ဆင်ထဲကဖေးမှာ တစ်ခုခု ရှာရန်
မင်္ဂလာပါ…
ဆင်တဲကဖေးက ဆင်တဲမြို့ကလေး ကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဆင်တဲမြို့လေး ဟာဟိုးအရင်ကတည်းက ဧရာဝတီမြစ်ရေစီးသံ မှန်မှန်လေးတွေ နဲ့အတူ ပြည်မြို့တဖက်ကမ်း ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရဲ့ အစတစ်နေရာမှာ မွေးဖွားခဲ့ပါတယ်။
မြန်မာ ပြက္ခဒိန် စံတော်ချိန်
Myanmar Calendar
ပို့စ် အသစ်များ
ဒီနေ့တွေမှာ
August 2010
M T W T F S S
« Jul   Sep »
 1
2345678
9101112131415
16171819202122
23242526272829
3031  
ငွေပေါက်ဈေးနှုန်း တွေပါ
ဆရာတော် ဦးဇောတိက
ကျေးဇူးတင်ပါတယ်…
အလည်လာသူမိတ်ဆွေများ
  • Total visitors:443521
  • Visitors today:37
  • Visitors yesterday:92
  • Visitors last week:641
  • Visitors currently online:1
  • Counter starts on:February 13, 2010
   
ဒီကနေ လာကြတာပါ

ရပ်ကွက်ထဲမှာ…


ရပ်ကွက်ထဲမှာ ဆိုလို့ ကျနော်တို့နယ် ပြည်မြို့က ကာတွန်းဆရာ ကိုရွှေထူး (ပြည်) ရေးတဲ့ ရပ်ကွက်ထဲမှာ…ဗျာ ဆိုတဲ့ ကာတွန်း စာအုပ်တွေကို ငယ်ငယ်တုန်းက အရမ်းဖတ်ခဲ့တယ်ဗျ..။ ကိုရွှေထူးကတော့ (ပြည်) သားဆိုတော့ သိတဲ့အတိုင်း ပြည်မြို့ပေါ်က ရပ်ကွက်တွေဖြစ်တဲ့ ဆင်စု၊ န၀င်း၊ ရွာဘဲ၊ ကိုးသောင်း ၊ စတာတွေထဲက အဖြစ်အပျက်တွေကို ဟာသ ကာတွန်းတွေ ရေးတာပါ..။ သူကာတွန်း စာအုပ်တွေ တော်တော် ပေါက်ပါတယ်..။ ဗွီဒီယို ဇာတ်လမ်း အဖြစ်ရိုက်ရတဲ့ အဆင့်ထိ ရှိပါတယ်..။ အင်း…ကျနော်တို့ ရပ်ကွက်ထဲမှာတော့…

ကျနော်တို့ ဒီရပ်ကွက်ထဲကို ရောက်လာတဲ့ အချိန်၊ ရပ်ကွက်ထဲမှာ မရှိတဲ့ အာရှသားဆိုလို့ ဂျပန်နဲ့ကိုရီးယားပဲ ရှိတာပါ..။ ကျန်တဲ့ အာရှသားမှန်သမျှ ရပ်ကွက်ထဲမှာ အကုန် ရှိပါတယ်..။ ကကြီးကနေ အ အထိကို ရှိတာပါ..။ က ကြီး (ကမ္ဘောဒီးယား)၊ အ (အင်ဒိုနီးရှား) အဆုံး ဆိုပါတော့..။ အို အကုန်ရှိတယ် ဆိုပါတော့ဗျာ…။ ရပ်ကွက်လေးက မြို့ထဲနဲ့ ၁၀ မိနစ်လောက် ကားစီးရတယ်..။ အများစုကတော့ ရွှေတွေ ပါပဲ..။ တခါတလေဆို ကိုယ့်ကိုကိုယ့်တောင် သူများနိုင်ငံ ရောက်နေတယ် ဆိုတာ မေ့မေ့နေတယ်..။ မနက်မိုးလင်းပြီ ဆိုတာနဲ့ အန္တရာယ်ကင်း ပရိတ်တရားခွေ ဖွင့်သံ၊ မင်္ဂလာတေး ဖွင့်တဲ့အသံနဲ့ တကယ်ကို မြန်မာရပ်ကွက်ကြီး တစ်ခုဆိုပါတော့..။

အင်း ..အဲလောက်အစုံ ရှိပါတယ်ဆိုတဲ့ ရပ်ကွက်ထဲမှာ ရှားတာကတော့ မိန်းမပဲဗျို့..။ ရောက်စတုန်းကဆို ရပ်ကွက်ထဲမှာ မြန်မာ အန်တီကြီး (၃) ယောက်လောက်ပဲ ရှိတာပါ..။ သူတို့ကလဲ သူတို့အမျိုးသားတွေနဲ့ လိုက်နေကြတာလေ.။ တရပ်ကွက်လုံး ယောကျာင်္းချည်းပဲ..။

ဒီလိုရပ်ကွက်ထဲကို မြန်မာမလေးတွေ အုပ်စု တခု ပြောင်းပြီး ရောက်လာကြတယ်…။ (၆/ရ) ယောက်လောက်တော့ ရှိမယ်ထင်တယ်…။ အဲ… ရောက်ပြီး (၃) လလောက် အတွင်းမှာ ပဲ မမ တို့တွေက အတွဲလေးတွေ ကိုယ်စီနဲ့ဗျ…။ အမ်မာ.. တချို့များဆို အလုပ်ထဲမှာ ဘဲဘဲက တစ်ယောက်၊ အလုပ်နားလို့ အပြင်တွေ ဘာတွေ သွားရင် ဘဲဘဲ က တစ်ယောက်နဲ့ ထောနေကြတာလေ။

အဲဒီအထဲမှာမှ တဖြည်းဖြည်းနဲ့ အနေကြာလာတော့ ဇင်မာ ဆိုတဲ့ ကောင်မလေးတယောက် တပိန်ပိန် တလိန်လိန် ဖြစ်လာတယ်…။ အလုပ်ဆင်း တရက် မဆင်းတရက် ဖြစ်လာတယ်..။ အနီးအနားက မြန်မာတွေလဲ ၀ိုင်းဝန်းပြီး တတ်နိုင်သမျှ ကူညီကြပေမယ့် ကောင်မလေးရောဂါက တဖြည်းဖြည်း ဆိုးလာတယ်..။ နောက်ဆုံးဆေးရုံ တင်လိုက်ရတယ်..။ ဆေးရုံ တင်တော့ရော.. များပြားလှတဲ့ ကုန်ကျစရိတ်တွေကို မတတ်နိုင်ကြပြန်ဘူး..။

မြန်မာပြည်က အခွင့်ထူးခံ လူတန်းစား တချို့သာ ဒီနိုင်ငံတွေကို ဆေးကုဖို့ လာနိုင်ကြပေမယ့် ကျနော်တို့လို အလုပ်လုပ်ဖို့ အတွက် လာရောက်ကြတဲ့ လူတွေ အတွက်ကြတော့ တကယ့်တကယ် ဖြစ်လာပြီဆိုရင် ကိုယ်နိုင်ငံ ကိုယ်ပဲပြန်ပြီး ကုသတာ အကောင်းဆုံးမို့ ဇင်မာကိုလဲ မြန်မာပြည်ကိုပြန်ပို့ပြီး ဆေးကုဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ရပ်ကွက်ထဲမှာက သိတဲ့အတိုင်း မိန်းကလေး ရှားတော့ ဒီမြန်မာမလေးတွေ အဖွဲ့လဲ ရောက်လာရော သုံးလတောင် မခံပါဘူး..။ အားလုံး အတွဲတွေနဲ့ ချည်း ဖြစ်ကုန်တယ်လေ။

ဒီလိုနဲ့ ဇင်မာ တယောက်လဲ မြန်မာပြည် ပြန်သွားမှ မြန်မာ အန်တီကြီးတွေ ပြောပြလို့ သိရတာက ဒါဟာ သားအိမ် အပုပ်ဆန်တဲ့ ရောဂါ ပါတဲ့လေ..။ သိပ်မကြာပါဘူး.. ဇင်မာ တစ်ယောက်လဲ ရန်ကုန်က ဆေးရုံတစ်ခုမှာ ဆုံးတယ်…။ သူ ဆုံးတာတော့ မြန်မာပြည်…။ ထူးဆန်းတာက သရဲ အဖြစ် လာခြောက်တာက တော့ ဒီမှာပါ…။ သူနဲ့ တခန်းတည်း အတူနေတဲ့ အခန်းဖော် ချိုမာ ကိုဝင်းပူးကပ်ပြီး ပြောလို့အားလုံးက စိတ်မကောင်းဖြစ် ကြရတယ်လေ။ အလုပ်ထဲမှာလဲ ဟိုခုံကို ဒီကိုရွေ့၊ ဒီခုံကို ဟိုကိုရွေ့ လုပ်နေလို့ သူ့ရည်းစားခမြာလဲ တော်တော်လေး ကြောက်နေတယ်လို့သိရတယ်..။

တနင်္ဂနွေ ပိတ်ရက်တစ်ခု မှာတော့ ဘုန်းကြီးတွေ ပင့် တရားတွေ နာလိုက်လို့ ခုတော့ ဇင်မာ တဖြစ်လဲ သရဲမလေးလဲ မခြောက် နိုင်တော့ပါဘူး..။ ဒါတွေကတော့ ဒီ ရပ်ကွက်လေးထဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အချစ်ပုံပြင်လေးတွေထဲက တခန်းရပ် ပြဇာတ် တစ်ပုဒ်ပဲပေါ့…။ ခုလဲ နောက်ရောက်လာတဲ့ က ကြီးမလေးတွေကို ဖုန်းဝယ်ပေးတဲ့ လူနဲ့၊ ဆိုင်ကယ်နဲ့ အပို/အကြို့ လုပ်တဲ့ လူနဲ့ .. အင်း … ဘာတွေများ ဖြစ်လာ ကြဦးမှာပါလဲ နော်…။

လစာ ထုတ်ရက် ဆိုရင်တော့ ရပ်ကွက်လေးထဲမှာ ဖဲဝိုင်းတွေ တော်တော် ပေါပါတယ်…။ တကယ်ကို ချီးကျူးဖို့လဲ ကောင်းပါတယ်။ မအိပ်မနေနဲ့ ကို ရိုက်နိုင်တဲ့ သူတွေပါ..။ ဒါကြောင့် ရပ်ကွက်ထဲကို အလည်လာ ချင်လို့ ခဏခဏ ပြောနေတဲ့ သူငယ်ချင်း ဘလက် ကို ဆို အလည် မခေါ်ရဲ ဘူးလေ..။ (ဖဲဝိုင်းတွေ့ရင် ဘလက်က မထတတ်လို့ပါ)။ ကောင်မလေးတွေနဲ့ အမြဲ ပတ်ပတ်သတ်သတ် နေတတ်တဲ့ ချိုကျ တကောင်ကတော့ မင်းတို့ ရပ်ကွက်ထဲမှာ ကောင်မလေး ရှားတယ်ဆိုရင် ငါ အလည် မလာတော့ဘူး တဲ့လေ.. (တော်တော်ချစ်ဖို့ ကောင်းတဲ့ ကောင်)..။ ငွေတွေ ဘာတွေ အသုံးပြတ်သွား သလား…။ ဘာမှမပူနဲ့။ ရပ်ကွက်ထဲကိုလာခဲ့.. ဘဏ်ကဒ်ထဲမှာ ပိုက်ဆံမရှိလည်း ဘာမှမဖြစ်ဘူး..။ ဘဏ်ကဒ်တခုကို ရပ်ကွက်ထဲမှာ ၅၀၀ နဲ့ပေါင်လို့ရလို့လေ..။ ပေါ့ဆိမ့်တို့ ကျဆိမ့်တို့ လို အသုံးအဖြုန်းကြီးတဲ့ ကောင်တွေ အတွက်ကြတော့ အားဆေးတစ်ခွက် ဖြစ်ပေမယ့် ပုံမုန် လို ကပ်စေးနဲတဲ့ ကောင်က တော့ နှာခေါင်းရှုံ ရင်ဖိစရာ အချက်ပေါ့။

ဒီရပ်ကွက်လေးထဲမှာပဲ ပျော်ရွှင်ဖွယ် နေ့ရက်တွေ၊ စိတ်ညစ်ဖွယ် နေ့ရက်တွေ၊ စိတ်ဓာတ် တက်ကြွဖွယ် နေ့ရက်တွေ၊ မြောက်များစွာကို ဖြတ်သန်းလာခဲ့တာ ခုတော့ ရပ်ကွက်လေးနဲ့ ကျနော်ကတော့ တစိမ်းတွေ မဟုတ် ကြတော့ဘူးလေ..။ ကျနော် ကိုယ်တိုင်လဲ ဒီရပ်ကွက်လေးထဲ မှာပဲ နေထိုင်ရင်း ကျနော်ရဲ့ လက်ရှိနေ့ရက်တွေကို တစ်ရက်ခြင်း၊ တစ်ရက်ခြင်း ပုံမှန်ပဲ ဖြတ်သန်း နေခဲ့လိုက်တာ .. သြော်.. ခုတော့လဲ ကျနော် ဒီရပ်ကွက်သား လုံးလုံးကြီး ဖြစ်ခဲ့ပြီ ပေါ့ဗျာ..။

ကျွန်တော်နေတဲ့ ရပ်ကွက်ကလေးရဲ့ ပုံကို မြင်စေချင်လွန်းလို့ ခြင်ကိုက်ခံ တောတိုးပြီး တောင်ပေါ်တတ်၍ အမှတ်တရ ရိုက်ထား တာပါ။ :)

About: ရေနွေးကြမ်း:

20 Responses to “ရပ်ကွက်ထဲမှာ…”

  • shwezinu says:

    ဒါမျိုး အလုပ်ခွင် အတွေ့အကြုံလေး တွေ များများရေးပေးပါ အားလုံးသင်ခန်းစာ ရတယ် ဗဟုသုတ ရတယ်

    ကျေးဇူးပါ
    ခင်တဲ့
    ရွှေစင်ဦး

  • noblemoe says:

    ရပ်ကွက်အကြောင်းလေး ဖတ်သွားပါတယ်။ သေသွာတဲ့ကောင်မလေးတွက်တော့စိတ်မကောင်းစရာပဲနော်။
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

  • ဖြစ်တတ်တယ်နော် သူ့စိတ်က အလုပ်ထဲကျန်ခဲ့တယ် ထင်ပါရဲ့….

  • ကောင်မလေးက စိတ်စွဲတာနေမှာ..ကြောက်စ၇ာ..

  • ကိုရေနွေး

    မိန်းမရှားလား.. သီနားစစစစစစစစစစာရားးးးးးးးကြီး..။ မြန်မြန် တွေ့ပါစေ.. ရပါစေ.. မိန်းမလှ အသက်ငယ်ငယ် ..။

    ဇင်မာ သနားပါတယ်.. အဲဒီမှာရှိတဲ့ သူငယ်ချင်းလည်း တယောက်လည်း သူ့အသိ ကို ဆေးကုဖို့ မြန်မာပြည် ပြန်ပို့ပေးရသေးတယ်..အဲဒီ တယောက်ကတော့ အသက်တော့ မဆုံးပါဖူး..။

    အဆင်ပြေကြပါစေလို့..အပြန်အလှန် ဆုတောင်းကြတာပေါ့နော်..

    မဗေဒါ (၈၈)

  • eihlaing says:

    ကိုရေနွေးကြမ်းရေ… ဘယ်လိုခြောက်တယ်ဆိုတာ ပြောပြအုံးလေ.. ဘယ်လိုဝင်ပူးပြီး ပြောတာလဲ.. ပြောလဲပြဘူး.. ပြောပြအုံးမှပေါ့လို့..

  • eihlaing ရေ..သရဲမလေး ပြောသွားတာတွေက အများတော့ အများကြီးပဲ…။ဒါပေမဲ့်မှတ်မိလိုက်တာကတော့ ” အချစ်အတွက်ဆို ဘာပဲဖြစ်ဖြစ် ” ဆိုပဲ…။

  • ကောင်မလေးသနားပါတယ်…၊အင်း..ဒါတောင် အချစ်အတွက် ဘာပဲဖြစ်ဖြစ်တဲ့လား…။

  • sosegado says:

    အတွေ့အကြုံလေးကိုမျှပေးတာကောင်းတယ်ဗျာ၊ ဇင်မာအတွက်တော့စိတ်မကောင်းပါဘူး။ သရဲဖြစ်ရလေတယ်လို့၊

  • အော်အော် ချိုကျတို့က ဒီလိုတဲ့လားး)
    ခုမှ သိတော့တယ်.. ကိုယ့်မောင်အကြောင်း
    ပုံမှန်တော့ ကပ်စေးနဲတယ်ဆိုပါလား ဘလက်ကော်ဖီကျတော့ ၀ါသနာကကြီးပြန်ရော
    ပေါ့ဆိမ့်နဲ့ ကျဆိမ့်တော့ အသုံးအဖြုန်းကြီးတယ်တဲ့
    မဖြစ်ဘူး သူတို့ကိုလမ်းမှာတွေ့ရင် ဝေးဝေးရှောင်ပြီ။
    ရေနွေးကြမ်းတစ်ယောက်ဘဲ ကောင်းတယ် ဘာသံမှ မကြားရဘူး
    အင်း သူလဲ မဖြစ်သေးပါဘူး ရှောင်မှ
    တော်ကြာ ကိုယ့်အကြောင်း သူ့ဘလော့ပေါ် ဖွနေမှ ဟုတ်ပေ့… :) :)

  • ကောင်းကွာ…=+!@*+)^%&^!

  • ကိုရေသန့်တို့ ပေါ့ဆိမ့်တို့။ ကျဆိမ့်တို့
    ကိုရေနွေးကြမ်းတို့ ရပ်ကွက်သားတွေ
    အကြောင်း ခုမှပဲသိတော့တယ်။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

  • ဘယ်မြို့ပါလိမ့်…????

  • blackroze says:

    မိန်းကလေးတွေတော်တော်နည်းတဲ့
    ရပ်ကွက်ပါဘဲနော်…မြန်မာမလေးတွေနည်းတာလား
    မိန်းကလေးတွေကိုနည်းတာလား…အဟီးးးစပ်စုတာပါ
    ကောင်လေးတွေသနားစ၇ာ…

  • ဖတ်သွား ၊မှတ်သွား ၊ စိတ်မကောင်း ဖြစ်သွားကြောင်း ပြောရင်း…

    ပျော်ရွှင်ချမ်းမြေ့သာယာမှုအပေါင်းနဲ့ပြည့်စုံကြပါစေဗျား။

    with reps;

  • ဖတ်ပြီး ဇင်မာ့အတွက် စိတ်မကောင်းဘူး။ သနားပါတယ်။ အခုလိုမျှဝေပေးတာ ကျေးဇူးပဲနော်….။

  • ကိုယ့်ကိုယ်ကို မထိန်းနိင်ရင် နိင်ငံခြားက ပိုအန္တာရယ် များတယ်။
    ထိန်းမယ့်သူ မရှိတော့ ကိုယ့်နိင်ငံထက် ပိုဆိုးတယ်။

  • အမလေး..ကြောက်စရာကောင်းလိုက်တာ..
    ရပ်ကွက်သားကြီး ဖြစ်ပြီး ညိမ်ညိမ်နေနော်..ရေနွေးရေ..။

  • အော်…သနားပါတယ်နော်.။ သူလည်းစိတ်ထဲဆွဲသွားတယ်ထင်တယ်.။ ဒါနဲ့သီချင်းလေးကိုသတိရသွားတယ်..
    ဘာတဲ့..ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်..ကျွန်တော်တို့ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်..

    ခင်မင်စွာ
    သဒ္ဓါ

  • ရည်ရွယ်သူ says:

    ဇင်မာရေ……..
    အမျှ…..
    အမျှ………
    အမျှ…………….

Leave a Reply

Page 1 of 11