အလံဖြူ ရင်မှာထူ
ငါ့နှလုံးသား အခက်အနွယ်တွေနဲ့ နင့်ပုံရိပ်တွေကိုထုဆစ်
နင့်အမုန်းတရား အပျက်အရယ်တွေကို ငါစုံမှိတ်လို့မူးရစ်
ငါ့အရှုံးများ အသက်အရွယ်နဲ့မမျှအောင် အိပ်မက်ထိဆူးနစ်
နင့်အပြုံးကြား ရမ္မက်အစွယ်ကြောင့် ငါအဆိပ်တက်လို့ အရူးဖြစ်
ဦးဦးဖျားဖျား အရူးစကားလို မုသားမလွယ်
လူသားအနွယ်မို့ တကယ်မေတ္တာ သွယ်ခဲ့မိတာ
ရန်သူဖြစ်ရော့လေသလား …
မှန်တဲ့သူငါ အထစ်ငေါ့ မရှိပေမယ့်
ပြန်တဲ့သူနင် အနှစ်ပေါ့ ခဲ့တယ်
စံမယ့်သူမရှိ ငါနှလုံးသားနန်းရင်ပြင်မှာ
အလံဖြူရန်သူမရှိ လွင့်ထူထားတာ လှမ်းမြင်လှည့်ပါ
လမ်းတွင်မယ်ထင်သလား
ကမ်းမမြင်တဲ့ သားကောင်လို
မြှားအစင်းတစ်ထောင် ဒီရင်မှာဆူးဝင်လို့ နစ်တော့တယ်
မြင်သမျှခူးချင်သူ နင့်လက်ထဲမှာ
ကျုပ်အဖြစ်က ရေပန်းစားကာ အရုပ် ဖြစ်တော့တယ်
မကျေမချမ်းစကားတွေနဲ့ ရိုးမယ်ဖွဲ့နေတာမဟုတ်ဘူး
ငါ့နှလုံးသားက အနေမဆန်းပေမယ့် ကိုးကွယ်ခဲ့တာ သစ္စာတရား
နင့်နှလုံးသားက မာယာကုဋေ သန်းကိုးဆယ်မက မျက်နှာများ
တစ်သက်တာ ရှက်စရာပါလား ငါ့အဖြစ်နှယ်
ခဏဖြစ်ဖြစ် ချစ်တတ်သူကိုမှ အမြစ်တွယ်မိတယ် …
|
About: ပေါ့ဆိမ့်: မျက်ကန်းယုံကြည်တာထက် သိတာက ပိုပြီးအဆင့်မြင့်ပါတယ်။ ကျွန်တော်လည်း များများသိချင် ပါတယ်။ မိတ်ဆွေ အားလုံးလဲ များများသိနိုင် ကြပါစေ...။ |

စံမယ့်သူမရှိ ငါနှလုံးသားနန်းရင်ပြင်မှာ
အလံဖြူရန်သူမရှိ လွင့်ထူထားတာ လှမ်းမြင်လှည့်ပါ
မြင်ပါတယ်တကယ်ကိုမြင်နေတာပါ
ခင်မင်တဲ့ sis jasmine
လမ်းတွင်မယ်ထင်သလား
ကမ်းမမြင်တဲ့ သားကောင်လို
မြှားအစင်းတစ်ထောင် ဒီရင်မှာဆူးဝင်လို့ နစ်တော့တယ်
မြင်သမျှခူးချင်သူ နင့်လက်ထဲမှာ
ကျုပ်အဖြစ်က ရေပန်းစားကာ အရုပ် ဖြစ်တော့တယ်
………….
ဒါပေမယ့်လည်း ကျေနပ်မှုတွေနဲ့~~~~~~
ကာရန်မိမိနဲ့ ထိမိတဲ့ကဗျာ