Archive for September 2nd, 2010
နှလုံးခုန်သံ

အကြောင်းအမျိုးမျိုးကြောင့် ဆိုတာကြီးကြောင့်
မြန်မာပြည်ကိုပြန်ရောက်
ပိုးစုန်းကြူးလို မီးရောင်အောက်
မျက်ရည်တွေကို သောက်နေရပြီ …
အံကိုကြိတ်ပြီး မျိုချနေရတဲ့
ခံစားချက်ပေါင်းများစွာက
ကျနော်ရန်ထဲမှာ ရန်ကုန်မိုးလို
ဘယ်လိုကြီးမှန်းမသိ နေရခက်လိုက်တာ …
ရင်ဘက်ထဲကခံစားတတ်တဲ့အရာကြီး
အပြင်ကိုထုတ်ပစ်လိုက်ချင်ပေမယ့်
အာဂျား အာဂျား ဝိုက်တင်း လို့
အားပေးတတ်တဲ့ ချစ်သူလေးကြောင့် ဖြစ်တာမို့
ထုတ်မပစ်နိုင်သလို ထုတ်မပစ်ရက်ဘူးလေ …
အစွမ်းအစရှိတဲ့ ပုဂ္ဂိုလ်တို့ရေ
ဖြစ်နိုင်မယ်ဆို တစ်လလောက်
ဒါမှမဟုတ်တစ်ပတ်လောက် ဒါမှမဟုတ် တစ်ရက်လောက်
ဒါမှမတတ်နိုင်ရင် တစ်နာရီလောက်တော့
အတူတူနေနိုင်အောင် ဖန်တီးပေးပါလားဗျာ …
မသေချာတဲ့ မနက်ဖြန်များမှာ
ကျနော်တို့ ပေါင်းစည်းခွင့်
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
သေချာတာကတော့ ချစ်နေမယ်ဆိုတာပါပဲ …
ကျနော်တောင်ဒီလောက်ခံစားနေရရင်
အသည်းလေးကပိုခံစားရမယ်ဆိုတာသိနေလို့
သနားလိုက်တာ အသည်းလေးရာ …
အသည်းလေးရေ
ကျနော်တို့က
မချစ်လို့မှမဟုတ်တာ …
အသည်းလေးရေ
… … … …
… … … …
… … … …