငါရောက်တာတစ်နေကုန်တော့မယ်။အခုထိငါ့မြေးမျက်နှာမမြင်ရသေးပါလား။

ခေါ်ထားတယ်အမေရေ…အမေ့မြေးကအွန်လိုင်းပေါ်ရောက်နေရင်ဘာကိုမှသတိမရတော့ဘူး။

ဟဲ့..ဟဲ့..ဘယ်ပေါ်တွေလျှောက်တက်နေတာတုန်း….

အဲဒီအွန်လိုင်းပေါ်ခဏခဏတက်မနေနဲ့ ပြုတ်ကျမယ်လို့ သတိပေးလိုက်အုံး။

တင်ဆက်သူ….blackကော်ဖီ

မည်းတာမဟုတ်ဘူး

ယောင်္ကျား…တောက်ငါ့သားများဒင်းက….ဟင်း…

မိန်းမ………ဘာဖြစ်လာပြန်ပြီလဲ။

ယောင်္ကျား…ဘာဖြစ်ရမှာလဲ…ဟိုဘက်ခြံကကောင်ပေါ့။

…………….ငါ့သားကိုများအသားမည်းသလေးဘာလေးနဲ့ ။

မိန်းမ………ဟင်…တော်ကဘာမှပြန်မပြောခဲ့ဘူးလား။

ယောင်္ကျား…ဘယ်နေမလဲကွာ။ဟေ့ကောင်…မင်းမတရားမပြောနဲ့ ငါ့သားအသားကမည်းတာမဟုတ်ဘူး…နက်တာကွ…နက်တာလို့ ပြန်ပြောခဲ့လိုက်တယ်။

တင်ဆက်သူ….blackကော်ဖီ

ငွေပဲလိုတယ်

လူတစ်ယောက်နိုင်ငံခြားတွင်အလုပ်လုပ်ရန်အတွက်ပွဲစား(agent)ဆီလာစုံစမ်းတယ်။

အန်ကယ်…ကျွန်တော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဘာတွေလိုအပ်မလဲ။

သြော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ လား။

ဟုတ်ကဲ့….

မလိုဘူး….ဘာမှမလိုဘူး….ငွေပဲလိုတယ်။

တင်ဆက်သူ…..blackကော်ဖီ

သူဌေးကြီး

ဆရာကကျောင်းသားများအား…..

မင်းတို့ သူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။

ကျောင်းသားများတစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတယ်။

မောင်ဘိုကြီးမင်းဘာလို့ မဖြေတာလဲ။

ကဲမင်းပြောပါဦး။မင်းသူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။

ဘိုကြီး….ခဏစဉ်းစားရင်း

ကျွန်တော်သူဌေးကြီးဖြစ်မှဆက်ပြောကြတာပေါ့ဆရာ…..

တင်ဆက်သူ…..blackကော်ဖီ

သူကြီး

ဟေ့…အိမ်ရှေ့ကဘယ်သူလဲ…

ငါသူကြီးဟေ့အိမ်လည်လာတာ။

သြော်သူကြီးလား။

ဒါနဲ့ မရိုမသေသူကြီးရေ

ခွေးလေးတချက်လောက်မောင်းပေးပါဦး။

ဒီမှာထမင်းစားနေလို့ ။

တင်ဆက်သူ…blackကော်ဖီ
Page 15 of 15« First...101112131415