ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443516
  • Visitors today:32
  • Visitors yesterday:92
  • Visitors last week:636
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

Archive for August, 2010

တစ်စုံတစ်ခုအတွက်ဆုတောင်း

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူကို ချစ်တဲ့အကြောင်းတွေထက် ဘယ်လိုနစ်ခဲ့တယ်ဆိုတာ ကျွန်တော် ပြတင်းပေါက်တွေ ကတဆင့် ဒူးထောက် ပြပါရစေ….

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ကြယ်ရောင် မလက်တဲ့ မီးတောက် ညတွေကြား ဖြိုးတိုး  ဖြောက်တောက်ကလေး ပွင့်အံကျလာတဲ့ အချစ်တွေကို သစ္စာဆို ခိုင်းပါရစေ…….

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူရဲ့ နှလုံးသားမျက်နှာ ပြင်ပေါ်မှာ ကျွန်တော်ဟာ အချိုးအစစ်မကျတဲ့ ရုပ်သေးတစ်ရုပ်ရဲ့ ကကြိုးတန်စာတွေ အကြောင်း ဗိန်းပေါင်း ခပ်ပြပါရစေ……

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  နှလုံးသားက ငိုငြီးသံကြောင့် ထွက်လာတဲ့ ကာရန်တွေကြား ချစ်သူနဲ့အတူ ခံစားပါရစေ …….

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ရုပ်နဲ့အသံ သရုပ်သကန် မကွဲမှု့တွေကို ရပ်တန်းကရပ်ဖို့ အမှန်တကယ် တောင်းတမိရဲ့ ………

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူရဲ့အနား ချစ်သူနင်းမယ့် ကမ်းပါးထက် ကျွန်တော့် သံစဉ်တွေနဲ့ ခမ်းနား စေချင်ပါရဲ့ ……..

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူကို နေပျောက် မထိုးဖို့ရာ ထီးတော်မိုးသာ ဖြစ်ချင်ပါရဲ့ …………

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  မွန်းကျပ်တဲ့ ချစ်သူရဲ့ နက္ခတ်တာရာတွေ ကြားမှာ ကျွန်တော်ဟာ ချစ်သူအတွက် ပဝါတစ်ထည် ဖြစ်သွားပါစေ……

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ဖြစ်သင့်မှု့တွေရဲ့ အခန်းငယ်လေး တစ်ဘက်မှာ လုံအောင် ပုန်းတတ်တဲ့ ချစ်သူကို ဆုံတွေ့ခွင့်ရတုန်း ကျွန်တော် ပြုံးပြပါရစေ …..

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  မိုးခေါင်နေတဲ့ ရင်ခွင်ကို ချစ်သူ မမြင်အောင် ဘောင်ခပ်ထားတဲ့ ညစ်ထပ်ထပ် ညတွေ လွန်ပါစေ…….

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူမြင်တဲ့ ကျီးအာသီးလို လူတွေရဲ့ လွင်ပြင်ထက်မှာ ပေါက်ရောက်တဲ့ သစ်တစ်ပင်လို အဲဒီ လွင်ပြင်ထက် ကျွန်တော် မပေါက်ရောက် ပါစေနဲ့ ……..

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  ချစ်သူကို မရလို့ သတ်သေမယ် ဆိုတဲ့အစား နှုပ်ခမ်းဖျားက သိက္ခာနဲ့ သစ္စာတရားကို တေးသွားတစ်ပုဒ်လို ကျွန်တော် ဆိုပြနိုင်ပါစေ ………..

တစ်စုံတစ်ခုသာရခဲ့မယ်ဆိုရင်>>>>  အဲဒီ တစ်စုံတစ်ခု အတွက် တိတ်တခိုးနဲ့ လက်အုပ်မိုးပြီး ကျွန်တော့် ဘဝရဲ့ အရှေ့ဘက်မြိုးရိုးထက် နှင်းစက်တွေ ဝေပါစေသား ……

သိဖို့လို……

ငါကိုယ်တိုင်ထွင်းထုထားတဲ့
ဟောဒီအချစ်ကဗျာရုပ်ထုတွေပေါ့
နှလုံးသားရဲ့ခန်းဆီးစကိုဖွင့်ပြီး
လောကထဲကိုကိုယ်တိုင်ပစ်သွင်းမိတဲ့အခါ
မရှိခိုးနိုးတွေ သင်္ကာမကင်းတဲ့မျက်ထောင့်နီတွေနဲ့အတူ
သံသယတွေအလံထူပြီး ဝေဖန်ဖို့တာဆူနေကြရဲ့
နောက်တစ်ခါဆိုရင်ပေါ့
အချစ်ကဗျာဆိုတာထက် ဘယ်လိုမတ္တာမျိုးလဲလို့
သစ္စာအရင်ဆိုပြရမလိုပါပဲ……။

တစ်ကယ်တော့ဒီသံစဉ်တွေမှာ ငါယစ်မူးလို့
ငါ့ကိုယ်ငါပြန်သီကျူးတာ
ကြည်နူးချင်တဲ့ရင်ဘတ်ခြင်းတူသူတွေ ကြည်နူးကြမပေါ့
တစ်ခါတစ်လေပေါ့ ကိုယ်ထမင်းကိုယ်စား
ကိုယ်ပိုင်ရူးသွတ်မှု့တွေကြားမှာ
တိုက်ခတ်လာတဲ့လေတွေကို
ခရီးဦးကြိုမပြုချင်လောက်အောင်ကို
စိတ်ပျက်မိတယ်…..။

ခင်ဗျားပြောသလိုပဲ ဒီအသက်ဒီအရွယ်က
အချစ်ကဗျာမရေးသင့်ရအောင်
ဒီကောင်ကဘာဖြစ်နေလို့ပါလိမ့် ။
တစ်ခုလောက်မေးပါရစေ…..
၃၀ စပ်စပ်မှာအချစ်မရှိရအောင်
ဒီကောင်ကတုတ်နှောင်ခံထားရတဲ့
အိမ်ဦးနတ်လည်းမဟုတ်
မချစ်သင့်တာနဲ့အချစ်မရှိရတာ
ဘာကွာသလဲဆိုတာ ဦးနှောက်ကိုအလုပ်ပေးပြီး
အေးအေးဆေးဆေးစဉ်းစားပါ
ကိုကိုယ်တိုင်ပေါ့…..။

ကိုယ်ယုံကြည်ရာကိုင်ဆွဲခံစားမှု့တွေနဲ့
ကျို့တို့ကျဲတဲကဗျာတွေထဲမှာ
ကျွန်တော်ဟာ ကတုံး တုံးမထားပါဘူး
ရေးခဲ့တဲ့အချစ်ကဗျာတွေထဲမှာ အဆိပ်ခပ်မထားဘူး
ခံစားမိတဲ့နှလုံးသားက လှေနံနှစ်ဖက်နင်းမဟုတ်ဘူး
ရေးခဲ့တဲ့လက်က အငှားသက်သက်မဟုတ်ဘူး
တွေးခဲ့တဲ့ဦးနှောက်က လူနှစ်ယောက်စာအတွက်မဟုတ်ဘူး
မူးမှောက်လဲကျခဲ့တာက သစ်တစ်ပင်ရိပ်
အကျိုးအကြောင်းထောင့်ချင့်တာက စိတ်ရဲ့အကျင့်
ဖြစ်သင့်တာ မဖြစ်သင့်တာ ငါ့ကိုယ်ငါသိတယ်

အဲဒီတော့ ဝင်လာထွက်သွားဝေဖန်မှု့ထားခဲ့မယ်ဆို
တစ်စုံတစ်ယောက်ဆိုတဲ့ ခင်ဗျားပါသိဖို့လိုတော့မပေါ့……..။

ဆရာတော် ဦးဇောတိက – အကျိုးရှိရဲ့လား တရားတော်


လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။

Man does not always behave rationally at all.

လူသားဟာ အင်မတန် ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တယ်နော်။ အကြာင်း အကျိုး ကို နက်နက်နဲနဲ ဆင်ခြင် နိုင်တဲ့၊ သိနိုင်တဲ့ သတ္တဝါ ဖြစ်ပေမယ့် လည်းပဲ မဆင်ခြင်ဘူး။ အကျိုးရှိ မရှိကို တကယ် မစဉ်းစားဘူး။ စိတ်လိုက် မာန်ပါ လုပ်တတ်တယ်။ အချို့လည်း အကျင့် ပါသွားပြီး လုပ်တာရှိတယ်။ တချို့လည်း ပတ်ဝန်းကျင်က လုပ်တာကို လိုက်လျောရင်းက အားနာပါးနာနဲ့ လုပ်တာရှိတယ်။ နောက်တစ်ခုက ပျင်းတာလည်း ပါတယ်။ တစ်ခါတစ်လေ ပျင်းတာနဲ့ ကိုပဲ လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေလိုက်တာ ရှိတယ်နော်။မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေတာကလည်း အကျိုး ရှိမရှိကို ဆင်ခြင်ပြီး မလုပ်ပဲ နေလိုက်တာနော်။ လုပ်သင့်တဲ့ အလုပ်ကို ဒါအကျိုးရှိတဲ့ အလုပ် ဆိုပြီး ဆင်ခြင်ပြီး လုပ်ရမှာနော်။

ကိုယ်ဘဝ အခြေအနေ ပေးရင်ပေး သလောက် စိတ်အေးချမ်းအောင် အသိဥာဏ် ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး လုပ်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက လုပ်သင့်တယ်။ အဲဒီလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီး သေးခင်မှာပဲ စိတ်နေ သဘောထားကော အသိဥာဏ်ကော အများကြီး လေးနက် ရင့်ကျက် သွားလိမ့်မယ်။ တစ်ဘဝစာဟာ နှစ်ဘဝစာ လောက် ဖြစ်သွားလိမ့်မယ်။

တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ်ရဲ့ အမြင့်မြတ်ဆုံး အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို ထည့်စဉ်းစား ရမယ်နော်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ အသက်အရွယ် လိုက်ပြီးတော့ တူမှာ မဟုတ်ဘူး။

ဥပမာ ။ ။ ကျောင်းနေတဲ့ အရွယ်ဆိုရင် သူ့ကျောင်းစာကို သေသေချာချာ ကျေညက်ဖို့က သူ့အတွက် အင်မတန် အရေးကြီးတဲ့ ရည်မှန်းချက်ပဲ။ တရား အားထုတ်တယ် ဆိုရင်လည်းပဲ တရားဘက်က တိုးတတ်မှု ရှိဖို့က သူ့အတွက် ရည်မှန်းချက် တစ်ခုပဲ။ အခြေအနေကို လိုက်ပြီးတော့ အသက်အရွယ်ကို လိုက်ပြီးတော့ ရည်မှန်းချက်တော့ မတူဘူး။

ငယ်ငယ်ကတည်းက အဲဒီလိုသာ ဆင်ခြင်မယ်ဆို တော်တော် လေးနက်တဲ့ ရင့်ကျက်တဲ့ စိတ်နေ သဘောထားကော၊ အသိဥာဏ်ကော၊ ပညာ အရည်အချင်းကော၊ ပြောပုံဆိုပုံကော၊ ဘယ်နေရာမှ မကျန်အောင် တိုးတတ်တဲ့လူတွေ ဖြစ်လာမှပဲ။ အဲသလို ဖြစ်လာရင် ပတ်ဝန်းကျင်က ကိုယ့်ကို ထိုက်သင့်တဲ့ နေရာပေးမှာ ပဲနော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့ တန်ရင် ကိုယ့်ကို နေရာပေး ပါတယ်။

ကိုယ်ကသာ တကယ် စည်းနဲ့ ကမ်းနဲ့ ကိုယ်ဘဝကို နေမယ်။ လုပ်သင့်တာ လုပ်မယ်။ မလုပ်သင့်တာ မလုပ်ဘူး။ ပြောသင့်တာကို ပြောမယ်။ မပြောသင့်တာကို မပြောဘူး။ တရားနဲ့ အညီနေမယ်။ စိတ်ချမ်းချမ်း သာသာ နေမယ်။ စိတ်တည်တည် ငြိမ်ငြိမ် နေမယ်ဆိုရင် ပတ်ဝန်းကျင်က ကိုယ့်ကို လေးစား လာမှာပါ။

မိမိကိုယ်ကို ချစ်တတ်တဲ့သူ၊ လေးစားတဲ့သူ၊ ယုံကြည့်တဲ့သူ၊ အားကိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့နော်။ သတိနဲ့ လုပ်ပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီးလုပ်ပါ။ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီးလုပ်ရတာ အစမှာ နည်းနည်းတော့ ပင်ပန်းသလို လေးလံသလို ဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်လေး ရသွားရင်တော့ လုပ်ရတာ စိတ်ပေါ့ပါး ကြည်လင်ပြီး ကိုယ်ကိုယ်ကိုပါ လေးစားမှု ရှိပြီးတော့ ကျေနပ်မှု အများကြီး ရပါတယ်။ အင်မတန် အကျိုးရှိပါတယ်။

ဒီ တရားတော်လေးက ဆရာတော် ဦးဇောတိက ဟောခဲ့တဲ့ အကျိုးရှိရဲ့လား တရားတော်ထဲ က ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။ တရားတော် တစ်ပုဒ်လုံးကို တော့ အောက်က အဆင်ပြေတဲ့ လင့်မှာ ဒေါင်း၍ နာယူနိုင်ကြပါတယ် ခင်ဗျာ…

ဒေါင်းရန် ။    ။  43.6 MB

MediaFire

MultiUpload

သူရူးတစ်ယောက်ရဲ့နားခိုရာ

အာခေါင်တွေခြောက်ကပ်လို့ အိမ်မက်ဆိုးတွေနဲ့ အိပ်ရာပေါ်ကည။ သူ့အတွက်တော့ အေးမြတဲ့ညမဟုတ်ဘူး။ အိမ်မက်ထဲမှာ သူ့ရဲ့ပန်းပွင့်လေးက သူနဲ့ဝေးရာကိုပြေးလို့။ မှီအောင်လိုက်ရမလား ဒီနေရာမှာပဲ ရပ်နေရမလား သူဝေခွဲမရ။ ဒါပေမယ့်သူမောနေတယ်။ စိတ်ဓာတ်တွေကျလွန်းလို့ ခေါင်းငိုက်စိုက် ချဖို့တောင် အရပ်လေးမျက်နှာက ဦးတည်ခွင့်မပေးခဲ့ဘူး။ သူဘယ်အရပ်ကိုရွေးရမှာပါလိမ့်။ ခြေတစ်လှမ်းလောက်လှမ်းဖို့ သူ့ရဲ့အားအင်တွေ သူပြန်ကြည့်တော့ ချဉ်တိုင်မှာမိတဲ့ ငါးတစ်ကောင်လို ဖလပ်ဖလပ်ကိုလူးလို့။ အဲဒီညစ်ထပ်ထပ်ညမှာပေါ့ အတ္တတွေကို ရှေ့တန်းတင်ပြီး ချစ်သူကိုမြင်ရအောင် သူတွေးကြည့်တော့ နှလုံးခုန်သံက ဘယ်ညာမညီဘူး။ ဒီလိုပါပဲ ဦးခေါင်းတောင်မှ မိုးမလုံချင်တော့ အရာရာကိုပြင်ဆင်ဖို့ သိက္ခာတရားကို လက်ပေါ်တင်ပြီး အသက်ငင်တတ်ဖို့ ကြိုးစားရဦးမယ်။ ပန်းပွင့်လေးရယ် တစ်ကယ်တော့ ငါအိပ်စက်တဲ့ အိပ်ရာဆိုတာ သူရူးတစ်ယောက်ရဲ့ နားခိုရာသက်သက်ပါပဲ။

ဒုက္ခတွေပေါ့ မြောက်ပြန်လေအဝင့်မှာ ငယ်ဘဝကတည်းက နေသားကျအောင် ခေါင်းငုံ့မှုတွေနဲ့ အရာရာကိုအလေးပြုတတ်ခဲ့သူပါ။ ဆုံးရှုံးရခြင်းတွေများလာတော့ ဆုံးရှုံးမှုတွေကို နှစ်သက်လာတယ်။ နေပါစေလေ အောင်မြင်တဲ့ချစ်ခြင်းဆိုတာ ရယူခြင်းသက်သက်မဟုတ်တာတော့ ငါ့ကိုယ်ငါသိပါတယ်။ မျက်လုံးဖွင့်ဖွင့်ကြည့်လိုက်တိုင်း ရှေ့မှာခင်းထားတဲ့လမ်းက ဟိုအရင် သူပါအလိုတူအလိုပါလျှောက်ဖို့ ကံကြမ္မာကို ခွန်းထောက်ကလေးတောင် ခြွေခဲ့မိသေး။ ဒီဇာတ်ကလေးအဖွင့်မှာပေါ့။

ဒီလိုပါပဲ ဘဝဆိုတာ ဘာမှမတောင်းတခင်ကတော့ ကံကြမ္မာစေရာပေါ့။ လိုချင်တာတွေ တန်ဖိုးထားရတာတွေ တွေ့တော့မှ အဲဒီကံကြမ္မာနဲ့ လွန်ဆွဲပွဲမှာ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြတော့ နှလုံးသားမှာ မိုးသဲရပြီပေါ့………။

Page 2 of 212