နှလုံးခုန်သံ

အကြောင်းအမျိုးမျိုးကြောင့် ဆိုတာကြီးကြောင့်
မြန်မာပြည်ကိုပြန်ရောက်
ပိုးစုန်းကြူးလို မီးရောင်အောက်
မျက်ရည်တွေကို သောက်နေရပြီ …
အံကိုကြိတ်ပြီး မျိုချနေရတဲ့
ခံစားချက်ပေါင်းများစွာက
ကျနော်ရန်ထဲမှာ ရန်ကုန်မိုးလို
ဘယ်လိုကြီးမှန်းမသိ နေရခက်လိုက်တာ …
ရင်ဘက်ထဲကခံစားတတ်တဲ့အရာကြီး
အပြင်ကိုထုတ်ပစ်လိုက်ချင်ပေမယ့်
အာဂျား အာဂျား ဝိုက်တင်း လို့
အားပေးတတ်တဲ့ ချစ်သူလေးကြောင့် ဖြစ်တာမို့
ထုတ်မပစ်နိုင်သလို ထုတ်မပစ်ရက်ဘူးလေ …
အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တို့ရေ
ဖြစ်နိုင်မယ်ဆို တစ်လလောက်
ဒါမှမဟုတ်တစ်ပတ်လောက် ဒါမှမဟုတ် တစ်ရက်လောက်
ဒါမှမတတ်နိုင်ရင် တစ်နာရီလောက်တော့
အတူတူနေနိုင်အောင် ဖန်တီးပေးပါလားဗျာ …
မသေချာတဲ့ မနက်ဖြန်များမှာ
ကျနော်တို့ ပေါင်းစည်းခွင့်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သေချာတာကတော့ ချစ်နေမယ်ဆိုတာပါပဲ …
ကျနော်တောင်ဒီလောက်ခံစားနေရရင်
အသည်းလေးကပိုခံစားရမယ်ဆိုတာသိနေလို့
သနားလိုက်တာ အသည်းလေးရာ …
အသည်းလေးရေ
ကျနော်တို့က
မချစ်လို့မှမဟုတ်တာ …
အသည်းလေးရေ
… … … …
… … … …
… … … …
|
About: ရေသန့်: |
အယ်… ပေါင်းစည်းခွင့်ရပါစေ ကိုရေသန့်ရေ…….
တရားနဲ့ဖြေပါ ကိုရေသန့်ရေ..:P
ချစ်သူလေးကို လာခိုင်းလိုက်လေ..
ဒါမှမဟုတ်ရင် ကိုရေသန့်လိုက်သွားလိုက်..အလွယ်လေးပါ..
အမြန်ဆုံး ဆုံစည်းခွင့်ရနိုင်ပါစေ
ဆုံစည်းအောင်ကြိုးစားမှုနည်းလမ်းကောင်းတွေမှာလည်း အောင်မြင်ပါစေရှင်းး
သာယာချမ်းမြေ့ပါစေနော်
မိုး
ရုတ်တရက်ဖွင့်လိုက်တော့ ဓါတ်ပုံကြည့်မိပြီး ဒါဘယ်မင်းသားနဲ့မင်းသမီးလည်းပေါ့ မိုးက ရုပ်ရှင်သိပ်မကြည့်တော့ နောက်မှ ကဗျာနဲ့စားရေးသူနာမည်ကြည့်ပြီး ကိုရေသန့်ပုံလို့ မှန်းမိပါတယ်။ ဓါတ်ပုံထဲကအတိုင်း ပန်းလေးတွေကြားထဲမှာရိုက်ထားတဲ့ အမှတ်တရဓါတ်ပုံ တင်မဟုတ်ဖူး ဘဝမှာလည်း ပန်းခင်းလမ်းလေးဖြစ်ပါစေရှင်းးးးးးးး
အမြန်ဆုံးဆုံဆည်းခွင့်ရပါစေရေသန့်…။
ခင်မင်စွာ
သဒ္ဓါ
အသည်းလေးနဲ့ အမြန်ဆုံး ရာသက်ပန် ပေါင်းဆည်းခွင့် ရပါစေနော်…
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
သြော် ….
ကျွန်တော်တို့ ညီအစ်ကိုကြီး ကိုရေသန့် ရေ
အချစ် ဆိုတာ နှစ်ဦးနှစ်ဖက်ရှိရုံနဲ့ ပြည့်စုံလုံလောက်ပါတယ်ဗျာ
}
နားလည်မှု အရိပ် အမြဲရှိနေပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်
{ စကားချက်။ ။တကယ်ဖြောင့်တယ်ဗျာ
ကျွန်တော်တောင် ကဗျာဖတ်ရင်း အသည်းလေးကို သနားသွားပြီး)
အချစ်သာမှန်မယ်ဆိုရင် အမြန်ဆုံးပေါင်းရမှာပါဗျာ။
စိတ်မလျှော့ပါနဲ့။
အဆင်ပြေပါစေ။
ရေသန့်ကောင်မလေးက ချစ်စရာလေး
ဒါကြောင့်လည်း အသည်းလေး အသည်းလေးနဲ့ ဖြစ်နေတာကိုး
မနက်ဖန်တွေ အများကြီးရှိပါတယ်..
မနက်ဖန်သို့မဟုတ် ဘယ်သောခါပေါ့လေ။ မျှော်လင့်ချက်တွေအများကြီးပါ။ ဖြစ်လာမှာပါ
ကဗျာလေးကိုဖတ်ပြီး ခံစားရတယ် ။ သဘောဖြူလှတဲ.အသည်းလေးကိုလည်းသနားမိတယ် ။ အချစ်စစ်မှန်ရင် ဘယ်လောက်ပင်ဝေးကွာနေပါစေ ပြန်လည်ပေါင်းစုံရမှာပါ။ အမြန်ဆုံးနီးစပ်ကြရအောင် ဆုတောင်းပေးမယ်နော်။
お互いに 好きだったら いくら離れても そのうちに また会えますよ。。。
頑張ってください。
ayan yae tat tal naw….ae lo chit tat te chit thu ta yout bawa ta that tar mar 1 yout thwae foh ma lwal bu…..
kgmalay nin kan kg bar tal harr….chit kwint shi ta lout chit ng bar zayyyy……lo su tg pay tal naw…..
အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ပါစေနော်…
ကျမစိတ်မကောင်းလိုက်တာကိုရေသန့်ရယ်..
ကိုရေသန့်ရေ….အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသည်းလေးနဲ့အမြန်ဆုံးပေါင်းဆုံနိုင်ပါစေလို့တော့ ဆုတောင်းပေးသွားပါတယ်။
ဓါတ်ပုံထဲက နှစ်ယောက်ကို ကြည့်ဖူးတဲ့ ကိုးရီးယားရုပ်ရှင်ထဲက မင်းသားနဲ့ မင်းသမီးများလားလို့ မျက်လုံးကိုပွတ်ပြီး သေချာကြည့်သွားမိပါတယ်။း)
ချစ်တဲ့ သူတိုင်း ပျော်ပျော်ကြီး နေရပါစေ
ခင်တဲ့
ရွှေစင်ဦး
အားလုံးကျေးဇူးတင်ပါတယ်ဗျာ…အားလုံး အစွမ်းအစရှိတဲ့ပုဂ္ဂိုလ်တွေလို့မျော်လင့်ပါတယ်…
အသည်းလေးကလည်း…ပေးတဲ့ဆုတွေပြည့်ပြီး ဆုတောင်းပေးသူတွေအားလုံးလည်း ချစ်တဲ့သူနဲ့ပေါင်းရပါစေတဲ့ …
ဝေသန္တရာ မင်းကြီးသည် တောထွက်သောအခါ မဒီဒေ၀ီသည်လည်း တောထဲသို့ လိုက်ပါသွားလေ၏ …။ မဒီဒေ၀ီ ကား ပါရမီ ဖြည့်ဘက်ပီသလှပေသည်…။ထို့ကြောင့် မ အသည်းလေး သည်လည်း ပါရမီဖြည့်ဘက် ပီသကြောင်း ပြသရန်အခွင့်အရေး ရသည်ဟုပင် မှတ်ယူရပေတော့မည်…။အဟဲ…။ဖြစ်ချင်တာ ဖြစ်ကြပါစေနော်…။ဒါပဲ ဆုတောင်း တတ်လို့ပါဗျာ..။
ရည်မှန်းချက်တွေ ပြည့်စုံပြီး အမြန်ဆုံး အတူတူနေနိုင်ကြပါစေ။
ချစ်တဲ့ညီမလေး လည်း အမြန်ဆုံး ပျော်ရွှင်နိုင်ပါစေ။
ကာယကံရှင်တွေတော့မသိဘူး…ကျွန်တော်တောင်ဖတ်၇င်းဝမ်းနည်းလာတယ်…ဘာမှမေ၇၇ာတဲ့ဘ၀ကြီးမှာ…ဖြစ်သင့်တာပဲဦးစားပေးကြ၇င်..မကောင်းဘူးလား…ဟင်….
ချစ်သူ နှစ်ဦး အမြန်ဆုံး ပေါင်းစည်း နိုင်ပါစေ။
ညီမလေး ကံကောင်းပါစေ။
ကိုယ့်လူတို့က စားချက်ကတော့ဗျာ။
အေးပေါ့လေ..ရှိသူတွေကကျတော့ ကြွားကြတာပေါ့။
အားကျစွာ နဲ့ ချစ်သူ ရှိသူတွေ မြန်မြန်ပေါင်းစည်းခွင့်ရပါစေလို့ ဆုတောင်းပေးသွားပါတယ်။
( ရင်ထဲက အနာဟောင်းတောင်မှ ပြန်ပြီး ရင်းချင်လာသလိုပဲ။ )
ကိုဆင်တဲရေ ဘလော့တစ်နှစ်ပြည့်လား ချစ်သူလေးနဲ့ချစ်နှစ်ပတ်လည်လားရှင်းရှင်းပြောနော်
ခင်မင်လျှက်
ကိုကိုးအိမ်
I just added your site to my blogroll, I hope you’d take into consideration doing the same.