Sony Ericson မှာ မြန်မာဖောင့်ထည့်မယ်
Sony Ericson ဖုန်းကိုင်တဲ့ လူတွေအတွက်တော့ ၀မ်းသာစရာ သတင်းတစ်ခုပါ။ ကျွန်တော် တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာ ကြာနေရောပေါ့။ သေချာလည်းကိုတိုင် မစမ်းရသေးတာလည်း ပါပါတယ်။ အင်း… ခုထိလည်း မစမ်းရသေးပါ။ www.mysteryzillion.org ရဲ့ forums မှာ ကိုစိုင်းညီဖြိုး ရေးထားတဲ့ မူရင်း အတိုင်းတင်လိုက်ပါတယ်။ ဖိုရမ်ထဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြလေးတွေ အသေးစိတ်ဖတ်ချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။


iPhone/iTouch မှာတွေပဲ မြန်မာစာထဲ့တဲ့အကြောင်းပြောရတဲ့ အီလာပီ၊.. ဒီတစ်ခါ…….
ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့… အင်း…အင်း……. အဲ…
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ
အစောကြီး အစောကြီး… ဟိုးးး အစောကြီးကထဲက (လွန်ခဲ့တဲ့ ၉ လအလွန်လောက်ကပေါ့..)
nokia s60 ဖုန်းမှာမြန်မာစာယူနီကုတ်ဖောင့်ထဲ့ဖို့ အတွက်ကို အတော်ကြိုးစားလိုက်ရတယ်.. (မအောင်မြင်ခဲ့ဘူး..) ဖောင့်တွေပေါ်ပေမယ့်.. အရမ်းရွဲတယ်.. ဘာဖြစ်လို့လဲလို့ အစ်ကိုတစ် ယောက်ကို မေးကြည့်တော့ ဇော်ဂျီဆိုတာ ယူနီကုတ်မစစ်ဘူးဆိုလားပဲ.. နဂိုကထဲကမှ ကျတော် က အူကြောင်ကြောင်ဆိုတော့..သူပြောတဲ့ဟာတွေအားလုံးနဲ့ ပတ်သက်ပီး နားမလည်တာတွေကို နားမလည်သလိုပဲ နေလိုက်ရတယ်… အဲ့ဒီတုံးက ကောက်ချက်ချမိလိုက်တာက
ဇော်ဂျီသာ ယူနီကုတ်မစစ်ဘူးဆိုရင် Nokia မှာ မရတဲ့နည်းတူ၊ SE မှာဆိုလဲ ဒီအတိုင်းပဲပေါ့.. အဲ့ဒါကြောင့် ဆက်ပီးဘာမှ မကြိုးစားဖြစ်ခဲ့ဘူး.. ဟော…. မှားသွားပီ အကြီးအကျယ်မှားသွားပီ… ကျတော်လုံးဝကိုမှားသွားပီဗျာ… ဘယ်လိုလဲဆိုတော့
ဒီနေ့မှ စလုံးက ဘော်ဘော်ကြီး တာယာ(၀ါ)ကြယ်စင် က သူ့ SE w995 မှာ ဖောင့်ပြောင်းချင်တယ်တဲ့.. အဲ့ဒါ နဲနဲကြည့်ပေးလို့ တောင်းဆိုလာတာနဲ့…
ကျတော်အစကတော့ ပြောလိုက်သေးတယ်.. တခြားဖောင့်ပုံစံတော့ ပြောင်းမယ်.. မြန်မာစာတော့ ကောင်းကောင်းမြင်မှာမဟုတ်ဘူးလို့ကို အတည်ပေါက် သူနဲ့ငြင်းလိုက်ရသေးတယ်… အဲ့ဒါကိုက ကျတော့အကျင့်လေ.. ထားပါတော့.. ဒီလိုနဲ့ပဲ တရုတ်ဆိုက်တွေမှာ ၀င်မွှေဖြစ်တယ် ဆိုပါတော့…
မသေချာတာကြီးကို ကျတော်စမ်းကြည့်ဖို့ ကြိုးစားလိုက်တယ်…. ဟားဟာ.. ခုတော့ အဲ့ဒီ မသေချာတာကြီးက ကျတော့မျက်စိရှေ့မှာ အပီအပြင်ကြီးကို မြင်တွေ့နေရပီ… ကဲ ကြည့်လိုက်ကြရအောင်…
ဆိုင်က 2nd hand w595 လေးနဲ့ အလောတကြီး လုပ်လိုက်ရတာဆိုတော့ နောက်ဆုံးရလဒ်ကိုပဲ တင်ပေးလိုက်တယ်၊ နောက်နေ့မှ သေချာလေး ကြားထဲက လုပ်ပုံလုပ်နည်းလေးတွေကို ပုံနဲ့တင်ပြပေးပါမယ်ဗျာ… ခုက တောင်ကြီးက ညီမလေးရဲ့ 3GS ကို JB လုပ်ပေးဖို့လာခဲ့တာ.. JB လုပ်ပီး မြန်မာဖောင့်ထဲ့ပေးလိုက်ပါ ဆိုတာနဲ့လေ..
(စကားမစပ် ကျတော့ရဲ့ asl က 17/m/mdy ဖြစ်ပီး မေးလ်လိပ်စာက sainyiphyo@gmail.com ပါ)
အချိန်နဲနဲရှိတာနဲ့ ဒေါင်းလုပ်လင့်ခ်လေးတင်ပေးလိုက်ပါတယ်..
http://www.ziddu.com/download/7306627/SEmmfontbysainyiphyogmail.com.rar.html
မှာ ဒေါင်းပါ.. လုပ်နည်းက လွယ်ပါတယ်.. (လွယ်တယ်ဆို.. သေချာအမှားပြင်ပီးမှ တင်ပေးလိုက်တာကိုးဗျ)
၁။ rar ကိုတစ်နေရာမှာ ဖြည်လိုက်ပါ၊
၂။ A2 uploader ထဲက a2uploader.exe ကို run လိုက်ပါ၊
၃။ FileSystem Tool ကို နှိပ်လိုက်တဲ့အခါ “C” key နှိပ်ပီး ကေဘယ်လ်နဲ့ join ဖို့ပြောလာပါလိမ့်မယ်.. သူပြောသလိုသာ လိုက်လုပ်ပါ၊ အဲ့ဒီအခါ Driver တောင်းလာပါလိမ့်မယ်၊
၎။ driver တောင်းလာတော့လဲ ကြောက်စရာမလိုပါဘူး၊ USB Flash Driver ထဲမှာ ပါပီးသားပါ.. (ဒါတွေ ပီးလို့မှ System ထဲက Folder တွေ တက်မလာဘူးဆိုရင်တော့ A2 ကိုပိတ်ပီး အစဉ်အတိုင်း ပြန်လုပ်ကြည့်ပါ.. အဲ့ဒါမှ မရသေးဘူးဆိုရင် ခင်ဗျားရဲ့ မော်ဒယ်ကို ဒီ A2 က လက်မခံတာ ဖြစ်ပါလိမ့်မယ်.. ကျတော်လက်တွေ့စမ်းဖူးတာတော့ w595 ပါ)
၅။ tpa \ preset \ system \ FONTS ထဲကို double-click နဲ့ အဆင့်ဆင့်ဝင်ရပါလိမ့်မယ်.. (သေချာအောင် အဲ့ဒီဖောင့်ထဲမှာရှိတဲ့ဟာတွေကို right click ခေါက်၊ read ဆိုပီး backup လုပ်ထားလိုက်ပါ) ပီးတဲ့အခါ ဒေါင်းထားတဲ့ fonts folder ထဲက ဖိုင်နှစ်ခုကို ဆွဲထဲ့ပေးရပါလိမ့်မယ်.. နောက်ဆုံးအနေနဲ့ Shutdown FS manager ကို နှိပ်၊ cable ဖြုတ်၊ ဓါတ်ခဲဖြုတ်ပီး ပါဝါခလုတ်ဖွင့်လိုက်ရုံပါပဲ..ဗျာ. .
ရမရသိချင်ရင်.. သီချင်းတစ်ပုဒ်ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံပဲဖြစ်ဖြစ်ကို ဖုန်းထဲပို့ကြည့်လိုက်ပေါ့…. ဟီးဟီး..
ကြွေသွားလိမ့်မယ်….
အပေါ်ကလင့်ခ်ကနေဒေါင်းလို့မရဘူးဆိုရင်တော့
http://www.2shared.com/file/9070594/dc341b5f/SE_mmfont_by_sainyiphyogmailcom.html
2shared ကနေတင်ပေးလိုက်တာပါ၊ ကျတော့ဆီမှာ mediafire ရော၊ megaupload ရော၊ RS ရော ပိတ်ခံထားရလို့ပါ..
A2 uploader Support လုပ်တဲ့ platform နဲ့ model တွေကိုလဲ တစ်ပါထဲတင်ပြအပ်တယ်…
Supporting Platform:9 N/ l1 k1 G+ B% h1 u
DB3150/DB3200/DB3210_CID49/51/52/53_Red/Blue/Brown
Supporting Model
DB3150:
C702, C902, G502, K630, K660, K850, V640, W595, W760, W890, W910, W902, W980, Z750, Z770, Z780, T700, TM506
DB3200:
W508, T707
DB3210:
C510, C901, C903, C905, G705, W705, W715, W995 C510, C901, C903, C905, G705, W705, W715, W995
(w595 မှလွှဲ၍ ကျန်သည့်ဖုန်းများအတွက် လုပ်နည်းတွေကို ထပ်တင်ပေးပါ့မယ်… အဲ့ဒီအတွက် အချိန်နဲနဲ ဆိုင်းပေးကြပါလားဗျာ. .. )
စမ်းသပ်ပီးဖုန်းမော်ဒယ်များ – w595, w910, c902, c905, t700
sainyiphyo@gmail.com
(http://mtuonlinenow.ning.com)
ရှယ်လိုက်ပြီ ကိုစိုင်းရေ … ဒီကနေဘဲ အော်လိုက်တယ် ကျေးဇူးဘဲဗျို့ …။ လေးစားလျက် … ပေါ့ဆိမ့်
|
About: ပေါ့ဆိမ့်: မျက်ကန်းယုံကြည်တာထက် သိတာက ပိုပြီးအဆင့်မြင့်ပါတယ်။ ကျွန်တော်လည်း များများသိချင် ပါတယ်။ မိတ်ဆွေ အားလုံးလဲ များများသိနိုင် ကြပါစေ...။ |
အင်း…သူများတွေ အတွက်တော့ SE က ဘယ်လိုနေလဲ မသိဘူး…
ကျနော်ပဲ အကိုင်ကြမ်းလို့လားမသိဘူး
SE သုံးတာ ၁နှစ်ခွဲလောက်နဲ့ ရစရာမရှိဘူး…ပျက်သွားပီ…
ဒါပေမယ့် မှတ်သွားပါတယ်…မျှဝေပေးလို့ ကျေးဇူးပဲ
ခင်မင်လေးစားစွာ
အင်ကြင်း
ဒါလေးတော့သဘောကျတယ်.. စမ်းကြည့်ပါဦးမယ်
ဘာလို့ဆို မော်ဒယ်ချင်းတူတယ်လေ..
မတော်တဆ ပျက်သွားရင်တော့ လျှော်ပေးရမယ်နော်
း)း)
ဟေးးးးပျော်စရာကြီး..
ကလိမယ် ကလိမယ်..
မိုက်တယ်..
ကျေးဇူးတင်ပါတယ်ရှင်..မျှဝေပေးတာ..
ဖုန်းအကြောင်းလေးသိချင်ပါတယ် သိမယ်ဆိုရင်ပြောပြပေးပါ
ဖုန်းနံပါတ်ကို ကြည့်ပြီး ဘယ်မှာနေတယ် ဘယ်သူကိုင်တယ် သူတင်ထားတဲ့ Register ကိုရှာကြည့်လို့ ရမလားခင်ဗျ သိရင်ရှင်းပြပေးစေချင်ပါတယ်
se k660i ရပြီး
အဆင်ပြေရင် လင့်လေးပြန်တင်ပေးပါလား လင့်သေနေလိုပါ
အစ်ကိုရေ nokia c2 03 မှာရော မြန်မာစာထည့်လို့မရဘူးလားဗျာ စမ်းကြည့်ပါဦး
gtalk လည်း download လုပ်လို့မရဘူးဖြစ်နေတယ်
ရခဲ့မယ်ဆိုရင် starmoe141@gmail.com ကို မေးပို့ပြီး လုပ်နည်းလေးရှင်းပြပေးပါဦး
အစ်ကိုရေ ကျေးဇူးတင်လျှက်
မျှဝေဖို့ပါ
အစ်ကိုရေ လင့်နှစ်ခုလုံးဒေါင်းမရတော့ပါ
nokia n8 အတွက် မြန်မာဖောင့်အသုံးပြုချင်ပါတယ်၊ ကူညီနိုင်ရင် ကူညီပေးပါ…
အရှင်တိလောက
နယူးဒေလီတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ။
အကိုရေဒေါင်းလို့မရတော့ဘူးထပ်တင်ပေးပါအုံး
ှSony Ericsson WT19i ကို မြန်မာဖောင့် ထည့်ချင်လို့ပါ
သိ၇င် တစ်ချက်လောက် ကူညိပေးကြပါ